မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့မည် မဟုတ်ကြောင်း ရော်ဘင် ဆို

ပို့စ်တင်ချိန် - 5/25/2014 07:50:00 PM


နွေရာသီတွင် မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့မည် မဟုတ်ကြောင်းနှင့် ဘိုင်ယန်မြူးနစ်မှ ထွက်ခွာရန် အကြောင်းမရှိကြောင်း အာဂျန်ရော်ဘင်က ငြင်းဆိုပြောကြားခဲ့သည်။

နယ်သာလန် ကစားသမားသည် နည်းပြဟောင်း လူးဝစ်ဗန်ဂါးလ်နှင့် ပြန်လည်ဆုံဆည်းရန် အတွက် နွေရာသီတွင် အိုးထရတ်ဖို့ဒ်သို့ ပြောင်းရွှေ့ရန် ချိတ်ဆက်မှုများ ပြုလုပ်ခံခဲ့ရသည်။

အသက် ၃၀ နှစ်အရွယ် ကစားသမားက မိမိအနေဖြင့် ဘိုင်ယန်မြူးနစ်တွင် မပျော်ရွှင်တော့ကြောင့် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် လမ်းဖွင့်ပေးထားသော်လည်း မြူးနစ်တွင် နေထိုင်ရသည့် ဘဝကို သဘောကျ နှစ်သက်ကြောင်း ဆိုခဲ့သည်။

“မန်ချက်စတာယူနိုက်တက်က ကျွန်တော့်အတွက် ရွေးချယ်စရာ အသင်းတစ်ခု မဟုတ်ပါဘူး။ ကျွန်တော် ဘိုင်ယန်မြူးနစ်မှာပဲ ဆက်နေသွားမှာပါ။ ဘိုင်ယန်ကလည်း ကျွန်တော့်ကို ရောင်းချဖို့ ဆန္ဒမရှိဘူးလို့ ထင်ပါတယ်။ အသင်းမှာ မပျော်ရွှင်ခဲ့ဘူး ဆိုပေမယ့် အသင်းနဲ့အတူ စာချုပ်သစ် ချုပ်ဆိုပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်သွားချင်ပါတယ်။ ဗန်ဂါးလ်က ကျွန်တော့် ကစားသမားဘဝ အတွက် အရမ်းကို အရေးပါခဲ့သူပါ။ သူနဲ့ ပြန်လည်လက်တွဲဖို့ အခွင့်အရေးရှိတယ် ဆိုပေမယ့် လက်ရှိအသင်းမှာ ကျွန်တော် အရမ်းပျော်နေပါတယ်” ဟု ရော်ဘင်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး ၎င်းက “ဗန်ဂါးလ်နဲ့ ဂွာဒီယိုလာက ကျွန်တော် လက်တွဲခဲ့ဖူးသမျှ နည်းပြတွေထဲမှာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါကြောင့် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အခွင့်အရေးက သုည ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဗန်ဂါးလ်ကို မန်နေဂျာ ခန့်အပ်ခဲ့တာကတော့ ယူနိုက်တက်အတွက် အကောင်းဆုံး လုပ်ရပ်တစ်ခုပါပဲ” ဟု ပြောကြားသွားခဲ့သည်။

soccer myanmar