စိတ်ချလိုက်စမ်းပါ - ဟာသ



နိုင်ငံတော် အကြီးအကဲကြီး နာမကျန်းဖြစ်နေရာ သေခါနီးဆဲဆဲအချိန်တွင်
ကာချုပ်ကို ခေါ်လိုက်သည်။
“ငါ့နိုင်ငံတော် အနာဂတ်အရေးအတွက် ငါ စိတ်ပူနေတယ်ကွာ၊ ငါမရှိတော့ရင်
ကျန်တဲ့သူတွေ မင်းလက်အောက်မှာ မင်းစကားကို နားထောင်ပါ့မလား”
“နားထောင်မှာပါ ခေါင်းဆောင်ကြီး၊ ကျွန်တော့်နောက်လိုက်တွေ ဖြစ်စေရပါမယ်။ စိတ်ချပါ”
“ငါလည်း အဲလိုပဲ မျှော်လင့်ပါတယ်ကွာ၊ ဒါထက် မင်းစကားကို နားမထောင်ရင်
မင်းဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲကွ”
“ကျွန်တော့်နောက်လိုက် မလုပ်နိုင်ဘူးဆိုရင် ခေါင်းဆောင်ကြီးရဲ့နောက်ကို
လိုက်လာအောင် ကျွန်တော်လုပ်ပေး လိုက်ပါ့မယ်”

ရဲစတိုင်း

The Myanma Age

အိမ်ရှင်မများအတွက် သက်စောင့်ဆေးတစ်လက်



မိန်မများ ယောက်ျားယူကြခြင်းမှာ ချစ်တာကို အခြေခံသည်ဟု ဆိုသော်လည်း အားကိုးအားထားပြုချင် သောကြောင့် ယူကြခြင်းဖြစ်ပါသည်။
မိန်မများသည် အိမ်ထောင်ရှင်မဖြစ်လာသောအခါ သတ္တိအလွန်ကောင်းကြ၏။ အလွန်လှချင်ကြသည်။ ရင်ကလေးချီးချီး-ခါးကလေးကျဉ်ကျဉ်နှင့်။ ဘယ်ယိမ်းညာယိမ်းဖြင့် မိမိအလှကို အရိပ်တကြည့်ကြည့် လုပ်နေသူများဖြစ်၏။

သို့သော် ယောက်ျားရ၍ ဝမ်းတိုက်ကြာ၌ ကိုယ်ဝန်ရှိလာသောအခါ သူတို့သည် အလွန်ဝမ်းသာကြ၏။ ကိုယ်ဝန်ရင့်၍ ဗိုက်ကြီးတငေါ့ငေါ့ဖြင့် သွားရလာရ အနေအထိုင်မပေါ့မပါး ဖြစ်သော်လည်း ပျော်နေကြ၏။ ဝမ်းတိုက်ကြာမှ ကလေးငယ်-လစေ့၍အပြင်သို့ မွေးဖွားရသောအလုပ်သည် လွယ်လှသည် မဟုတ်။ နာကျင်မှုဝေဒနာအပြင်းအထန်ဖြစ်ပါ၏။ အပြင်ရောက်လာသော ရင်သွေးငယ်ကို ကြည့်၍ ပြုံးရယ်နိုင် ၏။

ထိုအိမ်ရှင်မများသည် နံနက်မိုးလင်းသည်မှ မိုးချုပ်နေဝင်အိမ်ထောင်သည်အထိ သူတို့မနားကြရ။ အိပ်ရာခင်းကလေးတွေ ဖြူစင်နေအောင်စီမံရ၏။ တစ်အိမ်လုံးအတွက် စားရေး၊ သောက်ရေး၊ ဝတ်ရေးစီမံရ သည်။ မိမိနေထိုင်သည့် အိမ်ကလေး သန့်ရှင်းအောင်အမြဲလုပ်နေရ၏၊ HOME SWEET HOME “မိမိအိမ်မှာ မွေ့လျော်ရာ” ဟူသောစိတ်ထား သူတို့မှာ အမြဲထားရှိ၏။ မိမိခင်ပွန်း အလုပ်ခွင်မှ ပြန်လာသော် မိမိကိုလှလှပပ မြင်စေရန် အလုပ်များသည့်ကြားက ရေးမိုးချိုး သနပ်ခါးလိမ်း အလှပြင်ရ၏။

ထိုအိမ်ရှင်မများသည် မီးဖိုနားမှာ အမြဲအလုပ်လုပ်နေကြရ၍ မီးပူမိသည်လည်းရှိသည်။ အဝတ်အစားများ မီးပူတိုက်ရ၏။ မီးပူတိုက်ပြီး ပန်းကန်ဆေးရ၏။ အဝတ်လျှော်ရ၏။ ငယ်တုန်းအရွယ်ကောင်းတုန်း မသိသာလှသော်လည်း အသက် ၄၀ ကျော်လာသောအခါ ဝေဒနာအမျိုးမျိုးရတော့သည်။

အိမ်ရှင်မများသည် အိပ်ရေးဝဝ မအိမ်ကြရ။ အလုပ်မအား၍ ဆီးဝမ်းအောင့်ထားရာမှ ဝမ်းချုပ် လေချုပ်ကြရပြန် ၏။ မိမိ ပင်ပန်းနွမ်းနယ်သည်ကို သက်သာစိမ့်သောငှာ ပန်ကာလေခံ၏။ ရေအေးအေးလေးချိုးပြီး အေးပေ့ ချိုပေ့အစာကလေးတွေ စားမိသောအခါ သွေးတိုးရောဂါဖြစ်ကြရ၏။

ထိုသို့ဖြစ်ခဲ့သော် အကောင်းဆုံးနှင့် အလွယ်ကူဆုံး ဆေးကတော့ ကွမ်းရွက်သုံးရွက်နှင့် ထန်းလျက်တစ်လုံး၊ ရေအချို ပန်းကန်သုံးလုံးခန့်ထည့်၍ပြုတ်ပါ။ ထိုပြုရည်ကို အချိုပန်းကန်တစ်ဝက်သာသာ ထည့်ပြီး သောက်ပေးပါ။ အဝတ်ထူထူဝတ်ပြီး လေလုံသောနေရာတွင် နေလိုက်ပါ။ ကွမ်းရွက်ကို အရည်ညှစ်၍ မျက်စဉ်းခပ်လိုက ခပ်နိုင်သေး၏။ ချွေးများထွက်လာသော် အဝတ်နှင့်သုတ်၍ ရေနွေးသောက်ပေးပါ။ ထိုနေ့ရေမထိပါနှင့်။

အိမ်ရှင်မများအတွက် သက်စောင့်သွေးဆေး

ဤဆေးသည် နိုင်ငံတော်အစိုးရတိုင်းရင်းဆေးကုဌာနများ၌ထားရှိသော သွေးဆေးဖြစ်ပါသည်။ တိုင်းရင်းဆေး အမှတ် (၁၇)သွေးဆေးနီကြီးဆိုပါက တိုင်းရင်းဆေးဆရာများ သိကြပါသည်။ ထိုဆေးသည် ရှေးက သမားတော်ကြီးများ ရွှေနန်းတွင်သုံး ဆေးကောင်းတစ်လက်ဖြစ်ပါသည်။ ကုန်းဘောင်ခတ် ဆင်ဖြူရှင်မင်း လက်ထက် ခွေးဆောင်နန်းစဉ်ကုထုံး ကျမ်းတွင်လည်းကောင်း၊ သက္ကရာဇ် ၁၉၉၉-နှစ်၊ နန်းတက်သော သာယာဝတီမင်းလက်ထက်တွင် ရေးသားထားသော “နယမာလာ” ဆေးကျမ်း တွင်လည်းကောင်း ပါရှိသောဆေး ဖြစ်ပါသည်။

ဆေးနည်းမှာ

၁။ ဇာတ်ပ္ဖိုလ်သီး - ၁ ကျပ်သား

၂။ လေးညှင်း - ၁ ကျပ်သား

၃။ ကြစု - ၁ ကျပ်သား

၎။ ပန်းနု - ၁ ကျပ်သား

၅။ ပန်းမ - ၁ ကျပ်သား

၆။ ကတ္တရသင်္ချေ - ၁ ကျပ်သား

၇။ နံ့သာဖြူ - ၁ ကျပ်သား

၈။ နံ့သာနီ - ၁ ကျပ်သား

၉။ ဖာလာငယ် - ၁ ကျပ်သား

၁၀။ ကတ်ဖို - ၁ ကျပ်သား

၁၁။ နွယ်ချို - ၁ ကျပ်သား

၁၂။ ဆောင်းမေခါး - ၁ ကျပ်သား

၁၃။ ကြံ့သွေး - ၁ ကျပ်သား

၁၄။ ဆေးပုဇွန်ထုပ် - ၁ ကျပ်သား

၁၅။ ပရုတ် - ၁ ကျပ်သား

၁၆။ ဖုံးမသိန် - ၁ ကျပ်သား

၁၇။ သိန္ဓော - ၁ ကျပ်သား

၁၈။ ပဒုမ္မာကြာဝတ်ဆံ - ၁ ကျပ်သား

၁၉။ ကြာသီးဆံ - ၁ ကျပ်သား

၂၀။ ကံကော်ဝတ်ဆံ - ၁ ကျပ်သား

စုစုပေါင်းအလေးချိန် -၂၀ ကျပ်သား၊

စုစုပေါင်းအရသာ -ပူ ခါး စပ်

ဆေးအကျိုးကား

အအေးမိ၍ ဖျားခြင်း၊ မီးယပ်သွေးချုပ်၊ မီးယပ်သွေးငုတ်ခြင်းတို့ကို ကွမ်းရွက်ပြုတ်ရည်နှင့် ဆေးကွမ်းသီး တစ်ခြမ်းခန့် သောက်ပေးပါ။ မီးယပ်သွေးတက်ခြင်း၊ သွေးတိုးရောဂါတို့အတွက် ဆေးတစ်ဆ သကြားသုံးဆရော၍ သောက်ပါ။ ဆီးချိုးရောဂါဖြစ်လျှင် သွေးဆေးချည်း ရေနွေးပူပူနှင့်သောက်ပေးပါ။ ဝမ်းပျက်၊ ဝမ်းဖော၊ ဝမ်းရောင်လျှင် သွေးဆေးကွမ်းသီးတစ်ခြမ်းခန့်ကို ရေနွေးပူပူနှင့်သောက်ပေးပါ။
မီးယပ်သွေးမမှန်၍ အသားအရေညိုညစ်ညစ်ဖြစ်နေလျှင် တစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးပါ။ မူးဝေလျှင် ဆေးကိုရှုပေးပါ။ အိမ်ရှင်မများအတွက် သက်စောင့်ဆေးကောင်းတစ်လက်ဖြစ်ပါကြောင်း။

(မှတ်ချက်။ မကွေးဝင်းမြင့် ရေးသားသည့် ဆေးသမုဒ္ဒရာ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။)


MOI Webportal Myanmar

ရထားလမ်းဖောက်လုပ်မှုကြောင့် မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း မှ ပယ်ဖျက်ခံရနိုင်



သူသူထက်လွင် ၊ ရန်ကုန်၊

ရခိုင်ပြည်နယ်တွင်ဖောက် လုပ်မည့်မီးရထားလမ်းသည် မြောက် ဦးယဉ်ကျေးမှုဇုန်နှင့်လွတ်အောင် ဖောက် မှသာ ရှေးဟောင်းအမွေအနှစ်ထိန်း သိမ်းရေးဥပဒေကိုလိုက်နာရာရောက် မည်ဖြစ်ပြီး အချိန်မီမထိန်းသိမ်းနိုင်ပါ က မြောက်ဦးဒေသအား ကမ္ဘာ့အမွေ အနှစ်စာရင်းမှပယ်ဖျက်ခံရနိုင်ကြောင်း သိရသည်။

