ရန်ကုန်တွင် ယာဉ်ကြောကျပ်တည်းမှု အဆိုးဆုံး ၇၉ နေရာရှိ

ပို့စ်တင်ချိန် - 5/25/2014 07:52:00 PM


ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မြေနီကုန်းမီးပွိုင့်တွင် ယာဉ်ကြောကျပ်တည်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

ရန်ကုန်မြို့တွင် ယာဉ် ကြောကျပ်တည်းမှု အများဆုံးနှင့် စည်းကမ်းမဲ့ယာဉ်မောင်းနှင်မှု အ များဆုံးနေရာမှာ မြို့တွင်းပိုင်း၌ ၇၉ နေရာရှိကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး ကြီး လင်းထွဋ်က ပြောသည်။

‘‘ကျွန်တော်တို့အဖွဲ့တွေထဲ က နယ်မြေတွေခွဲပြီး စစ်တမ်း ကောက်ယူချက်တွေအရ ဒီလို နယ်မြေ ၇၉ နေရာ သတ်မှတ်နိုင်ခဲ့ပါတယ်’’ ဟု ဒုရဲမှူးကြီးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းတပ်ဖွဲ့၏ စစ်တမ်းကောက်ယူချက်များအရ အဆိုပါ ၇၉ နေရာမှာ  ခရေပင်လမ်းဆုံ၊ ချော်တွင်းကုန်းလမ်းဆုံ၊ သမိုင်းလမ်းဆုံ၊ အောင်မင်္ဂလာ အဝေးပြေးအနီး၊ ဆရာစံလမ်းမ၊ ရန်ကင်း စင်တာ ရှေ့၊ ကမ္ဘာအေးဘုရားလမ်းပေါ် မှ စက်မှု ၁ လမ်းဆုံ၊ လေးထောင့် ကန်လမ်း၊ တာမွေ ဗလီထိပ်၊ တာ မွေငါးခွဆုံ၊ သုဓမ္မာ၊ ဝေဘာဂီအ နော်ရထာလမ်း အစရှိသော ရန် ကုန်မြို့၏ လမ်းဆုံလမ်းခွ ၇၉ နေရာကို ယာဉ်ကြောကျပ်တည်းမှုနေရာအဖြစ် သတ်မှတ်လိုက် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးက မေလ ၂၄ ရက်တွင် သတင်း ထုတ်ပြန်သည်။

အဆိုပါ နေရာများမှာ ယာဉ် ကြောကျပ်တည်းမှု အများဆုံးနေ ရာများဖြစ်သည့်အပြင် စည်းကမ်း မဲ့မောင်းနှင်မှု အများဆုံး နေရာ များအဖြစ် အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ စစ်တမ်းများအရ ခန့်မှန်းပြောဆိုသည်။

ထို့ကြောင့် အဆိုပါ ယာဉ် ကြောကျပ်တည်းမှု အများဆုံးနှင့် စည်းကမ်းမဲ့မောင်းနှင်အသုံးပြု နေသည့် နေရာ ၇၉ နေရာတွင် ဖမ်းဆီးရေးအဖွဲ့နှင့် လမ်းကြော ရှင်းသည့်အဖွဲ့ဟူပြီး အဖွဲ့နှစ်ဖွဲ့ခွဲ ကာ ပုံစံသစ်ဖြင့် ယာဉ်ထိန်းတပ် ဖွဲ့မှ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ဒုရဲမှူးကြီးလင်းထွဋ်က ဆက်လက်ပြောသည်။

လိုအပ်ပါက  ယာဉ်ထိန်းတပ်ဖွဲ့ဝင်များတွင်ရှိသည့် ဆိုင်ကယ်များဖြင့် ထွက်ပြေးတိမ်းရှောင်သည့် ယာဉ်များကို လိုက်လံဖမ်းဆီးမည်ဟုဆိုသည်။

‘‘ဘယ်လောက် လုပ်မယ် ပြောပြော ယာဉ်ထိန်းအင်အားက နေရာတိုင်းမှာ မထားနိုင်သရွေ့ ကားတွေက ပိတ်ဦးမှာပဲ။ ယာဉ် ထိန်းရဲအင်အား မလောက်ရင် နည်းပညာကို သုံးသင့်တယ်။ စည်းကမ်းဖောက်နေတဲ့ကားတွေ ကို နိုင်ငံခြားမှာလို CCTV တွေက နေ မှတ်သားဖမ်းဆီးတာတွေ လုပ် ပေါ့’’ ဟု အငှားယာဉ်မောင်း ဦး စောမြင့်က သုံးသပ်သည်။

ထို့ပြင် ရန်ကုန်တွင် ယာဉ် ကြော ပိတ်ဆို့မှုနှင့် စည်းကမ်းမဲ့မောင်းနှင်မှုများ ဖြစ်ပွားနေရခြင်းမှာ လက်ရှိ အသုံးပြုနေသည့် ယာဉ်လမ်းကြောင်းစနစ် အချို့ မှားယွင်းနေခြင်းအပြင် လိုင်စင်ရှိ ရုံ ကားတစ်စီးရှိရုံဖြင့် အတွေ့အ ကြုံနုနယ်သည့် ယာဉ်မောင်းများ မောင်းနှင်နေခြင်းကြောင့် ယခုကဲ့သို့ စည်းကမ်းမဲ့ဖြစ်ပွားနေရသည်ဟု အထက်ပါ အငှားယာဉ်မောင်းက  အကြံပြု  ပြောဆိုသည်။

ရန်ကုန်၏ ယာဉ်ကြောကို ရှင်းလင်းရန် ယာဉ်ထိန်းအင်အား ၈၈၃ ဦးသာရှိပြီး ရန်ကုန်တိုင်း စည်ပင်နယ်နိမိတ် ၃၁ မြို့နယ် တွင် တစ်မြို့နယ်လျှင် ၃၆ ဦးနှုန်း ဖြင့် တာဝန်ထမ်းဆောင်လျက်ရှိ သည်။

ရန်ကုန် စည်ပင်နယ်နိမိတ် ပြင်ပတွင်မူ နှစ်မြို့နယ်လျှင် ၃၆ ဦးဖြင့် အလှည့်ကျ တာဝန်ထမ်း ဆောင်လျက်ရှိသည်။

7day daily