ဖေဖေလာ မနှုတ်ဆက်လို့ပါ


၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကျင်းပသည့်နေ့ညနေပိုင်း
လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက် အိမ်သို့လမ်းလျှောက်ပြန်လာစဉ်
ကလေးငယ်တစ်ဦး ရှိုက်ကြီးတငင် ငိုကြွေးနေသည်ကိုတွေ့ရသဖြင့် မေးမြန်း
လိုက်သည်။
”ဘာဖြစ်လို့ ငိုနေရတာလဲ ကလေး”
”ကျွန်တော့် ဖေဖေ သေသွားလို့ပါ”
”စိတ်မကောင်းစရာပဲကွာ။ ဘယ်တုန်းက သေသွားတာလဲ”
”လွန်ခဲ့တဲ့ ငါးနှစ်ကပါ”
”ငါးနှစ်က ဟုတ်လား။ လွန်ခဲ့တဲ့ငါးနှစ်က သေသွားတာကို ဘာလို့ မင်းကခုထိ
သဲကြီးမဲကြီးငိုနေရလဲကွာ”
” ဒီနေ့ ရွေးကောက်ပွဲမှာ ဖေဖေ့နာမည်နဲ့ မဲထည့်ထားတာတွေ့တယ်။ ဖေဖေက
မဲလာထည့်သွားပြီး ကျွန်တော့်တောင် လာတွေ့မသွားဘူးလေ၊ အဲဒါကြောင့်
ဝမ်းနည်းပြီး ငိုနေတာပါ”

ရဲစတိုင်း
The Myanma Age

ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်မှ လက်ရှိနိုင်ငံရေး အခြေအနေကို ထုတ်ဖော်ပြောကြား



ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်မှ လက်ရှိနိုင်ငံရေး အခြေအနေနဲ့ပတ်သတ်ပြီး
ပါတီရဲ့သဘောထားကို မေ ၂၄ရက်နေ့လည် ၂နာရီတွင်မြို့နယ်ပြည်သူ့ လွှတ်တော်အမတ်ရုံး၌ မီဒီယာများနှင့် တွေ့ဆုံ၍
ရှင်းလင်းပြောကြားခဲ့သည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သတ်၍ “ဒီအခြေခံဥပဒေမှာ အားနည်းချက်တွေအများကြီးရှိပါတယ် ဒါပေမဲ့ဒီဥပဒေတွေထဲမှာ
ကျွန်တော်တို့နိုင်ငံသားတွေကို ကာကွယ်ပေးထားတဲ့ဥပဒေတွေလည်း ရှိပါတယ် ကျွန်တော်ဆိုရင် ဒီဥပဒေတွေနဲ့ယဉ်မောင်းတွေ ၊
လမ်းဘေးဈေးသည်တွေ အလုပ်လက်မဲ့မဖြစ်စေရေး တင်ပြရတာပါ ကျွန်တော်တို့တိုင်းပြည်က အခြေခံဥပဒေထဲမှာ နှစ်ပေါင်း၆၀
လောက်မနေခဲ့ရပါဘူး အခုဆိုရင် ငွေစက္ကူကိုတရားမဝင်ထုတ်ခွင့်မရှိဘူး ပြည်သူပိုင်သိမ်းရင်ထိုက်သင့်တဲ့လျော်ကြေးပေးရမယ်ဆိုတဲ့
အခွင့်အရေးတွေရလာတယ် တစ်ချို့ပြောတဲ့အခြေခံဥပဒေစာအုပ်ကို ဆွဲဆုတ်ပစ်လိုက်လို့ပြောနေ ကြတာဟာ လူ့အခွင့်အရေးဆိုတာ ဘာမှန်းမသိတဲ့အမှောင်ခေတ်ကို ပြန်ရောက်အောင်ပို့နေသလိုပါပဲ”ဟု ဦးသိန်းညွန်မှ ပြောကြားခဲ့ကြောင်းသိရသည်။

“ဒီအခြေခံဥပဒေမှာ ပြင်ဆင်ရန်လွယ်ကူတာ၊မလွယ်ကူတာရှိတယ်ပြင်ဆင်နိုင်အောင် ပြည်ထောင်စုလွှတ်တော်မှာကျွန်တော်တို့
ဝိုင်းဝန်းကြိုးပမ်းကြမယ် လွှတ်တော်က ပြင်ဆင်တာကို ရာနှုန်းပြည့် လက်မခံနိုင်ဘူးဆိုရင် ဘာဆက်လုပ်ကြမှာလည်း ဆရာဝန်
တစ်ယောက်မှားရင် လူတော်တော်များများသေမယ် ရှေ့နေမှားရင် လူတော်တော်များများ ထောင်ထဲရောက်မယ် နိုင်ငံရေးသမား
တစ်ယောက်မှားရင် သန်း၆၀ရှိတဲ့ပြည်သူတွေ အန္တရာယ် ရှိနိုင်တယ်ဆိုတာစဉ်းစားသင့်ပါတယ်” ဟု ၄င်းကဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်မှ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်သူမှ လွှတ်တော်အမတ် များကို ပြင်ဆင်လိုခြင်းရှိမမေးရန်ပြောကြားခဲ့ခြင်း
အပေါ် “အခြေခံဥပဒေကိုပြင်သင့်တယ်လို လွှတ်တော်မှာ ကျွန်တော်အရင်ဦးဆုံးတင်ပြတာပါ အခြေခံဥပဒေကိုပြင်ဆင်ရန်ကော်မတီဖွဲ့ဖို့ကို
ခုဟောပြောနေတဲ့သူတွေ မတင်ပြပါဘူး ကြံခိုင်ရေးပါတီမှဒုဥက္ကဌ သူရဦးအေးမြင့်က တင်ပြတာပါ သူရဦးအေးမြင့်တင်ပြတာကို လွှတ်တော်မှာ
ဘယ်သူ့မှမကန့်ကွက်ပါဘူး ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့်ဒီလိုပြောတယ်ဆိုတာ ကျွန်တော်နားမလည်ပါဘူး”ဟု ပြည်သူ့လွှတ်တော်
အမတ်ဦးသိန်းညွန့်မှပြောကြားခဲ့ပြီး အခမ်းနားကိုညနေ (၄)နာရီတွင်ရုတ်သိမ်းခဲ့သည်။

ချမ်းမင်းဟန်
ဓာတ်ပုံ-သီဟသစ်
The Myanma Age


ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းပြန်ဖြစ်လာရန် တာစူ





မုန်တိုင်းငယ်အဖြစ်မှ အားလျော့သွားသော လေဖိအား နည်းရပ်ဝန်းသည် ဘင်္ဂလားပင် လယ်အော်အနောက်အလယ်ပိုင်းတွင် အားပြန်ပျိုးနေပြီး မုန်တိုင်း အ ဆင့်သို့ ပြန်ရောက်လာနိုင်ကြောင်းနိုင်ငံတကာ မိုးလေ၀သ ဂြိုဟ်တုများ၏ ခန့်မှန်းချက်များကို ကိုးကား၍ ဒေါက်တာထွန်းလွင်က သတိပေးသည်။

‘‘မုန်တိုင်းငယ်အဆင့်ကနေ အားလျော့ပြီးကာမှ ဒီနေ့မှာ အား ပြန်စုနေတာတွေ့ရတယ်။ ဒီနေ့ ည မုန်တိုင်းပြန်ဖြစ်လာရင်တောင် မြန်မာနိုင်ငံအတွက် အန္တရာယ်မရှိ သေးပါဘူး’’ ဟု ဒေါက်တာထွန်း လွင်က မေလ ၂၄ ရက်ညတွင်ပြောသည်။

အမေရိကန် အမျိုးသားမိုး လေ၀သဌာန(JTEC) က ဘင်္ဂလား ပင်လယ်အော်အနောက်အလယ် ပိုင်းတွင်ဖြစ်ပေါ်နေသာ တိမ်တိုက် ကြီးသည် မုန်တိုင်းအဆင့်သို့ပြန် ရောက်ရန် အလားအလာများရှိ နေကြောင်း မေလ၂၄ရက် နံနက် တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါမုန်တိုင်းငယ်သည် ၂၀၁၄ခုနှစ်အတွင်း ဘင်္ဂလားပင် လယ်အော်တွင် ဖြစ်ပေါ်သည့် ဒုတိယမြောက် မုန်တိုင်းငယ်ဖြစ် သည်။ ဘင်္ဂလားပင်လယ်အော်အ ရှေ့အလယ်ပိုင်းတွင် လေဖိအား နည်းရပ်ဝန်းအဖြစ်မေ ၁၆ရက်က စတင်ခဲ့ပြီး မေလ၂၁ ရက် နေ့ လယ်တွင် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲခဲ့သည်။ မူလခန့်မှန်း ချက်များအရ ရခိုင်ကမ်းရိုးတန်း ဘက်သို့ ရွေ့လျားလာခဲ့သော် လည်း မေလ ၂၃ရက် နေ့လယ် တွင် နောက်ကြောင်းပြန်လှည့် သွားကာ လေဖိအားနည်း ရပ်ဝန်းအဖြစ် အားလျော့သွားခဲ့ပြန် သည်။ ယခုအခါ အားပြန်ပျိုးလာနေသောကြောင့် ထူးခြားနေ ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနဒုတိယညွှန် ကြားရေးမှူးချုပ်ဦးကျော်မိုးဦးက ပြောသည်။

မိုး/ဇလ ဌာနက ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအဖြစ် ရှိ နေသေးပြီး မြန်မာကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင် လယ်ပြင်တို့တွင် လေတိုက်နှုန်း တစ်ရာရီ ၃၅ မိုင်မှ မိုင် ၄၀အထိ တိုက်ခတ်နိုင်ကြောင်း သတင်း ထုတ်ပြန်ထားသည်။ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး အထက် ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မ ကွေးတိုင်းဒေသကြီးနှင့်ချင်းပြည် နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတင်းထုတ်ပြန် သည်။

အောင်သစ်လွင်
7day daily

ဟင်္သာတမြို့တွင်ပြုလုပ်သောနာဂစ်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလူထုဟောပြောပွဲမှကိုမင်းကိုနိုင်၊ကိုကိုကြီး၏မိန့်ခွန်း



မေးနေကျ မေးခွန်းလေး မေးစမ်းပါရစေ
အခု ဒီကို ရောက်လာကြတာ မလာမနေရလို့ အမိန့်အာဏာနဲ့ ခေါ်လို့လား (မဟုတ်ပါဘူး .. )
ဟိုဟာပေးမယ် ဒီဟာပေးမယ် - ဘုရားဆင်းတုတော်တွေ မဲဖောက်ပေးမယ် လို့ကော ပြောပြီး ခေါ်လို့လား (မဟုတ်ပါဘူး )
ဒါဆို အခုရောက်လာကြတာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပုဒ်မ ၄၃၆ ကို ပြင်ဆင်ချင်လို့လာကြတာပေါ့ (ဟုတ်ပါတယ် )

ဒီဒေသ က တစ်ခြားတိုင်းနဲ့ပြည်နယ်တွေထက်ထူးခြားတယ်
အမြဲတမ်း မသိချင်ယောင် မကြားချင်ယောင်ဆောင်တဲ့ အဘတွေ ကြီးစိုးတဲ့ ဒေသ
ဒီလိုဒေသမှာ ဘာပေးမယ်လို့မှ မဆွယ်ပဲရောက်လာကြတဲ့သူတွေ ဆိုတော့ တကယ်ကို မတရားတဲ့ ဥပဒေကို ပြင်ဆင်ချင်ကြလို့ပေါ့

ဒီ ဖွဲ့စည်းပုံကို သေသေချာချာ နားလည်ချင်မှ နားလည်မယ် ဒါပေမဲ့ ဒီဥပဒေဟာ ပြည်သူတွေအပေါ် မတရားဘူး ဖိနှိပ်ချုပ်ချယ်တယ်
ဒုတိယအချက်က တစ်စုတစ်ဖွဲ့ကိုတော့ အခွင့်ထူးခံ ဥပဒေဖြစ်နေတယ် ဒါကြောင့် အသေးစိတ်နားမလည်သော်လည်း ဒီဟာကို ပြင်မှ ဖြစ်မယ်လို့ ရောက်လာကြတာပေါ့

အားလုံးက ဒီ နာဂစ်ဥပဒေ စာအုပ်အစိမ်းကြီးကို အရည်ကျိုသောက်လောက်အောင် အစအဆုံးအလွတ်မရသည့်တိုင် ဒီစာအုပ်ထဲက ဥပဒေတွေဟာ မတရားဘူးဆိုတာကိုတော့ အားလုံးနားလည်ကြနေကြပါတယ် ။

အကြောပေးရတယ်ဆိုတာ အများတန်းမတူတဲ့ ဒုက္ခိတတွေကို ပေးရတာပါ
လက်နက်ကိုင်အဖွဲ့အစည်းကြီးတစ်ခုက ဒီလို အခွင့်ထူးခံ အကြောပေးတာကို ခံစားတယ်ရယူတယ်ဆိုတာ အင်မတန်ရှက်စရာကောင်းပါတယ် ။
ဒီထဲမှာ ကာလုံလို့ခေါ်တဲ့ အထဲက အများစုဟာ ကာချုပ်က ခန့်အပ်တဲ့သူတွေသာ အများစုဖြစ်တယ်
ပြည်သူက ဘယ်လောက်ပဲ သဘောထားရှိရှိ အဲဒီလူတွေက သဘောမတူဘူးဆိုရင် ဘာမှလုပ်လို့မရဘူး ၊ နိုင်ငံတော်သမ္မတ ဖြစ်နေလဲ စစ်တပ်ကသဘောမတူရင် လွတ်ငြိမ်းချမ်းသာခွင့်တောင် ကြေငြာလို့မရဘူး

အဲဒီအခြေခံဥပဒေက ပြည်သူတွေကို အကာအကွယ်ပေးမဲ့ ဥပဒေမဟုတ်ဘူး နှိပ်ကွပ်ဖို့ပဲ လုပ်ထားတဲ့ ဥပဒေပါ
ကျနော်တို့သွားနေတာက ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွားဖို့ကြိုးစားနေကြတာပါ
ဦးနုက စပ်ခွန်ချိုကို ကျနော်တို့အားလုံးမျှော်မှန်းတဲ့ ဖက်ဒရယ်နိုင်ငံတော်ဖြစ်တော့မယ်ဗျလို့ပြောခဲ့ပြီး နောက်နေ့ပဲ စစ်တပ်က အာဏာသိမ်းတာပါဘဲ

သူများနိုင်ငံတွေမှာ စစ်တပ်ဆိုတာ အာဏာသိမ်းဖို့ဆိုတာကို တွေးလို့တောင်မကြောက်ကြပါဘူး ၊ ဘာကြောင့်လဲ ဆိုတော့ သူတို့က သူတို့အလုပ်ကိုသာတန်ဖိုးထားလုပ်ကိုင်ကြတဲ့ စစ်တပ်တွေဖြစ်နေကြလို့ပါဘဲ ၊ အမေရိကန်မှာဆိုရင် စစ်တပ်က အာဏာမသိမ်းနိုင်အောင် နိုင်ငံသားတိုင်း လက်နက် ကိုင်ဆောင်ခွင့်ရှိနေပါတယ် ။

အခုဆိုရင် ဘာဖြစ်လာပြီလဲ နောက်မျိုးဆက်တွေက အခွင့်အရေးရအောင် စစ်တပ်ထဲဝင်မယ် စစ်ဗိုလ်လုပ်မယ်ဆိုတဲ့ စိတ်တွေဝင်လာကြတော့မှာပေါ့ ပြောလာကြတော့မှာပေါ့
အင်ဒိုနီးရှားမှာ တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ ရှိခဲ့ပါတယ် ဒါပေမဲ့အရပ်သား ၀တ်စုံနဲ့ပါ ခုတော့ ဒီမှာ စစ်ဝတ်စုံကြီးတွေနဲ့ လွှတ်တော်ထဲဝင်နေတာ နောက်တစ်ချိန်မှာ အဲဒီဓါတ်ပုံတွေ ပြန်ကြည့်စမ်းပါဗျာ ရှက်စရာကြီး

ပြည်သူလူထုက ကောင်းကင်ကြီး အစိုးရဆိုတာက တိမ်တွေပါ ၊
တိမ်တွေက မြဲသလား ၊ ကောင်းကင်ကြီးက မြဲသလား
ခဏလေးပေါ်ပေါက်ရတဲ့ တိမ်တွေက ကောင်းကင်ကြီးကို ချိမ်းခြောက်ကြိမ်းမောင်းလွှမ်းမိုးချင်လို့ရမလား

စစ်အာဏာရှင်လက်အောက်မှာ နေ့စဉ်နဲ့အမျှ ပြည်သူတွေကြားနေရတာက အမိန့်တွေပါ
ဥပဒေကဲ့သို့အာဏာတည်သော အမိန့်တွေ အောက်မှာ နေလာခဲ့ကြရတာပါ

ဘယ်အာဏာရှင်ကမှ နိုင်ငံသားတွေမှာ လွတ်လပ်စွာ အခွင့်အရေးတွေရှိတယ်ဆိုတာကို ညဖက်မှာ အရပ်ထဲ လော်စပီကာနဲ့ အော်ပြီး အသိပေးမှာ မဟုတ်ပါဘူး
ကျနော်တို့ပြည်သူတွေက ကိုယ့်ရဲ့အခွင့်အရေးတွေကို ကိုယ်ရအောင် ဘယ်အဘကြိုက်ကြိုက်မကြိုက်ကြိုက် ရအောင်လုပ်ယူရမှာပါ

ဒီအခွင့်အရေးတွေကို ရအောင်လုပ်ဖို့ဆိုရင် တာဝန်ယူမှုတွေလိုပါတယ် ။ အခု ဒီကိုရောက်လာတာဟာ ဒီရပိုင်ခွင့်တွေကို သိဖို့ သိအောင်လုပ်ဖို့တာဝန်ယူပြီးလာကြတာပါဘဲ ၊ ဒီလို ပြည်သူတွေစုစည်းလာဖို့ ဆော်သြသူတွေ အခမ်းအနားကျင်းပပေးသူတွေ သတင်းစကားဖြန့်ဝေသူတွေအားလုံးဟာ ကိုယ့်တာဝန်ကိုယ်ယူကြတာပါဘဲ
ဒီအခွင့်အရေးတွေကို ရဖို့ ကျနော်တို့လက်ချင်းကျစ်ကျစ်ပါအောင်ဆုပ်လို့တိုက်ပွဲဝင်ရမှာပါ

လက်နက်တွေဟာ ပြည်သူကို ချိမ်းခြောက်လို့ဘဲရပါတယ် ။ ပြည်သူတွေ ရဲ့ နှလုံးသားကို မသိမ်းပိုက်နိုင်ပါဘူး

အခုကျနော်တို့ကို ဘယ်သူက အုပ်ချုပ်လဲ အထွေထွေအုပ်ချုပ်ရေး က အဲဒီလူတွေကို ဘယ်သူ ခန့်ထားလဲ မိုးကျရွှေကိုယ်တွေက ၊ ဒါဟာ အခွင့်ထူးခံတာမဟုတ်ဘူးလား

ပြုပြင်ပြောင်းလဲမှုတွေလိုလားတဲ့ဝန်ထမ်းတွေထဲမှာလည်း ဒါတွေကို ပြောင်းလဲဖို့လိုပါတယ်

ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရင်း တိုင်းရင်းသားတွေရဲ့တန်းတူညီမျှမှုကိုလည်း လုပ်ဆောင်ဖို့လိုပါတယ်
ဒါဟာ တစ်ပြိုင်တည်းလုပ်ရမဲ့ အလုပ်ပါ ချန်ထားခဲ့လို့မရပါဘူး ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့လုပ်ရာမှာ အဲဒီနှစ်ခုလုံးတစ်ပြိုင်တည်းဖြစ်အောင်မလုပ်ရင် မငြိမ်းချမ်းမှုတွေကို အကြောင်းပြပြိး အာဏာရှင်စနစ်ကို အသက်သွင်းနေကြဦးမှာပါ ၊ တိုင်းရင်းသားတွေကလည်း ဒါကို သဘောတူပြီးသားပါ ၊ ပါဝင်ကူညီအားဖြည့်ဖို့လည်း ကတိက၀တ်တွေပြုကြပြီးသားပါ
ကချင်ပြည်နယ်မှာ သေနတ်သံတွေမတိတ်သေးပါဘူး ၊ ရှမ်းပြည်နယ်မှာ ပေါက်ကွဲသံတွေမတိတ်သေးပါဘူး ၊ ကလေးငယ်တွေ ကျောင်းမတက်နိုင်ကြသေးပါဘူး ၊ နေရာတိုင်းမှာ အဲဒီလို ဖြစ်နေတဲ့ ပြည်ထောင်စု တစ်ခုလုံး ကို မြင်အောင်ကြည့်ပါ ၊ ဒဏ်ရာ ဒဏ်ချက်တွေကို ကုစားဖို့ ကျနော်တို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ပြင်ကို ပြင်ရမှာပါ

ကျောင်းသားတပ်မတော်မှာ တာဝန်ထမ်းဆောင်ရင်း လက်နှစ်ဖက်ပြတ်သွားလို့ တပ်ကနေ အနားယူခွင့်ပေးခဲ့တဲ့ ရဲဘော်တစ်ယောက်နဲ့တွေ့တဲ့အခါ သူက ကျနော့်မှာ လက်ဆွဲနှုတ်ဆက်စရာ လက်နှစ်လုံးမရှိတော့ပါဘူး ဒါပေမဲ့ ကျနော့တိုင်းပြည်အတွက် ကျနော် ဘာလုပ်ပေးနိုင်ဦးမလဲတဲ့ဗျာ ..
အခု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်သူတွေ ပါဝင် လက်မှတ်ရေးထိုးပြီး ဆန္ဒဖော်ထုတ်ဖို့လုပ်နေပါပြီ ရဲဘော်ကြီးရေ ခင်ဗျား ဘာလုပ်မလဲဆိုတာ ခင်ဗျားသိမှာပါ လို့ကျနော်က ပြောတော့ သူက ကျနော့မှာ လက်မှတ်ရေးထိုးဖို့ လက်နှစ်ဖက် မရှိတော့ပေမဲ့ ဘော့ပင်ကို ပါးစပ်နဲ့ကိုက်ပြီး ကျနော်လက်မှတ်ထိုးပါမယ် .. လို့ပြောခဲ့တယ်
အဲဒီရဲဘော်လို စိတ်ဓတ်နဲ့ ကျနော်တို့နိုင်ငံအတွက် ကျနော်တို့ရဲ့နောင်လာနောင်သားတွေအတွက် လက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ကြပါလို့ ပြောကြားချင်ပါတယ် ။
ဦးမင်းကိုနိုင် (ဟင်္သာမြို့ လူထုဟောပြောပွဲ ၊ ၂၅.၅.၂၀၁၄)