အဆိုပါမြောက်ဦးဒေသသည် အာရှဒေသယဉ်ကျေးမှုအမွေအနှစ် ထွန်းကားရာ စိုးရိမ်ရဆုံးနေရာ ၁ဝ နေ ရာအနက် ပဉ္စမအဆင့်တွင်ပါဝင်နေ ကာ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်း ရန်ရည်ရွယ်ထားသောဒေသတစ်ခု လည်းဖြစ်သည်။

''အာရှမှာ အစိုးရိမ်ရဆုံးနေရာ မှာ မြောက်ဦးက ပဉ္စမနေရာမှာပါတယ်။ အမွေအနှစ်တွေကိုမထိန်းသိမ်းဘဲ မီး ရထားလမ်းဖောက်မယ်ဆိုရင် ကမ္ဘာ့ အမွေအနှစ်စာရင်းက ပယ်ဖျက်နိုင်တယ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနက မြောက်ဦးမှာ ယဉ်ကျေး မှုဇုန် (၁၊ ၂၊ ၃)နဲ့လွဲအောင် ဖောက်ပေး ရမယ်။ အဲဒီလိုဆိုရင် ယဉ်ကျေးမှုထိန်း သိမ်းရာရောက်တယ်။ သူတို့က ဥပဒေ နဲ့ဇုန်တွေသတ်မှတ်ပေးထားတယ်။ ဇုန် ကနေလွတ်တဲ့နေရာမှာ ဖောက်တယ် ဆိုရင် ရှေးဟောင်းသုတေသနဥပဒေ ကိုလိုက်နာရာလဲရောက်တယ်''ဟု မြောက် ဦးမဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်က ပြော သည်။

ရှေးဟောင်းသုတေသနမှ ထုတ် ပြန်ထားသော ရှေးဟောင်းယဉ်ကျေး မှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက် ရေးဥပဒေတွင် ယဉ်ကျေးမှုဇုန်အတွင်း ယဉ်ကျေးမှုအမွေအနှစ်များကိုထိခိုက် စေမည့်အရာများကို ပြုလုပ်သူမည်သူ မဆိုအရေးယူနိုင်ကြောင်း သိ သည်။

''၁၉၉၈ ခုနှစ်ပြဋ္ဌာန်းထားတဲ့ ဥပ ဒေမှာ မည်သူမဆို ဆိုတာပါတယ်။ ယဉ် ကျေးမှုအမွေအနှစ်ကို ထိခိုက်အောင် လုပ်တဲ့သူ မည်သူမဆို တရားစွဲဆို အ ရေးယူနိုင်တယ်။ အရင်ပြဋ္ဌာန်းထားတဲ့ ဥပဒေမှာလို သမ္မတ၊ ညွှန်ချုပ်၊ ဌာန တွေကို ကာကွယ်ပေးထားတာမရှိဘူး''ဟု ရှေးဟောင်းသုတေသနပညာရှင် တစ်ဦးကပြောသည်။

မီးရထားဖောက်လုပ်ခြင်းကြောင့် ယဉ်ကျေးမှုနေရာများ ဆုံးရှုံးခဲ့ရပြီး မြောက်ဦးဒေသခံများ၏ ကန့်ကွက်မှု ကြောင့် လက်ရှိအခြေအနေတွင် မီးရ ထားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း များကို ရပ်ဆိုင်းထားသည်။

''မီးရထားလမ်းဖောက်လို့ ယဉ် ကျေးမှုနေရာ ၇ နေရာဆုံးရှုံးခဲ့ရတယ်။ ဆက်ဖောက်ရင် ၂၇ နေရာဆုံးရှုံးမယ်။ အဲဒီတော့ ဒေသခံလူထုက ကန့်ကွက် ကြလို့ရပ်တယ်။ ပြီးတော့ ပြန်လုပ်လို့ လူထုက ထပ်ကန့်ကွက်တယ်။ ရှေးသု က ညွှန်ချုပ်ကလာလေ့လာပြီး အသက် သာဆုံးလမ်းကြောင်းလေးခုကို ရွေး ချယ်ပေးခဲ့တယ်။ အခုတော့ မီးရထား လမ်းဖောက်တာ ရပ်ထားပါတယ်။ မီးရထားလမ်းဆိုတာ ပိုက်ဆံချမ်း သာရင် အချိန်မရွေးဖောက်နိုင် တယ်။ ယဉ်ကျေးမှုအမွေအနှစ်တွေက ပျက်စီးသွားရင် အသစ်ပြန်မဖြစ်တော့ ဘူး။ မီးရထားလမ်းရဲ့တုန်လှုပ်မှုဒဏ် ကြောင့် ကိုးသောင်းပုထိုးပျက်နိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ဒီယဉ်ကျေး မှုအမွေအနှစ်တွေက ရခိုင်တိုင်းရင်း သားတွေသာမကဘူး တစ်မျိုးသားလုံး နဲ့ သက်ဆိုင်နေပါတယ်''ဟု ဦးကျော် ကျော်က ဆက်လက်ပြောသည်။

အဆိုပါရထားလမ်းသည် ဒေသ ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ဖောက်လုပ် ခြင်းဖြစ်ပြီး မြောက်ဦးယဉ်ကျေးမှုဇုန်မှ လွတ်အောင်ဖောက်လုပ်နိုင်ပါက ဒေသ ဖွံ့ဖြိုးတိုးတက်ခြင်းအပြင် ယဉ်ကျေးမှု အမွေအနှစ်များကိုလည်း ထိန်းသိမ်းရာ ရောက်မည်ဖြစ်သည်။

ရခိုင်မြောက်ဦးခေတ်သည် အေ ဒီ ၁၄၃ဝခုနှစ် (အေဒီ၁၄ရာစု)မှ အေဒီ ၁၇၈၄ (အေဒီ၁၇ရာစုထိ)အထိနှင့် ကြာ မြင့်ခဲ့ပြီး ယူနက်စကို၏ ကမ္ဘာ့အမွေ အနှစ်စာရင်းတင်သွင်းရန် စိတ်ဝင်စား ရာဒေသတစ်ခုဖြစ်ကြောင်း ယဉ်ကျေး မှုဝန်ကြီးဌာနမှ သိရသည်။

ရခိုင်မြို့ဟောင်းနှင့်ပတ်သက်၍ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးအေးမြင့်ကြူက ''မြောက် ဦးက သမိုင်းအစဉ်အလာအားဖြင့် မင်း နေပြည်တော်ဖြစ်တယ်။ ယူနက်စကို မှာ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်း ဖို့ဆိုရင် သမိုင်းအထောက်အထားရှိမှု ထည်ထည်ဝါဝါရှိတဲ့နေရာတွေကိုရွေး ချယ်ပြီး တင်ဖို့ရှိပါတယ်''ဟု သုံးသပ် ထားကြောင်း သိရသည်။



Yangon Media Group

Body hair တလွဲဆံပင်ကောင်းသူများ



(၁) ကျွန်တော့်မှာ နှုတ်ခမ်းမွှေး ကျဲကျဲနဲ့ မုတ်ဆိတ်မွှေးကျဲကျဲရှိပါတယ်။ ပါးသိုင်းမွှေးထူထူ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးလှလှ ပေါက်ချင်လို့ပါ။ ဘယ်လိုကုသရမလဲပြောကြားပေးပါ။
(၂) ဆရာခင်ဗျား ကျွန်တော့ အသက် ၃၅ နှစ်ရှိပါပြီ၊ နှုတ်ခမ်းမွေး ကျိုးတို့ကျဲတဲသာ ပေါက်ပါတယ်။ အဲဒါ နှုတ်ခမ်းမွေး သန်သန်မာမာပေါက်ချင်လို့ပါ။ ဘာလုပ်ရမလဲခင်ဗျာ။
(၃) ကျွန်တော်တို့ လူသားများရဲ့ခန္ဓာကိုယ် အချို့နေရာတွေမှာ အမွေးအမှင် ထူထဲစွာ ပေါက်ရောက်ပေမယ့် အချို့ နေရာ တွေမှာကျတော့ မပေါက်ပါဘူး။ အဲဒါဘာကြောင့်ပါလဲ။ နောက်ပြီးအချို့ အမွေးတွေဟာ အချို့ပေါက်ပေမယ့် အချို့ လူတွေမှာတော့ မပေါက်ပြန်ဘူး။ ဘယ်လိုအမွေးတွေဟာ လူတိုင်း ပေါက်ရောက်ပြီး ဘယ်အမွေးတွေ မပေါက်ပါသလဲ။ လူတစ်ယောက်မှာ အမွေးအမှင်ဟာ ပဓာနကျပါသလား။

လူတွေမှာ Hair ဆံပင်၊ Vellus hair ကိုယ်မွေးနု၊ ထူးခြားတဲ့အမွေးတွေဆိုပြီး သုံးမျိုး သုံးစားရှိတယ်။ ပါးစပ်-နုတ်ခမ်း၊ လက်ဖဝါး-ခြေဖဝါး၊ နားနောက်၊ ချက်၊ လိင်အင်္ဂါနေရာတချို့နဲ့ အမာရွတ်နေရာတွေက လွဲရင် အဲဒီအမွေး သုံးမျိုးထဲက တမျိုးမျိုး ပေါက်နေတယ်။ အထူအပါးတော့ မတူခြားနားကြတယ်။ အရွယ်ရောက်ချိန်လောက်စပြီး ကိုယ်ခန္ဓာမှာ ပေါက်လာတဲ့ အမွေးတွေကို Body hair လို့ခေါ်သလို Androgens ဆိုတဲ့ ကျားဟော်မုန်းနဲ့ ဆက်စပ်နေလို့ Androgenic hair လို့လဲ ခေါ်တယ်။ ဒီဟော်မုန်းက ကျားရော မပါ ရှိပေမဲ့ ယောက်ျားတွေမှာ ပိုများတယ်။

ဆံပင်ကလဲ Androgen ကို လိုက်ပြီး များတာ၊ ထူတာရှိတယ်။ မျိုးဗီဇက အထူ-အပါး၊ အနဲ-အများနဲ့ အရောင်၊ အမျိုးအစား ကိုပါ အများကြီး လွှမ်းမိုးတယ်။ အာရပ်တွေ ကုလားတွေက အမွေးလဲများ၊ အမွှေးလဲ ကြိုက်ကြတယ်။ သူတို့ကသာ မွှေးတာ၊ သူများတွေက အတော်မခံနိုင်ဘူး။ ဗမာပြည်ကသုံးတဲ့ မဆလာနဲ့ ကုလားပြည်ကသုံးတာ တူကို မတူဘူး။ ဗမာပြည်က ကုလားဟင်း ကောင်းမှကောင်း။ ဒီမှာ (ဖိုက်စတား) သွားမစားချင်နဲ့။

ဟော်မုန်း များလာတဲ့ အရွယ်ရောက်ချိန်မှာ Pubic hair ဆီးစပ်မွေးက အစဦးဆုံး ပေါက်လာတယ်။ ယောက်ျားလေးတွေဆိုရင် ပိုသိသာတယ်။ မျက်နှာ၊ ရင်ပတ်၊ ဗိုက်၊ ပေါင်၊ ခြေထောက်၊ လက်မောင်း နေရာတွေမှာပါ များလာတယ်။ အရွယ်ရလာရင် အမွေးတွေ ရင့်-သန်-များ လာတယ်။

