လီဗာပူးလ်နှင့် မန်စီးတီးတိုက်စစ်မှူးဟောင်း ဘယ်လာမီ ကစားသမားဘ၀မှ အနားယူ

ပို့စ်တင်ချိန် - 5/25/2014 10:20:00 AM


လီဗာပူးလ်နှင့် မန်စီးတီးတိုက်စစ်မှူးဟောင်း ဘယ်ဘာမီ က ၎င်း အနေဖြင့် ကစားသမားဘ၀မှ အနားယူပြီ ဖြစ်ကြောင်း တရားဝင် ထုတ်ဖော် ကြေညာမှု ပြုလုပ်သွားခဲ့သည်။ အသက် (၃၄) နှစ် အရွယ်ရှိ ဘယ်လ်လာမီ သည် ကာဒစ်ဖ်အသင်းနှင့် အတူ ကစားသမားဘ၀ ဖြတ်သန်းရင်း အနားယူ သွားခဲ့ခြင်းဖြစ်ပြီး ၎င်းအား အင်္ဂလန် အပါအ၀င် အခြားပြည်ပအခြေစိုက် လိဂ်အချို့မှ လာရောက် ကစားရန် ကမ်းလှမ်းမှုများ ရှိနေသော်လည်း ခန္ဓာကိုယ် က အနားယူရန်တွန်းအားပေးခဲ့ခြင်းကြောင့်ယခုကဲ့သို့ ဆုံးဖြတ်လိုက်ရခြင်း ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ဘယ်လာမီသည်၎င်း၏ ပရော်ဖက်ရှင်နယ် ကစားသမား ဘ၀ ကို (၁၉၉၇) ခုနှစ် က နောဝှစ်ခ်ျ အသင်းနှင့် အတူ စတင်ခဲ့ခြင်းဖြစ်ပြီး နယူးကာဆယ်၊ လီဗာပူးလ်၊ မန်စီးတီး၊ ကိုဗင်ထရီ၊ ဆဲလ်တစ်၊ ဘလက်ဘန်း၊ ၀က်စ်ဟမ်းနှင့် ကာဒစ်ဖ် အသင်း တို့တွင်လည်း ကစားခဲ့သူဖြစ်သည်။

ဘယ်လာမီက ကျွန်တော် လွန်ခဲ့တဲ့ နှစ်နှစ်လောက် ကတည်းက ကစားသမားဘ၀က အနားယူဖို့ ဆုံးဖြတ် ထားခဲ့တာပါ။ ဒါပေမယ့် လက်တွေ့မှာတော့ ဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ အရမ်းကို ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်ခန္ဓာကိုယ် က အမိန့်ပေးနေမှုကို မလွန်ဆန်နိုင်တော့တဲ့ အဆုံးအခုလို လုပ်ဖို့ ဆုံးဖြတ်လိုက်ရတာပါ။ နောက်ဆုံး နှစ်တွေ အတွင်းမှာ ကျွန်တော်ဒဏ်ရာ ပြဿနာမျိုးစုံနဲ့ ရုန်းကန်ခဲ့ရတယ်။ ဘယ်လိုမှ အနားမယူလို့ မဖြစ်တော့တဲ့ အခြေအနေကို ရောက်လာတဲ့ အထိပါပဲ။ ဒီနေရာကနေ ကစားသမားဘ၀ တစ်လျှောက် ကျွန်တော့်ကိုအားပေး လာကြတဲ့ ပရိသတ်တွေကို နှုတ်ဆက်ကြောင်း ပြောချင်ပါတယ် ဟု ဖွင့်ဟသွားခဲ့သည်။



The Messenger's Sport News Detail
www.messengernewsjournal.com
messenger news journal