၁၉၄၇ဖွဲ့စည်းပုံဥပဒေအရ မတရားသည့်ဥပဒေများကိုပြင်မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် ၆၇ရာခိုင်နှုန်းက သဘောတူရမယ် လို့ ပြဌာန်းထားတယ် ၊ ၁၉၇၄ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် ၇၅ရာခိုင်နှုန်းသဘောတူရမည်ဆိုသော်လည်း ယင်း၇၅ရာခိုင်နှုန်းဟာ ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ်တွေဖြစ်တဲ့အတွက် အဲဒီ ၇၅ရာခိုင်နှုန်းက အစစ်အမှန် လို့ပြောလို့ရတယ် ၊ အခု၂၀၀၈ဥပဒေမှာ ပြဌာန်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်၇၅ရာခိုင်နှုန်းကျော်က သဘောတူရမယ် ဆိုတာက ၇၅ရာခိုင်နှုန်းပဲ ရှိတဲ့ ရွေးကောက်ခံကိုယ်စားလှယ်အရေအတွက်ထက်ကျော်လွန်နေတဲ့အတွက် တကယ်တမ်းကျတော့ ၁၀၀ ရာခိုင်နှုန်းကျော်ရမယ် လို့ ပြောတဲ့ သဘောဖြစ်နေတယ်

၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအကြပ်အတည်းဟာ ဒီကနေ့ တပ်မတော်သားများ၏ ဆောင်ရွက်ချက် မဟုတ်ပါဘူး

ပုဒ်မ၄၃၆ပြင်ဆင်ရေးသည် တပ်မတော်၏ဂုဏ်သိက္ခာဖြစ်ပါတယ်

ဖွဲ့စည်းပုံရေးဆွဲစဉ်တုံးက ရှိခဲ့တဲ့ပုဂ္ဂိုလ်တွေရဲ့ စိုးရိမ်ကြောင့်ကြမှု တွေ စိတ်ကူးစိတ်သန်းတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုပြီး ရေးဆွဲထား တာဖြစ်တယ်။
ဒါ့ကြောင့် အခုရှိနေတဲ့ တပ်မတော်သားတွေက နိုင်ငံတော် ကြီးပြုပြင်ပြောင်းလဲဖို့ နိုင်ငံတော်ဂုဏ်သိက္ခာမြှင့်တင်ဖို့ တစ်ဖက် ကလည်း ပြည်သူ့တပ်မတော် ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်အောင် တပ်မတော်နဲ့ ပြည်သူကြားသွေးခွဲနေတဲ့ ပုဒ်မ၄၃၆ပြင်ဆင်ရေးက တပ်မတော်ရဲ့ ဂုဏ်သိက္ခာဖြစ်တယ်

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ ပျက်စီးယိုယွင်းနေတဲ့ ကျနော်တို့ နိုင်ငံတော်ကြီးကို ပြုပြင်တည်ဆောက်ဖို့ ပထမဆုံး ခြေလှမ်းတစ်ခုလည်းဖြစ်ပါတယ်
အခု လုပ်နေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ဘယ်အဖွဲ့အစည်းကိုမှ တိုက်ခိုက်နေတာ မဟုတ်ဘူး ၊ ကိုယ့်အမိနိုင်ငံတော် ပြန်လည်တည်ဆောက်နိုင်ဖို့ အားလုံးပုးပေါင်းလုပ်ဆောင်ကြဖို့ ဆောင်ရွက်နေခြင်းသာဖြစ်ပါတယ်
National League for Democracy





နောက်ဆုံးရ ထိုင်းသတင်း


အာဏာအလွဲသုံးမှုဖြင့် ရာထူးမှ နှုတ်ထွက်ပေးခဲ့ရသော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝတ်ကို ဘန်ကောက်မြို့ရှိ စစ်တပ်ဝင်း တစ်ခုအတွင်း နှစ်ရက်ကြာ ထိမ်းသိမ်းထားပြီးနောက် ယနေ့ ညနေပိုင်းက ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီမှ ပြောဆိုချက်အရ သူမကို နိုင်ငံရေးတွင် ၀င်မပါရန်နှင့် နိုင်ငံခြားသို့ ခွင့်မပြုဘဲ ထွက်ခွာခြင်း မပြုရန် အသိပေးထားကြောင်း သိရသည်။

ဘန်ကောက်မြို့တွင်း တင်းမာမှုများ မြင့်တက်နေသော်လည်း သွေးထွက်သံယိုမှုနှင့် တိုက်ခိုက် အကြမ်းဖက်မှုများ ဖြစ်ပွားခြင်း မရှိပေ။

BBC Burmese


ကချင်ကျေးရွာ ၉၀ကျော်တွင် သန်းခေါင်စာရင်းကောက်ရန် အစိုးရနှင့်ကေအိုင်အေ သဘောတူ



ပြည်လုံးကျွတ်သန်းခေါင်စာရင်း ရန်ကုန်မြို့၌ကောက်ယူနေစဉ်(ဓာတ်ပုံ − ရဲအောင်သူ/အေအက်ဖ်ပီ)
နယ်မြေမတည်ငြိမ်မှု ကြောင့် သန်းခေါင်စာရင်းကောက်ယူရန် ကျန်ရှိနေသော ကချင်ပြည်နယ်ရှိ ကျေးရွာ ၉၇ရွာ တွင် သန်းခေါင်စာရင်းပြန်လည် ကောက်ယူရန် မြန်မာအစိုးရနှင့် ကေအိုင်အေသဘောတူညီမှုရရှိ ခဲ့ကြောင်း သတင်းရရှိသည်။
မြေမြှုပ်မိုင်းများရှိသည့်လိုင် ဇာပတ်ဝန်းကျင်ကျေးရွာများတွင် ကေအိုင်အေဘက်မှ စာရင်း ကောက်ယူပေးမည်ဖြစ်ပြီး ကျန် ကျေးရွာများကို ပြည်နယ်သန်း ခေါင်စာရင်းကော်မတီက ကောက်ယူရန် သဘောတူညီမှုရ ရှိခဲ့ခြင်းဖြစ်သည်။
‘‘မိုင်းထောင်တဲ့ဘက်တွေ မှာ ဒီဘက်အဖွဲ့ကကောက်ပေးဖို့ သဘောတူလိုက်ပါပြီ။ ကျန်တဲ့ ဒေသတွေကိုတော့ ပြည်နယ်ကကောက်ပေါ့’’ဟု ကေအိုင်အေမှ အကြီးတန်းအရာရှိကြီးတစ်ဦးက  အတည်ပြုပြောကြားသည်။
ကချင်ပြည်နယ် မြစ်ကြီးနား မေလ ၁၃ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည် သူ့အင်အားဝန်ကြီး ဦးခင်ရီနှင့် ကေအိုင်အေတပ်မှ ဗိုလ်ချုပ်ဂွန် မော်တို့ တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်းသဘောတူညီမှုရရှိ ခဲ့ခြင်းဖြစ်သည်။
‘‘၀န်ကြီးနဲ့ ညှိနှိုင်းပြီးတဲ့ နောက် မူအားဖြင့်သဘောတူညီ ပါတယ်။ ကောက်ယူမှုကိုတော့ ပြည်နယ်အနေနဲ့ လုပ်ဆောင်ပါ လိမ့်မယ်။ နေပြည်တော်ကိုတော့ ကောက်ယူပြီး စာရင်းတွေမ ရောက်သေးပါဘူး။ နေရပ်ဒေသ က အလှမ်းကွာဝေးနေလို့လည်း ဖြစ်ပါလိမ့်မယ်’’ဟု ပြည်သူ့အင် အားဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ဦးမြင့်ကြိုင်ကပြောသည်။
 ကချင်ပြည်နယ်တွင် ကောက်ခံရန် ကျေးရွာပေါင်း ၉၇ ရွာကျန်ရှိနေပြီး ဆက်လက် ကောက်ခံရန် ကေအိုင်အိုဗဟိုသို့ အစိုးရက စာသုံးကြိမ်တိုင်ပို့ထား ပြီး မေလတွင် တွေ့ဆုံသည့်ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွင်လည်း ညှိ နှိုင်းမှုများ လုပ်ဆောင်ခဲ့သည်ဟု သတင်းရရှိသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ကောက်ယူထားသော စာရင်းများ အရ မကောက်ယူနိုင်သည့်ဒေသ မှာ ကချင်ပြည်နယ်နှင့်ရခိုင်ပြည် နယ်တို့ ဖြစ်သည်။ ၁၉၈၃ခုနှစ် ကောက်ယူခဲ့သော သန်းခေါင်စာ ရင်းကောက်ယူရရှိမှုနှင့် နှိုင်းယှဉ် ပါက ယခုနှစ်ကောက်ယူခြင်းက ပိုမိုပြည့်စုံကြောင်းဝန်ကြီးကမေ လဆန်းပိုင်းက ပြုလုပ်သည့် သ တင်းစာရှင်းလင်းပွဲတွင် ပြော ကြားခဲ့သည်။
 ၁၉၈၃ က နယ်မြေလုံခြုံ ရေးအခြေအနေများကြောင့် မ ကောက်ယူနိုင်ခဲ့သည့် ပြည်နယ်နှင့် တိုင်းများမှာ ကချင်၊ ရှမ်း၊ ကရင်၊ ကယားနှင့် စစ်ကိုင်း၊ တနင်္သာရီတိုင်းဒေသကြီးတို့ဖြစ်သည်။

အိဖြူမွန်၊ အောင်ခိင်
7day daily

တစ်ခုသောလမ်း ဆိုတဲ့ တစ်ကိုယ်တော်အခွေ ထွက်ရှိမယ့် ထက်အောင်(အိမ်မက်ဆုံရာ)




စန္ဒီ on 2014-05-24 14:01
အိမ်မက်ဆုံရာSeason-3ရဲ့ပထမဆုရှင်တစ်ဦးဖြစ်တဲ့ ထက်အောင် တစ်ယောက်ဟာ အိမ်မက်ဆုံရာမှာ ဝင်ရောက်ယှဉ်ပြိုင်နေစဉ် ကာလအတွင်း မှာကတည်းက ပရိသတ်ရဲ့အားပေးမှုကို ရရှိခဲ့တဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင် ထက်အောင်ဟာ တစ်ကိုယ်တော်အခွေ ထွက်ရှိတော့မှာပါ။ သူ့ရဲ့တစ်ကိုယ်တော်အခွေ အကြောင်းနဲ့ပတ်သက်ပြီး မေးဖြစ်ခဲ့တာကတော့ “ကျွန်တော် ရဲ့အခွေထဲမှာ သီချင်း၁၀ပုဒ်ပါတယ်။ သီချင်းတွေအကုန်လုံးက  Own tune တွေချည်းပဲ။ အခွေနာမည်ကို တစ်ခုသောလမ်း လို့ပေးထားပါတယ်။ ပရိသတ်တွေကတော့ မင်းအနားမှာဆိုတဲ့ သီချင်းလေးကို ကြိုက်ကြမယ်လို့ ထင်ပါတယ်။ တစ်ခုသောလမ်းလို့ နာမည်ပေးဖြစ်တာကတော့ ကျွန်တော့်ရဲ့ဆရာ မြင့်မိုးအောင်နဲ့ ကျွန်တော်ရယ် တိုင်ပင်ပြီးတော့ ပေးဖြစ်ခဲ့တာပါ။ ပြီးတော့ ဒီသီချင်းလေးက ဆရာမြင့်မိုးအောင် ကိုယ်တိုင်ရေးပေးထားတဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်လို့ပါ။ တစ်ခုသောလမ်း က Audio CD အရင်ထွက်မှာပါ။ The Sun music ကနေ မေလ၃၁ရက်နေ့မှာ ဖြန့်ချိပေးသွားမှာပါ။ ပရိသတ်တွေလည်း ဒီအခွေလေးကို နားထောင်ပြီးတော့ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ တစ်ခွေလုံးကို Owntune တွေပဲဖန်တီးထားတာက ပရိသတ်တွေကို ခံစားမှုအစစ် အမှန်ပေးချင်တာရယ်၊ နောက်ပြီး အခုလိုချိန်မှာ Owntune သီချင်းတွေ ဆိုကြတာ ရှားသွားပြီ။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်က Owntune ဆိုရတာကိုပဲ နှစ်သက်လို့လည်း ပါပါတယ်။

ဒီအခွေလေးကို အားရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် အင်တိုက်အားတိုက်နဲ့ စိတ်ရော၊ ကိုယ်ပါနှစ်ပြီး ပင်ပန်းခံပြီးတော့ ကြိုးစားထားတဲ့ အခွေလေးဖြစ်လို့ပါ။ ကျွန်တော်က ဂီတကို ငယ်ငယ်ကတည်းက ရူးသွပ်ခဲ့တဲ့ သူတစ်ယောက်ဖြစ်တယ်။ ဂီတနဲ့ ပတ်သက်လာရင် ဘယ်တုန်းကမှ ပေါ့ပေါ့တန်တန် မလုပ်ခဲ့ဖူးဘူး။ ဂီတပေါ်မှာ မျှော်လင့်ချက်တွေ၊ မျှော်မှန်းချက်တွေနဲ့ လျှောက်လှမ်းသွားချင်တဲ့ သူတစ်ယောက်ပါ။ တစ်ကိုယ်တော် အခွေဖြစ်လာဖို့က ကျွန်တော့်ရဲ့ အိမ်မက်တစ်ခုပါပဲ။ ပရိသတ်ကြီး အာလုံးပဲ ကျွန်တော့်ရဲ့တစ်ခုသောလမ်း အခွေလေးကို နားထောင်စေချင်ပါတယ်။ အားပေးစေချင်ပါတယ်။ ပြီးတော့ ကောင်းတာတွေပဲ ဖြစ်ဖြစ်၊ ဆိုးတာတွေပဲရှိရှိ ဝေဖန်ပေးကြပါ”လို့ သူက ပြောပါတယ်။
Trend Myanmar

မိုဘိုင်းလ်ဖုန်းမှ ပါဝင်ပစ္စည်းများကြောင့် အရေပြား ဓာတ်မတည့်မှုများ ဖြစ်ပေါ်နိုင်


ကမ္ဘာတလွှားတွင် မိုဘိုင်းလ်ဖုန်းများ အသုံးပြုမှု တွင်ကျယ်များပြားလာခြင်းနှင့်အတူ မိုဘိုင်းလ်ဖုန်းကြောင့် ဖြစ်ပေါ်နိုင်သည့် အရေပြား ဓာတ်မတည့်မှု အခြေအနေကိုလည်း သတိထားရန်လိုကြောင်း သုတေသီများက ပြောကြားခဲ့သည်။ စမတ်ဖုန်း ယဉ်ကျေးမှု ထွန်းကားလာခြင်းနှင့်အတူ ဖုန်း၏ ကိုယ်ထည်နှင့် ဓာတ်မတည့်သော အရေပြား ကျန်းမာရေး ပြဿနာ တစ်ရပ်ကိုလည်း ပညာရှင်များက ခြေရာခံ တွေ့ရှိလာသည်။ ဖုန်းကိုယ်ထည်နှင့် ခလုတ်များတွင် ပါဝင်သည့် နစ်ကယ်လ်နှင့် ခရိုမီယမ် ဓာတ်များက အခန့်မသင့်လျှင် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ကြောင်း သိရှိရသည်။ အဆိုပါ ဓာတ်ပစ္စည်းများနှင့် ထိတွေ့မှုများသည့် ပါးရိုးတဝိုက်၊ နားရွက်နှင့် နှုတ်ခမ်းအစပ်တို့ကဲ့သို့ နေရာများတွင် ဓာတ်မတည့်သည့် အခြေအနေများ ဖြစ်ပေါ်နိုင်ကြောင်း ပညာရှင်များက သတိပေးခဲ့သည်။

အမေရိကန်နှင့် ဒိန်းမတ်နိုင်ငံမှ သုတေသီများသည် စမတ်ဖုန်းများ ထုတ်လုပ်မှုတွင် ဥရောပ ယူနီယံက သတ်မှတ်ထားသည့် နစ်ကယ်လ်ဓာတ် အသုံးပြုမှု စံချိန်စံညွှန်းများနှင့် ညီမညီ ဆိုသည်ကို မေးခွန်းထုတ်ခဲ့သည်။ အလွန်ဆိုးရွားသော အခြေအနေမျိုး မဟုတ်သည့်တိုင် စမတ်ဖုန်းများကြောင့် အရေပြား ပြဿနာများ ဖြစ်ပေါ်နိုင်ခြေသည် သိသိသာသာ မြင့်တက်လာသည်။ ဥရောပတွင် အရေပြား ဓာတ်မတည့်သည့်ဖြစ်စဉ် ခံစားရမှုများသည် (၂၀၀၀)ပြည့်နှစ်မှ (၂၀၁၀)ပြည့်နှစ် အတောအတွင်းတွင် (၁၂၅၀) ရာခိုင်နှုန်းထိ တိုးပွားလာကြောင်း Pediatric Allergy ဆေးပညာ ဂျာနယ်တွင် ဖော်ပြခဲ့သည်။

သုတေသီများက ဗြိတိန်နိုင်ငံတွင် အတွင်းခံ ဘရာစီယာအတွင်း၌ ဖုန်းကို ညှပ်ထားတတ်သည့် မိန်းကလေးတစ်ဦး၏ ရင်သားတဝိုက်၌ အင်ပျဉ်ထလာခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။ Blackberry၊ Samsung၊ Sony၊ Motorolaနှင့် LGစသော နာမည်ကျော် စမတ်ဖုန်း အမှတ်တံဆိပ်များမှ ဟန်းဆက်များတွင် နစ်ကယ်လ်နှင့် ခရိုမီယမ်တို့အနက် အနည်းဆုံး တစ်ခုဖြစ်စေ၊ နှစ်ခုစလုံးဖြစ်စေ သတ္တုစပ်များ အသုံးပြုလေ့ရှိသည်။ Nokiaနှင့် Appleတို့ကမူ ၎င်းတို့၏  ဟန်းဆက်များတွင် အရေပြား ကျန်းမာရေးအတွက် ပြဿနာဖြစ်စေမည့် ဓာတ်ပစ္စည်းများ ကင်းရှင်းကြောင်း အာမခံထားသည်။

ကယ်လီဖိုးနီးယားရှိ လိုမာလင်ဒါ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှ သုတေသီ ကလာရီ ရစ်ချတ်ဆန်က “တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ မိုဘိုင်းလ်ဖုန်းတွေ အသုံးပြုမှု မြင့်တက်လာတာနဲ့အတူ အဲဒီအခြေအနေနဲ့ ဆက်နွယ်တဲ့ အရေပြား ပြဿနာတွေကိုလည်း သတိထားမိခဲ့ပါတယ်။ ဖုန်းနဲ့ ဆက်စပ်တဲ့ ဓာတ်မတည့်မှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေပေမယ့် အမှတ်တံဆိပ် တော်တော်များများက နစ်ကယ်လ်လို ဓာတ်ပစ္စည်းတွေကို ပါဝင်ပစ္စည်းအဖြစ် အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။ ဒီလို ဓာတ်ပစ္စည်းတွေဟာ တန်ဖိုးနည်း ဟန်းဆက်တွေအပြင် အဆင့်မြင့် တန်ဖိုးကြီး ဖုန်းတွေမှာတောင် ပါဝင်နေတာပါ”ဟု ပြောကြားသွားသည်။

Planet Myanmar

လစ်ဗျားအထူးတပ်ဖွဲ့က ပစ်လွှတ်သည့် ဒုံးကျည်ကြောင့် လူ ၂ ဦးသေဆုံး


လစ်ဗျားနိုင်ငံ အရှေ့ဘက်ဆိပ်ကမ်းမြို့ ဘန်ဂါဇီမှာ လစ်ဗျားအထူးတပ်ဖွဲ့အခြေစိုက်စခန်းက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေက ပစ်မှတ်ကို လွဲချော်ပြီး မိသားစုအိမ်တွေကို ထိမှန်ခဲ့လို့ အနည်းဆုံး လူ ၂ ယောက် သေဆုံးတယ်လို့ ဒေသခံတွေနဲ့ အရာရှိတွေက မေလ ၂၄ ရက်နေ့က ပြောပါတယ်။

ပထမဒုံးကျည်ကြောင့် အိမ်သား ၂ ဦး သေဆုံးပြီး သူတို့ကလေး ဒဏ်ရာရတယ်၊ ဒုတိယ ဒုံးကျည်ကြောင့် တခြားမိသားစုတစု ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ လစ်ဗျားနိုင်ငံတွင်း ဘန်ဂါဇီနဲ့ ထရီပိုလီကြား လက်နက်ကိုင် ပဋိပက္ခတွေ တပတ်ကြာ ဖြစ်ပွားအပြီး မေလ ၂၃ ရက်နေ့က တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

လစ်ဗျားလွှတ်တော်ကို ဖျက်သိမ်းဖို့ တောင်းဆိုနေတဲ့ ဗိုလ်ချုပ်ဟောင်း ခါလီဖာ ဟဲ့ဖ်တာ ကို သစ္စာခံတဲ့ ပုံမှန်မဟုတ်တဲ့ စစ်တပ်တွေနဲ့ သူ့ကို ဆန့်ကျင်တဲ့ ပြိုင်ဘက် ပြည်သူ့စစ်တွေကြား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဟဲ့ဖ်တာကတော့ အစွန်းရောက် အကြမ်းဖက်ဝါဒကို အဆုံးသတ် ချိုးနှိမ် မပြီးမချင်း ရိုးသားတဲ့တော်လှန်သူတွေ စစ်သားတွေက စစ်တန်းလျားကို ပြန်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

လစ်ဗျားအစိုးရဟာ အာဏာရှင်ဟောင်း မွမ်မာ ကဒါဖီကို ဖြုတ်ချစဉ်က ကူညီခဲ့တဲ့ တိုက်ခိုက်ရေးသမားတွေရဲ့ တပ်တွေကို ထိန်းချုပ်နိုင်စွမ်း မရှိဖြစ်နေတာ ကြာပါပြီ။ အကြီးအကျယ် လက်နက်တပ်ဆင်ထားတဲ့ ပြိုင်ဖက်တွေဟာ အစိုးရရဲ့ တရားဝင်မှုကိုပါ မကြာခဏ စိန်ခေါ်ခဲ့ဖူး ပါတယ်။

ဘန်ဂါဇီမြို့ထဲက အထူးတပ်ရဲ့ အခြေစိုက်စခန်းထဲက ဒုံးကျည်တွေကို ဘယ်သူပစ်တယ်ဆိုတာ ရှင်းရှင်းလင်း လင်း မသိရသေးပါဘူး ဒီမြို့ကတော့ ဗိုလ်ချုပ်ဟောင်း ခါလီဖာကို သစ္စာခံသူတွေက ဦးတည်ထားတဲ့ အစ္စလာမစ် စစ်သွေးကြွတွေရဲ့အခြေစိုက်မြို့ ဖြစ်ပါတယ်။