အမွေးများတာကို Hirsuitism ခေါ်တယ်။ Institute for Endocrinology and Reproductive Medicine သုတေသနအရ Testosterone androgen ဟော်မုန်း များတာနဲ့ အမွေးများတာ အသေအခြာ ဆက်စပ်မှုရှိတယ်လို့ သိရတယ်။ အမျိုးသမီး တွေမယ် မျက်နှာ၊ ရင်ပတ်၊ ဗိုက်တွေမှာ အမွေးများနေရင် ကျားဟော်မုန်းတွေ လိုတာထက် သိပ်များနေလို့ပါ။ မြေထဲပင်လယ်ဒေသ (ဂရိ၊ အီတလီ) နိုင်ငံသူတွေက တခြားမိန်းမတွေထက် အမွေးများကြတာ ပုံမှန်ပါ။

အမွေးဆိုတာ ကိုယ်အပူချိန်ထိန်းရာမှာ အသုံးကြတယ်။ နို့တိုက်သတ္တဝါတွေရဲ့ ထူးခြားမှုလဲ ဖြစ်တယ်။ ဝန်ရိုးစွန်းဒေသမှာ နေတဲ့ အကောင်တွေ ကြည့်ပါလား။ နှုတ်ခမ်းမွေး နဲ့ လိင်အင်္ဂါတဝှိုက်က ဆီးစပ်မွေးတွေကတော့ အာရုံကြောတွေနဲ့ ဆက်စပ်နေလို့ အာရုံခံ အင်္ဂါများသဘော ဆောင်ကြတယ်။ ထိတာ ကလိတာနဲ့ စိတ်ကို တမျိုးတမည် ဖြစ်စေနိုင်တယ်။

ခန္ဓာကိုယ်မွေးဆိုတာ သန္ဓေသားဘဝ ကိုယ်ဝန် ၁ဝ ပါတ်လောက်မှာကတည်းက စခဲ့တယ်။ ၅ လ (၂၂ ပါတ်) အရွယ်ရှိရင် အမွေးအိတ် Hair follicles အရေအတွက် ၅ သန်းရှိနေပြီ။ နောက်ထပ် ဖြစ်မလာတော့ပါ။ ကျား-မ အပေါ်မူတည်ပြီးတော့ ပျက်စီးသွားတာတွေသာ ရှိလိမ့်မယ်။

အမျိုးသမီးတွေမှာ အမွေးများတာနဲ့အတူ ဝက်ခြံပေါက်တာ၊ ရာသီမမှန်တာ၊ ကလေးမရနိုင်တာတွေပါ တွဲနေတတ်တယ်။ ၄ဝ%လောက်မှာ Adrenal gland (အဒြီနယ်) အိတ်ကနေထွက်မဲ့ ကျားဟော်မုန်းများတာက (အင်ဇိုင်း) တမျိုး နည်းနေလို့ ဖြစ်တယ်။ Cortisone နဲနဲပေးကုတယ်။ မျိုးဥအိမ် Ovary ကနေဖြစ်ရတာဆိုရင် Birth control pills ကိုယ်ဝန်တားဆေးပေး ကုနိုင်တယ်။ ဆေးအမျိုးအစား ရွေးဘို့တော့ လိုတယ်။ ဥရောပမှာ Diane or Dianette ဆေးတွေ သုံးတယ်။ Ethinyl estradiol နဲ့ Cyproterone acetate တွေပါတယ်။

မကြာသေးခင်က သိလာရတာတခုကတော့ တချို့လူတွေမှာ ဆီးချိုထိန်းဆေး Insulin ကို ခံနိုင်ရည်ဖြစ်နေလို့ Ovaries မျိုးဥအိမ်၊ Adrenals (အဒြီနယ်)၊ နဲ့ Pancreas သရက်ရွက်တွေ အလုပ် လုပ်တာ ထိခိုက်စေတယ်။ အမွေးများသူတွေကို Androgen ဟော်မုန်း ဆန့်ကျင်ဆေး Spironolactone နဲ့ Aldactone ပေးတတ်တယ်။ Proscar ဆေးက အသစ်ဖြစ်တယ်။ ဒီဆေးတွေပေးရင် သွေးစစ်နေရမယ်။

အမွေးများနေတာ ဘာ့ကြောင့်လဲ။ ဟော်မုန်းများနေတာလား။ အမျိုးသမီးဆိုရင် ဒီဟော်မုန်း များတာက ဘယ်ကနေ လာတာလဲ။ နှစ်နေရာက ဖြစ်နိုင်လို့ Adrenals ကျောက်ကပ်အထက်နားကလား Ovaries မျိုးဥအိမ်ကလား။ လိုအပ်ရင် စနစ်တကျကုပါ။ ၆ လဆိုရင် သိသာပါမယ်။ သတိပြုဘို့က နောက်ဆက် ဖြစ်လာမှာတွေကိုသာ ကာကွယ်နိုင်ပြီး၊ ရှိပြီးသားတော့ ရမှာ မဟုတ်ဘူး။ ၂ နှစ်လောက်ကြာမှ အမွေးဖြစ်စဉ်အရ ရှိထားတာတွေ သက်သာလာပါမယ်။ ရှိပြီးသားတွေအတွက် Electrolysis လျှပ်စစ်နည်း၊ Laser လေဆာနည်းနဲ့ ကုရတယ်။

ချိုင်းမွေး မရိတ်ပါနဲ့။ ဖြတ်ပေးပါ။ ရင်ပတ်မွေး ရှိတာ-များတာကို မကြိုက်သူများပေမဲ့ ထူးပြီးကြိုက်တဲ့သူတွေ ရှိတယ်။ တချို့က Don't go Brazilian ယောက်ျားတွေ အမြဲ ဆီးစပ်မွေးရိတ်တာ မကောင်းပါလို့ ပြောကြတယ်။ ဒါပေမဲ့ ပခုံးမွေး၊ ကျောမွေး မကြိုက်သူ များတယ်။ တို-ဖြတ်ပေးပါ။ အမွေးကို ပုံစံသွင်း ပြုပြင်တာ ရှောင်ပါ။ တချို့က Bleach အရောင် ဖြော့အောင်ဆေး သုံးတယ်။ ဈေးချိုတဲ့နည်းက Shave ရိတ်ရတာ။ Pluck or wax နည်းက ကုလားမတွေ အများဆုံး သုံးကြရတယ်။ အမျိုးသမီးများ ချိုင်းမွေး နဲနဲပါးပါး ရှိနေတာကို (မော်ဒယ်) မဟုတ်ရင် မရိတ်-မဖြတ်ပါနဲ့။

Hypertrichosis ဆိုတာက ကိုယ်ခန္ဓာမှာ အမွေးတွေ ပုံမှန်မဟုတ်ဘဲ များလွန်းနေတဲ့ အခြေအနေကို ခေါ်တယ်။ မွေးရာပါ ရှိသလို နောက်မှ ဖြစ်တာလဲ ရှိတယ်။ တကိုယ်လုံး များနေတာနဲ့ နေရာသတ်တခုခုမှာ များနေတာဆိုပြီး ၂ မျိုး ရှိတယ်။ အမွေးပေါက်တာကို သက်ရောက်တဲ့ ဟော်မုန်းနဲ့ မဆိုင်တဲ့နေရာတွေ ဥပမာ မျက်နှာလိုနေရာတွေမှာ များနေတာကို ပြောတာပါ။ နုတ်ခမ်းမွေးထားတဲ့ ပဌမဆုံး မြန်မာမင်းသား ကွယ်လွန်သူ ရုပ်ရှင်မင်းသား ဝင်းဦးက ပါးပေါ်က မှည့်မှာ အမွေးရှည်ကို တသသထားတယ်။

ထူးထူးခြားခြား အမွေးများတဲ့ လူမျိုးက ရှားပြီး လူတွေကို စိတ်ဝင်စားစေတာမို့ ဆပ်ကပ်တွေမှာ သုံးတတ်ကြတယ်။ ဥပမာ Julia Pastrana “မုတ်ဆိပ်မွေးနဲ့ အမျိုးသမီး”၊ သူ့မှာ လက်ဝါးတွေမှာပါ အမွေးတွေ ပေါက်နေတယ်။ သူလို အမေရိကန်မှ မဟုတ်ပါ။ မြန်မာပြည်ကလဲ ဒီနေရာမှာ ကမ္ဘာကျော်ပါတယ်။ အင်္ဂလိပ်လက်ထက်က အင်းဝမှာ နေခဲ့တဲ့ (ရွှေမောင်း) မိသားစုဆိုတာ ရှိတယ်။ သူ့ရဲ့ ကလေး သုံးယောက်ထဲက သမီး (မဖုံး) နဲ့ သူ့သား (ဖိုးဆက်)၊ မြေး (မမဲ) တို့ဟာ Hypertrichosis ရောဂါ ရှိကြတယ်လို့ အိန္ဒိယဘုရင်ခံ John Crawford က မှတ်တမ်း တင်ထားတယ်။ ထိုင်း နိုင်ငံက Krao (1875) ကိုလဲ ထိုင်းလို Ape “လူဝံမ” လို့ ခေါ်ကြတယ်။

Hirsutism ဆိုတာကြတော့ အမျိုးသမီးနဲ့ ကလေးတွေမှာ ရင်ပတ်နဲ့ ကျောဘက်မှာ အမွေးတွေများတာကို ခေါ်တယ်။ “တလွဲဆံပင်ကောင်းသူတွေ” ပေါ့။ တချို့မှာ ကင်ဆာရောဂါနဲ့ တွဲနေတတ်တယ်။ Minoxidil ဆိုတဲ့ ဆံပင်ပေါက်ဆေးကြောင့် ကွက်ပြီး အမွေးတွေ များလာတတ်တယ်။ မွေးရာပါ Hypertrichosis ရှိသူ ခုထိ အလယ်ခေတ်ကတည်းက ရေတွက်တာ လူပေါင်း ၁ဝဝ တောင် မရှိသေးဘူးတဲ့။ မွေးရာပါဆိုရင် ကုမရပါ။ သမိုင်းမှာ Petrus Gonzales မိသားစုက ၁၇ ရာစုမှာ အစောဆုံး မှတ်တမ်းတင် ခံရတယ်။ Fedor Jeftichew ကို Jo-Jo the Russian Dog Faced Boy “ခွေးမျက်နှာနဲ့လူ” လို့ ခေါ်တယ်။ Stephan Bibrowski ကို Lionel the Lion-Faced Man “ခြင်္သေ့မျက်နှာနဲ့လူ” လို့ ခေါ်တယ်။

အမေရိကားက Dime Museum ပြတိုက်မှာ ပြောစမှတ်တခု ရှိတယ်။
“မနေ့ညက ဟို မုတ်ဆိတ်နဲ့ မိန်းမ သေသွားတာ ကြားလား။”
“ကြားတယ်၊ စိတ်မကောင်းစရာ အစစ်ဘဲ။ သူ့မှာ မိန်းမနဲ့ ကလေး သုံးယောက် ကျန်ရစ်တယ်လေ။”

Dr. တင့်ဆွေ

အောက်မြန်မာပြည် ကျောင်းဆောင် ၃ ပုံ ၁ ပုံ အန္တရာယ်ရှိ

ပုတီးကုန်း အထက်တန်းကျောင်းဆောင် ပြိုကျခဲ့စဉ် (ဓာတ်ပုံ – MOI Webportal Myanmar)

