Tupac Shakur နောက်ဆုံးပြောသွားတဲ့စကားဟာ ‘F*** you’ ဖြစ်ကြောင်း ရဲအရာရှိ ဖွင့်ဟ

ပို့စ်တင်ချိန် - 5/25/2014 08:30:00 PM




Angel on 2014-05-24 14:18    
Rapper Tupac Shakur ဟာ လွန်ခဲ့တဲ့ ၁၈ နှစ်တုန်းက Las Vegas Strip မှာ သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးခဲ့ရပါတယ်။ သေဆုံးချိန်မှာ Tupac ဟာ အသက် ၂၅ နှစ်အရွယ်သာ ရှိသေးပါတယ်။ အခင်းဖြစ်ပွားရာ နေရာကို ပထမဆုံးရောက်ရှိလာသူကတော့ ရဲအရာရှိ Chris Carroll ပါ။

Tupac ပါလာတဲ့ကားကို ဘေးကားကနေ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်သွားပြီးနောက် Carroll ဟာ သူ့  ကို ခရီးသည်ခုံကနေ ဆွဲထုတ်ခဲ့ရပါတယ်။ Carroll ဟာ ဘယ်သူ သေနတ်နဲ့ မင်းကိုပစ်သွားတာလဲလို့  Tupac ကိုမေးခဲ့ပေမယ့် Tupac က ပြန်မဖြေခဲ့ပါဘူး။

“ ကျွန်တော် သူ့ ကိုသေချာကြည့်ပြီးနောက်တစ်ခေါက်ထပ်မေးလိုက်တယ် - မင်းကိုဘယ်သူပစ်သွားတာလဲ”

“ သူ ကျွန်တော့်ကို ကြည့်ပြီး စကားပြောဖို့ အားယူလိုက်တယ်။ ပြီးတော့ သူ့ ပါးစပ်ကို ဟလိုက်တော့ ကျွန်တော် တော့ သူ့ ဆီက အတူပူးပေါင်းဆောင်ရွက်မှု ရတော့မယ်ထင်နေခဲ့တာ။ တကယ်တမ်း သူ့ ပါးစပ်က ထွက်လာတာကတော့ ‘ F*** you’ တဲ့” လို့ ရဲအရာရှိ Carroll က ပြန်ပြောကြားခဲ့ပါတယ်။

“ သူ့ ပါးစပ်ကနေ ဗလုံးဗထွေးတွေဖြစ်ပြီးတော့ သူ သတိမေ့သွားတယ်။ အဲဒီမှာ လူနာတင်ယာဉ် ပေါ်လာပါတယ်။ Tupac ကတော့ ဘာအသိစိတ်မှ မရှိတော့ပါဘူး။” လို့ Carroll က ထပ်လောင်းပြောကြား ခဲ့ပါတယ်။

Tupac ဟာ သေနတ်နဲ့ အပစ်ခံရပြီးနောက် ရက်အတော်ကြာ ဆေးရုံပေါ်မှာ အတွင်းသွေးယိုစိမ့်မှု ဝေဒနာတွေကြောင့် စက်တင်ဘာ ၁၃ ရက်နေ့ မှာ သေဆုံးသွားခဲ့ပါတယ်။

Ref: Metro.co.uk
trend myanmar