လစ်ဗျားပြည်သူ အများအပြားကတော့ စစ်သွေးကြွတွေကို မထိန်းချုပ်နိုင်တဲ့ အစိုးရနဲ့ လွှတ်တော်ကို စိတ်ပျက်နေကြပါတယ်။

DVB Burmese

မိနစ်ပိုင်းလေးအတွင်းမှာ စိတ်အပန်းပြေစေမယ့် နည်းလမ်းကောင်းများ အပိုင်း (၂)




မေသော် on 2014-05-23 12:17    
ခေါင်းထဲမှာရှိနေတဲ့ ရှုပ်ထွေးမှုတွေ၊ စိတ်ပင်ပန်းမှုတွေနဲ့ ဖိစီးမှုတွေကို မိနစ်ပိုင်းလေးအတွင်းမှာ လျော့ပါးပျောက်ကွယ်သွားအောင် သင်ကြိုးစားကြည့်နိုင်တဲ့ နည်းလမ်းကောင်းလေးတွေ ရှိနေပါတယ်။ လုပ်ဆောင်ရန် လွယ်ကူတဲ့အပြင် ထိလည်းထိရာက်တာကြောင့် အဆင်ပြေသဘောကျလိမ့်မယ်လို့ ထင်ပါတယ်။ အပိုင်း(၁)မှာ နည်း ၁၀ နည်း ဖော်ပြပေးခဲ့ပြီးဖြစ်တာမို့ ခု အပိုင်း(၂)မှာ ဘယ်လိုနည်းလမ်းလေးတွေ ဆက်ညွှန်းထားမလဲ ကြည့်ရအောင်။

၁၁။ အာရုံတွေပြန်လည် စုစည်းပစ်နိုင်အောင် မျက်လုံးတွေ မှိတ်ပစ်လိုက်ပါ။

အလွယ်ကူဆုံး နည်းလမ်းပါပဲ။ မျက်လုံးတွေ အားလုံးမှိတ်ချလိုက်ပြီး ငြိမ်ငြိမ်လေး နေလိုက်ပါ။ သင့်အာရုံတွေ ပြန်လန်းဆန်းလာပါလိမ့်မယ်။

၁၂။လက်ချောင်းတွေကို နှိပ်နယ်ပေးပါ။

ပုခုံးနဲ့ဇက်ကြောတစ်လျှောက် အကြောတွေ ပြေလျော့စေဖို့ဆိုရင် လက်ချောင်းတွေကို နှိပ်နယ်ပေးဖို့ လိုပါတယ်။ လိုးရှင်းလေးနဲ့ လက်ချောင်းတွေကို ညင်သာစွာနှိပ်နယ်ပေးခြင်းဟာလည်း ထိရောက်တဲ့ နည်းပါပဲ။

၁၃။ခြေထောက်တွေကို နှိပ်ပေးပါ။

ခြေဖ၀ါးတွေကို ဂေါ့ဖ်သီးလုံးလို နှိပ်လို့အဆင်ပြေမယ့် ဘောလုံးတစ်ခုနဲ့ နှိပ်နယ်ပေးလိုက်ရင် အကြောတွေပြေပြီး ပြန်လည်လန်းဆန်းလာပါလိမ့်မယ်။

၁၄။လက်ကောက်ဝတ်ပေါ်ကို ရေအေးနည်းနည်း ထိတွေ့ပေးပါ။

အရေပြားအောက်က သွေးကြောတွေ အလုပ်လုပ်အောင်ဆိုရင်တော့ လက်ကောက်ဝတ်ပေါ်ကို ရေအေးအေးလေးတွေနဲ့ ထိတွေ့ပေးလိုက်ဖို့လိုပါတယ်။

၁၅။ဆံပင်ဖြီးပေးပါ။

ခေါင်းကလည်း ကြွက်သိုက်လို ရှုပ်ပွနေတာပဲ။ ဆံပင်မဖြီးတာလည်း ကြာပြီ။ လက်လေးနဲ့သပ်လိုက်ရုံနဲ့ ဟုတ်နေပြီထင်နေတာ။ ဆံပင်ဖြီးပါ။ ဒါဟာ သင့်အတွက် အကျိုးထူးရစေပါလိမ့်မယ်။ အချိန်ရမယ်ဆို ပန်းကန်ဆေးတာတို့၊ ဇာထိုး၊ ပန်းထိုးလုပ်တာတွေကလည်း သင့်အတွက် လန်းဆန်းစေတဲ့ နည်းတွေပဲပေါ့။

၁၆။တစ်ယောက်တည်း ခဏတဖြုတ် နေလိုက်ပါ။

ခေါင်းတွေ ပြန်ကြည်လင်ဖို့ဆိုရင် တစ်ယောက်တည်း ခဏတဖြုတ်နေလိုက်ရင် အဆင်ပြေပါတယ်။ မိနစ်ပိုင်းလောက်ပဲပေါ့။

၁၇။နေရောင်ခြည်နဲ့ ခဏဖြစ်ဖြစ် ထိတွေ့လိုက်ပါ။

နေရောင်ခြည်ဟာ ကိုယ့်ရဲ့စိတ်ကူးစိတ်သန်းတွေ ပိုမိုဖြစ်ထွန်းလာအောင် ပံ့ပိုးပေးနိုင်တဲ့အရာပါပဲ။ စိတ်ဓာတ်ကျနေတာတွေကိုလည်း သူက ကုစားပေးနိုင်ပါတယ်။

၁၈။ပြတင်းပေါက်ကတဆင့် အပြင်ကို ကြည့်လိုက်ပါ။

မိနစ်ပိုင်းလောက်လေးပဲ ဖြစ်ဖြစ် အပြင်လောကကြီးကို ခဏကြည့်လိုက်ပါ။ အဲ့ဒီအချိန်မှာ အလုပ်အကြောင်းတွေအားလုံး ခေါင်းထဲက ထုတ်ထားလိုက်ပေါ့။

၁၉။သက်တောင့်သက်တာဖြစ်မယ့် ခုံပေါ်မှာ ခြေပစ်လက်ပစ်ထိုင်လိုက်ပါ။

အလုပ်စားပွဲက ထိုင်ခုံက ခပ်မတ်မတ်ကြီးမို့ သက်တောင့်သက်သာရှိချင်မှ ရှိပါလိမ့်မယ်။ ဒါ့ကြောင့် သက်တောင့်သက်သာဖြစ်မယ့် ခုံခပ်ကြီးကြီးပေါ်မှာ ခြေပစ်လက်ပစ်ထိုင်လိုက်ပါ။

၂၀။ကိုယ့်အလုပ်စားပွဲပေါ်က အရာတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်လိုက်ပါ။

စားပွဲပေါ်က စာရွက်စာတမ်းတွေ၊ ဘောပင်တွေ၊ ဘောပင်ခွက်၊ ရေခွက်၊ ဖိုင်တွဲအားလုံးကို နေသားတကျဖြစ်အောင် စီစဉ်လိုက်ပါ။ ဒါကလည်း ကိုယ့်စိတ်တွေ ပြန်လန်းဆန်းသွားမယ့် အရာပါပဲ။

Ref:http://greatist.com
Trend Myanmar


တရုတ်ဘက်ကို အမျိုးသမီးတွေ ပို့မယ့် လူမှောင်ခိုဂိုဏ်း ဖမ်းမိ



သတို့သမီး ရှားနေတဲ့ တရုတ်ပြည်က အမျိုးသားတွေက မြန်မာ မိန်းကလေးတွေကို ပေါင်းသင်းဖို့ ငွေပေး ဝယ်ကြ
မြန်မာအမျိုးသမီးတွေကို သွေးဆောင် ဖြားယောင်းပြီး အချိတ်အဆက်နဲ့ လူကုန် ကူးနေတဲ့ ဂိုဏ်းတဂိုဏ်းကို မန္တလေးမြို့ ချမ်းမြရွှေပြည် ကားကြီးဝင်းထဲမှာ ခြေရာခံ ဖမ်းဆီးမိခဲ့ပြီး လူကုန် တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၈ အရ ပြီးခဲ့တဲ့ ရက်ပိုင်းက အမှုဖွင့်ထားပါတယ်။

အဲဒီ အမျိုးသမီးတွေကို တဘက်နိုင်ငံ တရုတ်ပြည် ဘက်ကို ပို့ဆောင်ဖို့ စီစဉ်နေတာလို့လည်း သိရပါတယ်။

တရုတ်နိုင်ငံဘက်မှာ သတို့သမီးတွေ လိုအပ်နေတဲ့အတွက် မြန်မာအမျိုးသမီးတွေကို တရုတ် မြန်မာ နယ်စပ် မူဆယ်မြို့ကနေတဆင့် ရောင်းစားတာမျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတာပါ။

လူမှောင်ခို ကူးခံရတဲ့ မိန်းကလေးငယ်တွေဟာ ဘဝ ရပ်တည်မှု ခက်ခဲတဲ့၊ အသိ ပညာ ဗဟုသုတ နည်းပါးတဲ့ သူတွေ ဖြစ်တဲ့အတွက် သူတို့ ကိုယ်တိုင်က လူမှောင်ခို ကူးခံရတာကို မသိ နားမလည် ကြတဲ့ သူတွေ များတယ်လို့ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု ၁၁ က ရဲမှူး ဦးဖေသိန်းကျော် က ဘီဘီစီကို ပြောပါတယ်။

မန္တလေးမြို့ဟာ တရုတ်ပြည်ကို လူကုန်မှောင်ခို ကူးတဲ့ လမ်းကြောင်း တထောက်နားရာ အချက်အချာ နေရာ ဖြစ်ပါတယ်။

အခုအခါ မန္တလေးတိုင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့အနေနဲ့ ပညာပေး လက်ကမ်း စာစောင်တွေ ဝေတာမျိုးတွေ၊ မန္တလေးတိုင်း အတွင်း ခရိုင် ၇၀မှာ ရပ်ကျေး စောင့်ကြည့်ရေး အဖွဲ့တွေနဲ့ ပေါင်းပြီး ပညာပေး ဟောပြောတာမျိုးတွေ၊ အရေးအကြောင်း ရှိရင် ဆက်သွယ်နိုင်တဲ့ Hotline အရေးပေါ် ဖုန်းနံပတ်တွေ ပေးထားတာမျိုးတွေကို စီမံချက် ချ ဆောင်ရွက်နေတဲ့အတွက် အရင်နှစ်တွေ ကထက် စာရင် မန္တလေးတိုင်းအတွင်း လူမှောင်ခို ကူးမှုတွေ နည်းပါးလာတယ်လို့ ရဲမှူး ဦးဖေသိန်းကျော်က ပြောပါတယ်။

BBC

Tupac Shakur နောက်ဆုံးပြောသွားတဲ့စကားဟာ ‘F*** you’ ဖြစ်ကြောင်း ရဲအရာရှိ ဖွင့်ဟ




Angel on 2014-05-24 14:18    
Rapper Tupac Shakur ဟာ လွန်ခဲ့တဲ့ ၁၈ နှစ်တုန်းက Las Vegas Strip မှာ သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးခဲ့ရပါတယ်။ သေဆုံးချိန်မှာ Tupac ဟာ အသက် ၂၅ နှစ်အရွယ်သာ ရှိသေးပါတယ်။ အခင်းဖြစ်ပွားရာ နေရာကို ပထမဆုံးရောက်ရှိလာသူကတော့ ရဲအရာရှိ Chris Carroll ပါ။

Tupac ပါလာတဲ့ကားကို ဘေးကားကနေ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်သွားပြီးနောက် Carroll ဟာ သူ့  ကို ခရီးသည်ခုံကနေ ဆွဲထုတ်ခဲ့ရပါတယ်။ Carroll ဟာ ဘယ်သူ သေနတ်နဲ့ မင်းကိုပစ်သွားတာလဲလို့  Tupac ကိုမေးခဲ့ပေမယ့် Tupac က ပြန်မဖြေခဲ့ပါဘူး။

“ ကျွန်တော် သူ့ ကိုသေချာကြည့်ပြီးနောက်တစ်ခေါက်ထပ်မေးလိုက်တယ် - မင်းကိုဘယ်သူပစ်သွားတာလဲ”

“ သူ ကျွန်တော့်ကို ကြည့်ပြီး စကားပြောဖို့ အားယူလိုက်တယ်။ ပြီးတော့ သူ့ ပါးစပ်ကို ဟလိုက်တော့ ကျွန်တော် တော့ သူ့ ဆီက အတူပူးပေါင်းဆောင်ရွက်မှု ရတော့မယ်ထင်နေခဲ့တာ။ တကယ်တမ်း သူ့ ပါးစပ်က ထွက်လာတာကတော့ ‘ F*** you’ တဲ့” လို့ ရဲအရာရှိ Carroll က ပြန်ပြောကြားခဲ့ပါတယ်။

“ သူ့ ပါးစပ်ကနေ ဗလုံးဗထွေးတွေဖြစ်ပြီးတော့ သူ သတိမေ့သွားတယ်။ အဲဒီမှာ လူနာတင်ယာဉ် ပေါ်လာပါတယ်။ Tupac ကတော့ ဘာအသိစိတ်မှ မရှိတော့ပါဘူး။” လို့ Carroll က ထပ်လောင်းပြောကြား ခဲ့ပါတယ်။

Tupac ဟာ သေနတ်နဲ့ အပစ်ခံရပြီးနောက် ရက်အတော်ကြာ ဆေးရုံပေါ်မှာ အတွင်းသွေးယိုစိမ့်မှု ဝေဒနာတွေကြောင့် စက်တင်ဘာ ၁၃ ရက်နေ့ မှာ သေဆုံးသွားခဲ့ပါတယ်။

Ref: Metro.co.uk
trend myanmar

ကမ္ဘာ့မြေနေ့ အထိမ်းအမှတ် နာဆာရဲ့ အကြီးမားဆုံးသော Selfie ပုံကြီး




Selfie ရိုက်ရတာ ကို လူတိုင်း နှစ်သက်ကြမယ်ထင်ပါတယ်။ Selfie ကို အလွယ်ကူဆုံး နားလည်အောင် ဘာသာပြန်ရရင် ကိုယ်ပုံကိုယ်ပြန်ရိုက်တာ လို့ ပြောရပါမယ်။ ကမ္ဘာ့မြေနေ့ဆိုတော့ သိတဲ့အတိုင်း
ကမ္ဘာ့ မြေကြီးကို ရေရှည်တည်တံနိင်အောင် သဘာဝ စိမ်းလန်းစိုပြည့်ရေး လုပ်ငန်များကို လုပ်ကြတာပေါ့။

ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ ဧပရယ် ၂၂ ရက်နေ့ဟာ ကမ္ဘာ့မြေ့နေ့ ဖြစ်ပါတယ်။ ထိုနေ့ ပတ်ပတ်လည်လောက်မှာ အမေရိကန် အာကာသ သိပ္ပံ စခန်းတစ်ခုဖြစ်တဲ့ NASA ဟာ ကမ္ဘာ့သူ ကမ္ဘာ့သားတွေကို ကမ္ဘာ့မြေနေ့ အမှတ်တရ အထိမ်းအမှတ်ပွဲတစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။

အဲဒီနေ့မှာ နာဆာဟာ “ သင့်အခုအချိန် ကမ္ဘာ့မြေရဲ့ ဘယ်နေရာမှာပါလဲ “ လို့ ပို့စ်တစ်ခုတင်ခဲ့ပြီး အဖြေကို စကားလုံးနဲ့ မဟုတ်ပဲ ကိုယ်တိုင်ရိုက်ထားတဲ့ Selfie ဓာတ်ပုံနဲ့ ဖြေစေခဲ့ပါတယ်။ ထိုသို့ပြန်လည်ဖြေကြားရာတွင် ဆိုရှယ်မီဒီယာများဖြစ်တဲ့ Facebook, Twitter, Google Plus, Instagram စတဲ့လူမူကွန်ရက် အသီးသီးက #globalselfie ဆိုပြီး Tag လုပ်ကာ ပေးပို့ရတာဖြစ်ပါတယ်။ ပေးပို့ထားခဲ့ကြတဲ့ ဓာတ်ပုံတွေဟာဆိုရင် 35,422 ဓာတ်ပုံရှိခဲ့ပြီး

ထိုပုံတွေအားလုံးကို အပေါ်ဘက်မှာ မြင်တွေ့နေရတဲ့ ကမ္ဘာ့လုံး (၂) လုံးစာ 3.2-gigapixel ရှိ ဓာတ်ပုံကြီးကို ရရှိခဲ့တာ ဖြစ်ပါတယ်။ gigapixel ဆိုတာ (1) megapixel ရှိတဲ့ ဒီဂျစ်တယ် ကင်မရာနဲ့ အကြိမ်တစ်ထောင်ရိုက်နိင်တဲ့ အချိုးဖြစ်ပြီး Pixel ပေါင်း (၁) ဘီလီယံ ရှိနေပါတယ်။

အသေးစိတ် ထို Selfie ပုံများကို ချဲ့ဆွဲကြည့်ချင်ရင်တော့ http://www.gigapan.com/gigapans/155294 တွင် ၀င်ရောက် ကြည့်ရူလေ့လာနိင်ပါတယ်။

အောင်ဟိန်း ( ရိုးရာလေး )

Android Pattern, Pin, Password, Gesture Lock တွေကို sms ပို့ပြီး Lock ဖြည်မယ် …


ခုမိတ်ဆက်ပေးချင်တဲ့ Application လေးကတော့ SMS Bypass လို့ အမည်ပေးထားတဲ့ Lock ဖြည်တဲ့ apk လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် …

USB Debugging လဲ On ထားစရာမလိုပါဘူး … Gmail အကောင့်လဲဝင်ထားစရာမလိုပါဘူး … ဒါပေမဲ့ Root လုပ်ထားတဲ့ ဖုန်းဖြစ်ပြီး ဖုန်းမှာ SMS Bypass Application ကိုသွင်းထားဖို့တော့လိုပါတယ် … Play store မှာတော့ မြင်တဲ့အတိုင်းပါပဲ … MMAS မှာတော့ ဝယ်ပြီးအသုံးပြုလို့ … ပြန်လည်မျှဝေလိုက်ပါတယ် …

အသုံးပြုပုံလေး နဲနဲရှင်းပြပါမယ့်ခဗျာ …



၁။ ပထမဦးဆုံးအနေနဲ့ SMS Bypass ကို ဒေါင်းလုပ်ရယူပြီး Install လုပ်ပါ။ ပြီးလျှင် SMS Bypass ကိုဖွင့်ပါ။

၂။ SMS Bypass Service ကို On ပေးပါ။

၃။ Change preset keyword ကိုတစ်ချက်နှိပ်ပါ။ Old secret code မှာ ပထမဦးဆုံးအကြိမ်စသုံးတဲ့ users အတွက် ဘာမှဖြည့်စရာမလိုပါဘူး။ ဒါမှမဟုတ် မိမိကြိုက်ရာ ဂဏန်း ၄ လုံးဖြည့်လိုက်ပါ။ New Sercret code နဲ့ Confirm new secret code မှာတော့ မိမိ အသုံးပြုချင်တဲ့ Code ၄ လုံးကို ထည့်ပေးလိုက်ပါ။ ကျနော်ကတော့ 1234 လို့ပဲထည့်ပေးလိုက်တယ်။ ပြီးရင် Save secret code ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ။

၎။ ဒါဆို SMS Bypass ကိုစတင်အသုံးပြုလို့ရပါပြီ။ မိမိ ယခုလုပ်ဆောင်ချက်များ ကိုပြင်ဆင်ထားတဲ့ဖုန်းကို Lock Screen ဆိုသို့သွားထားပါ။ ထို့နောက် အခြားဖုန်းတလုံးမှ မိမိ SMS Bypass application သွင်းထားတဲ့ဖုန်းသို့ message ပို့ရပါမယ်။ Message ထဲမှာ ဘာထည့်ရိုက်ပေးရမလဲဆိုတော့ ” 1234 reset ” ဆိုတာလေးပဲထည့်ရိုက်ပြီး Regular sms ဖြင့် Send လိုက်ပါ။

၅။ SMS Bypass Application သွင်းထားသော Lock ရှီသည့်ဖုန်းမှာ Reboot ကြသွားပါလိမ့်မည်။ Reboot ပြန်တက်လာပါက Lock များရှီတော့မည်မဟုတ်ပါ။ အဆင်ပြေစွာအသုံးပြုနိုင်ကြပါစေ ….