ပညာရေးဦးစီးဌာနလက်အောက်(အောက်မြန်မာပြည်)မှာ စာသင်ကျောင်း အဆောင်ပေါင်း ၂ သောင်းကျော် ရှိတဲ့အနက် ၃ ပုံ ၁ ပုံ ဖြစ်တဲ့ စာသင်ကျောင်း ၆ ထောင်လောက်ဟာ ညံ့ အဆင့်ဝင် အန္တရာယ်ရှိ အဆောက်အဦတွေ ဖြစ်နေတယ်လို့ အမှတ် ၁ အခြေခံပညာ ဦးစီးဌာန ညွှန်မှူး ဒေါ်သဇင်သင်း ပြောတာကို ကိုးကားပြီး ဒီနေ့ထုတ် မြန်မာသံတော်ဆင့် သတင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။

ဒီကျောင်းဆောင်တွေ ပြန်လည် ပြုပြင် ဆောက်လုပ်ဖို့ ဘတ်ဂျက်ငွေ ၃ ဘီလီယံနီးပါး ရထားတယ်လို့လည်း သူက ရှင်းပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့က ပဲခူးတိုင်း သဲကုန်းမြို့နယ် ပုတီးကုန်းမှာ အထက်တန်းကျောင်း ၀ရံတာ ပြိုကျပြီး ကျောင်းသားနဲ့ ကျောင်းသူ ၁၇ ယောက် ထိခိုက်ဒဏ်ရာရမှု ဖြစ်ပေါ်လာပြီးနောက် စာသင်ကျောင်းတွေရဲ့ ကြံ့ခိုင်မှု ပြဿ နာကို ပြည်သူတွေက မေးခွန်းထုတ်လာကြတာ ဖြစ်ပါတယ်။

လက်ရှိ ချထားပေးတဲ့ ဘတ်ဂျက်ဟာ ကျောင်းဆောင် ၁ ခု ကျပ် သိန်း ၅၀ ပင် မပြည့်တာကြောင့် အဆင့်မီ ပြုပြင်ရေး မလွယ်ကူနိုင်ဘူးလို့ အငြိမ်းစား ပညာရေးမှူး ဦးဝင်းဖေက ပြောပါတယ်။

DVB Burmese

ထိုင်းနိုင်ငံမှာ ပိုက်ဆံကို တက်နှင်းက ပြစ်မှုမြောက်



ထိုင်းနိုင်ငံရဲ့ ငွေသား ဖြစ်တဲ့ ဘတ်ငွေ စက္ကူနဲ့ ဘတ် အကြွေစေ့ တို့ကို တက်နင်း ပါက ပြစ်မှု မြောက်ကြောင်း သိရပါတယ်။


အကြောင်း အရင်း ကတော့ ယင်း ပိုက်ဆံ ပေါ်မှာ ထိုင်း ဘုရင်ရဲ့ ပုံကို ထည့်သွင်း ထားလို့ ဖြစ်ပါတယ်။ ထိုင်းဘုရင်ကို ရိုသေသမု ပြုဖို့ရာ ဖြစ်ပြီး ယင်းကဲ့သို့ တားမြစ် ထားခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ ဘုရင် Bhumibol Adulyadej ရဲ့ ပုံကို ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။ ငွေသား စက္ကူနဲ့ အကြွေစေ့ တင် မက ပါဘူး။ ဘုရင်ရဲ့ ရုပ်ပုံ ထည့်သွင်း ရိုက်ကူး ထားတဲ့ ဘယ် ငွေစက္ကူနဲ့ အရာ ဝတ္ထု မျိုးကို မဆို မရိုမသေ ပြုလုပ်တာမျိုးကို တားမြစ် ထား ကြောင်း ဆိုပါတယ်။

အကယ်၍ ပြုလုပ်ပါက ပြစ်မှု မြောက်ပြီး အပြစ် အကြီး အသေး ပေါ် မူတည်လို့  အရေးယူ ပြစ်ဒဏ် ပေးကြောင်း သိရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း (www.innewsmyanmar.com)


အိမ်ခြံမြေ အခွန်နှုန်းထားသစ်ကြောင့် အခွန်ဆောင်သူ (၂) ဆခန့် မြင့်တက်လာ


ရန်ကုန်

စိုးစည်သူ
အိမ်ခြံမြေ အခွန်နှုန်းထားသစ်ကြောင့် အခွန်ဆောင်သူ နှစ်ဆခန့် မြင့်တက်လာကြောင်း သိရသည်။  ယခင်က သတ်မှတ်ထားသော အိမ်ခြံမြေ အခွန်နှုန်းဖြင့် အခွန်ဆောင် သူဦးရေမှာ တစ်လလျှင် တစ်ရာကျော်သာ ရှိသော်လည်း ၂၀၁၃ ခုနှစ် မကုန်မီ ပြဋ္ဌာန်းလိုက်သော ဥပဒေသစ်ကြောင့် တစ်လ လျှင် အခွန်ဆောင်သူ နှစ်ရာကျော် ရှိလာကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန မှ သိရသည်။ ဒီနှစ်ထဲမှာ အခွန်ဆောင်တဲ့ သူတွေ များလာပေမယ့် အခွန်ရှောင်တဲ့ သူက အများကြီး ရှိနေသေးတယ်။ ဒါကြောင့် အခွန်ရှောင်ရှားမှု မဖြစ်ဖို့ အတွက် ကွင်းဆင်း စစ်ဆေးသွားမယ်  ဟု ပြည်တွင်းအခွန်များ ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော် က ပြောသည်။

လက်ရှိ ကောက်ခံလျက်ရှိသော အခွန်နှုန်းထားများမှာ ကျပ်သိန်း (၅၀၀) အောက်တန်ဖိုးရှိသော အိမ်မြေ ရောင်းဝယ်လျှင် အခွန် (၃)ရာခိုင်နှုန်း၊ ကျပ်သိန်း (၅၀၀) မှ၊ (၁၅၀၀) တန်ဖိုးရှိသော အိမ်ခြံမြေ ရောင်းဝယ်လျှင် အခွန် (၁၀) ရာခိုင်နှုန်း၊  ကျပ်သိန်း (၃၀၀၀) အထက် အိမ်ခြံမြေ ရောင်းဝယ်လျှင် အခွန်ငွေ (၃၀)  ရာခိုင်နှုန်း စသည်ဖြင့် အဆင့်ဆင့် ကောက်ခံနေကြောင်း သိရသည်။

အခွန်ဆောင်တယ်ဆိုတာ အသိစိတ်နဲ့လည်း ဆိုင်တယ်။ ဒါပေမဲ့ ဈေးနည်းတဲ့ ရောင်းဝယ်မှုတွေ ကျတော့ အခွန် မဆောင်ချင် ကြတော့ဘူး။ အခု အခွန်နှုန်းကတော့ သင့်တင့်မျှတတဲ့ နှုန်းထား တစ်ခုပါ ဟု အိမ်ခြံမြေ အကျိုးဆောင်အသင်း အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။ ယခင် သတ်မှတ်ခဲ့သော အိမ်ခြံမြေ အခွန်နှုန်းထားသည် ၀ယ်ယူသူတိုင်းက ၀င်ငွေခွန် (၃၀) ရာခိုင်နှုန်းနှင့် တံဆိပ်ခေါင်းခွန် (၇) ရာခိုင်နှုန်း၊  စုစုပေါင်း (၃၇) ရာခိုင်နှုန်း ပေးဆောင်ရ သောကြောင့် အခွန်တိမ်းရှောင်မှု များစွာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယခုနှစ် အတွင်း အခွန်ရှောင်ရှားမှု မရှိစေရန် လိုက်လံ စစ်ဆေးလျက်ရှိပြီး တွေ့ရှိခဲ့ပါက အခွန် မထမ်းဆောင်သူမှာ အခွန် မဆောင်သည့် နှစ် မှ စတင်ကာ ပြန်လည် ပေးဆောင်ရမည် ဖြစ်က ဒဏ်ကြေးကိုလည်း ထပ်မံ ကောက်ခံ သွားမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။

messenger news journal

အောင်မင်္ဂလာ ကားဂိတ်တွင် ၁၁ ယောက်စီး အငှားယာဉ် ပြေးဆွဲရန် စီစဉ်


ရန်ကုန်၊ ဇွန် ၅

အဝေးပြေး ခရီးသွားပြည်သူများ သွားလာရေး လွယ်ကူစေရန် အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ၁၁ ယောက်စီး အငှားယာဉ် (TAXI) များ ပြေးဆွဲနိုင်ရန် စီစဉ်လျက်ရှိကြောင်း အောင်မဟာ အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေးအသင်း နာယက ဦးမင်းဇော်က ပြောကြားသည်။

အဆိုပါ ယာဉ်များကို အောင်မင်္ဂလာ အဝေးပြေးကားဂိတ်မှ ခရိုင်သုံးခုသို့ ပြေးဆွဲရန် စီစဉ်လျက်ရှိပြီး သုဓမ္မာလမ်း၊ ကမ္ဘာအေးဘုရားလမ်းမှ အနောက်ပိုင်းခရိုင် မြို့နယ်များသို့ လည်းကောင်း၊ သုဓမ္မာလမ်း၊ ဝေဇယန္တာလမ်း၊ သံသုမာလမ်းမှ အရှေ့ပိုင်းခရိုင် မြို့နယ်များသို့ လည်းကောင်း၊ အဝေးပြေး၊ ခရေပင်လမ်းမှ မြောက်ပိုင်းခရိုင် မြို့နယ်များသို့ လည်းကောင်း ပို့ဆောင်ကာ ဒဂုံဧရာ အဝေးပြေးအထိ ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“မ.ထ.သ ကို မတ်လကတည်း တင်ထားတာ။ မ.ထ.သရဲ့ ညွန်ကြားမှု အောက်ကနေ ၁၀ စီးကနေ အစီး ၅၀ ထိ ပြေးဆွဲခွင့်ပြုဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ထားပါတယ်။ ပြေးဆွဲခွင့်တော့ မကျသေးဘူး။ လူ ၁၁ ယောက် သက်သောင့်သက်သာ စီးနိုင်တဲ့ Hyundai Starex ကားတွေနဲ့ Air-Con ဖွင့်မောင်းသွားမယ်။ လူတစ်ယောက် ကျပ် ၁၀၀၀ နှုန်းနဲ့ လျာထားပါတယ်။ စင်းလုံး ငှားလို့လည်း ရမယ်” ဟု ၎င်းကဆိုသည်။

အဝေးပြေးကားများကသည် အောင်မင်္ဂလာဂိတ်သို့ နံနက်မိုးမလင်းမီ အချိန်များတွင်သာ ဆိုက်ရောက်လေ့ ရှိသောကြောင့် အမျိုးသမီးများအနေဖြင့် တစ်ဦးတည်း အငှားယာဉ် စီးနင်းရသည်မှာ လုံခြုံမှုမရှိဟု ခံစားရကြောင်း၊ ယင်းကဲ့သို့ ယာဉ်လိုင်း အမည်ပါရှိသည့် စုပေါင်း အငှားယာဉ်များမှာ အများပြည်သူအတွက် အမှန်တကယ် လိုအပ်လျက် ရှိကြောင်း အထက်တန်းရှေ့နေ ဒေါ်ထက်ထက်က ပြောကြားသည်။

“အစိုးရကိုတော့ ၁၁ ယောက်တင်မယ်။ Air-Con ဖွင့်မောင်းမယ် ပြောပြီး နောက်ပိုင်း လူပိုတင်တာတွေ မကိုက်လို့ Air-Con ပိတ်မောင်းတာတွေ မလုပ်ဖို့တော့ လိုမယ်။ အထူးကားလို အထူးပူပြီး အထူးကျပ်နေမှာစိုးလို့” ဟု ၎င်းကဆိုသည်။

