ရန်ကုန်တွင် တစ်ရက်တည်း ငါးဦး မိုးကြိုးထိမှန် နှစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 5/25/2014 07:52:00 PM



မေလ ၂၃ရက် တစ်ရက် တည်းတွင် ရန်ကုန်မြို့၌ အမျိုးသားငါးဦးမိုးကြိုးထိမှန်ပြီး ၎င်းတို့အနက်   နှစ်ဦးသေဆုံးသွားကြောင်း  ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မှော်ဘီမြို့နယ်အတွင်း အ မျိုးသား လေးဦးထိမှန်ခဲ့ပြီးတစ်ဦး သေဆုံးသွားခဲ့သည်။ ၎င်းတို့လေးဦးသည် ဖူးကြီးကျေးရွာမှ လက်ပံ တန်းစုကျေးရွာသို့ လမ်းလျှောက် သွားစဉ်မိုးသည်းထန်စွာရွာသွန်းပြီး  မိုးကြိုးပစ်ရာတစ်ဦးမှာ  မိုး ကြိုးထိမှန်ခဲ့၍ ပွဲချင်းပြီးသေဆုံးခဲ့ သည်။ ထိုနေရာရှိ ကျန်အမျိုးသားသုံးဦးမှာ  လျှပ်စီးစက်ကွင်းမိ၍ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

ထို့အပြင် ဒလမြို့နယ် ညောင်ချောင်းကျေးရွာတွင်လည်းမေလ ၂၃ရက် နံနက်က လယ်ကွင်းအတွင်း အမျိုးသားတစ်ဦးလယ်ထွန်နေစဉ် နွားကိုမိုးကြိုးပစ်ချရာမှ စက်ကွင်းမလွတ်၍ လူကိုပါထိမှန်သွားပြီး သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သက် ဆိုင်ရာ မြို့နယ်ရဲစခန်းတို့တွင် သေမှုသေခင်းအမှုဖွင့်ကာအရေး ယူဆောင်ရွက်စစ်ဆေးလျက်ရှိ သည်။

အေးမြတ်သူ
7day daily