MMAS

ကယားပြည်နယ် ကျေးရွာတချို့တွင် ကျောင်းဆရာများ လိုအပ်နေ


ကယားပြည်နယ်အခြေစိုက် ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့က စေတနာ့ဝန်ထမ်း ကျောင်းဆရာပေါင်း ၁၀၀ ကျော်ကို သင်တန်းပေးပြီး လိုအပ်ချက်ရှိတဲ့ ဒေသတွေကို စေလွှတ် ဖြည့်ဆည်းပေးနေပါတယ်။

ကျောင်းဆရာလိုအပ်ချက်ရှိတဲ့ ရွာတွေက တောင်းဆိုတာတွေ ဒီနှစ်မှာ ပိုများလာပေမယ့် အခက်အခဲတွေကြောင့် တောင်းသလောက်မပို့နိုင်ဘူးလို့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ ဥက္ကဋ္ဌ ကိုလွီးစီငြိမ်းက ပြောပါတယ်။

၂၀၁၀ ခုနှစ်တုန်းက စေတနာ့ဝန်ထမ်းကျောင်းဆရာ ၃ ယောက်တည်းနဲ့ စတင်ခဲ့ပြီး အခု အချိန်မှာ လူ ၁၀၀ ကျော်စေလွှတ်နိုင်မှာ ဖြစ်ပေမယ့် ကျောင်းဆရာလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။

ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနဲ့ နေပြည်တော်တိုင်းက ကျေးရွာတွေက ဆရာလိုအပ်လို့ တောင်းဆိုကြတာကိုလည်း ကိုလွီးစီငြိမ်းက အခုလို ပြောပါတယ်။
“မြို့နယ် ၉ မြို့နယ်မှာ ကျေးရွာပေါင်း ၁၆၀ ကျော်က တောင်းလာတယ်။ တောင်းဆိုတဲ့ လူအင်အားက ၃၀၀ အထက်မှာ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ အခက်အခဲ အမျိုးမျိုးကြောင့် လူ ၂၀၀ လောက်ပဲ ပေးနိုင်တယ်။ ”

ဆရာလိုအပ်ချက် ရှိတဲ့ကျောင်းတွေမှာ ကိုယ်ထူကိုယ်ထ ကျောင်းတွေ ပါသလို အစိုးရကျောင်းတွေလည်း ပါတယ်လို့ ကိုလွီးစီငြိမ်းက ပြောပါတယ်။

သူတို့ရဲ့ အခက်အခဲ တချို့ကိုလည်း ကိုလွီးစီငြိမ်းက အခုလို ဆက်ပြောပါတယ်။
“ပထမဆုံးအခက်အခဲက လမ်းပန်းဆက်သွယ်ရေး ပေါ့။ လိုအပ်ချက်အများဆုံး စာသင်ကျောင်း တွေက အဝေးဆုံးနေရာမှာ ရှိနေတယ်။ ကယားပြည်နယ်က လမ်းပန်းဆက်သွယ်ရေးက အခက်အခဲဆုံး ပြည်နယ်ဖြစ်သလို ရွာသိမ်ရွာရှောင်တွေကလည်း များတယ်။ အဲဒီ ရွာသိမ်ရွာရှောင်တွေအထိကို ရောက်အောင်သွားဖို့က အခက်အခဲအဆုံးရာတွေက ငွေကြေးအရ လိုအပ်ချက်ရှိသလို့ ဆရာ၊ ဆရာမတွေကိုလည်း ထောက်ပံ့ကျေးတွေ ဘာမှမပေးနိုင်ဘူး။ ကျေးရွာက ကူညီနိုင်တဲ့ အတိုင်းအတာက နည်းလာတယ်။ တချို့ကျေးရွာတွေဆို ၁ နှစ်ပတ်လုံးမှ ဆရာ၊ ဆရာမ တယောက်ကို မုန့်ဖိုး ၁ သောင်း၊ ၂ သောင်း အဲဒီလောက်ပဲ ပေးနိုင်တယ်။”

စေတနာ့ဝန်ထမ်းကျောင်းဆရာတစ်ယောက်ဖြစ်တဲ့ ကိုထွန်းထွန်းဦးကတော့ မနှစ်က သူရဲ့ အတွေ့အကြုံကို အခုလို ပြောပါတယ်။

“အစိုးရတွေက ဆရာ ဆရာမတွေ အများကြီးချပေးတယ်လို့ ပြောသာ ပြောတယ်ပေါ့နော်။ တကယ်တန်း အလုပ်လုပ်နေတဲ့ ၀န်ထမ်းရှိသလို အလုပ်မလုပ်တဲ့ ၀န်ထမ်းနေရာမှာ အများကြီး လစ်ဟာမှုတွေလည်း ရှိတယ်။ အထူးသဖြင့် ကျနော်တို့ ကျေးလက် တောင်တောင်မှာ ဆိုရင် ကျနော်တို့ ကယန်းလူမျိုးပဲ ဖြစ်ဖြစ်၊ ဘယ်တိုင်းရင်းသားပဲကြည့်ကြည့် ကျနော်တို့ တိုင်းရင်းသားမှာ ပညာတတ်ဆိုတာ နည်းတယ်။ ဘော်လန်တီယာ ဆရာဆရာမတွေသာ တကယ်လို့ မသွားတော့ဘူးဆိုရင် ကျနော်တို့ ကလေးတွေဟာ ဘယ်တော့မှ စာတတ်မယ်လို့ မထင်ဘူး။”

အစိုးရက ဆရာဖြစ်သင်တန်းတွေပေးပြီး ကျောင်းဆရာတွေ ထပ်ခန့်နေပေမယ့် သွားလာရေး ခက်ခဲပြီး ဝေးလံတဲ့ ဒေသတွေကို မသွားလိုကြတဲ့အတွက် ဆရာတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။


DVB Burmese

ထိုင်းတောင်ပိုင်းတွင် မွတ်စလင်ခွဲထွက်ရေးသမားတွေ တိုက်ခိုက်မှုကြောင့် လူ ၃ ဦးသေ၊ ၆၀ ကျော် ဒဏ်ရာရ


ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မွတ်စလင် ခွဲထွက်ရေးသမားတွေလို့ ယူဆရတဲ့ သောင်းကျန်းသူတွေက မေလ ၂၄ ရက်နေ့ညက တပြိုင်တည်းနီးပါး တိုက်ခိုက်ခဲ့လို လူ ၃ ယောက် သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရတယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။

Thaiဈေးဆိုင်ငါးဆိုင်၊ ဓာတ်ဆီဆိုင် ၂ ဆိုင်၊ ဟိုတယ်တလုံးတို့ အနီးအနားမှာ ဗုံးကွဲခဲ့သလို၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံအနားမှာလည်း ပေါက်ကွဲမှုဖြစ်ပြီး လျှပ်စစ်မီး မိနစ် ၄၀ လောက် ပြတ်တောက်ခဲ့တယ်လို့ ပြောပါတယ်။

သေနတ်သမားတွေဟာ ရေတပ်သင်္ဘောကိုလည်း သိပ်မဝေးတဲ့ နေရာကနေ သေနတ်နဲ့ လှမ်းပစ်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီး ၂ ရက်အကြာမှာပဲ ထိုင်းတောင်ပိုင်းဒေသမှာ အခုလို တိုက်ခိုက်မှု ပေါ်ပေါက်တာပါ။ ဒါပေမယ့် တောင်ပိုင်း မွတ်စလင် ခွဲထွက်ရေးသမားတွေနဲ့ ဘန်ကောက်မြို့ပေါ်က အာဏာလွန်ဆွဲပွဲတို့ ကြားထဲမှာ တိုက်ရိုက် ပတ်သက်မှုတော့ မရှိပါဘူး။

ထိုင်းနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေ အများစု ဖြစ်ပေမယ့် တောင်ပိုင်းက ခရိုင်သုံးခုမှာ မွတ်စလင်တွေ အများစု နေထိုင်ပြီး ဗဟိုအစိုးရကို ဆန့်ကျင်ပုန်ကန်လာတာ ဆယ်စုနှစ်တွေ ကြာနေပါပြီ။

၂၀၀၄ ခုနှစ်မှာ ခွဲထွက်ရေးလှုပ်ရှားမှုကို အစိုးရကနှိမ်နင်းတဲ့ စစ်ဆင်ရေးတခုအတွင်း လူ ၅၇၀၀ ကျော် ဆုံးခဲ့တဲ့နောက် ပဋိပက္ခတွေ တကျော့ပြန် ပြင်းထန်လာတာဖြစ်ပါတယ်။

မလေးရှားနဲ့ နယ်စပ်ဖြစ်တဲ့ ဆင်းရဲတဲ့ တောင်ပိုင်းဒေသမှာ လှုပ်ရှားနေတဲ့အဖွဲ့တွေ မျိုးစုံရှိပေမယ့် အဓိကအားဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို တိုးပေးဖို့ ဗဟို အစိုးရဆီက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

မနှစ်က သူပုန်အဖွဲ့တချို့နဲ့ အစိုးရတို့ ဆွေးနွေးပွဲတွေ စတင်ခဲ့ပြီး ဘန်ကောက်မြို့ပေါ်က နိုင်ငံရေး အကျပ်အတည်းတွေကြောင့် တောင်ပိုင်းအရေး ဆွေးနွေးပွဲတွေ ရပ်နေတာဖြစ်ပါတယ်။

DVB Burmese

Syphilis ဆစ်ဖလစ်


ဆရာရှင့်  syphilis ရှိသူနဲ့  လိင်ဆက်ဆံမိရင် ဘယ်လောက်ကြာရင် ရောဂါကူးတာသိနိုင်ပါသလဲ။

ဆစ်ဖလစ် ရောဂါသမိုင်းက ၁၅ ရာစုကတည်းကတဲ့။ ကွန်မြူနစ်ကမ္ဘာရဲ့ ဆရာကြီး နှစ်ဆူဖြစ်ကြတဲ့ လီနင်နဲ့ တော်လ်စထွိုင် တို့လဲ ဒီရောဂါနဲ့ မကင်းဘူးတဲ့။ အာဏာရှင်ကမ္ဘာကဆိုရင် ဂျာမနီက ဟစ်တလာ၊ အီတလီက မူဆိုလီနီ၊ ရုရှားက လူဆိုးဘုရင် အိုင်ဗင် စသူတွေ ပါတယ်။ “နာမယ်ဆိုးရှိသူများ သတိထားကြပါ။”

ဆေးစာတွေကို ဗမာလိုပြန်ရင် အတော့်ကို အဆီအငေါ်မတည့်တာ ဒီရောဂါဘဲ။ ဗမာတွေက Chickenpox ကို ရေကျောက် ခေါ်ပြီး၊ Smallpox ကို “ကျောက်ကြီး” လို့ ခေါ်ကြတယ်။ အင်္ဂလိပ်လို The Great Pox ဆိုတာကို တိတိကျကျ ဘာသာပြန်ရင် “မဟာကျောက်ရောဂါ” ပေါ့။ အဲဒါ Syphilis “ဆစ်ဖလစ်” ကို ခေါ်တာပါ။

အာလူးအချောင်းကြော်ကို French fries လို့ခေါ်မှ ခေတ်မီတယ်။ French kiss ဆိုတာလဲ လုပ်တတ်ကြတယ်။ French disease ဆိုတာကိုပါ သိဘို့လိုတယ်။ ဆစ်ဖလစ်ကို အီတာလျန် နဲ့ ဂျာမန်တွေက အဲလို ခေါ်တာ။ ဒတ်ခ်ျ တွေကတော့ စပိန် ကိုလွှဲချတယ်၊ ရုရှားတွေက ပိုလန်ကို လက်ညှိုးထိုးပြီး၊ တူရကီတွေက နဲနဲပိုဆိုးတယ်။ "Christian disease" တဲ့။ အမှန်က သူတို့ဆီကို ဒီလူတွေဆီကနေ ကူးလာတာလို့ ပြောချင်ကြတာပါ။

ဆစ်ဖလစ် ကို အဆင့်တွေခွဲ လေ့လာရတယ်။ ၁၊ ၂၊ ၃၊ ၄။ Treponema pallidum ဗက်တီးရီးယား ပိုးဝင်ပြီး၊ ၂၁ ရက် အကြာ၊ လိင်ဆက်ဆံရာနေရာ မှန်သမျှမယ် မနာတဲ့ အနာလေးတွေ စဖြစ်တယ်။ ၁ လ ၁ လခွဲနေရင် ပျောက်သွားမယ်။ နောက်အဆင့် ဖြစ်လာရင် မယားတဲ့ အနီပြင်တွေ ခြေသလုံး၊ လက်၊ ကျောတို့မှာ ပေါ်မယ်။ ဒီအဆင့်က ပိုပြီး ကူးစက်စေနိုင်တယ်။ ကိုယ်ပူတာ၊ လည်ချောင်းနာ၊ အစားပျက်၊ အလေးချိန်လျော့၊ တက်စေ့ရောင်တာတွေ ဖြစ်မယ်။ နောက်ပြီး ဘယ်အင်္ဂါအစိတ်အပိုင်းမဆို ရောဂါပြန့်မယ်။ အဆစ်၊ အသဲ၊ ကျောက်ကပ်။

မပျောက်သေးတဲ့ သူတွေ ၂% လောက်က တတိယ အဆင့် ရောက်သွားမယ်။ သွေးကြောကြီးတွေ ဖေါင်းမယ်၊ Gummas တက်စေ့တွေ ရောင်မယ်၊ Neuro-syphilis ဦးနှောက်ဆစ်ဖလစ်ဖြစ်မယ်၊ မျက်စိ၊ နားကို ကူးစက်တော့မယ်။ ၂ နှစ် ကြာရင် တတိယအဆင့်ဆိုတာ ဖြစ်လာတယ်။

နောက်ဆုံးဆင့်ဆိုတာ ရောဂါကူးချိန်ကနေ ၁ နှစ်ကနေ ၁ဝ နှစ်အတွင်းဖြစ်တယ်။ ဒီထက်လဲ ကြာနိုင်သေးတယ်။ အရိုး၊ အဆစ် နဲ့ အာရုံကြောတွေမှာ Gummas (ဂါမာ) ဆိုတာတွေ ဖြစ်လာမယ်။ အာရုံကြော ဆစ်ဖလစ်ဖြစ်ရင် ရောဂါလက္ခဏာ မပေါ်တဲ့အဆင့်ကနေ စိတ်မကောင်းသူလို ဖြစ်သွားတဲ့အဆင့်ထိ ဖြစ်နိုင်တယ်။ နှလုံးကနေထွက်တဲ့ အကြီးဆုံး သွေးလွှတ်ကြောကြီးမှာ ရောဂါရလာတတ်တယ်။ သိပ်တော့ အစိုးရိမ်မကြီးပါနဲ့ ပဋိဇီဝဆေးတွေ မပေါ်ခင်ကသာ ၂၅-၃၅% ဖြစ်တာပါ။ အဲ့ ခုခေတ်မှာတော့ Neurosyphilis ဟာ HIV ရှိသူတွေမှာသာ များနေပါတယ်။

ဆစ်ဖလစ် ကို VD ခေါ်ကတည်းက ရောဂါ ရှိ-မရှိစမ်းတာကို Venereal Disease Research Laboratory (VDRL) tests လို့ ခေါ်တာ ခုအထိဘဲ။ ဒီစမ်းသပ်နည်းက ရာနှုန်းပြည့် ဒီရောဂါရှိတယ်လို့ ပြောနိုင်တာတော့ မဟုတ်ပါ။ VDRL နဲ့ TPHA ကာလသားရောဂါ စစ်ဆေးခြင်း ကို ရေးထားပါတယ်။

ဆစ်ဖလစ်ဟာ အမေရိကားကို ကိုလန်ဘတ်စ် မတွေ့ခင်ကတည်းက ရှိတယ်လို့ နောက်မှ ရောက်တဲ့ ဥရောပသားတွေက ပြောတယ်။ ဒီနောက် ရောက်လာကြမဲ့ ဗမာတွေအပါအဝင် အာဖရိက နဲ့ အာရှက လူမှန်သမျှကို မလာခင် ဆေးစစ်တဲ့အခါ ဒီရောဂါကိုပါ စစ်တယ်။ ပိုးတွေ့ရင်လဲ ၁ ပတ် ၁လုံး၊ ၃ ပတ် ဆေးထိုးခိုင်းပြီး၊ ဆေးအောင်လုပ်ပေးလိုက်ပါမယ်။ ဒါပေမဲ့ သူတို့ဆီမယ် ၁ နှစ်မှာ လူ ၁၇ သန်းလောက် ဒီရောဂါသည် အသစ်တွေရှိနေတယ်။

Syphilis Treatment (ဆစ်ဖလစ်) အတွက်ဆေးများ
ပဌမအဆင့်၊ ဒုတိယအဆင့်၊ တတိယအစောပိုင်းအဆင့် ဆစ်ဖလစ်
Benzathine penicillin G 2.4 million units in a single IM injection တလုံးထဲထိုးပါ။ ဒါမှမဟုတ် တပါတ် ၁ လုံး၊ ၃ ပါတ်ထိုးပါ။ ဒါမှမဟုတ် Procaine penicillin G 2-4 million units IM ၁ဝ-၁၄ ရက်ထိုးပါ။
ပနယ်စလင်မဆတည့်ရင် Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ် Tetracycline 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ် Erythromycin 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။
ဦးနှောက်-အာရုံကြော ဆစ်ဖလစ်
Benzathine penicillin G 2.4 million units တပါတ် ၁ လုံး၊ ၃ ပါတ်ထိုးပါ။ ဒါမှမဟုတ်
Crystalline Penicillin G 3-4 million units IV 4 hourly x 10-14 days ဒါမှမဟုတ်
Procaine penicillin 2.4 million units IM တနေ့ ၁ လုံးထိုးပါ။ ဒါ့အပြင် Probenecid 500 mg ကို တနေ့ ၄ ခါသောက်ပါ။ ၁ဝ-၁၄ ရက်ကြာမယ်။ ဒါမှမဟုတ်
Chloramphenicol 2 Gm daily x 30 days, Doxycycline 200 mg BD x 21 days and Ceftriaxone 1 Gm daily x 14 days

မှတ်ချက်။
• ဆစ်ဖလစ် ပဌမ အဆင့်ရှိသူနဲ့ ပြီးခဲ့တဲ့ ရက် ၉ဝ အတွင်း လိင်ဆက်ဆံဘက်တိုင်း ဆစ်ဖလစ် ရှိ-မရှိ စစ်ပါ။ လိုအပ်ရင် ဆေးတပြိုင်တည်း ကုသမှုခံယူပါ။
• ဆစ်ဖလစ် ဒုတိယအဆင့် ရှိသူနဲ့ ပြီးခဲ့တဲ့ ၆ လအတွင်း လိင်ဆက်ဆံဘက်တိုင်း ဆစ်ဖလစ် ရှိ-မရှိ စစ်ပါ။ လိုအပ်ရင် ဆေးတပြိုင်တည်း ကုသမှုခံယူပါ။
• ဆစ်ဖလစ် ဆတိယအဆင့် ရှိသူနဲ့ ပြီးခဲ့တဲ့ ၁ နှစ်အတွင်း လိင်ဆက်ဆံဘက်တိုင်း ဆစ်ဖလစ် ရှိ-မရှိ စစ်ပါ။ လိုအပ်ရင် ဆေးတပြိုင်တည်း ကုသမှုခံယူပါ။
• HIV + Syphilis တွဲနေရင် နောက်ဆေးတွေလိုသေးတယ်။ (၂) ကိုယ်ဝန်ဆောင်တွေကို အထက်ကနည်းအတိုင်းပေးရမယ်။

သုတေသန
• ၂ဝ၁ဝ သုတေသနတခုမှာ ဆစ်ဖလစ် စောစောပိုင်းအဆင့်အတွက် Azithromycin 2-g ပါးစပ်ကနေ တခါတည်း ပေးတာဟာ 2.4-MU Penicillin G Benzathine 2.4-MU ထိုးတာနဲ့ ယှဉ်ကြည့်တယ်။ ထိရောက်တယ်လို့ ဆုံးဖြတ်တယ်။ လူနာမှာ HIV မရှိမှ ထိရောက်မယ်။ ၆ လနေရင် သွေးထဲ ပိုးကင်း-မကင်းစစ်တာ ဒီကုသနည်း ၂ ခု မကွာပါ။
• Penicillin ပနယ်စလင်နဲ့ မတည့်သူတွေအတွက် = ဆစ်ဖလစ် ပဌမအဆင့် နဲ့ ဒုတိယအဆင့်တွေအတွက် Tetracycline, Erythromycin နဲ့ Ceftriaxone တွေကို ပေးတယ်။ အရင်က Doxycycline နဲ့ Tetracycline တွေကိုသုံးနေခဲ့တယ်။ အခု ၂ဝ၁ဝ မှာ CDC guidelines အရ Ceftriaxone ၁ဝ-၁၄ ရက်ပေးတာ ဆစ်ဖလစ် အစောပိုင်းဖြစ်တာအတွက် ထိရောက်တာ တွေ့ရတယ်။
• CDC 2010 ရဲ့ STD လိင်ကတဆင့်ကူးစက်ရောဂါ ဆေးလမ်းညွှန်မှာလဲ ထိရောက်တယ်လို့ ဆိုထားတယ်။ တချို့ ဆေးယဉ်တာလဲတွေ့ရတယ်။ ဒါကြောင့် ပနယ်စလင် နဲ့ Doxycycline သုံးမဖြစ်မှသာ Azithromycin ကို ပေးသင့်တယ်။ လိင်တူဆက်ဆံသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေကိုတော့ Azithromycin မပေးသင့်ပါ။ ဆေးကုသမှုရဲ့ ဘေးထွက်-ဆိုးကျိုး Jarisch-Herxheimer reaction ဆိုတာဖြစ်တတ်တယ်။ ဆေးပေးကာစ ၁ နာရီကနေ တရက်အတွင်းဖြစ်နိုင်တယ်။ ကိုယ်ပူမယ်၊ ခေါင်းကိုက်မယ်၊ ရင်ခုန်မြန်မယ်။ ချမ်းမယ်၊ အနီပြင်ထွက်မယ်။ ကြွက်သားတွေ နာမယ်။

ဒီရောဂါတွေကို ကာကွယ်ဘို့ တချို့က လိင်ကိစ္စမှန်သမျှ ဝေရမဏိ လုပ်ခိုင်းတယ်။ သီလမစောင့်နှိုင်ရင်တော့ “ကွန်ဒွမ်” က အလွန်မတန် အသုံးဝင်ပါတယ်။ ကိုယ်ခန္ဓာ ရင်းနှီးရသူတွေကို ပညာပေးတာ ထိရောက်အောင်လုပ်ဘို့ အလွန့်အလွန်ကို အရေးကြီးပါတယ်။ ကိုယ့်အိမ်ထောင်ဘက်၊ ကိုယ့်အဖေါ်ကို လူစိတ်ထားပြီး ဆက်ဆံသင့်တယ်။ ဖြစ်လာရင် HIV နဲ့ B, C ပိုးတွေကလွဲရင် ဆေးတွေက အတော်ကို နိုင်ပါတယ်။ တချို့ဆို တခါသောက်နဲ့ ပျောက်တယ်။ ဆေးပတ် လည်အောင်တော့ ကုဘို့လိုတယ်။ အတူနေဖေါ် နှစ်ယောက်လုံး တပြိုင်တည်း ဆေးကုရပါမယ်။

Dr. တင့်ဆွေ

မှက္ခရုနာ Thrush (Oral candidiasis)


နို့တိုက်အရွယ် ကလေးငယ်တွေမှာ လျှာ၊ အာခေါင်၊ ပါးစောင်တွေမယ် အဖြူဖတ်တွေ ဖြစ်ပြီး၊ ဘေးက နီနေတယ်။ နာတယ်၊ နို့စို့ရ၊ အစာစားရ ခက်တယ်။ Moniliasis လို့လဲ ခေါ်တယ်။ ကလေးရဲ့ လျှာကို အဝတ်သန့်သန့်လေးကို လက်ညှိုးမှာပါတ်ပြီး အဖြူဖတ်တွေ ရှင်းပေးပါ။ Gentian Violet ဆေးပြာ လိမ်းပေးလို့ ရတယ်။ မိခင်နို့ကို အမြဲ သန့်နေပါစေ။ လိုအပ်ရင် Nystatin Oral Suspension 4-6 mL တနေ့ ၄ ကြိမ်တိုက်ပါ။ Fungus မှိုတမျိုးကနေ ဖြစ်တယ်။ Fungus ရောဂါတွေကို Mycosis လို့လဲ ခေါ်ပြန်တယ်။

မှို အမျိုးအစားတွေ အများကြီးဘဲ။ ခန္ဓာကိုယ်အပြင်မှာ နေရာကနေ ကိုယ်ထဲ ဝင်လာမယ်။ ပူလောင် စိုစွပ်ရာ နေရာတွေမှာ ပေါက်ပွါးတတ်တယ်။ အရေပြား အရေး-အကြောင်း ရှိရာတွေမှာ ဖြစ်တတ်တယ်။ အတွင်းခံဝတ်တဲ့ နေရာမှာ ရောဂါရရင် Diaper candidiasis ခေါ်တယ်။ လက်သည်းမှာ ဖြစ်ရင် ကြာကြာကုရတယ်။