အဆိုပါ အောင်မဟာ အဆင့်မြင့် ခရီးသည် ပို့ဆောင်ရေးအသင်းကို မ.ထ.သ ယာဉ်လိုင်းများမှ ယာဉ်ပိုင်ရှင်အချို့က စုပေါင်းလုပ်ကိုင်ခြင်း ဖြစ်ကြောင်း အဆိုပါအသင်း၏ ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောကြားသည်။

The Voice Weekly

ဆင်းမ်ကတ် စရောင်းချိန်တွင် မြို့ကြီးများ၌သာ သုံးနိုင်မည်ဟု တယ်လီနောဆို


ရန်ကုန်၊ ဇွန် ၅

ဆက်သွယ်ရေး အော်ပရေတာအဖြစ် လုပ်ငန်း လုပ်ကိုင်ခွင့် ရထားသည့် တယ်လီနောက စက်တင်ဘာလတွင် ဆင်းမ်ကတ်များ စတင်ရောင်းချမည် ဖြစ်ပြီး စတင်ရောင်းချချိန်၌ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်နှင့် နေပြည်တော် အပါအဝင် မြို့ကြီးများတွင်သာ သုံးစွဲနိုင်ဦးမည် ဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရသည်။

“တာဝါတိုင်တွေ ပြီးလို့ ကွန်ရက် တဖြည်းဖြည်း ကျယ်ပြန့်လာတာနဲ့အမျှ သုံးနိုင်တဲ့ နေရာတွေ ပိုများလာမယ်။ အချိန်တော့ နည်းနည်းပေးရမယ်” ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးကွန်ရက် ပိုမိုလွှမ်းခြုံနိုင်ရန် ငါးနှစ်အတွင်း တစ်နိုင်ငံလုံးတွင် တာဝါတိုင်ပေါင်း ၈၀၀၀ တည်ဆောက်မည် ဖြစ်ကြောင်း တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg က ပြောကြားသည်။

ဆင်းမ်ကတ်များ စတင်ရောင်းချချိန် စက်တင်ဘာလ မတိုင်မီတွင် တာဝါတိုင်ပေါင်း ၁၀၀၀ ပြီးစီးအောင် တည်ဆောက်မည် ဖြစ်ပြီး ယခုနှစ်ကုန်တွင် တာဝါတိုင် ၂၄၀၀ ခန့် အပြီးတည်ဆောက်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် မိုဘိုင်းလ် ဆက်သွယ်ရေး တာဝါတိုင် ၂၀၀၀၀ ခန့် တည်ဆောက်ရန် လိုအပ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တာဝါတိုင် ၂၀၀၀ ခန့်သာ တည်ဆောက်ထားသောကြောင့် တစ်နိုင်ငံလုံးတွင် မိုဘိုင်းလ်ဖုန်း ဆက်သွယ်ပြောဆိုနိုင်ရန် ၃ နှစ်မှ ၅ နှစ်အထိ အချိန်ယူရမည် ဖြစ်ကြောင်း သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အိန္ဒိယအခြေစိုက် Apollo Towers နှင့် စင်ကာပူအခြေစိုက် Irrawaddy Green Technology တို့ကို ရွေးချယ်ထားသည်။

“စရောင်းတဲ့အချိန်မှာ မြို့ကြီးတွေပဲ ရမယ်ဆိုတော့ ကျေးလက်ဒေသတွေမှာ နေတဲ့သူတွေ အတွက်ကတော့ ဘာမှမထူးပါဘူး။ စောင့်လက်စနဲ့ ဆက်စောင့်ရဦးမှာပေါ့။ လူတွေက အရမ်းမျှော်လင့်နေကြတော့ ဆင်းမ်ကတ် စရောင်းတာနဲ့ တစ်နိုင်ငံလုံး ရမယ် ထင်နေကြတာ” ဟု ကွန်ပျူတာပညာရှင် ဦးရဲဝင့်အောင်က ဆိုသည်။

အခြားဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် အော်ရီဒူးကုမ္ပဏီကလည်း သြဂုတ်လ ဆင်းမ်ကတ်များ စတင်ရောင်းချချိန် မတိုင်မီ တာဝါတိုင် ၄၀၀ ခန့် အပြီး တည်ဆောက်မည် ဖြစ်ပြီး ယခုနှစ်ကုန်တွင် တာဝါတိုင် ၁၀၀၀ ခန့် ပြီးစီးအောင် တည်ဆောက်မည်ဟု ဆိုထားသည်။

The Voice Weekly

(၁၃)နှစ်သမီးကိုသားမယားအဖြစ်ပြုကျင့်


(၁၃)နှစ်သမီးကိုသားမယားအဖြစ်ပြုကျင့်

ထွန်းလင်း၊ ရန်ကုန်၊ ဇွန်-၅
တစ်ဆောင်တည်းကပ်လျက်နေသူကသားမယားအဖြစ်ပြုကျင့်ခဲ့သည်ဆိုကာတိုင်ကြားခဲ့သည့်
ဖြစ်စဉ်တစ်ခုလှိုင်သာယာမြို့နယ်တွင်ဇွန်၃ရက်ကဖြစ်ပွားခဲ့သည်။ယင်းနေ့ညနေ၄နာရီတွင်
လှိုင်သာယာမြို့နယ်နေအမျိုးသမီးတစ်ဦးသည်ဘုရင့်နောင်ဈေးသို့ပြန်ရန်(၁၃)နှစ်အရွယ်
သမီးဖြစ်သူကိုနှုတ်ဆက်စဉ်သမီးဖြစ်သူကကျောင်းမတက်ချင်ကြောင်းနှင့်အတူ
လိုက်လိုကြောင်းပြောဆိုခဲ့သည်။သမီးဖြစ်သူကိုမေးမြန်းခဲ့ရာဇွန်၁ရက်ည၁၀နာရီက
နေအိမ်အဆောင်ချင်းကပ်လျက်နေထိုင်သူရဲလင်းထွန်း(ခ)ဂျပု(၂၂ )နှစ်ကသားမယားအဖြစ်
ပြုကျင့်ခဲ့ကြောင်း၊လွန်ခဲ့သောနှစ်ပတ်ခန့်ကလည်းနှစ်ကြိမ်ခန့်ပြုကျင့်ခဲ့ကြောင်းပြောပြသိရသဖြင့်
သမီးဖြစ်သူကိုစစ်ဆေးခဲ့ရာမိန်းမကိုယ်ရောင်ရမ်းနာကျင်နေသည်ကိုတွေ့ရသဖြင့်အရေးယူ
ပေးရန်တိုင်ကြားခဲ့သည်။ သောင်ကြီး နယ်မြေရဲစခန်းမှ(ပ)၃၈၅ /၂၀၁၄၊ ပြစ်မှုပုဒ်မ
၃၇၆ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။


စံတော်ချိန်နေ့စဉ် သတင်းစာ

ကုမ္ပဏီဝန်ထမ်း လျှပ်စစ်ပြင်/ထိန်း အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး


ရန်ကုန်၊ ဇွန် ၆

၅.၆.၂၀၁၄ ရက်နေ့ ၁၅၃၀ အချိန်တွင် ဒေါပုံမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးသို့ အမျိုးသား
တစ်ဦးဓါတ်လိုက်သေဆုံးရောက်ရှိနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဒေါပုံမြို့နယ်နေ
ကိုစအောင်သူ၊ (၂၃)နှစ်ဖြစ်ကြောင်းသိရှိရပြီး ၀ဲလက်သန်းနှင့် လက်သူကြွယ်ထိပ်တို့တွင် စုတ်ပြဲဒဏ်ရာများရရှိထားသည်ကို
တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ဟိုက်ပါမားကက်တွင် လျှပ်စစ်ပြင်/ထိန်းအလုပ်လုပ်ကိုင်သူဖြစ်ကြောင်း၊ ၎င်းသည်
အခင်းဖြစ်ချိန်က ဟိုက်ပါမားကက်ရှိ ပစ္စည်းများသိုလှောင်သော
ဂိုဒေါင်အတွင်း လျှပ်စစ်မီးတပ်ဆင် ပြီးပြန်ဆင်းလာစဉ် ကရိန်းဖြင့်
ပစ္စည်းများသယ်ရာတွင်အသုံးပြုရန် ဆက်သွယ်ထားသော လျှပ်စစ်
မီးကြိုးအား ကိုင်မိခဲ့ပြီး ဓါတ်လိုက်ခဲ့သဖြင့် အနီးရှိလူများမှ ဆေးရုံသို့
ပို့အပ်စဉ် သေဆုံးသွားခြင်းဖြစ်ကြောင်းသိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဒေါပုံမြို့မရဲစခန်းသေမှုသေခင်း
အမှတ်စဉ် (၇/၂၀၁၄) ဖြင့်ရေးဖွင့်ကာ စစ်ဆေး ဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ရနောင်းတွင် တရားမ၀င်မြန်မာနိုင်ငံသား ၁၃၆ ဦး ဖမ်းဆီးခံရ

ဓာတ်ပုံ - khaosod.co.th

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်ထဲမှာ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၃၆ ဦး ဖမ်းဆီးရမိတယ်လို့ ရနောင်းခရိုင်ဝန် နိုင်းချိတ်ဆဒ်ဆီ ကျမ်ပါထစ် က ဇွန်လ ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

သူတို့တတွေကို အမှတ် ၂၅ တပ်ရင်းလက်အောက်ခံ စစ်တပ်နဲ့ ရနောင်းခရိုင်ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ရနောင်းခရိုင် လအွန်မြို့နယ် နိုင်းဝုန်းနေကျေးရွာအုပ်စုက ရာဘာတောထဲမှာ ကြိုတင်သတင်းရထားချက်အရ ၀င်ရောက်ဖမ်းဆီးတာလို့ ခရိုင်ဝန်က သတင်းထောက်တွေကို ပြောပါတယ်။
ဖမ်းဆီးရမိသူတွေထဲမှာ အမျိုးသား ၁၀၃ ဦး၊ အမျိုးသမီး ၂၃ ဦးနဲ့ ကလေး ၁၀ ဦးတို့ ပါဝင်ပြီး စစ်ဆေးမေးမြန်းချက်အရ မြန်မာနိုင်ငံ ကော့သောင်းဘက်ကနေ ၀င်ရောက် လာတာလို့ ဆိုပါတယ်။

ထိုင်းဘက်ကမ်းကို ကူးပြီးတဲ့နောက် ပွဲစားက သူတို့ကို တောထဲကနေ ခြေလျင် ခေါ်ခဲ့ပြီး ညအမှောင်မှာ ၃ နာရီကြာ လမ်းလျှောက်ခဲ့ကြရကြောင်း၊ ဖမ်းဆီးခံရချိန်မှာ အားလုံးဟာ ဆာလောင်မွတ်သိပ်ပြီး ပင်ပန်းနွမ်းနယ်နေတဲ့အတွက် စစ်တပ်က အစာရေစာပေးခဲ့ရတယ်လို့ ခရိုင်ဝန်က ပြောပါတယ်။

ဆက်လက်စစ်မေးချက်အရ သူတို့တတွေဟာ ထိုင်းနိုင်ငံ မဟာချိုင်ဘက်ကို တချို့၊ ဆုန်ခလာခရိုင် နဲ့ မလေးရှားနိုင်ငံတွေဘက် ဆက်ပြီးအလုပ်သွားလုပ်ကြမှာလို့ ဆိုပါတယ်။

အခုလို လာရောက်ဖို့ ပွဲစားကို မလေးရှားထိ တဦးကို ဘတ် ၂ သောင်း ၊ ဆုန်ခလာထိ ၁ သောင်း နဲ့ မဟာချိုင်ထိ ၆ ထောင်ပေးဖို့ သဘောတူခဲ့တယ်လို့ ခရိုင်ဝန်က ပြောပါတယ်။

