အသက် ၆၀ မှ အသက် ၂၀ သို့ ပြန်လည်နုပျိုလာတော့မည်လော

ပို့စ်တင်ချိန် - 5/25/2014 07:20:00 AM



အမေရိကန်နိုင်ငံမှ လေ့လာမှုတစ်ခုက အသက်အရွယ်ကြီးရင့်လာမှုဖြစ်စဉ်အား ပြောင်းပြန်ပြန်ကာ နုပျိုသွားစေမည့်ဓာတုပစ္စည်း တစ်မျိုးအား ကြွက်များတွင် အောင်မြင်စွာစမ်းသပ်ပြနိုင်ခဲ့သည်။ လူများ၏ခန္ဓာကိုယ်ထဲတွင် NAD ဟုခေါ် သည့်ဓာတုပစ္စည်းမှာ မွေးစဉ်ထဲကပါလာပြီး အရွယ်ကြီးလာလေ ယင်း ဓာတုပစ္စည်းပမာဏ ကျလာလေဖြစ်ကာ စွမ်းအင်ထုတ်လုပ်မှုကို လျော့ကျစေပြီး အသက်အရွယ်ကြီးရင့်မှုအား ဖြစ်ပေါ်စေသည်။ လေ့လာမှုတွင် အသက် ၂ နှစ် အရွယ်ရှိ ကြွက်အား ဓာတုပစ္စည်းတစ်မျိုးကို ထိုးသွင်းပေးခဲ့ရာ ကြွက်၏ခန္ဓာကိုယ်မှ ယင်းဓာတုပစ္စည်းများအား NAD အဖြစ်သို့ ပြောင်းပေးပြီး ရလဒ်အားဖြင့် ယင်းကြွက်၏ ကြွက်သားများမှာ အသက် ၂ နှစ် အရွယ်မှ အသက် ၆ လအရွယ်ကြွက်သားများကဲ့သို့ ဆေးသွင်းပြီး ၁ပတ်ကြာလာသောအခါ ပြန်လည်နုပျိုလာကြောင်း တွေ့ခဲ့ရသည်။ လူသားများတွင် စမ်းသပ်ရန်မူ ၂၀၁၅တွင် စမ်းသပ်ရန်စီစဉ်ထားပြီး အကယ်၍ ယင်းကုသမှုအောင်မြင်ခဲ့ပါက အသက် ၆၀အရွယ်ရှိသူ တစ်ဦး၏ ကြွက်သားများအား အသက် ၂၀ အရွယ်ကြွက်သားများကဲ့သို့ ပြန်လည်သန်စွမ်းလာစေမည်ဟု အမေရိကန်မှ သိပံ္ပပညာရှင်များက ဖော်ပြခဲ့ကြသည်။
ဖိုးသောကြာ
ref:Netdoctor.co.uk
Health Updates Journal