ကင်ဆာဆေး၊ စတီရွိုက်ဆေး၊ ပဋိဇီဝဆေး ပေးနေရင်း မှိုရောဂါ ဖြစ်တတ်တယ်။ ဘက်တီးရီးယားပိုး ဝင်နေတဲ့ အခါမျိုးမှာ စတီရွိုက်ပါတဲ့ မျက်စဉ်း ခတ်မိရင် မှိုရောဂါ နောက်ဆက်တွဲ ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်၊ သွေးဆုံး၊ ဆီးချိုနဲ့လဲ တွဲတတ်တယ်။ ဆီးပိုက် စတာမျိုး တပ်ထားရသူတွေမှာ မှိုရောဂါဝင်လာတတ်တယ်။ Fluconazole 100 mg/d ဒါမှမဟုတ် Itraconazole 200 mg/d ဆေး ၁ဝ-၁၄ ရက် ပေးတယ်။ AIDS နဲ့ လူကီးမီးယားနဲ့လဲ တွဲဖြစ်တတ်တယ်။ အစာမြိုပြွန်မှာ လာဖြစ်မယ်။ အစာမြိုရင်-ရေမြိုရင် နာမယ်။ အောက် ဆက်ဆင်းရင် ပျို့-အန်ဖြစ်မယ်။ ရေ-ဆား ခမ်းခြောက်တာ ဖြစ်လာမယ်။ ရင်ညွန့်ရိုး အောက်က နာမယ်။

မှိုက သွေးထဲ ရောက်ရာကနေ အထဲအင်္ဂါတွေမှာ ရောဂါရစေနိုင်တယ်။ မျက်နှာ၊ နား-နှာခေါင်း-လည်ချောင်း၊ ဦးနှောက်၊ နှလုံးသား၊ ဆိုးဝါးတဲ့ မှိုရောဂါကို ဆေးအပြင်းတွေပေး၊ ဆေးရုံတက် ကုရတာမို့ ဆေးနည်းတွေ မရေးတော့ပါ။ (၄၅%) အသက် အန္ကရာယ် ထိခိုက်နိုင်တယ်။

ဒေါက်တာတင့်ဆွေ

Motion sickness ခရီးသွားစဉ် ပျို့-အန်ခြင်း


အသက်က ၂၆ နှစ်ရှိပါပြီ။့ မှာ အလုပ်လာလုပ်တာ ၃ လ လောက်ပဲရှိပါသေးတယ်။ အလုပ်ကစိတ်ဖိစီးမှု နည်းနည်းရှိပါတယ်။ ရန်ကုန်မှာနေတုန်းက ကားမူးပြီးအန်ချင်တာလောက်ပဲရှိတာပါ။ ဆေးခန်းပြတာလဲ စကားပြော အဆင်မပြေတာကြောင့်ပါ။

ခရီးသွားစဉ် မူးဝေ အော့အန်ခြင်းဖြစ်ရသည်မှာ မျက်စိကမြင်သိ၍ ဦးနှောက်ဆီပို့လွှတ်သည့် အာရုံကြောစနစ်၏ ပေးပို့ချက်နှင့် ကိုယ်ခန္ဓာ အတတ်-အဆင်း၊ ဘယ်ကွေ့-ညာကွေ့ ဖြစ်သည်အား နားအတွင်းထဲရှိ အင်္ဂါအစိတ်အပိုင်းက ပို့လွှတ်သည့် ပေးပို့ချက်တို့ သဟဇတမဖြစ်ခြင်းကြောင့် မူးဝေ အော့အန်ဖြစ်စေခြင်းဖြစ်သည်။ Hyoscine, Cyclizine, Cinnarizine, Promethazine တို့ကိုပေးနိုင်သည်။ နားအတွင်းက လာမည့် ပေးပို့ချက်အား ဦးနှောက်၏ အန်ခြင်းကို ဖြစ်စေသည်နေရာသို့ မရောက်စေရန် တားဆီးမည့်ဆေးကို ပေးရခြင်း ဖြစ်သည်။

အသုံးအများဆုံးဆေး Dramamine ကို အသက် ၂ နှစ် အထက်ပေးနိုင်သည်။ ကိုယ်တိုင်ကားမောင်သူအား မပေးရ။ အရက်နှင့်မတွဲရ။ အခြားအိပ်ချင်စေသည့်ဆေးများ (အအေးမိ သက်သာဆေး၊ ဘိန်းပါသည့်ဆေး၊ အိပ်ဆေး၊ စိတ်ငြိမ်ဆေး၊ အတက်သက်သာဆေး၊) များနှင့် တွဲမပေးသင့်ပါ

ခရီးသွားစဉ် မူးဝေ အော့အန်ခြင်းအတွက် ခရီးမထွက်မီ နာရီဝက်၊ ၁ နာရီကြိုတင်သောက်ရမည်။ အချို့ဆေးက ၄ နာရီ ခံပြီး အချို့က ၂၄ နာရီခံသည်။ ဆေးကို ရေတဖန်ခွက်အပြည့်ဖြင့်သောက်ပါ။ နားကြောင့်ဖြစ်ရသည့် ခေါင်းမူးရောဂါအတွက် ဆေးကို တနေ့လျှင် ၄-၆ ကြိမ်သောက်ရသည်။ အိပ်ချင်မည်။ အိပ်ပျော်နေမည်။

ဒေါက်တာတင့်ဆွေ
၂၅-၅-၂ဝ၁၄

တာဝန်ကျရဲတပ်သားနှစ်ဦးအား ရိုက်နှက်ပြီး ရဲကင်းအဆောက်အဦးနှင့် ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီး


ကသာ မေ ၂၄

ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ လိပ်စောအုပ်စု ၊ တောယောကျေးရွာ၌ မေ (၂၂) ရက်နေ့ ၊ ည (၇း၄၅)အချိန်က တာဝန်ကျရဲတပ်သားနှစ်ဦးအား ရိုက်နှက်ပြီး ရဲကင်းအဆောက်အဦးနှင့် ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ်များဖြစ်ပေါ်ခဲ့သည်။

အဆိုပါဖြစ်စဉ်မှာ တောယောကျေးရွာ ရဲကင်း၌ တာဝန်ကျသည့် တပ်သားကျော်မိုးနှင့် တပ်သား ကျော်မောင်မောင်ကို တို့သည် မြို့နယ်တရားရုံးမှ ထုတ်ဆင့်သည့် ရာသေးအမှတ် ၁၂/၁၄ ၊ လူ/ပစ္စည်း ၀ရမ်းကပ်အား အဆိုပါကျေးရွ ရွာအလယ်ရေတွင်းအနီး၌ တက်နေစဉ် ရွာသား ဦးမောင်ရွှေမှ မြင်၍ ရွာထဲသို့ ထွက်ပြေးသွားကာ ကနန်းစကားဖြင့် အော်ဟစ်ရာ ရွာသား (၂၀)ဦးခန့်က တုတ်၊ဓားများ ကိုင်ဆောင်၍ ရောက်ရှိလာပြီး ၀ိုင်းလိုက်သဖြင့် ကျေးရွာခေါင်းဆောင် ဦးထွန်းဝေ၏ နေအိမ်အပေါ်ထပ်သို့ တက်ပြေးပုန်း ခိုခဲ့သော်လည်း ရွာသား (၁၀) ဦးခန့်က နေအိမ်အပေါ် ထပ်မှ ရှေ့လမ်းမပေါ်သို့ ဆွဲချပြီး လူ(၅၀)ခန့်က ၀ိုင်းရိုက်နှက်ကြသည်။

ဆက်လက်ပြီး လူအုပ်သည် ရဲတပ်သားနှစ်ဦး စီးနှင်းလာသော ဆိုင်ကယ်နှစ်စီးနှင့် ရဲကင်းရှိရာသို့ သွားရောက်ပြီး ရဲကင်းအဆောက်အဦးအား ဖျက်ဆီးကြသည်။

အဆိုပါ အခင်းဖြစ်ပွားစဉ် ဒဏ်ရာများရရှိထားကြသည့် တပ်သားနှစ်ဦးအား တောယောကျေးရွာမှ လိပ်စော ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးညွှန့်ဝင်းနေအိမ်သို့ ပို့ဆောင်ပေးခဲ့သည်။

ဖြစ်စဉ်အား သတင်းရလျှင်ရခြင်း မြို့နယ်ရဲမှူး တင်မောင်နှင့် တပ်ဖွဲ့ဝင်များ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်းကို ဒီအခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်ပြီး ဒဏ်ရာများ ရရှိထားကြသည်။ တပ်သားနှစ်ဦးအား မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီး ဖြစ်စဉ် ၌ ပါဝင်ပတ်သက်သူများအား အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

ဘင်္ဂလားမြန်မာနယ်စပ်မှာ လုံခြုံရေးအတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို အဓိက တာဝန်ပေးထားပေမယ့် လိုအပ်လာရင်လုံလောက်တဲ့ အင်အားကို အသုံးပြုသွားမယ် (ရုပ်သံ)



ဘင်္ဂလားမြန်မာနယ်စပ်မှာ လုံခြုံရေးအတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို အဓိက တာဝန်ပေးထားပေမယ့် လိုအပ်လာရင်လုံလောက်တဲ့ အင်အားကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဦးကျော်သက်မင်း သတင်းပေးပို့ ထားပါတယ် ။

DVB TV News



ရန်ကုန်မြို့ အလှည့်အပြောင်းတစ်ခုကို ရောက်နေပြီ

ရန်ကုန်မြို့လယ်တစ်နေရာ(ဓာတ်ပုံ−ကျော်ဇင်သန်း)

ရန်ကုန်မြို့က ကြီးမားတဲ့ မြို့ပြစီမံကိန်းဆိုင်ရာ အလှည့် အပြောင်းတစ်ခုကို ရောက်နေပါ ပြီ။ မြို့ရဲ့အဆောက်အအုံအမြင့် ကန့်သတ်မှုအစီအစဉ်ကို ပထမ ဆုံးအကြိမ်အဖြစ် မူကြမ်းရေးဆွဲ ထားပြီးဖြစ်သလို လာမယ့်ရက် သတ္တပတ်အနည်းငယ်အတွင်းမှာ အဲဒီမူကြမ်းကို အများပြည်သူက တရားဝင်သုံးသပ်နိုင်တော့မှာဖြစ် ပါတယ်။ ဒီအစီအစဉ်က ရန်ကုန် မြို့တွင်း အထပ်မြင့်ဆောက်လုပ် မှုတွေကို မြို့ရဲ့သင့်လျော်တဲ့နေ ရာတွေမှာသာ ဆောက်လုပ်စေပြီး မြို့ရဲ့မူလထူးခြားမှုလက္ခဏာ တွေကို မပျက်ယွင်းအောင်ထိန်း သိမ်းထားနိုင်ဖို့ဖြစ်ပါတယ်။ ရန်ကုန်ရဲ့ထူးခြားတဲ့ သူမတူမှုနဲ့ နေထိုင်နိုင်မှုတွေကို လက်ရှိနဲ့ နောင်မျိုးဆက်တွေအထိ ထိန်း သိမ်းထားနိုင်ဖို့ အရေးပါလှတဲ့ ပထမခြေလှမ်းဖြစ်ပါတယ်။

ဒီလိုအဆောက်အအုံအမြင့် ကို ကန့်သတ် သတ်မှတ်တယ်ဆို တာဟာ နိုင်ငံတကာမှာ ကျယ် ကျယ်ပြန့်ပြန့်အသုံးချနေကြတဲ့ မြို့ပြစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ အခြေခံအချက်ပဲဖြစ်ပါတယ်။ သတ်မှတ်နေရာတွေမှာဆောက် လုပ်မယ့် အဆောက်အအုံအသစ် တွေအတွက် အမြင့်ဆုံးဆောက် လုပ်နိုင်မယ့် သတ်မှတ်ချက်တွေ ကိုပြဋ္ဌာန်းပြီး ကျန်တဲ့နေရာတွေ မှာ မိုးမျှော်အထပ်မြင့်အဆောက် အအုံတွေကို လွတ်လပ်စွာဆောက် လုပ်နိုင်အောင် စီစဉ်တာပဲဖြစ်ပါ တယ်။

ရန်ကုန်မြို့လယ်အတွက် သတ်မှတ်ထားတဲ့ အမြင့်ထိန်းချုပ် မှုကိုတော့ မြို့ရဲ့သူမတူထူးခြားမှု တွေကို အခြေခံပြီးရေးဆွဲထား တာဖြစ်ပါတယ်။ ရန်ကုန်ကို တခြားမြို့တွေနဲ့မတူဘဲ ထူးခြား စေတဲ့လက္ခဏာတွေကို မပျက် မယွင်းစေဖို့ မြို့လယ်မှာ အမြင့် လေးထပ်ကနေ ခြောက်ထပ်အထိ ပဲ ဆောက်လုပ်ခွင့်ပြုမယ်ဆိုတဲ့ ကန့်သတ်ချက်ကိုသတ်မှတ်ပြီး ကာကွယ်ထားတာဖြစ်သလို ဒီမြို့ လယ်မှာနေထိုင်တဲ့ အများပြည် သူတိုက်ရိုက်အကျိုးခံစားနိုင်မယ့် စီးပွားရေးပုံစံပေါ်ပေါက်လာစေဖို့ တိုက်တွန်းအားပေးတာပဲဖြစ်ပါ တယ်။

ရန်ကုန်ရဲ့ ထူးခြားလှတဲ့ မြို့ပြအမွေအနှစ်၊ များပြားစုံလင် တဲ့ လူမှုအသိုက်အဝန်း၊ စိမ်းလန်း လှပတဲ့ မြေခင်းကွက်လပ်တွေ၊ ရွှေတိဂုံနဲ့ ဆူးလေကိုဖူးမြော်ရတဲ့ ရှုမျှော်ခင်းတွေနဲ့ ရှည်လျားတဲ့ မြစ်ကမ်းနားတွေကို ပိုင်ဆိုင်ထား ခြင်းဟာ ဒေါ်လာဘီလီယံနဲ့ချီပြီး ဝင်ငွေရနိုင်မယ့် ရေရှည်အကျိုးစီး ပွားဖြစ်ထွန်းနိုင်တဲ့ မြို့ပြအခင်း အကျင်းကို ပိုင်ဆိုင်ထားတယ်ဆို တဲ့ အဓိပ္ပာယ်ပါပဲ။ ဒါတွေကို မှန်မှန် ကန်ကန်စီမံခန့်ခွဲနိုင်မယ်ဆိုရင် အာရှရဲ့နေချင့်စဖွယ်အကောင်း ဆုံးမြို့တစ်မြို့ဖြစ်နိုင်မယ့် အလား အလာတွေလည်းဖြစ်ပါတယ်။

ဒီလိုအခွင့်အရေးတွေကို လက်မလွှတ်ရစေဖို့ အခုလို အဆောက်အအုံအမြင့်  ကန့်သတ် ထိန်းချုပ်ခြင်းဆိုတဲ့အစီအစဉ် ပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။ အခု အဆိုပြုထားတဲ့အစီအစဉ် က   ရန်ကုန်မြို့မှာ   အထပ်မြင့် အဆောက်အအုံတွေ  မဆောက် လုပ်နိုင်ဖို့ ပိတ်ပင်တားဆီးနေတာ မဟုတ်ပါဘူး။    မှန်ပြတင်းတွေ၊ သံမဏိတွေနဲ့ တဖိတ်ဖိတ်လက် နေတဲ့    အထပ်မြင့်မိုးမျှော်တိုက် တွေရှိတဲ့ ခေတ်မီလှပတဲ့ မြို့ရန်ကုန်ဖြစ်လာဖို့  အားလုံးက  မျှော် လင့်ကြမှာပါ။ စဉ်းစားရမှာ ဒီအထပ်မြင့်တွေက  ဘယ်နေရာတွေ မှာရှိသင့်တာလဲ။ ရန်ကုန်မြို့လယ် တစ်ခုလုံးကို ဆာကူရာနဲ့ စင်တာပွိုင့်လို   မိုးမျှော်တိုက်ကြီးတွေနဲ့ ပြည့်နေစေချင်တာလား။ မြို့ပြအမွေအနှစ် အထပ်နိမ့်အဆောက်အအုံတွေကို အစားထိုးလိုက်တာ တွေနဲ့   ရန်ကုန်မြို့ရဲ့   စီးပွားရေးအကျိုးအမြတ်ရှိမယ့်  ဂုဏ်သတ္တိ ကို တကယ်ပဲဖျက်ဆီး လိုက်တော့ မှာလား။

အဆောက်အအုံအမြင့်ကို မှန်မှန်ကန်ကန် စနစ်တကျထိန်း ချုပ်တာက အဲဒီပတ်ဝန်းကျင်ရဲ့ စီးပွားရေးအခွင့်အလမ်းတွေကို တစ်မျိုးတစ်ဖုံပြောင်းလဲစေပါ တယ်။ အရင်လို မြေတန်ဖိုးနဲ့ အထပ်အမြင့်ပေါ်မူတည်ပြီး ဈေး ကစားခြင်းမျိုးကနေ နေရာရဲ့ထူး ခြားမှုနဲ့ တန်ဖိုးရှိမှုတွေကိုအားပြု တဲ့ စီးပွားရေးပုံစံမျိုးအဖြစ် ပြောင်း လဲလာစေပါတယ်။ အမွေအနှစ် ဖြစ်တယ်ဆိုတဲ့ အချက်တစ်ချက် တည်းနဲ့တင် ရန်ကုန်ရဲ့ အမှတ် သင်္ကေတတစ်စိတ်တစ်ပိုင်းဖြစ် လာပြီး တန်ဖိုးရှိရှိ အကျိုးအမြတ် ဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ အရှေ့တောင်အာရှဒေသတစ်ခွင် က စီမံခန့်ခွဲမှုပိုအားနည်းတဲ့ အိမ် နီးချင်းနိုင်ငံတွေထဲမှာ ရန်ကုန်က တစ်မူထူးခြားပြီး ကွဲထွက်လာမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ စိတ်ကူး ကောင်း၊ ဖန်တီးမှုအားကောင်းတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ဒီဇိုင်း လုပ်ငန်းတွေနဲ့ ခရီးသွားလုပ်ငန်း တွေကနေတစ်ဆင့် ဒေသခံတွေ ရဲ့ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ် ငန်းလေးတွေကို ဒေါ်လာဘီလီယံ ပေါင်းများစွာ အကျိုးအမြတ်ရစေ မယ့် စီးပွားရေးပုံစံသစ်တစ်ခု အုတ်မြစ်ချပေးနိုင်မှာဖြစ်ပါ တယ်။

ဒီလို အဆောက်အအုံအမြင့် ကန့်သတ်ထိန်းချုပ်မှုတွေသာ မရှိခဲ့ဘူးဆိုရင် နောင်အနှစ် ၂၀ ကြာတဲ့အခါ ရန်ကုန်မြို့က ဘယ် လိုပုံစံဖြစ်နေမလဲ။ ရှန်ဟိုင်း၊ ဟောင်ကောင်၊ ကွာလာလမ်ပူ၊ ဆစ်ဒနီနဲ့ ရီယိုဒီဂျနေးရိုးမြို့တွေ ကိုသာကြည့်ပါ။ ဒီမြို့တွေဟာ အထပ်မြင့်အဆောက်အအုံတွေ ကို စီမံခန့်ခွဲရာမှာ အားနည်းခဲ့လို့ လူနေသိပ်သည်းမှုရဲ့ နောက်ဆက် တွဲပြဿနာကြီးတွေနဲ့ တွေ့ကြုံ နေရပါပြီ။ ယာဉ်ကြောအင်မတန် ရှုပ်ထွေးကြပ်ညပ်တာတွေ၊ ကား ရပ်စရာနေရာရှားပါးမှု၊ အသံနဲ့ လေထုအလွန်အမင်းညစ်ညမ်း လာမှု၊ နေရောင်ခြည်နဲ့ လေ ကောင်းလေသန့်ကို တိုက်ရိုက်မရ ရှိနိုင်တော့တာ စတဲ့အချက်တွေ သာမက လမ်းမတွေပေါ်က သက် ဝင်လှုပ်ရှားမှုတွေ ဆိတ်သုဉ်းသွား ပြီး ပတ်ဝန်းကျင်လူမှုအသိုက် အဝန်းတွေအတွက် လုံခြုံစိတ်ချရ မှုလျော့နည်းလာတယ်။ လူမှု အသိုက်အဝန်းကို အစိတ်စိတ် အမြွှာမြွှာကွဲသွားစေတယ်။ ဒီနှစ် အနည်းငယ်အတောအတွင်းမှာပဲ ရန်ကုန်မှာ ဒီပြဿနာတွေအားလုံး ကို စတင်ခံစားနေရပြီ။ သို့ပေမဲ့အထပ်မြင့်အဆောက်အအုံစီမံ ခန့်ခွဲမှုအားနည်းလို့ ဖြစ်လာမှာနဲ့ ယှဉ်ရင်တော့ ဘာမှမဟုတ်သေး ပါဘူး။

ကမ္ဘာပေါ်က မြို့တော်တော် များများဟာ အထပ်မြင့်တွေကို စီမံခန့်ခွဲမှုအားနည်းတာကြောင့် ဆိုးရွားတဲ့ အကျိုးဆက်တွေကို ခံစားခဲ့ရပါတယ်။ ဗန်ကူးဗားမှာ ဆိုရင် အထပ်နိမ့်တွေရဲ့ အခင်း အကျင်းကို အစားထိုးနေရာယူခဲ့ တဲ့ မိုးမျှော်တိုက်ပေါ်က လူ့ အသိုက်အဝန်းကြားမှာ တင်းမာမှု တွေ ကြာရှည်စွာဖြစ်ပေါ်ခဲ့ပါ တယ်။ အလားတူ မဲလ်ဘုန်းမှာ လည်း မိုးမျှော်တိုက်တွေ ကြီးစိုး ရာ စီးပွားရေးအချက်အချာမြို့ လယ်ဧရိယာမှာ လူမှုအသိုက် အဝန်းအချင်းချင်း စည်းလုံးမှုမရှိ လို့ ဆယ်စုနှစ်နဲ့ချီပြီး ပဋိပက္ခတွေ ဖြစ်ခဲ့ရပါတယ်။ အမြဲတမ်းချဲ့ထွင် နေတဲ့ တရုတ်ပြည်မှာဆိုလည်း ကူမင်းမြို့ပြင်က ချန်းကုန်းလိုမြို့ တွေမှာ အထပ်မြင့်တွေက ပိုင်း ခြားထားလို့ ဘေးချင်းကပ်လျက် နေပေမယ့် အထီးကျန်ဆန်နေတဲ့ လူ့အသိုက်အဝန်းကိုမြင်ရမှာပါ။