သူတို့ကို ခေါ်ဆောင်လာသူ ပွဲစားနဲ့ ဖမ်းဆီးရမိသူ အားလုံးကို လ၀က ဥပဒေနဲ့ အရေးယူဖို့ ရနောင်းခရိုင် လ၀ကရဲစခန်းကို ပို့ဆောင်ထားတယ်လို့ တာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

dvb burmese

လားရှိုးတွင် ပဋိပက္ခဖြစ်ပွားမည့်အခြေအနေ ထိန်းသိမ်းနိုင်ခဲ့


စိတ်မနှံ့သူလို့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက သတ်မှတ်ထားတဲ့ အမျိုးသမီးတဦးက ဗုဒ္ဓရုပ်ပွားတော်တဆူကို မဖွယ်မရာလုပ်မိလို့ ဘာသာရေးဆန်တဲ့ ပဋိပက္ခဖြစ်ပွားမယ့် အခြေအနေတခုကို လားရှိုးမြို့က အာဏာပိုင်တွေ အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် ၁၂  နယ်မြေ ၁၂ အတွင်းမှာ နေထိုင်တဲ့ စိတ်မနှံ့သူလို့ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ အမျိုးသမီးတဦးက သူနေထိုင်တဲ့ရပ်ကွက်နဲ့ ၁ မိုင်ကျော်လောက်ဝေးကွာတဲ့ ဆုံကွယ်ကျေးရွာအုပ်စု၊ စစ်မှုထမ်းဟောင်း ရပ်ကွက်အတွင်းက ညောင်ပင်မှာ ကိုးကွယ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တဆူကို မဖွယ်မရာပြုလုပ်မိလို့ ရပ်ကွက်နေပြည်သူတွေက ဗုဒ္ဓသာသနာတော်ညှိုးနွမ်းအောင် ပြုလုပ်တယ်လို့ဆိုကာ  ဘာသာရေးဆန်တဲ့ ပဋိပက္ခတခုဖြစ်ပွားစေမယ့် အခြေအနေမျိုး ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီဖြစ်ရပ် ဇွန် ၅ ရက်နေ့က ဖြစ်ပွားခဲ့ပြီး အုပ်ချုပ်ရေးပိုင်းက အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ကျေးရွာအထောက်အကူပြု  ဥက္ကဋ္ဌ ဦးကျော်သိန်း က  “ဒီလို ကျနော်တို့ ဗုဒ္ဓမြတ်စွာ ဘုရားရဲ့ ရုပ်ထုကို လုပ်တယ်ဆိုပြီးတော့ လူပေါင်း ၁၅၀ လောက်က ကျနော်တို့ ရုံးရှေ့ ရောက်လာပြီးတော့မှ သူတို့ မကျေနပ်ကျဘူး ပြောတယ်။ မကျေနပ် တာကို ဒါမျိုးလုပ်လို့ မရဘူး။ ဥပဒေလမ်းကြောင်းရှိတယ်။ ဥပဒေလမ်းကြောင်းအရ စခန်းကို အမြန်ဆုံး အပ်နိုင်တာ အကောင်းဆုံးပဲ။ အဲဒီတော့ သမီးတို့၊ သားတို့ ဘာမှ မလုပ်ကြပါနဲ့ ဆိုပြီး စခန်းကို အပ်လိုက်တယ်”လို့ ပြောပါတယ်။

ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေ မဖြစ်စေဖို့ ဆရာတော်၊ သံဃာတွေကလည်း  လာရောက် ထိန်းသိမ်းခဲ့ကြပါတယ်။

ဆရာတော် ဥူးကုသလသာမိက “လူမျိုးရေး ပဋိပက္ခ၊ ဘာသာရေး ပဋိပက္ခတွေ မဖြစ်ပွားစေဖို့၊ မဖြစ်ရေးကို လာပြီး ထိန်းအုပ်ဖို့ ကြိုတင်ပြီး ရောက်လာခြင်း ဖြစ်ပါတယ်” လို့ မိန့်တော်မူပါတယ်။

အဲဒီအမျိုးသမီးနဲ့ ပတ်သက်ပြီး တရပ်ကွက်တည်း အတူနေထိုင်တဲ့ အိမ်နီးနားချင်းတဦးက “ရပ်ကွက် ၁၂၊ နယ်မြေ ၁၂ တနယ်မြေလုံးနီးပါးသိတယ်။ အမှန်တကယ် စိတ်မနှံ့ဘူး” လို့ ပြောပါတယ်။

အဲဒီ  အမျိုးသမီးကို ဥပဒေအရ အရေးယူသွားမှာဖြစ်သလို မလိုလားအပ်တဲ့ ပဋိပက္ခတွေ မဖြစ်စေဖို့အတွက်လည်း လုံခြုံရေးတွေ တိုးမြှင့်ချထားကြောင်း လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

ရဲတမှူး တင်ဖေ၀င်းက “အဲဒီ အမျိုးသမီးက စိတ်ကစဥ့်ကလျားဖြစ်နေချိန်မှာ ညောင်ပင်မှာ ထားထားတဲ့ ဘုရားရုပ်တုကို မဖွယ်မရာပြုသလို ဖြစ်သွားတယ်။ အဲဒီတော့ ဥပဒေအရ ဒီအမျိုးသမီးကို ချက်ချင်း ဖမ်းထားတယ်။ မနက်ဖြန် ချက်ချင်း တရားစွဲဖို့လည်း စီစဉ်ထားတယ်။ လားရှိုးမြို့ရဲ့ အခြေအနေက အခုအချိန်မှာ လုံခြုံရေးတိုးမြှင့်ပြီး ချထားတယ်။ အခြေအနေကတော့ လက်ရှိအခြေအနေထိ အေးချမ်းနေတယ်” လို့ ပြောပါတယ်။

လားရှိုးမြို့မှာ ၂၀၁၃ ခုနှစ်ကလည်း လူတဦးက အမျိုးသမီးတဦးကို ဓာတ်ဆီလောင်းမီးရှို့ရာကနေ အကြမ်းဖက်မီးရှို့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ခွန်ဇော်ဦး
DVB Burmese

ဂျောက်ဂျက်က နိုင်ငံရေးကို ဘယ်လိုသဘောထားလဲ


Hip Hop လောကမှာ ပွက်လောညံသွားစေတဲ့ အဆိုတော် ဂျောက်ဂျက်တစ်ယောက် အနုပညာကို လွတ်လွတ်လပ်လပ် ဖန်တီးနိုင်ပြီလို့ ဆိုနိုင်တဲ့ အခုကာလမှာ စိတ်ကျေနပ်မှုရှိရဲ့လား။ တိုင်းသိပြည်သိဆိုတဲ့ ဒုတိယ အယ်လ်ဘမ်ထွက်ထားတဲ့ ဂျောက်ဂျက် နိုင်ငံရေးနဲ့ ဘယ်လဲဘာလဲ။

“ကျနော်က နိုင်ငံရေးကို စိတ်ဝင်စားတယ်။ ဒါပေမယ့် ကျနော့်သီချင်းတွေက တစ်နိုင်ငံလုံးကိုတော့ ကိုယ်စားမပြုနိုင်ဘူး။ လူငယ်တွေကို ကိုယ်စားပြုပြီး လမ်းညွှန်မှုပေးနိုင်တဲ့ သီချင်းမျိုးပဲ ပေးချင်တယ်”လို့ ဂျောက်ဂျက်က ဆိုပါတယ်။ သူရောက်နေတဲ့ အသက်အရွယ် ဖြတ်သန်းမှုနဲ့ အတွေ့အကြုံကိုပဲ ပေးချင်တယ်လို့ ပြောတဲ့ ဂျောက်ဂျက်က တတိယမြောက် တစ်ကိုယ်တော် အယ်လ်ဘမ် ထွက်လာတော့မှာလို့ ဆိုပါတယ်။

“အခုစီးရီးမှာတော့ ကျနော့်အကြောင်းတွေပဲ အများဆုံးပါတယ်။ အရင်လို မဟုတ်တော့ဘူး။ ရင့်ကျက်လာပြီ။ ကိုယ့်အသက်အရွယ်နဲ့ ဆိုင်တဲ့အကြောင်းအရာတွေကိုပဲ ပေးချင်တယ်”လို့ ဂျောက်ဂျက်က ပြောပြပါတယ်။ အယ်လ်ဘမ်ခေါင်းစဉ် မရွေးရသေးတဲ့ သူ့ရဲ့တစ်ကိုယ်တော် သီချင်းခွေမှာတော့ လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်တဲ့ သီချင်းတွေ အများဆုံးပါမယ်လို့ ဆိုပါတယ်။

မြေအောက် Hip Hop လောကမှာ စကားလုံးကြမ်းကြမ်းတွေနဲ့ တတိယမျိုးဆက်အဖြစ် ပေါက်ကွဲထွက်လာတဲ့ ဂျောက်ဂျက်ဟာ လူငယ်ပရိသတ်တွေကြားမှာ အောင်မြင်မှုရပြီး ပင်မရေစီးကြောင်းထဲကို ရောက်လာခဲ့ပြီး ငါသည်သာ ငါ့ပြိုင်ဖက်နဲ့ တိုင်းသိပြည်သိ အယ်လ်ဘမ်နှစ်ခု ထွက်ရှိထားပါတယ်။

(ဖြိုး၊ Free Wings)
Kamayut Media

ခြေဖဝါးနှင့် လက်ဖဝါးများတွင် ထူးဆန်းသော ဆူးတက်များထွက်လာသူ ညာခြေဖဝါးမှဆူးတက်များ ထပ်မံခွဲစိတ်ရန် နေပြည်တော်သို့ သွားရောက်မည်




မြဝန်းရံ ၊ မိုင်းပျဉ်း၊

အသက်ရှစ်နှစ်အရွယ်တွင် အလွန် အမင်း ကိုယ်ပူတက်ပြီးနောက် ခြေဖဝါးနှစ် ဖက်နှင့် လက်ဖဝါးများတွင် နှင်းဆီဆူးကဲ့သို့ အသားတက်များ ထွက်ပေါ်သည့်ဝေဒနာ ခံ စားနေရသည့် အသက် ၂ဝ အရွယ် မခိုင်ခင် ဦးသည် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက တောင်ကြီးမြို့ ထွန်းအထူးကုဆေးခန်းတွင် အထူးကုဆရာဝန်ကြီး ဒေါက်တာခင်အောင် ထွန်းနှင့် တွေ့ဆုံကုသမှုခံယူခဲ့သည်။ ထိုစဉ်က ဘယ်ဘက်ခြေဖဝါးမှ ဆူးတက်များအား ခွဲ စိတ်ကုသခဲ့ပြီးနောက် ယခုအခါ ကျန်ခြေဖဝါး မှ ဆူးတက်များအား ထပ်မံခွဲစိတ်ရန်အတွက် နေပြည်တော်ရှိ ဥတ္တရသီရိ ပြည်သူ့ဆေးရုံကြီး သို့ သွားရောက်ကုသမှု ခံယူရမည်ဖြစ်ကြောင်း သိရသည်။

''ဘယ်ခြေဖဝါးက ဆူးတွေ ခွဲစိတ်လိုက် ပြီးတော့ ထပ်မထွက်လာတော့ဘူး။ ဒီတော့ နောက်တစ်ဖက်ကိုလဲ ခွဲစိတ်လို့ရမယ်လို့ မျှော် လင့်ပါတယ်။ ဆရာဝန်ကြီးက နေပြည်တော် ကို ပြောင်းသွားပြီဆိုတော့ အဲဒီကိုလိုက်ပြီး ကုသမှုခံယူမှာပါ''ဟု ဖခင်ဖြစ်သူ ဦးကျော်ဝင်း ကရှင်းပြသည်။

