Android Pattern, Pin, Password, Gesture Lock တွေကို sms ပို့ပြီး Lock ဖြည်မယ် …

ပို့စ်တင်ချိန် - 5/25/2014 08:29:00 PM


ခုမိတ်ဆက်ပေးချင်တဲ့ Application လေးကတော့ SMS Bypass လို့ အမည်ပေးထားတဲ့ Lock ဖြည်တဲ့ apk လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် …

USB Debugging လဲ On ထားစရာမလိုပါဘူး … Gmail အကောင့်လဲဝင်ထားစရာမလိုပါဘူး … ဒါပေမဲ့ Root လုပ်ထားတဲ့ ဖုန်းဖြစ်ပြီး ဖုန်းမှာ SMS Bypass Application ကိုသွင်းထားဖို့တော့လိုပါတယ် … Play store မှာတော့ မြင်တဲ့အတိုင်းပါပဲ … MMAS မှာတော့ ဝယ်ပြီးအသုံးပြုလို့ … ပြန်လည်မျှဝေလိုက်ပါတယ် …

အသုံးပြုပုံလေး နဲနဲရှင်းပြပါမယ့်ခဗျာ …



၁။ ပထမဦးဆုံးအနေနဲ့ SMS Bypass ကို ဒေါင်းလုပ်ရယူပြီး Install လုပ်ပါ။ ပြီးလျှင် SMS Bypass ကိုဖွင့်ပါ။

၂။ SMS Bypass Service ကို On ပေးပါ။

၃။ Change preset keyword ကိုတစ်ချက်နှိပ်ပါ။ Old secret code မှာ ပထမဦးဆုံးအကြိမ်စသုံးတဲ့ users အတွက် ဘာမှဖြည့်စရာမလိုပါဘူး။ ဒါမှမဟုတ် မိမိကြိုက်ရာ ဂဏန်း ၄ လုံးဖြည့်လိုက်ပါ။ New Sercret code နဲ့ Confirm new secret code မှာတော့ မိမိ အသုံးပြုချင်တဲ့ Code ၄ လုံးကို ထည့်ပေးလိုက်ပါ။ ကျနော်ကတော့ 1234 လို့ပဲထည့်ပေးလိုက်တယ်။ ပြီးရင် Save secret code ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ။

၎။ ဒါဆို SMS Bypass ကိုစတင်အသုံးပြုလို့ရပါပြီ။ မိမိ ယခုလုပ်ဆောင်ချက်များ ကိုပြင်ဆင်ထားတဲ့ဖုန်းကို Lock Screen ဆိုသို့သွားထားပါ။ ထို့နောက် အခြားဖုန်းတလုံးမှ မိမိ SMS Bypass application သွင်းထားတဲ့ဖုန်းသို့ message ပို့ရပါမယ်။ Message ထဲမှာ ဘာထည့်ရိုက်ပေးရမလဲဆိုတော့ ” 1234 reset ” ဆိုတာလေးပဲထည့်ရိုက်ပြီး Regular sms ဖြင့် Send လိုက်ပါ။

၅။ SMS Bypass Application သွင်းထားသော Lock ရှီသည့်ဖုန်းမှာ Reboot ကြသွားပါလိမ့်မည်။ Reboot ပြန်တက်လာပါက Lock များရှီတော့မည်မဟုတ်ပါ။ အဆင်ပြေစွာအသုံးပြုနိုင်ကြပါစေ ….

MMAS