ရန်ကုန်မြို့လယ်ရဲ့ နေရာချ ထားပုံ ကျဉ်းမြောင်းမှုကြောင့် အထပ်မြင့်အဆောက်အအုံတွေ အတွက် ပိုတိုးလာတဲ့ အခြေခံလို အပ်ချက်တွေကို ဖြေရှင်းပေးနိုင် စွမ်းရှိမှာမဟုတ်ပါဘူး။ မြို့ရန် ကုန်ရဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးက ပုံမှန်မရှိပါဘူး။ ရန်ကုန် မြို့လယ်ရဲ့ ရေမြောင်းစနစ်နဲ့ မိလ္လာစနစ်က အဆောက်အအုံ တွေရဲ့ အောက်ခြေပိုင်းမှာ ရှေး ရှေးကတည်းကရှိခဲ့တာဖြစ်လို့ ရေဆိုးရေညစ်တွေနဲ့ မိလ္လာလျှံတဲ့ ပြဿနာမျိုးတွေဖြစ်လာပြီး အဆောက်အအုံဖောင်ဒေးရှင်းကို ပျက်စီးစေသလို ကျန်းမာရေးကို လည်း ထိခိုက်စေပါတယ်။ ရေ ဆိုးရေညစ်တွေနဲ့ သောက်သုံးရေ ပိုက်တွေ သွယ်တန်းပုံကလည်း ပုံစံသိပ်မကျလှတာကြောင့် ကျန်း မာရေးပြဿနာသာမက မြို့နေ ပြည်သူတွေအတွက် နေပျော်မှုကို လည်း ဆိုးဆိုးရွားရွားထိခိုက်စေ ပါတယ်။

တခြားမြို့တော် တော်တော် များများက မြို့ရဲ့အမွေအနှစ်တွေ ကို ထိန်းသိမ်းဖို့အတွက် အ ဆောက်အအုံအမြင့်ထိန်းချုပ်မှု ကို ချမှတ်ခဲ့ကြပါတယ်။ စင်ကာပူ ရဲ့ သမိုင်းဝင်ဧရိယာမှာအဆောက် အအုံအမြင့်တွေ လုံးဝဆောက်ခွင့် မပြုထားပါဘူး။ ဟနွိုင်းမြို့ဆို လည်း   ပဲရစ်မြို့ရဲ့    စံနမူနာအ တိုင်း မြို့လယ်ကောင်မှာ အထပ် မြင့်ဆောက်တာတွေကို တားမြစ် ခဲ့ပြီး ပေ ၄၀ ထက်ပိုမမြင့်ဖို့ သတ် မှတ်ခဲ့ပါတယ်။ အထပ်မြင့်တိုက် တွေကိုတော့ မြို့အစွန်တွေမှာပဲ ဆောက်လုပ်ကြဖို့ နှိုးဆော်ခဲ့ပါ တယ်။ အထပ်နိမ့်အဆောက် အအုံတွေရှိတဲ့ မြို့ပြလက္ခဏာ ကြောင့် ကျော်ကြားတဲ့ ဝါရှင်တန် မှာဆိုရင် အမြင့်ပေ ၉၀ ကနေ ၁၃၀ အတွင်းပဲဆောက်လုပ်ခွင့်ရှိ ပါတယ်။ မဲလ်ဘုန်းမြို့ရဲ့ သမိုင်း ဝင်မြို့လယ်ဧရိယာမှာဆို အမြင့် ၁၃၂ ပေထပ်မပိုဖို့ ကန့်သတ်ထား တာကြောင့် အဲဒီနေရာရဲ့ထိပ်တန်း သမိုင်းအမွေအနှစ်အဆောက် အအုံတွေကို ကာကွယ်နိုင်ခဲ့ပြီး ယခင်ကတည်းကရှိခဲ့တဲ့ လမ်း ကျဉ်းကွန်ရက်လေးအတွင်းမှာပဲ တီထွင်ဆန်းသစ်တဲ့ စက်မှုလုပ် ငန်းတွေ၊ လက်လီအရောင်းဆိုင် တွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ကို မြေတောင်မြှောက်ပေးနိုင်ခဲ့ပါ တယ်။ ဒါပေမဲ့ ဒီလိုအမြင့်ထိန်း ချုပ်မှုတွေမရှိခဲ့တဲ့ မဲလ်ဘုန်းရဲ့ စီးပွားရေးအချက်အချာနေရာမှာ တော့ သက်ဝင်လှုပ်ရှားမှုမရှိတဲ့ အဆောက်အအုံအမြင့်ကြီးတွေနဲ့ သာမန်ကာလျှံကာ စီးပွားရေး လုပ်ငန်းတွေကပဲ ကြီးစိုးနေပါတယ်။

တခြားမြို့တွေမှားခဲ့တဲ့ အမှားတွေကို ရန်ကုန်မှာ ထပ်မှား ဖို့ မသင့်ပါဘူး။ ရန်ကုန်ဟာ အိမ် နီးချင်းမြို့တွေရဲ့ အမှားတွေကို သင်ခန်းစာယူပြီးအားလုံးကို ခုန် ပျံကျော်လွှားသွားမယ်ဆို ပိုမို တောက်ပပြီး စနစ်တကျရှိလှတဲ့ အနာဂတ်ကို ရရှိပိုင်ဆိုင်ရမှာပါ။ ဒီထက်ပိုတဲ့ စည်းမျဉ်းစည်းကမ်း တွေနဲ့ အားပေးအားမြှောက်ပြုမှု တွေရှိလာမယ်ဆိုရင် အခုအဆိုပြု ထားတဲ့ အဆောက်အအုံအမြင့် ထိန်းချုပ်မှု အစီအစဉ်ကြောင့် ရန်ကုန်မြို့ဟာ ၂၀၃၀ မှာ အာရှ ရဲ့ နေပျော်ဖွယ်အကောင်းဆုံးမြို့ တစ်မြို့ဖြစ်လာနိုင်ပါတယ်။

ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ မွန်းကျပ်ပြီး မိုးမျှော်တိုက်တာကြီး တွေအတိနဲ့ နဂိုရှိရင်းစွဲလက္ခဏာ တွေကနေ သွေဖည်နေတဲ့မြို့မှာ မနေချင်ဘူးဆိုရင် မကြာမီရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ ဇုန်သတ်မှတ်မှုကော် မတီကပြုလုပ်မယ့် အများပြည်သူ ဆွေးနွေးပွဲမှာ မိမိရဲ့ထင်မြင်ချက် ကို ပါဝင်ဆွေးနွေးနိုင်ပါတယ်။ ဒါမှ ရန်ကုန်မြို့ကြီး ကမ္ဘာ့တန်း ဝင်မြို့ကြီးတစ်မြို့ဖြစ်လာဖို့နဲ့ မြို့ နေပြည်သူတွေရဲ့ ဘဝတွေကို လည်း ပြောင်းလဲဖွံ့ဖြိုးလာဖို့ အကောင်းဆုံးပါဝင်ကူညီနိုင်မယ့် အခွင့်အလမ်းပဲဖြစ်ပါတယ်။

(မောင်ရူပသည်     ရန်ကုန်မြို့ မြို့ပြအမွေအနှစ်ထိန်းသိမ်းရေး ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ် သည်။)

7day daily

လက်တော့ တစ်လုံးကို ဘယ်လို သန့်ရှင်းမယ် ?


လူတွေ ရေချိုးသလိုပဲ လက်တော့တွေလည်း ရေရှည်ထားခံဖို့အတွက် သန်းရှင်းရေလုပ်ပေးဖို့ လိုပါတယ်။ အရင်တစ်ခါ ဘယ်အချိန်လောက်က သန့်ရှင်းရေး လုပ်ထားခဲ့ပါသေးသလဲ? တစ်ခါမှ မလုပ်ခဲ့ဖူးတာလည်း ဖြစ်ရင် ဖြစ်နေမှာပါ။ ဒီတော့ ဘာပဲ ဖြစ်ဖြစ် ကိုယ်ပစ္စည်းကိုယ်လပ်တော့ လေး သန့်သန့်ရှင်းရှင်းနဲ့ ရေရှည်သုံးနိင်ဖို့ အတွက် သန့်ရှင်းရေးလေး လုပ်ကြည့်ရအောင်ပါ။ လပ်တော့ပ်ဟာ သံချေးတွေ၊ ဖုန်တွေနဲ့ အတွင်းမှာ ဖြစ်နေတတ်ပါတယ်။ အဓိက က အတွင်းမှာ ရှိတဲ့ ပန်ကာပေါ့။ သုံးနေတဲ့အတော့အတွင်း ဖုန်တွေနဲ့ကြေးတွေနဲ့ စက်အပူလွန်ကဲခြင်းကို ဖြစ်စေနိင်ပါတယ်။ အဲဒီအပူလွန်တာက ကိုယ်စက်ကို ကိုယ်ပြန်ပြီး ဖျက်စီးနေသလိုပါပဲ။

၁) အရင်ဦးဆုံး လက်တော့ကို သန့်ရှင်းတော့မယ်ဆိုရင်တော့ ပါဝါကို ပိတ်ပစ်ရပါမယ်။ ကြိုးတွေ၊ USB ကြိုးတွေ တပ်ဆင်ထားမူတွေကို အကုန်ဖြုတ်ရပါမယ်။

၂) ကီးဘုတ်ပေါ်က သံချေးတွေနဲ့ အပျက်အစီးတွေက်ု ဖယ်ရှားဖို့အတွက် သံချေးဖယ်ရှာတဲ့ ရူးရူး ဖြန့်ရတဲ့ cleaner တွေကိုသုံးပါ။ ဘူးကို အပေါ်အောက်မကိုင်ဘဲ ရိုးရှင်းစွာ ဖြန့်ပါ။ ပြီးတော့ ပျော့ပျောင်းတဲ့ ဘလပ်ခ်ျ တစ်ခုခုကိုယူပြီး သံချေးတွေ ဖယ်လိုက်ပါ။

၃) တကယ်လို့ နည်းနည်းညစ်ပတ်နေသေးရင် ဂွမ်းစအနည်းငယ်ကို အရက်ပျံနည်းနည်းနဲ့ဆွတ်ပြီး ကီးတွေရဲ့ကြားကို သန့်ရှင်းနိင်ပါတယ်။ သိပ်မစိုဖို့တော့လိုပါတယ်။

၎)စကရင် အတွက် အိမ်တွင်း ဗနီဂါနဲ့ အရက်ကို သုံးနိင်ပါတယ်။ မျက်နှာပြင်ကို တိုက်ရိုက်ကြီးတော့ သွားမဖျန်းပါနဲ့။ ပျော့ပျောင်းတဲ့ အ၀တ်စုတ်တစ်ခုခုနဲ့ စွတ်ပြီး စကရင်ကို သုံးပေးပါ။

၅) ပြီးရင်တော့ လပ်တော့ ကိုပြောင်းပြန် ပြန်လှန်ပြီး အထဲက ဖုန်တက် သံချေးတက်နေတဲ့ ပန်ကာကို ဖြုတ်ပြီး သန့်စင်ရပါတော့မယ်။ ဖြုတ်ဖို့က တော့ ဖြုတ်နေကြမဟုတ်ရင် အဆင်ပြေမှာ မဟုတ်တဲ့ အတွက် တစ်ခြား ဖြုတ်တတ်သူကို သင့်က ဖြုတ်ခိုင်းပါလိမ့်မယ်။

၆) နားကြပ်ပေါက်၊ USB အပေါက်တွေကို သုတ်ခြင်း အတွင်းထိရောက်အောင် သုတ်ရမှာ ဖြစ်ပြီး ခြောက်သွေ့တဲ့ အစတစ်စနဲ့ သုတ်ရပါမယ်။ အရက်ပျံ မစွတ်ပါနဲ့တော့ဒီအခါ။ Spray နဲ့ ဖြန့် ရုံပါ။ ပြီးရင်တော့  အားလုံ ပြန်တပ်ပြီး ရပါပြီ။ သင့်ရဲ့ နေတိုင်းသုံးနေတဲ့ လပ်တော့လေး လုံးဝ သန့်ရှင်းသွားပါပြီ။

Smart pro Journal

ရန်ကုန်တွင် ယာဉ်ကြောကျပ်တည်းမှု အဆိုးဆုံး ၇၉ နေရာရှိ


ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မြေနီကုန်းမီးပွိုင့်တွင် ယာဉ်ကြောကျပ်တည်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

ရန်ကုန်မြို့တွင် ယာဉ် ကြောကျပ်တည်းမှု အများဆုံးနှင့် စည်းကမ်းမဲ့ယာဉ်မောင်းနှင်မှု အ များဆုံးနေရာမှာ မြို့တွင်းပိုင်း၌ ၇၉ နေရာရှိကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး ကြီး လင်းထွဋ်က ပြောသည်။

‘‘ကျွန်တော်တို့အဖွဲ့တွေထဲ က နယ်မြေတွေခွဲပြီး စစ်တမ်း ကောက်ယူချက်တွေအရ ဒီလို နယ်မြေ ၇၉ နေရာ သတ်မှတ်နိုင်ခဲ့ပါတယ်’’ ဟု ဒုရဲမှူးကြီးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းတပ်ဖွဲ့၏ စစ်တမ်းကောက်ယူချက်များအရ အဆိုပါ ၇၉ နေရာမှာ  ခရေပင်လမ်းဆုံ၊ ချော်တွင်းကုန်းလမ်းဆုံ၊ သမိုင်းလမ်းဆုံ၊ အောင်မင်္ဂလာ အဝေးပြေးအနီး၊ ဆရာစံလမ်းမ၊ ရန်ကင်း စင်တာ ရှေ့၊ ကမ္ဘာအေးဘုရားလမ်းပေါ် မှ စက်မှု ၁ လမ်းဆုံ၊ လေးထောင့် ကန်လမ်း၊ တာမွေ ဗလီထိပ်၊ တာ မွေငါးခွဆုံ၊ သုဓမ္မာ၊ ဝေဘာဂီအ နော်ရထာလမ်း အစရှိသော ရန် ကုန်မြို့၏ လမ်းဆုံလမ်းခွ ၇၉ နေရာကို ယာဉ်ကြောကျပ်တည်းမှုနေရာအဖြစ် သတ်မှတ်လိုက် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးက မေလ ၂၄ ရက်တွင် သတင်း ထုတ်ပြန်သည်။

အဆိုပါ နေရာများမှာ ယာဉ် ကြောကျပ်တည်းမှု အများဆုံးနေ ရာများဖြစ်သည့်အပြင် စည်းကမ်း မဲ့မောင်းနှင်မှု အများဆုံး နေရာ များအဖြစ် အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ စစ်တမ်းများအရ ခန့်မှန်းပြောဆိုသည်။

ထို့ကြောင့် အဆိုပါ ယာဉ် ကြောကျပ်တည်းမှု အများဆုံးနှင့် စည်းကမ်းမဲ့မောင်းနှင်အသုံးပြု နေသည့် နေရာ ၇၉ နေရာတွင် ဖမ်းဆီးရေးအဖွဲ့နှင့် လမ်းကြော ရှင်းသည့်အဖွဲ့ဟူပြီး အဖွဲ့နှစ်ဖွဲ့ခွဲ ကာ ပုံစံသစ်ဖြင့် ယာဉ်ထိန်းတပ် ဖွဲ့မှ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ဒုရဲမှူးကြီးလင်းထွဋ်က ဆက်လက်ပြောသည်။

လိုအပ်ပါက  ယာဉ်ထိန်းတပ်ဖွဲ့ဝင်များတွင်ရှိသည့် ဆိုင်ကယ်များဖြင့် ထွက်ပြေးတိမ်းရှောင်သည့် ယာဉ်များကို လိုက်လံဖမ်းဆီးမည်ဟုဆိုသည်။

‘‘ဘယ်လောက် လုပ်မယ် ပြောပြော ယာဉ်ထိန်းအင်အားက နေရာတိုင်းမှာ မထားနိုင်သရွေ့ ကားတွေက ပိတ်ဦးမှာပဲ။ ယာဉ် ထိန်းရဲအင်အား မလောက်ရင် နည်းပညာကို သုံးသင့်တယ်။ စည်းကမ်းဖောက်နေတဲ့ကားတွေ ကို နိုင်ငံခြားမှာလို CCTV တွေက နေ မှတ်သားဖမ်းဆီးတာတွေ လုပ် ပေါ့’’ ဟု အငှားယာဉ်မောင်း ဦး စောမြင့်က သုံးသပ်သည်။

ထို့ပြင် ရန်ကုန်တွင် ယာဉ် ကြော ပိတ်ဆို့မှုနှင့် စည်းကမ်းမဲ့မောင်းနှင်မှုများ ဖြစ်ပွားနေရခြင်းမှာ လက်ရှိ အသုံးပြုနေသည့် ယာဉ်လမ်းကြောင်းစနစ် အချို့ မှားယွင်းနေခြင်းအပြင် လိုင်စင်ရှိ ရုံ ကားတစ်စီးရှိရုံဖြင့် အတွေ့အ ကြုံနုနယ်သည့် ယာဉ်မောင်းများ မောင်းနှင်နေခြင်းကြောင့် ယခုကဲ့သို့ စည်းကမ်းမဲ့ဖြစ်ပွားနေရသည်ဟု အထက်ပါ အငှားယာဉ်မောင်းက  အကြံပြု  ပြောဆိုသည်။

ရန်ကုန်၏ ယာဉ်ကြောကို ရှင်းလင်းရန် ယာဉ်ထိန်းအင်အား ၈၈၃ ဦးသာရှိပြီး ရန်ကုန်တိုင်း စည်ပင်နယ်နိမိတ် ၃၁ မြို့နယ် တွင် တစ်မြို့နယ်လျှင် ၃၆ ဦးနှုန်း ဖြင့် တာဝန်ထမ်းဆောင်လျက်ရှိ သည်။

ရန်ကုန် စည်ပင်နယ်နိမိတ် ပြင်ပတွင်မူ နှစ်မြို့နယ်လျှင် ၃၆ ဦးဖြင့် အလှည့်ကျ တာဝန်ထမ်း ဆောင်လျက်ရှိသည်။

7day daily

ထိုင်းတောင်ပိုင်းတွင် ရခိုင်အမျိုးသား တစ်ဦး သေနတ်ပစ်သတ်ခံရ



ကွယ်လွန်သွားသော ကိုကြည်ထွန်း၏ ဓာတ်ပုံကိုတွေ့ရစဉ် (ဓာတ်ပုံ - ထိုင်းနိုင်ငံရောက် မြန်မာများဖေ့စ်ဘွတ်ခ်)
စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်တစ်ရက်တွင် ထိုင်းနိုင်ငံတောင်ပိုင်း ကောစမေကျွန်း၌ အလုပ်မှပြန်လာသော မြန်မာအမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

မေလ ၂၁ ရက် ည ၇ နာရီခွဲ တွင် အလုပ်မှပြန်လာသော ရခိုင်တိုင်းရင်းသား  အသက် (၂၉) နှစ် အရွယ်ကိုကြည်ထွန်းသည် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။

‘‘အလုပ်ကနေ ဆိုင်ကယ်နဲ့ ပြန်လာတာ။ လမ်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရတာပဲ။ ဘယ်သူက ပစ် တာလဲဆိုတာ မသိဘူး။ သူသေ နေတာတွေ့မှ သေနတ်နဲ့ အပစ်ခံ ရတာဆိုတာ သိတာ။ ရခိုင်မြေပုံ မြို့နယ် ကုက္ကိုကျေးရွာကပါ’’ ဟု ထိုင်းနိုင်ငံတောင်ပိုင်း ကောစမေ ကျွန်းတွင် နေထိုင်သော ကိုသက် ဇော်မင်းက ပြောသည်။

ကိုကြည်ထွန်းအား သေနတ် ဖြင့် ပစ်သတ်ခံရမှုနှင့်ပတ်သက် ပြီး ထိုင်းနိုင်ငံ မြန်မာသံရုံးမှ အ လုပ်သမားရေးရာ သံမှူးဦးသိန်း လွင်သို့ ဆက်သွယ်မေးမြန်းရာဖြေကြားခြင်းမရှိပေ။

သေဆုံးသူ ကိုကြည်ထွန်း အား မေလ ၂၆ ရက်တွင် ထိုင်းနိုင်ငံ ဘုပုဘုန်းတော်ကြီးကျောင်း၌မီးသဂြုင်္ိဟ်မည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မေလ ၂၂ ရက်၌ စစ်တပ်က အာဏာသိမ်းလိုက်ပြီး တစ်နိုင်ငံလုံး ည ၁၀ နာရီမှ နံနက် ၅ နာရီထိ မထွက်ရအမိန့် ထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ပြန်သောကြောင့် ညပိုင်းအချိန် အလုပ်ဆင်းရမည့် ရွှေ့ပြောင်းမြန်မာ လုပ်သားများမှာ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

ငြိမ်းချမ်း
7day daily

ရန်ကုန်တွင် တစ်ရက်တည်း ငါးဦး မိုးကြိုးထိမှန် နှစ်ဦးသေဆုံး



မေလ ၂၃ရက် တစ်ရက် တည်းတွင် ရန်ကုန်မြို့၌ အမျိုးသားငါးဦးမိုးကြိုးထိမှန်ပြီး ၎င်းတို့အနက်   နှစ်ဦးသေဆုံးသွားကြောင်း  ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မှော်ဘီမြို့နယ်အတွင်း အ မျိုးသား လေးဦးထိမှန်ခဲ့ပြီးတစ်ဦး သေဆုံးသွားခဲ့သည်။ ၎င်းတို့လေးဦးသည် ဖူးကြီးကျေးရွာမှ လက်ပံ တန်းစုကျေးရွာသို့ လမ်းလျှောက် သွားစဉ်မိုးသည်းထန်စွာရွာသွန်းပြီး  မိုးကြိုးပစ်ရာတစ်ဦးမှာ  မိုး ကြိုးထိမှန်ခဲ့၍ ပွဲချင်းပြီးသေဆုံးခဲ့ သည်။ ထိုနေရာရှိ ကျန်အမျိုးသားသုံးဦးမှာ  လျှပ်စီးစက်ကွင်းမိ၍ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

ထို့အပြင် ဒလမြို့နယ် ညောင်ချောင်းကျေးရွာတွင်လည်းမေလ ၂၃ရက် နံနက်က လယ်ကွင်းအတွင်း အမျိုးသားတစ်ဦးလယ်ထွန်နေစဉ် နွားကိုမိုးကြိုးပစ်ချရာမှ စက်ကွင်းမလွတ်၍ လူကိုပါထိမှန်သွားပြီး သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သက် ဆိုင်ရာ မြို့နယ်ရဲစခန်းတို့တွင် သေမှုသေခင်းအမှုဖွင့်ကာအရေး ယူဆောင်ရွက်စစ်ဆေးလျက်ရှိ သည်။

အေးမြတ်သူ
7day daily

Star Wars ဇာတ်လမ်းတွဲထဲက Hoverbike တွေကို ၂၀၁၇ ခုနှစ်မှာ ထုတ်ဖို့ မျှော်မှန်းထား


ကယ်လီဖိုးနီးယား လေကြောင်းပိုင်းဆိုင်ရာ ထုတ်လုပ်ရေးကုမ္ပဏီ Aerofex ဟာ နာမည်ကြီး ဇာတ်လမ်းတွဲ Star Wars ထဲက Hoverbike တွေကို စမ်းသပ်ထုတ်လုပ်ခဲ့ပါတယ်။ ဒီယာဉ်တွေကို မောင်းနှင်တတ်ဖို့ အတွက် နှစ်ရက်လောက် သင်ကြားပေးရုံနဲ့ တတ်မြောက်နိုင်တယ်လို့ Aerofex က ဆိုခဲ့ပါတယ်။

Star Wars:Return of the Jedi ဇာတ်ကားကို ကြည့်ပြီး Hoverbike တစ်စီးလောက် လိုချင်စိတ် ပေါ်ခဲ့ဖူးပါသလား။

ဒီ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွဲထဲက လေပေါ်ပြေးယာဉ် Hoverbike တွေကို မကြာတော့တဲ့ ကာလမှာ ရရှိနိုင်ပါတော့မယ်။ ဘီးတွေအစား ကာဗွန်ဖိုင်ဘာအသုံးပြုထားတဲ့ ဒလက်ဝိုင်း တွေ နဲ့ ပြုလုပ်ထားပြီး မော်တော်ဆိုင်ကယ်မောင်းသလောက် လွယ်ကူမယ်လို့ ဆိုပါတယ်။ တစ်နာရီ မိုင် ၄၂ မိုင်အထိ မောင်းနှင်နိုင်ပြီး လောလောဆည်တော့ စမ်းသပ်အနေအထားမှာပဲ ရှိပါသေးတယ်။

၂၀၁၂ ခုနှစ်တုန်းက Aerofex ကော်ပိုရေးရှင်းက အခုလို hoverbike တစ်စီးကို Mojave ကန္တာရထဲက ခန်းခြောက်နေတဲ့ ရေကန်တစ်ကန်အပေါ်မှာ ပျံသန်းပြထားတဲ့ ဗီဒီယိုတစ်ခု လွှင့်တင်ခဲ့ပါသေးတယ်။ မြေပြင်အထက် ကိုးပေအမြင့်ထိ ပျံသန်းနိုင်ပြီး မော်တော်ဆိုင်ကယ်မောင်းသလိုပဲ ထိန်းချုပ်ရတာပါ။

Aero-X လို့ အမည်ပေးထားတဲ့ ဒီယာဉ်ဟာ တစ်ကြိမ်မှာ ခရီးသည်နှစ်ယောက်ပဲ သယ်ဆောင်နိုင်ပေမယ့် တစ်ကိုယ်ရေသုံးသယ်ယူပို့ ဆောင်ရေးယာဉ်အဖြစ် အနာဂတ်မှာ တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြလိမ့် မယ်လို့ ခန့် မှန်းထားပါတယ်။ ဒီယာဉ်တွေဟာ ဆီတိုင်ကီအပြည့်ဖြည့်ထားရင် ၇၅ မိနစ်လောက်ထိ ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။

Aerofex တည်ထောင်သူ Mark De Roche က “ Aero-X ဟာ စရိတ်သက်သာတဲ့ အော်ပရေးရှင်းတစ်ခုပါ။ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေလည်း ပေးစွမ်းနိုင်တယ်။ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း အသုံးပြုနိုင်တယ်။ နယ်စပ်တစ်လျှောက် ကင်းလှည့်အုန်းမလား။ ဒါမှမဟုတ် အပန်းဖြေပန်းခြံတွေမှာ ဆော့စရာ အဖြစ်ပါ အသုံးပြုနိုင်ပါသေးတယ်” လို့ ပြောကြားခဲ့ပါတယ်။


Angel
Trend Myanmar

အသက်မပြည့်သေးသည့် အမျိုးသမီးငယ်တစ်ဦးကို တပ်သားတစ်ဦး အဓမ္မပြုကျင့်ဟုဆို



ကွတ်ခိုင်မြို့နယ်၊ နမ့်ကွတ်ကျေးရွာတွင်   ခေတ္တဝင်ရောက်တည်းခိုသည့်  နမ့်စလတ် အခြေစိုက် ခမရ (၅၆၇)တပ်မှ တပ်သားတစ်ဦးက ကျေးရွာအတွင်းရှိ အသက်မပြည့်သေးသည့်အမျိုးသမီးငယ်တစ်ဦးကို အဓမ္မကျင့်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ခမရ (၅၆၇)တပ် ရင်းမှ တပ်သားများမှာ ကွတ်ခိုင် မြို့နယ်အတွင်း စစ်ကြောင်းလှည့် လည်ရာမှ နမ့်ကွတ်ကျေးရွာတွင် ခေတ္တလာရောက်နားနေစဉ် ယခု ကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

‘‘တပ်သားတွေက အယောက် ၄၀ လောက်ရှိပါတယ်။ တစ်အိမ် မှာ ခုနစ်ဦးနှုန်းနဲ့ တည်းခိုသွားကြ တယ်။ အခင်းဖြစ်တာကိုလာတိုင် လို့ ကျွန်တော်က ကာယကံရှင် မိသားစုနဲ့ သူတို့ရဲ့ ဗိုလ်မှူးဆီခေါ် သွားပြီး တိုင်ကြားပေးလိုက်ပါ တယ်’’ဟု  နမ့်ကွတ်ကျေးရွာသူကြီး ဦးလတောင်ကပြောသည်။

ထိုသို့သွားရောက်တိုင်ကြား ချိန်တွင် ဗိုလ်မှူးက ရဲဘော်အား လုံးကို တန်းစီခိုင်းပြီး ပြစ်မှုကျူး လွန်သူကို ပြသခိုင်းရာတွင် အဆို ပါရဲဘော်က ငြင်းဆန်သဖြင့် ကာယကံရှင် မိသားစုက ကွတ်ခိုင်မြို့နယ် ကချင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ သို့ မေလ ၁၇ ရက်တွင် တိုင်ကြားခဲ့ကြောင်း  အမျိုး သမီးငယ်၏အဒေါ်ဖြစ်သူက ပြောသည်။

‘‘ကျွန်မတို့ ကချင်ယဉ်ကျေး မှုရုံးကိုလာရောက်တိုင်ကြားလို့ အသေးစိတ်စစ်ဆေးပြီးကွတ်ခိုင် မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါ တယ်။ စစ်ဘက်က အရာရှိတွေက လည်း ပြစ်မှုကျူးလွန်တဲ့ ရဲဘော်ကိုဖမ်းဆီးထားပြီလို့  ပြောပါတယ်။ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုမျိုးကို လုပ်ပေးမယ်လို့ ပြောပါတယ်ဟု ရှမ်းပြည်နယ်၊ ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ တွဲဖက်အတွင်းရေးမှူး(၁) ဒေါ်လုံး ရွယ်က ပြောသည်။

အခင်းဖြစ်ပွားချိန်မှာ မေလ ၁၆ ရက် ညနေ ၅ နာရီခန့်ကဖြစ် ပြီး အဓမ္မပြုကျင့်ခံရသည့် အမျိုး သမီးငယ်နှင့် ငါးနှစ်အရွယ် ကလေးနှစ်ဦးကို ၎င်း၏မိခင်ဖြစ်သူက အဘွားအိမ်သို့ အလုပ်ကိစ္စခိုင်းစေလိုက်ရာအပြန်တွင်  ရဲဘော်နှစ်ဦးက နောက်မှလိုက် လာပြီး ကလေးငယ်နှစ်ဦးကို ရဲဘော်တစ်ဦးက အိမ်ပြန်ပို့ပေးမည်ဟုဆိုကာခေါ်ဆောင်သွား၍ ကျန်ရဲဘော်က အမျိုးသမီးငယ်ကို နမ့်ကွတ်ကျေးရွာ၊ မူကြိုကျောင်းအိမ်သာနောက်သို့ ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု အမျိုးသမီးငယ်ကဖြေကြားသည်။

 အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ်မှာ အသက် (၁၄)နှစ်သာရှိသေးသည်။ အဆို ပါကိစ္စအတွက် ပြစ်မှုကျူးလွန်သူကို ကွတ်ခိုင်မြို့ မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း တာဝန်ရှိသူများထံမှ သတင်းရရှိသည်။

   ကွတ်ခိုင်မြို့နယ်တွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာကလည်း ကွတ်ခိုင်၊  တာမိုးညဲသွားလမ်း နောင်ချိုကျေးရွာ၌  ကလေး လေးဦးမိခင်ကို  တပ်မတော်သား တစ်ဦးက အဓမ္မပြုကျင့်မှုတစ်ခုဖြစ်ပွားခဲ့သော်လည်း ယနေ့ အချိန်ထိအရေးယူဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ကွတ်ခိုင်မြို့ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူများထံမှ သတင်းရရှိသည်။

ကံသာ
7day daily

ခရမ်းချဉ်သီး ရောင်းသူ


အလုပ်အကိုင်မရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ အလုပ်လိုချင်တဲ့အတွက် မိုက်ကရိုဆောဖ့်ကုမ္ပဏီမှာ ရုံးအကူတစ်နေရာအတွက် အလုပ်သွားလျှောက်ပါတယ် …. သက်ဆိုင်ရာ ခန့်ခွဲမှု မန်နေဂျာက သူ့ကို အင်တာဗျူး လုပ်ပါတယ်.. ပြီးတော့ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ခိုင်းပြီး သူ့ကို စမ်းသပ် စစ်ဆေး ပါတယ်…

စမ်းသပ်လို့ သူ့လုပ်ရည် ကိုင်ရည်ကို ကျေနပ်သွားတဲ့အခါ မန်နေဂျာက ကောင်လေးကို “ကဲ.. မင်းကို အလုပ်ခန့်လိုက်ပါပြီ… မင်းရဲ့ အီးမေလ်း လိပ်စာ ထားခဲ့… မင်း အီးမေလ်းထဲကို အလုပ်ခန့်လွှာပို့လိုက်မယ်.. မင်းက အဲဒီထဲမှာ လိုအပ်တဲ့ အချက်အလက်တွေဖြည့်ရမယ်.. ပြီးရင် မင်း အလုပ် စ၀င်နိုင်မဲ့ရက်ကို ဖြည့်ပြီး တို့ဆီကို ပြန်ပို့လိုက် ” လို့ ပြောပါတယ်..

ကောင်လေးက “ကျွန်တော့်မှာ ကွန်ပျူတာမရှိပါဘူးခင်ဗျာ..သုံးလဲ မသုံးတတ်ပါဘူး.. ပြီးတော့ အီမေလ်းလိပ်စာလဲ မရှိပါဘူး” လို့ ပြန်ပြော လိုက်ပါတယ်..

“အေး .. ဒါဆိုရင်တော့ ၀မ်းနည်းပါတယ်ကွာ.. မင်းမှာ အီးမေလ်းလိပ်စာလေး တစ်ခုတောင် မရှိဘူးဆိုတဲ့ သဘောက မင်းလဲ ဒီကမ္ဘာမှာ မရှိဘူး ဆိုတဲ့ သဘော ဘဲကွာ…. ဒီကမ္ဘာလောကကြီးမှာ မရှိတဲ့ လူတစ်ယောက်ကို တို့ကုမ္ပဏီက အလုပ်ခန့်ဖို့ ရည်ရွယ်ချက် မရှိပါဘူး.. မင်း သွားလို့ ရပါပြီ..” လို့ မန်နေဂျာက သူ့ကို ပြောလိုက်ပါတယ်..

ကောင်လေးက စိတ်ပျက် အားငယ်စွာ၊ မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ မိုက်ကရိုဆောဖ့် ကုမ္ပဏီကြီးကနေ ထွက်ခွာလာပါတယ်.. သူ့လက်ထဲမှာလည်း ၁၀ တန် ဒေါ်လာ တစ်ရွက်သာ ရှိပါတယ်.. ဒီငွေနဲ့ သူ့ဘ၀ ဘယ်လိုများ ရှေ့ဆက်ရပ်တည်ရမှာပါလိမ့်.. လမ်းလျှောက်နေရင်း အတန်ကြာ သူ စဉ်းစား နေမိပါတယ်.. ဘာဆက်လုပ်ရမလဲ……

စဉ်းစားလို့ရသွားပြီဖြစ်တဲ့သူ… သွက်လက်တဲ့ ခြေလှမ်းတွေနဲ့ အတူ စူပါ မားကက်ကို သွားပါတယ်…. အဲဒီမှာ ခရမ်းချဉ်သီး ၁၀ ကီလိုဂရမ်ပါတဲ့ တစ်သေတ္တာကို ၀ယ်လိုက် ပါတယ်.. ပြီးတော့ တစ်အိမ်တက်ဆင်း အိမ်တွေမှာ လိုက်လံရောင်းချပါတယ်.. မယုံနိုင်စရာ ၂နာရီမပြည့်ခင်လေးမှာ သူ့ငွေက ၂ဆ ဖြစ်သွားခဲ့ပါပြီ.. ၃ကြိမ်မြောက် ၀ယ်ယူပြီး ပြန်ရောင်းချလို့ အကုန်မှာ ဒေါ်လာ ၆၀နဲ့ အတူ အိမ်ကို ပြန်နိုင်ခဲ့ပါတယ်.

ကောင်လေး ကောင်းမွန်စွာ သဘောပေါက်သွားခဲ့ပါပြီ… သူ့ဘ၀ရပ်တည်ရေးအတွက် ဒီနည်းနဲ့ သူ လုပ်ဆောင်နိုင်တယ် ဆိုတာ ကောင်းကောင်း နားလည်သွားပြီ.. မနက်တိုင်း မနက်တိုင်း စောစောစီးစီး ထတယ်… ဆိုင်မှာ ခရမ်းချဉ်သီး မှအစ စားသောက်ဖွယ်ရာတွေ ၀ယ်ပြီး အိမ်တိုင်းကို လိုက်လံရောင်းချတယ်.. ညနက်မှ အိမ်ပြန် ရောက်တယ်.. ဒီလိုနဲ့ သူ့ငွေတွေဟာ နေ့တိုင်းနေ့တိုင်းကို ၂ဆ ၃ဆ တိုးပွားလာပါတယ်..

မကြာခင်မှာဘဲ… တွန်းလှည်းလေး တစ်စီးကို ၀ယ်ယူနိုင်ခဲ့ပြီ……. ထို့နောက်တော့ ထရပ်ကားတစ်စီး….. ထို့နောက် မှာတော့ စားသောက်စရာတွေကို တင်ဆောင် ဖြန့်ချီ ရောင်းချနိုင်တဲ့ ကိုယ်ပိုင်ယာဉ် အုပ်စုလိုက်ကို ပိုင်ဆိုင်သွားခဲ့ပါပြီ….

ငါးနှစ်အကြာမှာ… အဲဒီကောင်လေးဟာ အမေရိကားရဲ့ အစားအသောက် လက်လီရောင်းချတဲ့ အကြီးဆုံး လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်လာ ပါတော့တယ်… ချမ်းသာလာတဲ့ ကောင်လေးဟာ သူ့မိသားစု နောင်ရေးအတွက် အသက် အာမခံထားဖို့ ဆုံးဖြတ်လိုက်ပါတယ်..

သူဟာ အသက်အာမခံ လုပ်ငန်းက ကိုယ်စားလှယ် တစ်ဦးကို ခေါ်ယူတွေ့ဆုံပြီး စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများကို မေးမြန်းစုံစမ်းပါတယ်.. စကားပြောဆို စုံစမ်းလို့ ပြီးတဲ့အခါမှာ… ကိုယ်စားလှယ်က သူဌေးကို အီမေလ်းလိပ်စာ တောင်းပါတယ်.. သူဌေးက “ကျုပ်မှာ ဘာအီမေလ်းလိပ်စာမှ မရှိပါဘူး.. ကွန်ပျူတာလဲ မသုံးတတ်ပါဘူး” လို့ပြန်ပြောတယ်..

ကိုယ်စားလှယ်က အံ့အားသင့်တဲ့လေသံနဲ့ သူဌေးကို မေးပါတယ်… “ခင်ဗျားမှာ အီမေလ်း လိပ်စာမရှိ၊ ကွန်ပျူတာ မသုံးတတ်ဘဲနဲ့တောင် ဒီလောက် အောင်မြင်တဲ့ စီးပွားရေး အင်ပါယာကို တည်ထောင် ထားနိုင်တယ်နော်.. ခင်ဗျားမှန်းကြည့်စမ်းပါ…. တကယ်လို့ ကွန်ပျူတာကို ကျွမ်းကျွမ်း ကျင်ကျင်လဲ သုံးတတ်မယ်… လူတိုင်းနဲ့ ဆက်သွယ်လို့ရမဲ့ အီမေလ်း လိပ်စာလဲရှိခဲ့မယ် ဆိုရင် ခင်ဗျား ဒီထက်ကို ဘယ်လောက် အောင်မြင် ကြီးကျယ်လာမလဲလို့….”

သူက ခနတော့စဉ်းစားလိုက်ပြီး အဖြေပြန်ပေးလိုက်ပါတယ်..

“ကျုပ်သာ ကွန်ပျူတာ တတ်မယ်..အီမေလ်းလိပ်စာသာရှိခဲ့မယ်ဆိုရင် ခုချိန်မှာ မိုက်ကရိုဆောဖ့်ကုမ္ပဏီမှာ ရုံးအကူဘ၀နဲ့ ရှိနေပါလိမ့်မယ်” တဲ့

ဒီ story လေးက ပေးချင်တဲ့ သင်ခန်းစာလေးကတော့ လူတွေ အရူးအမူး ဖြစ်နေကြတဲ့ အင်တာနက်တို့ ကွန်ပျူတာတို့ဆိုတာဟာ ဘ၀ရဲ့ အခက်အခဲ မှန်သမျှကို ဖြေရှင်းပေးနိုင်တဲ့ အရာတွေ မဟုတ်ပါဘူး… အထူးသဖြင့် ကျွန်မတို့ မြန်မာပြည်က လူငယ်လေးတွေမှာ လူတိုင်းလူတိုင်း ကွန်ပျူတာ ဆိုတာ ပိုင်ဆိုင်နိုင်ဖို့ အခွင့်အလမ်း နည်းပါးလွန်း နေပါသေးတယ်.. ဒီလိုလူတွေ အားမငယ်ကြဖို့ ဒီပို့စ်လေးကို တွန်းအားလေးတစ်ခု အနေနဲ့ ဘာသာ ပြန်ဖြစ်ပါတယ်။

အင်တာနက်၊ ကွန်ပျူတာ တို့နဲ့ အလှမ်းဝေးနေသေးရင် ကိုယ်နဲ့ နီးစပ်ရာ၊ ဖြစ်နိုင်ချေရှိတဲ့ အလုပ်တွေမှာ ကြိုးကြိုးစားစား လုပ်ကိုင်မယ်ဆိုရင် ချမ်းသာနိုင်တဲ့ အခွင့် အလမ်းတွေ ရှိနေပါသေးတယ်.. အခွင့်အလမ်းကိုတော့ မြင်တတ် တွက်တတ် ရပါမယ်.. ကြီးပွားချင်တဲ့ စိတ်ရှိဖို့ရယ်.. ကြိုးစားချင်တဲ့ စိတ်ရှိဖို့ရယ် အဓိက ကျပါတယ်…. ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ကြိုးစား ကြည့်ကြပါလို့ တိုက်တွန်း လိုက်ပါရစေရှင်….

လူတိုင်းမှာကိုယ့်အရည်အချင်းနှင့်ကိုယ်ရှိပါတယ် ဘယ်သူမှငါ့ကို အထင်မကြီးဘူး လူရာမသွင်းဘူးဆိုပြီး စိတ်ဓာတ်ကျစရာမရှိပါဘူး ကိုယ့်အရည်အချင်းကိုသိပြီး ကိုယ်လုပ်သင့်တာကို ကျိုးကျိုးစားစားသာ လုပ်ကိုင်သွားကြမယ်ဆိုရင် လူသားအားလုံး ဘယ်သူမဆိုအောင်မြင်ကြီးပွားတိုးတက်လာမှာ မလွဲပါဘူးရှင်

ချော (အစိမ်းရောင်လွင်ပြင်)

မျက်နှာသစ်တဲ့အခါ ကုသိုလ် (၅) မျိုးကို ရအောင်ယူနည်း


(၁)“ဒါနကုသိုလ်”

မနက်အိပ်ယာထ မျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ ရေဖလားနဲ့
” မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား” လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။

(၂)“ဗုဒ္ဓနုသာတိကုသိုလ်”

မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။ အရဟံ -ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊ အရဟံ – ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊ အရဟံ -ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။ ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။

(၃)“မေတ္တာကုသိုလ်”

ကြည်လင်နေတဲ့ရေကိုကြည့်ပြီး… ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။ ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။ ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။ ဤရေအေးမြသလို သတ္တ၀ါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ… လို့ မေတ္တာပို့လိုက်ပါ။ ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။ ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်ြ
မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။

(၄)“မရဏာနုဿတိကုသိုလ်”

ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ၀င်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီး။

(၅)“အသုဘဘာဝနာကုသိုလ်”

မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့ အညစ်အကြေးတွေကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုတ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာဝနာပွါးလိုက်ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ်ဖြစ်သွားပါပြီး။ အသုဘဘာဝနာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ်။ အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပ၀တ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အ၀တ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။ အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက် ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား…လို့စွန့်ပြီး မျက်နှာသစ်လိုက်ပါ။

ဒါဆို မျက်နှာသစ်ရင်း ကုသိုလ် (၅) မျိုး ရသွားပါပြီ။ ကဲ…. စာဖတ်သူအပေါင်းတို့ရေ… မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေစုဆောင်းထားလိုက်ပါနော်..။

(ဆရာတော်ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ စာအုပ်မှပြန်လည်မျှဝေခြင်းဖြင့် ဒါနကုသိုလ်ပြုပါသည်။)

လူသားနှင့် ချီတာကျားသစ်လေးတို့၏ ထူးထူးခြားခြား သံယောဇဉ်





လူသားတို့၏ အကောင်းဆုံး မိတ်ဆွေအဖြစ် ခွေးများကို ညွှန်းဆိုလေ့ ရှိကြသည်။ သို့သော်လည်း အက်ဒ် အိုလော့ဖ်ဆီကမူ ယင်းအဆိုကို ငြင်းပယ်လိမ့်မည် ဖြစ်သည်။ အက်ဒ်အတွက် အကောင်းဆုံး မိတ်ဆွေမှာ အမဲလိုက် ချီတာကျားသစ်လေး တစ်ကောင်မျှသာ ဖြစ်သည်။ အသက်(၄)နှစ် အရွယ်ရှိပြီဖြစ်သော ကျားသစ်လေး ဆီလ်ဗက်စတာသည် ၎င်း၏ လေ့ကျင့်ရေးမှူးဖြစ်သည့် အက်ဒ်နှင့် အလွန်ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးမျိုး ရှိနေသည်။ ဇင်ဘာဘွေရှိ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး စခန်းတစ်ခုမှ ဝန်ထမ်းတစ်ဦးဖြစ်သော အက်ဒ်သည် ဆီဗက်စတာ ငယ်စဉ်က မိခင်ကျားသစ်မကြီး သေဆုံးသွားသည့်နောက် ၎င်းကို တယုတယ မွေးစားထားခဲ့သည်။

ယခုအခါ အသက်(၃၁)နှစ်ရှိ အက်ဒ်အတွက် ဆီဗက်စတာသည် အလွန်ချစ်စရာကောင်းသည့် အိမ်မွေးတိရစ္ဆာန်လေးသဖွယ် ဖြစ်လာခဲ့သည်။ ခြင်္သေ့ကြီး တစ်ကောင်သည် ဆီဗက်စတာ၏မိခင် ကျားသစ်မကြီးအပြင် မွေးချင်းကျားသစ်ပေါက်လေး (၄)ကောင်တို့ကို သတ်ဖြတ်သွားခဲ့ပြီးနောက် ဆီဗက်စတာသာ အသက်ရှင် ကျန်နေခဲ့သည်။ တောထဲတွင် မျက်နှာငယ်ငယ် ကြောက်လန့်နေရှာသည့် ကျားသစ်လေးကို တွေ့ရှိပြီးနောက် အက်ဒ်က သနားကြင်နာစွာ မွေးစားထားခဲ့ပြီး ယခုအခါ ဆီဗက်စတာသည် လူတစ်ဦးကို အေးအေးလူလူ တိုက်ခိုက်သတ်ဖြတ်နိုင်လောက်သည့် အရွယ်အစားမျိုးထိ ကြီးထွားလာပြီ ဖြစ်သည်။

ကျားသစ်တို့၏ ခန္ဓာကိုယ်မှ အစက်အပြောက်များနှင့် ရက်စက်သွေးဆာမှုတို့သည် မည်သည့်အခါတွင်မျှ ပျောက်ကွယ်မသွားနိုင်ဆိုသော ဆိုရိုးစကားမျိုး ရှိနေသည့်တိုင် ယင်းသည် ဆီဗက်စတာနှင့် အက်ဒ်တို့အတွက်မူ မှန်ကန်ခြင်း မရှိချေ။ အသက်(၃၁)နှစ် ရှိပြီဖြစ်သည့် တောရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေး ကျွမ်းကျင်ဝန်ထမ်း အက်ဒ်သည် ယခုအခါ ဗစ်တိုးရီးယား ရေတံခွန်းအနီးရှိ Wild Horizons သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးစခန်းတွင် ဆီဗက်စတာနှင့်အတူ နေထိုင်လျှက်ရှိသည်။

“ဆီဗက်စတာက မယုံနိုင်လောက်အောင် ယဉ်ပါးတဲ့ ကျားသစ်လေးပါ။ သူ့ကို ကျွန်မတို့ ကယ်တင်ခွင့်ရခဲ့တာ ဝမ်းသာစရာပါပဲ”ဟု အက်ဒ်က မှတ်ချက်ပြုခဲ့သည်။ သူမက “အရင်တုန်းက ကျွန်မအနေနဲ့ ခြင်္သေ့တွေ မျိုးပွားတဲ့ယူနစ်မှာ တာဝန်ယူရတယ်။ ခုတော့ ချီတာကျားသစ်တွေကို စောင့်ရှောက်တဲ့ အပိုင်းမှာ လုပ်ကိုင်နေတာ (၄)နှစ်ရှိပါပြီ။ ပြောရရင်တော့ ဆီဗက်စတာ တစ်သက်ပဲ ဆိုပါတော့။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်မနဲ့ ဆီဗက်စတာကို ဓာတ်ပုံရိုက်ပေးလေ့ ရှိပါတယ်။ အဲဒီအခါမှာလည်း သူက သဘောကျပုံပါပဲ”ဟုလည်း ပြောကြားသွားခဲ့သည်။

Planet Myanmar NEtwork

မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့မည် မဟုတ်ကြောင်း ရော်ဘင် ဆို


နွေရာသီတွင် မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့မည် မဟုတ်ကြောင်းနှင့် ဘိုင်ယန်မြူးနစ်မှ ထွက်ခွာရန် အကြောင်းမရှိကြောင်း အာဂျန်ရော်ဘင်က ငြင်းဆိုပြောကြားခဲ့သည်။

နယ်သာလန် ကစားသမားသည် နည်းပြဟောင်း လူးဝစ်ဗန်ဂါးလ်နှင့် ပြန်လည်ဆုံဆည်းရန် အတွက် နွေရာသီတွင် အိုးထရတ်ဖို့ဒ်သို့ ပြောင်းရွှေ့ရန် ချိတ်ဆက်မှုများ ပြုလုပ်ခံခဲ့ရသည်။

အသက် ၃၀ နှစ်အရွယ် ကစားသမားက မိမိအနေဖြင့် ဘိုင်ယန်မြူးနစ်တွင် မပျော်ရွှင်တော့ကြောင့် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် လမ်းဖွင့်ပေးထားသော်လည်း မြူးနစ်တွင် နေထိုင်ရသည့် ဘဝကို သဘောကျ နှစ်သက်ကြောင်း ဆိုခဲ့သည်။

“မန်ချက်စတာယူနိုက်တက်က ကျွန်တော့်အတွက် ရွေးချယ်စရာ အသင်းတစ်ခု မဟုတ်ပါဘူး။ ကျွန်တော် ဘိုင်ယန်မြူးနစ်မှာပဲ ဆက်နေသွားမှာပါ။ ဘိုင်ယန်ကလည်း ကျွန်တော့်ကို ရောင်းချဖို့ ဆန္ဒမရှိဘူးလို့ ထင်ပါတယ်။ အသင်းမှာ မပျော်ရွှင်ခဲ့ဘူး ဆိုပေမယ့် အသင်းနဲ့အတူ စာချုပ်သစ် ချုပ်ဆိုပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်သွားချင်ပါတယ်။ ဗန်ဂါးလ်က ကျွန်တော့် ကစားသမားဘဝ အတွက် အရမ်းကို အရေးပါခဲ့သူပါ။ သူနဲ့ ပြန်လည်လက်တွဲဖို့ အခွင့်အရေးရှိတယ် ဆိုပေမယ့် လက်ရှိအသင်းမှာ ကျွန်တော် အရမ်းပျော်နေပါတယ်” ဟု ရော်ဘင်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး ၎င်းက “ဗန်ဂါးလ်နဲ့ ဂွာဒီယိုလာက ကျွန်တော် လက်တွဲခဲ့ဖူးသမျှ နည်းပြတွေထဲမှာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါကြောင့် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အခွင့်အရေးက သုည ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဗန်ဂါးလ်ကို မန်နေဂျာ ခန့်အပ်ခဲ့တာကတော့ ယူနိုက်တက်အတွက် အကောင်းဆုံး လုပ်ရပ်တစ်ခုပါပဲ” ဟု ပြောကြားသွားခဲ့သည်။

soccer myanmar

ဆင်းရဲတွင်းနှင့် အခမဲ့ပညာရေး



လာမည့်ဇွန် ၂ ရက်ဆို လျှင် ၂၀၁၄-၁၅ ပညာသင်နှစ် အတွက် အခြေခံပညာကျောင်းတွေ ဖွင့် တော့မည်။ မုတ်သုံမိုးနှင့်အတူ ပါလာသော မိုးရေစက်တို့ဖြင့် ပတ်ဝန်းကျင်ရှိ သစ်ပင်၊ မြက်ပင် တို့ စိမ်းစိုလန်းဆန်းလာကြ၏။

ထို့အတူ တစ်နွေတွင်းလုံး တံခါး ပိတ် ကာ တိတ်ဆိတ်ခြောက်ကပ် နေခဲ့သော ကျောင်းတော်ကြီးများ လည်း မကြာမီ နုပျိုသစ်လွင်သောဖြူဖြူစိမ်းစိမ်းလေးများဖြင့် လှုပ်ရှားသက်ဝင်လာပေတော့မည်။

သည်နှစ် ၂၀၁၄-၁၅ ပညာ သင်နှစ်အတွက် မေလ ၂၅ ရက် မှ ၃၁ ရက်အထိကို အခြေခံပညာ ကျောင်းများ၏ ကျောင်းအပ်နှံ ရေး ရက်သတ္တပတ်အဖြစ် ပညာ ရေးဝန်ကြီးဌာနက သတ်မှတ်ထား သည်။ ထူးခြားသည်မှာ ပြီးခဲ့ သည့် နှစ်က စတင်ခဲ့သော မူလ တန်းအဆင့် အခမဲ့ပညာရေးကို တိုးချဲ့ကာ အလယ်တန်းအဆင့် အခမဲ့ပညာရေးစနစ်အထိ အ ကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းများ အရ သိရသည်။ ထို့ကြောင့် မူလ တန်းကျောင်းသားများမှစ၍ အ လယ်တန်းကျောင်းသားများအထိ ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်များ အခမဲ့ ရရှိကြမည့်အပြင် ကျောင်း သားတစ်ဦးလျှင် ငွေကျပ်တစ် ထောင်စီ ရရှိကြမည်ဟုလည်း ဆို ပါသည်။ ယင်းအခမဲ့ပညာရေးအ တွက် ပညာရေးဝန်ကြီးဌာနက ကျပ်ငွေ ခုနစ်ဘီလီယံ လျာထား သည်ဟုလည်း သိရသည်။ ကျောင်းသားမိဘတစ်ဦးအတွက် ကျပ်တစ်ထောင်ဟူသော ပမာဏ မှာ ဘာမှ မပြောပလောက်သော် လည်း တစ်နိုင်ငံလုံးအတိုင်းအ တာနှင့်ဆိုတော့ ငွေပမာဏက ဘီလီယံနှင့် ချီသွားလေ၏။

အခြေခံပညာရေးကို အခမဲ့ စနစ် သတ်မှတ်ခြင်းမှာ ကိစ္စ ကောင်းဖြစ်ပါသည်။ ဖြစ်နိုင်လျှင် အခြေခံပညာ အထက်တန်းအ ဆင့်အထိ အခမဲ့ပညာရေးစနစ် ဆောင်ရွက်နိုင်လျှင် ပို၍ပင် ကောင်းပါလိမ့်မည်။ လူတိုင်း လူ တိုင်း အခြေခံပညာအဆင့်ပြီးဆုံး သည်အထိ သင်ယူဖူးလျှင် ဘာပဲ ဖြစ်ဖြစ် ရပ်ရေးရွာရေးကိစ္စများ၌ ပင် ပြောရဆိုရ သဘောပေါက် လွယ်သည်။ နိုင်ငံတည်ဆောက် ရေးအတွက် အများကြီး အ ထောက်အကူပြုနိုင်ပါသည်။ သို့ အတွက် အခြေခံပညာ အလယ် တန်းအဆင့်အထိ အခမဲ့ပညာ ရေးစနစ် သတ်မှတ်ဆောင်ရွက် ခြင်းသည် ကြိုဆိုအပ်သည့် ကိစ္စ ဟု ဆိုရမည်ဖြစ်ပါသည်။

သို့သော် အခြေခံပညာမူလ တန်းအဆင့်နှင့် အလယ်တန်းအ ဆင့်ကို အခမဲ့ သတ်မှတ်၍ ပြ ဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်များ အခမဲ့ပေး၊ ကျောင်းသားတစ်ဦး လျှင် ငွေကျပ်တစ်ထောင်စီ ပေး ရုံဖြင့် လူတိုင်း အခြေခံပညာ အ လယ်တန်းအဆင့်အထိ သင်ကြား ခွင့်ရပြီလား။ အခမဲ့ပညာရေး စနစ်ကိုပင် လက်လှမ်းမမီနိုင်သူ တွေ အများအပြား ရှိနေနိုင်ပါ သည်။ ကျွန်တော်တို့ဆီမှာ ပညာ ရေးလုပ်ငန်းများ ပရဟိတဆောင် ရွက်နေသည့် အဖွဲ့တစ်ဖွဲ့ ရှိပါ သည်။ မြို့နယ်အတွင်းရှိ အထက် တန်းကျောင်းသားဟောင်းများ စု ပေါင်းဖွဲ့စည်းထားသော အဖွဲ့ဖြစ် သည်။ ဤအဖွဲ့က မြို့နယ်အ တွင်းမှ တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ များကိုလည်း နှစ်စဉ်ဆုချီးမြှင့် သည်။ ထို့အပြင် မြို့ပေါ်နှင့် မြို့ နီးဝန်းကျင်ရှိ မူလတန်း၊ အလယ် တန်း၊ အထက်တန်းကျောင်းများ မှ ဆင်းရဲနွမ်းပါး၍ ကျောင်းနေ ရန် ခက်ခဲသည့် သူငယ်တန်းမှ အဋ္ဌမတန်းအထိ ကျောင်းသား၊ ကျောင်းသူများကိုလည်း ပညာ သင်စရိတ်ထောက်ပံ့ပေးသည်။

သူတို့ ဆောင်ရွက်ပုံက ကျောင်းဖွင့်ပြီး ၁၅ ရက်ကျော်အ ထိ ကျောင်းလာမအပ်သေးသော ကျောင်းသားစာရင်းကို ကျောင်း များမှ တောင်းယူသည်။ ပြီးလျှင် ကျောင်းသားမိဘများထံ အိမ် တိုင်ရာရောက် လိုက်လံဆွေးနွေး သည်။ ကျောင်းထားချင်ပါလျက် ငွေကြေးမတတ်နိုင်၍ ကျောင်းမ အပ်နိုင်သူများကို အဖွဲ့ရန်ပုံငွေ ဖြင့် ထောက်ပံ့ပေးသည်။ ပြီးခဲ့ သည့်နှစ်ကတော့ အစိုးရက အခ မဲ့ပညာရေးစနစ်ကို မူလတန်းအ ဆင့်တွင် စတင်အကောင်အထည် ဖော်လိုက်သဖြင့် မူလတန်းကို အ ထောက်အပံ့ မပေးတော့ဘဲ အ လယ်တန်းအဆင့်ကို ကျောင်း သားဦးရေတိုးမြှင့်၍ ကျောင်းမ အပ်နိုင်သူများသာမက ကျောင်း အပ်ပြီးသူများထဲကပါ အဆင်းရဲ ဆုံးကလေးများကို ရွေးချယ်၍ ထောက်ပံ့ပေးခဲ့သည်။ ရှိသော ရန်ပုံငွေဖြင့် ကျောင်းသားတစ်ဦး လျှင် ငွေကျပ်တစ်သောင်းခွဲ၊ ဗလာစာအုပ် နှစ်ဒါဇင်၊ ကွန်ပါ ဘူးတစ်ဘူးနှုန်းဖြင့် အလယ်တန်း အဆင့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၆၄ ဦးအား ထောက်ပံ့ ပေးခဲ့သည်။

ပြောချင်သည်မှာ ဤအဖွဲ့မှ ထောက်ပံ့သော ငွေကျပ်တစ် သောင်းခွဲ၊ ဗလာစာအုပ် နှစ်ဒါ ဇင်၊ ကွန်ပါဘူးတစ်ဘူးဟူသော နှုန်းသည် ကျောင်းသို့ ပေးသွင်းရ သော ပြဋ္ဌာန်းစာအုပ်ဖိုး၊ ကျောင်း ၀င်ကြေး၊ အားကစားကြေး၊ စာ ကြည့်တိုက်ကြေးစသည့် ကုန်ကျ စရိတ်များ နုတ်လိုက်လျှင်ပင်  အ စိုးရက ပေးမည့် ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ငွေကျပ်တစ် ထောင်နှင့် နှိုင်းယှဉ်လျှင်ပင် များ စွာ သာလွန်နေပါသေးသည်။ သို့ တိုင်အောင် ကျောင်းသားတစ် ယောက်အတွက် အခြားလိုအပ် ချက်များဖြစ်သည့် ကျောင်းဝတ်စုံ၊ လွယ်အိတ်၊ ထီး၊ ဖိနပ်၊ ထမင်း ဘူးစသည့် ကုန်ကျစရိတ်များအ တွက် မတတ်နိုင်၍ အချို့မိဘ များက ကျောင်းမထားတော့ပါဟု ဆိုသဖြင့် ကျောင်းသားဟောင်း များအဖွဲ့က ထိုကျောင်းသားများ အတွက် သီးခြားအလှူရှင်များ ရှာပေးခဲ့ရပါသည်။

အစိုးရက ထောက်ပံ့ခြင်း သည် ကျောင်းလာအပ်မည့် က လေးကိုသာ ထောက်ပံ့ခြင်းဖြစ် သည်။ အခြားလိုအပ်ချက်များကို ဖြည့်ဆည်းမပေးနိုင်သည့် မိဘ များ၏ ကလေးများက နဂိုက တည်းကပင် ကျောင်းသို့ ရောက် လာလိမ့်မည်မဟုတ်ချေ။ အ ကယ်၍ ဖိအားပေးပြီး အတင်း ကျောင်းအပ်ခိုင်းလျှင်လည်း ကျောင်းအပ်ရုံပဲ အပ်ပါလိမ့်မည်။ ကျောင်းကို မှန်မှန်ပို့ပေးလိမ့်မည် မဟုတ်ချေ။ ကျွန်တော်တို့ပတ် ၀န်းကျင်မှာ ဆင်းရဲလွန်း၍ သား သမီးများ၏ ပညာရေးကို လှည့်မ ကြည့်နိုင်သည့် မိဘတွေ အများ ကြီးရှိပါသည်။ အစိုးရက မူလ တန်းပညာရေးကို မသင်မနေရဟု ကြွေးကြော်နေသော်လည်း မူလ တန်းပြီးဆုံးအောင် ကျောင်းမနေ ဖူးသူ အများကြီးရှိနေပါသည်။

ဆိုင်ရာ တာဝန်ရှိသူများကို မေးချင်ပါသည်။ ယခုအလယ် တန်းအဆင့်အထိ အခမဲ့ပညာ ရေးစနစ်ဆောင်ရွက်နေကြောင်း နိုင်ငံတကာကို ပြချင်တာလား။ တကယ်ပဲ ကိုယ့်နိုင်ငံသားတိုင်း အလယ်တန်းပညာသင်ကြားခွင့် ရစေချင်တာလား။ နိုင်ငံတကာ ကို ပြချင်ရုံသက်သက်ဆိုလျှင် တော့ ယခုစနစ်အပေါ် ဘာမျှဝေ ဖန်ဆွေးနွေးရန်မရှိပါ။ ကိုယ့်နိုင်ငံ သားတိုင်း အလယ်တန်းအဆင့် အထိ ပညာသင်ကြားခွင့်ရစေချင် တာဆိုလျှင်တော့ ယခုအကောင် အထည်ဖော်သော စနစ်သည် အောင်မြင်မှုမရနိုင်ဟုဘဲ ဆိုရပါ မည်။ အကြောင်းမှာ အချို့သော ကျောင်းသားများအတွက် ပြဋ္ဌာန်း စာအုပ်ဖိုး၊ ဗလာစာအုပ်ဖိုးသည် သူတို့တစ်နေ့တာ ဂိမ်းဆိုင်မှာ ဖြုန်း ပစ်သည့် ငွေပမာဏမျှလောက် ပင် မရှိချေ။ ငွေတစ်ထောင်ဟူ သည် အချို့သော ကျောင်းသား များ၏ တစ်နေ့ရသည့် မုန့်ဖိုးမျှ ပင် မရှိချေ။ ဤသို့သော ကျောင်း သားများအတွက် အခမဲ့ပညာ သင်ခွင့်ရခြင်းသည် ဘာမျှ မထူး ခြားနိုင်သည့် ကိစ္စဖြစ်သည်။

သို့သော် အချို့သော ကျောင်း သားများမှာတော့ ပြဋ္ဌာန်းစာအုပ်  အသစ်ဖိုး မတတ်နိုင်၍ ပြဋ္ဌာန်းစာ အုပ်အဟောင်း ၀ယ်ကိုင်ရသူများ ပင်ရှိသည်။ အချို့ကျောင်းသား များ နေ့တိုင်း ကျောင်းတက်နေ သော်လည်း ဘာမုန့်ဖိုးမျှ ထည့်မ လာနိုင်ကြပေ။ ဤသို့သော  ကျောင်းသားများအတွက် အခမဲ့ ပညာသင်ခွင့်ရခြင်းသည် ကြီးမား လှသော ဆုလာဘ်ကြီးတစ်ခုပင် ဖြစ်ပေသည်။

သို့ဖြစ်ရာ ကျောင်းလာအပ် မည့် ကလေးများသာ ရနိုင်မည့် အခမဲ့ပညာရေးစနစ်အစား အမှန် တကယ် ဆင်းရဲနွမ်းပါး၍ ကျောင်း သို့ ရောက်မလာနိုင်သည့်ကလေး များပါ ပညာသင်ကြားခွင့်ရနိုင် သည့် ဆင်းရဲနွမ်းပါးသော ကလေး များအား ရွေးချယ်ထောက်ပံ့သည့် စနစ်ကို ကျင့်သုံးသင့်ပါသည်။ ချမ်းသာချမ်းသာ၊ ဆင်းရဲဆင်းရဲ ကျောင်းရောက်လာသည့် ကလေး များကိုသာ ထောက်ပံ့မည်ဆိုလျှင် တော့ ကျပ်ငွေ ခုနစ်ဘီလီယံ ကုန် ရကျိုးနပ်မည်မဟုတ်ပေ။ ဟိုတစ် အချိန်က ဆေးရုံများတွင် ချိတ်ဆွဲ ထားလေ့ရှိသည့် ‘‘စရိတ်မျှပေး ကျန်းမာရေး’’ ဟူသည့် ဆောင် ပုဒ်လို ‘‘စရိတ်မျှပေး ပညာရေး’’ စနစ်ကို ကျင့်သုံးလျက် ချမ်းသာ သော မိဘများ၏ သားသမီးများ ထံမှ ပြဋ္ဌာန်းစာအုပ်ဖိုး၊ ဗလာစာ အုပ်ဖိုးမှအစ ကျောင်းဝင်ကြေး၊ အားကစားကြေး၊ စာကြည့်တိုက် ကြေး စသည်များကို ကောက်ခံ။ ဆင်းရဲနွမ်းပါးသော ကျောင်းသား များကို ယခုထက်ပို၍ ထောက်ပံ့ ပေးနိုင်လျှင် ကျွန်တော်တို့ နိုင်ငံ သားတိုင်း အလယ်တန်းအဆင့်အ ထိ ပညာင်ကြားခွင့် ရနိုင်ကြမည် ဖြစ်ပါသည်။

ထိုသို့မဟုတ်လျှင်ကား မဟာဒုက္ခ တွင်းဆုံးကျနေသူများကိုအခမဲ့ပညာရေးစနစ်က ကျောင်းခန်းထဲ ရောက်လာအောင် စွမ်းဆောင်ပေးနိုင်လိမ့်မည်ဟု ကျွန်တော်တို့ မျှော်လင့်၍ ရနိုင်မည်လား။ ငွေရောင်ပိတ်ကားပေါ်တွင်သာ ဆက်၍ ရှုစားကြရပေမည်။


မင်းသန်းထိုက်(ဒေးဒရဲ)

7day daily