မိုင်းပျဉ်းမြို့မှ မိုင် ၃ဝ အကွာရှိ ဆောက် လုပ်ရေးစခန်းတွင်နေထိုင်သော ဦးကျော်ဝင်း ၏သမီးလတ်ဖြစ်ပြီး အသက်သုံးနှစ် အရွယ် က အနီဖုလေးများ တစ်ကိုယ်လုံးပေါ်လာ၍ ဆေးထိုးခဲ့ကြောင်း၊ ကျောင်းနေစအရွယ်တွင် ခြေဖျားလက်ဖျားတွင်ြေ>ွမအရေခွံလဲသလို ကွာ လာကာ အသက်ရှစ်နှစ်အရွယ်တွင်မူ ကိုယ်ပူ ရှိန် အလွန်အမင်းတက်သည့် ဝေဒနာခံစား ရသဖြင့် ဆေးမှူးဖြင့်ကုသရာ ဆေးထိုးပေးခဲ့ ကြောင်းသိရသည်။

ဆေးထိုးပြီးနောက်ပိုင်း ခြေဖဝါးများတွင် ဆူးတက်များ ထွက်ပေါ်လာ သဖြင့် ဆေးနည်းမျိုးစုံဖြင့် လိုက်လံကုသခဲ့သော် လည်း ပျောက်ကင်းခြင်းမရှိသဖြင့် ကျောင်း ထွက်လိုက်ရကြောင်း ဖခင်ဖြစ်သူထံမှ သိရ သည်။

ထို့နောက်ွညေသိမောေ ဆေးကုမ္ပဏီ ၏ဆက်သွယ်မှုဖြင့် မယ်ဆိုင်ရှိ ကုမ္ပဏီဆေး ရုံတွင် ၂ဝ၁ဝ မေလအတွင်းက သွားရောက် ကုသမှု ခံယူခဲ့သော်လည်း ပျောက်ကင်းမှုမရှိ ခဲ့ကြောင်း၊ ၂ဝ၁ဝ ပြည့်နှစ် စက်တင်ဘာလတွင် တောင်ကြီးမန္တလာဆေးရုံသို့ လာရောက်ပြ သရာ အရေပြားအထူးကုဆရာဝန်ကြီး ဒေါက် တာÓဏ်ထွန်းက ဆူးများကို ခြစ်ထုတ်ကုသ ပေးခဲ့သည်။ သို့သော် သုံးလအကြာတွင်မူ ဆူး တက်များ ပြန်ထွက်လာသည်ဟုဆိုသည်။

၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် နှလုံးခုန် အလွန်အမင်းမြန်သည့် ဝေဒနာခံစား လာရသဖြင့် တောင်ကြီးမြို့ ထွန်းအထူးကုဆေး ရုံ၌ လာရောက်ပြသရာ ခွဲစိတ်အထူးကုဆရာ ဝန်ကြီး ဒေါက်တာခင်အောင်ထွန်းက ဘယ် ဘက်ခြေဖဝါးရှိ အတက်များအား ခွဲစိတ်ဖယ် ရှားပေးခဲ့သည်။

''ဆေးရုံမှာလဲ ၁၅ ရက်လောက် နေရ တယ်။ ပြီးတော့ အပြင်မှာ တည်းခိုစရာအိမ် ရှာပြီး ရက်အစိတ်လောက် နေရသေးတယ်။ ချုပ်ရိုးဖြေပြီးမှ ပြန်သွားတာ။ ၁၂ သိန်းလောက် ကုန်ကျခဲ့တယ်။ မချမ်းသာပေမယ့် သားသ မီးကို ကိုယ်တတ်နိုင်သလောက် ရနိုင်သလောက် အထိ ကုသမယ်လို့တွေးပြီး ကြိုးစားကုသတာ ပါ''ဟု ဦးကျော်ဝင်းက ရှင်းပြသည်။

''သမီးအသက် ၂ဝ ရှိပါပြီ။ ငယ်ငယ်က တည်းက ဒီရောဂါဖြစ်တော့ ကျောင်းထွက်ရ တယ်။ မိဘတွေကပဲ အစစ စောင့်ရှောက်ရ တယ်။ ဒီတစ်ပတ်ခွဲစိတ်ပြီးရင် လမ်းလျှောက် နိုင်မယ်လို့ မျှော်လင့်တယ်။ လျှောက်နိုင်အောင် လဲကြိုးစားမယ်။ ခွဲစိတ်ပြီးတော့ အရင်ကထက် နေရတာ ပိုကောင်းလာတယ်။ အိပ်နိုင်စားနိုင် လာတယ်''ဟု ဝေဒနာရှင်ခိုင်ခင်ဦးက သူမ၏ မျှော်လင့်ချက်ကို ပြောပါသည်။

ခြေထောက်နှစ်ဖက်အပြင် လက်ဖဝါး များတွင် ပါဝေဒနာခံစားနေရသောကြောင့် လမ်းမသွားနိုင်၊ ကျောင်း ဆက်မတက်နိုင်တော့ သော်လည်း စခန်းမှ ကလေးငယ်များအား စာ သင်ပေးနေကြောင်း ယင်းက ဆက်လက်ပြော ပြသည်။

ဆူးများထွက်မလာခင်က အရေပြားကွာ ထွက်ကာ ယားယံကြောင်း၊ လေတိုက်ခံမှ အ ရေပြား ပြန်မာလာပြီး စာရေးနိုင်ကြောင်းနှင့် ဆူးမထွက်မီက အပူရှိန်အလွန်တက်ကာ ခြေ ဖဝါးများကို ရေစိမ်ပြီးနေရကြောင်း နောက် ပိုင်းမှ အရေပြားကွဲထွက်ကာ ဆူးကဲ့သို့ အ တက်များ ထွက်လာသည်ဟု ဆိုသည်။
ဝေဒနာရှင်မခိုင်ခင်ဦးက ''ကိုယ့်ရောဂါ ပျောက်အောင် ကုချင်ပေမယ့် ကုန်ကျစရိတ် များတော့ အဖေအမေကို သနားလာတယ်။
ခြေတစ်ဖက်ကုပေးတာကိုပဲ အဖေအမေမေတ္တာ ကြီးမားလှပါတယ်။ အဖေကတော့ အဖေမ သေသေးသ၍ သမီးခြေထောက် ပြန်ကောင်း အောင် ကုပေးမယ်ဆိုပြီး ထပ်မံခွဲစိတ်ဖို့ပြင် ဆင်တာပါ''ဟု မျက်ရည်စဖြင့် ပြောပြခဲ့သည်။

ဇွန် ၇ ရက်တွင် နေပြည်တော်တွင် ထပ်မံ ခွဲစိတ်ကုသမှုခံယူမည်ဖြစ်ပြီး မခိုင်ခင်ဦး၏ကုသမှုကို မည်သည့်အဖွဲ့အစည်းနှင့်မျှ ဆက် သွယ် အကူအညီမတောင်းဖူးသေးကြောင်း သိရသည်။ ကုန်ကျစရိတ်များမည့်အပြင် ဝန် ထမ်းဖြစ်သဖြင့် ကူညီနိုင်မည့်သူတွေရှိပါက သမီးဖြစ်သူအတွက် အလွန်ဝမ်းသာ ရမည် ဖြစ်ကြောင်း ဦးကျော်ဝင်းက ပြောသည်။



Yangon Media Group

NLD ပါတီဝင် နေအိမ်အား ပြည်ခိုင်ဖြိုး ပါတီဝင် လေးခွဖြင့်ပစ်


ကလေးမြို့နယ်တွင် NLD ပါတီဝင် နေအိမ်အား ပြည်ခိုင်ဖြိုး ပါတီဝင်က ခဲ၊ လေးခွများဖြင့် ပစ်ပေါက်မှုဖြင့် အမှုဖွင့်ခံထား ရကြောင်းသိရသည်။ ဖြစ်စဉ်မှာ၊ ကလေးမြို့နယ် နန်စောင်းပု ကျေးရွာ၊ ရပ်ကျေး NLD စည်းရုံးရေးမှူး နေအိမ်အား တစ်ဝန်းတည်း သီးခြား နေထိုင်သူ ပြည်ခိုင်ဖြိုး ပါတီဝင် တစ်ဦးမှ ဇွန်လ (၃) ရက်နေ့ ည (၁၀) နာရီအချိန် တွင် ခဲ၊ လေးခွ များနှင့် ပစ်ပေါက်ခဲ့ သဖြင့် အမှုဖွင့် အရေးယူခြင်း ခံထားရခြင်း ဖြစ်ကြောင်း သက်ဆိုင် ရာ ကလေးမြို့မ ရဲစခန်းမှ သိရသည်။

ပြည်ခိုင်ဖြိုး ပါတီဝင် ၀င်းမောင် (ခ) မြ၀င်းရွှေမှ ခဲ၊ လေးခွများဖြင့် ပစ်ပေါက်ခဲ့သည့် အပြင် မနက်ကျရင် မင်းတို့မိသားစုကို မမြင်ချင်ဘူး၊ သတ်ပစ်မယ် ဟု ပြောဆိုကာ တစ်ညလုံး ခဲလေးခွများဖြင့် ပစ်ပေါက်ခဲ့သည့် အတွက် NLD စည်းရုံးရေးမှူး ဦးဝင်းနိုင်မှ သက်ဆိုင်ရာသို့ ဥပဒေကြောင်း အရ အရေးယူ ပေးပါရန် ဇွန်လ(၄) ရက်နေ့ နံနက်ပိုင်းတွင် တိုင်ကြားခဲ့ကြောင်း မှူခင်း မှတ်တမ်းများအရ သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကလေးမြို့ မြို့မရဲစခန်းမှ ပြည်ခိုင်ဖြိုးရပ်ကျေး ပါတီဝင် ၀င်းမောင် (ခ) မြ၀င်းရွှေအား (ပ) ၃၀၀/၂၀၁၄ ပြစ်မှု ပုဒ်မ ၃၃၆/၅၀၆ အရ အမှု ဖွင့် အရေးယူ ထားကြောင်း သက်ဆိုင်ရာ ရဲစခန်းမှသိရသည်။

Messenger News Journal

ပုဒ်မ ၄၃၆ပြင်ဆင်ရေး မိမိလက်မှတ်မထိုးသော်လည်း ပြည်ခိုင်ဖြိုးပါတီဝင်များ လက်မှတ်ထိုးရာတွင် ပါဝင်နိုင်ဟု ဒုဥက္ကဋ္ဌ ဦးဌေးဦးပြော

ဦးဌေးဦး

ရန်ကုန်၊ ဇွန် ၅ - ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၄၃၆ပြင်ဆင်ရေးအ တွက် မိမိအနေဖြင့်လက်မှတ်ထိုးမည် မဟုတ်သော်လည်း လက်မှတ်ထိုးရာ တွင် ပြည်ခိုင်ဖြိုးပါတီဝင်များပါဝင် ကောင်းပါဝင်နိုင် ကြောင်း ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယ ဥက္ကဋ္ဌနှင့်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးဌေးဦးက ပြောသည်။
ဇွန် ၅ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးပြီးဆုံးချိန်တွင် သတင်း မီဒီယာများနှင့် တွေ့ဆုံချိန်၌အထက် ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။ ဦးဌေးဦးက ''ပါတီစုံဒီမိုကရေစီ ခေတ်ဖြစ်လို့ မိမိဆန္ဒ ကို လွတ်လွတ် လပ်လပ်ဖော်ထုတ်နိုင်ပါတယ်။ ပြင် ချင်သူ ကပြင်ချင်ကြောင်းပြောနိုင် သလို၊ မပြင်ချင်သူကလဲ မပြင်လို ကြောင်း ပြောနိုင်ပါတယ်''ဟုပြော သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီအနေဖြင့် ဖွဲ့စည်းပုံအခြေ ခံဥပဒေပုဒ်မ-၅၉(စ)အား ပြင်ဆင် ရေးအတွက် လုပ်ဆောင်နေ သည် ဟု သတင်းထွက်ပေါ်နေသည်နှင့် ပတ်သက်၍ မိမိတို့ ပါတီ အနေဖြင့် ယင်းကဲ့သို့ လုပ်ဆောင်ခြင်း မရှိကြောင်း ဦးဌေးဦးက ငြင်းဆိုသည်။

ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယ ဥက္ကဋ္ဌနှင့်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးဌေးဦး။
ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင် ဆင်ရာတွင် လည်း ပုဒ်မ-၄၃၆၊ ပုဒ်မ-၅၉(စ)ဖြင့် ခွဲခြားမစဉ်းစားဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပြင်ဆင်ရန် လိုအပ်သည့် အခြားသောပုဒ်မများ ပါပြင်ဆင်နိုင်ရန်ဆောင် ရွက် နေပြီး ပြင်ဆင်လိုသည့်ပုဒ်မများအား ပါတီ တွင်းအဆင့်ဆင့် ဆွေးနွေးညှိနှိုင်း၍ မိမိတို့ပါတီအနေဖြင့် ပြည်သူ့လွှတ် တော်တွင်တင်ပြထားကြောင်း ယင်း ကဆိုသည်။
ဦးဌေးဦး မှ ဆက်လက်၍ ''၄၃၆ ပြင်ဆင်ရေးကို လက်မှတ်ကောက် ခံနေတာကျွန်တော်မသိလို့ဘာမှ မပြောနိုင်ပါဘူး။ လူဦးရေသန်း ၆၀ ရှိပါတယ်။ အကုန်ပါမယ်လို့မပြောနိုင် ပါဘူး'' ဟု ပြော သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ရ မည့်နည်း လမ်းများပြဋ္ဌာန်း ထားပြီး လူထုဆန္ဒမဲ ကောက်ခံပါက လည်း ဖွဲ့စည်းပုံ အခြေခံ ပါ ဥပဒေ များအတိုင်းသာ ပြင်ဆင်ရမည်ဖြစ် ကာ လူထုသဘောထား ဆန္ဒ သည် သာအရေးကြီးပြီး မိမိတို့ပါတီအနေ ဖြင့် ချမှတ်ထားသည့် လမ်းစဉ်များ အတိုင်းသာ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မှ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ''၄၃၆ပြင်ဆင်ဖို့ လက်မှတ်ထိုး တာနဲ့ ပတ်သက်ပြီးတော့ အန်ကယ်တို့က နဂို ကတည်း က ဆန္ဒရှိတဲ့သူ ထိုးပါ။ ဆန္ဒ မရှိရင် မထိုးပါနဲ့ ဆိုပြီး ကြေညာ ထား ပြီးဖြစ်တယ်။ လွတ်လပ်တဲ့ဆန္ဒသဘော ထားနဲ့သာထိုးပါ။ အတင်းလိုက်ပြီး မထိုးခိုင်း ထားပါဘူး''ဟု ပြော သည်။
လင်းအောင်၊ ခင်မောင်ကြီး(ရှမ်းတဲ)
[--Democracy today Daily Newspaper--]

တရုတ်တွင် ပန်ဒါ ဝက်ဝံပေါက်လေး များကို ကမ္ဘာ့ဖလား ဘောလုံးပွဲ ရလဒ် ခန့်မှန်းခိုင်းမည်


ကမ္ဘာကျော်ခဲ့သော ဂျာမနီ၏ရေ ဘဝဲပေါလ် နည်းတူ ၂ဝ၁၄ ဘရာဇီး ကမ္ဘာ့ ဖလား ပြိုင်ပွဲ၏ ဘောလုံးပွဲစဉ် ရလဒ်များကို ခန့်မှန်းရန် အတွက် တရုတ် တို့က ပန်ဒါဝက်ဝံ ငယ်လေး များကို အ သုံးပြု သွားမည်ဟု ဆင်ဟွာ သတင်းဌာန က ရေးသားဖော်ပြထားသည်။

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ရှိ ဝက်ဝံ မွေးမြူရေး စခန်း တစ်ခုမှ ဝက်ဝံ ကလေး များကို ကမ္ဘာ့ဖလား ဘောလုံးပွဲ ရလဒ် များကို ခန့်မှန်းခိုင်းမည် ဖြစ်ပြီး ပြီးခဲ့ သည့် ၂ဝ၁ဝ ကမ္ဘာ့ဖလားတွင် ပွဲ စဉ် အားလုံးကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့ သဖြင့် ကမ္ဘာကျော် ခဲ့သော ရေဘဝဲ ပေါလ်၏ခြေရာကို ဆက်ခံနိုင်ရန် တရုတ် တို့က မျှော်လင့်ထားကြသည်။

ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ်များ အတွက် တစ်နှစ်သားနှင့် နှစ်နှစ်သား ဝက်ဝံ ကလေး များကို နိုင်၊ သရေနှင့် ရှုံး တံဆိပ် ကပ်ထားသော ခြင်း ၃ လုံးထဲမှ အစားအစာ ကို ရွေး ချယ် ခိုင်းပြီး ရလဒ် ကို ခန့်မှန်း ခိုင်းမည်ဟု သိရသည်။

ရှုံးထွက်ပွဲစဉ် များအတွက် မူ နိုင်ငံ အလံလွင့်ထူ ထားသော သစ်ပင်များကို ဝက်ဝံများအား အတက် ပြိုင်ခိုင်းခြင်းဖြင့် ခန့်မှန်း ခိုင်းမည်ဟု စီမံ ထားကြောင်း သတင်း ဌာန က ဖော်ပြထားသည်။

၂ဝ၁ဝ တောင်အာဖရိက ကမ္ဘာ့ ဖလားတွင် ပွဲစဉ် ၈ ပွဲကို မှန်ကန်စွာ ခန့်မှန်းနိုင် ခဲ့သဖြင့် ကမ္ဘာကျော် ခဲ့သော ဂျာမနီတို့၏ ရေဘဝဲပေါလ် သည် သေဆုံး သွားပြီ ဖြစ်ရာ ၄င်းကဲ့သို့ အောင်မြင် မှုရရန် အတွက်မူ တရုတ်တို့၏ ဝက်ဝံ များအဖို့ အလွန် ခက်ခဲနေမည်ဖြစ်သည်။ တရုတ်နိုင်ငံတွင် ဝက်ဝံကောင်ရေ ၁၆ဝဝ ခန့် ရှိပြီး အများစုမှာ စီချွမ် ပြည်နယ်တွင် ဖြစ်သည်။ ဝက်ဝံများသည် သားဖွားနှုန်း အလွန်နှေးသော တိရစ္ဆာန်မျိုး ဖြစ်သည့် အပြင် နေထိုင် ကျက်စားရာ နယ်ပယ် ဒေသတွင် ပင် တောတွင်းနေ ထိုင်ကျက်စားမှု ပုံစံ ပြောင်းလဲလာမှုကြောင့် ကောင်ရေ လျော့နည်းလျက် ရှိရာ တရုတ် အာဏာပိုင်များက စီချွမ်ပြည်နယ် တွင် ဝက်ဝံ မွေးမြူရေး စခန်း ဖွင့်လှစ် ပြီး စောင့် ရှောက်ပေးလျက် ရှိသည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်း သည် လည်း နိုင်ငံသား များက အဖိုးတန် ဝက်ဝံ များကို ပိုမို စိတ်ဝင်စားမှု ရှိလာစေရန် ရည်ရွယ် ထားကြောင်း အာဏာပိုင် တို့က ဆို သည်။

KYL
Ref:Xinhua
Popular Myanmar News Journal

လွှတ်တော်တွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း မထွက်ရရေး သမ္မတ ဦးသိန်းစိန်အစိုးရမှ လစာ ၂၅ ရာခိုင်နှုန်း ပြန်လည်ပေးလှူခြင်း ယတြာဖြစ်နိုင်ကြောင်း သုံးသပ်သူများရှိ


ရန်ကုန်၊ ဇွန် ၎

နိုင်ငံတော်တွင် ဆင်းရဲမွဲတေမှုများ လျှော့ချရေးအတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အစိုးရ အဖွဲ့ဝင်များမှ ၎င်းတို့၏ လစာငွေ ၂၅ ရာခိုင်နှုန်းကို တိုင်းပြည်ဘဏ္ဍာသို့ ပြန်လည် ပေးသွင်းခြင်းမှာ ပြည်တွင်းပြည်ပ မီဒီယာများနှင့် နိုင်ငံရေး စိတ်ဝင်စားသူများက လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း မရှိ သင့်ကြောင်း၊ ပြည်ထောင်စု လွှတ်တော် နာယက ကိုယ်တိုင်လည်း တပ်မတော်သား ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းမှာ ရွေးချယ်ခံ ကိုယ်စားလှယ်များ ဖြစ်သင့်ကြောင်း သုံးသပ်ချက်များ ထွက်ပေါ်လာပြီးနောက် ယတြာချေခြင်းတစ်မျိုး အစိုးရဘက်မှ လုပ်ဆောင်လာခြင်းဟူ၍ သုံးသပ်ချက်များ ထွက်ပေါ်လာသည်။

နိုင်ငံကျော် ဗေဒင်ပညာရှင် ဆရာစံ-ဇာဏီဘိုကမူ ““၂၅ ဆိုတာက ၄ ပုံပုံ ၁ပုံပေါ့။ နံပါတ် ၁ က တနင်္လာနဲ့ ကြာသပတေး တွဲတာကို ၂၅ လို့ ယူတယ်။ ၂၅ ဆိုတာ ခိုင်မြဲတဲ့ဓာတ် မြေကြီးဓာတ်၊ ပထ၀ီဓာတ် ခိုင်မြဲတဲ့ သဘော၊ ခိုင်မာတဲ့ သဘော လိုချင်တာ။ တနင်္လာနဲ့ ကြာသပတေး တွဲတာပေါ့လေ။ ခိုင်မြဲတဲ့ သဘာဝ၊ ခိုင်မာတဲ့ သဘာဝရှိတယ်။ နောက်ပြီးတော့သူက ၂ နဲ့ ၅ ပေါင်းရင်၊ တနင်္လာနဲ့ ကြာသပတေးနဲ့ ပေါင်းရင် ၇ ရတယ်။ နောက်တစ်ခါ တနင်္လာရဲ့ ဂြိုဟ်သက်က ၁၅ ရှိတယ်။ ကြာသပတေး ဂြိုဟ်သက်က ၁၉ ရှိတယ်။ ၂ ခုပေါင်းရင် ၃၄ ရတယ်။ ပေါင်းရင် ၇ ပြန်ရတယ်။ အတွင်းဂြိုဟ်သက်ရော အပြင်ရော ရရှိတယ်။ အဲဒီတော့ ၇ ရက်သား သမီးတွေ အပေါ်မှာ စိုးမိုးလွှမ်းမိုးခြင်းဆိုတဲ့ နိမိတ်ကိုလည်း ပြတယ်။ … နောက်ပြီးတော့ ၄ ပုံပုံ ၁ ပုံ ဆိုတာက ၁ စိတ်ပေါ့နော်။ ၁ စိတ် ၁ အိတ် ထည့်ခွင့် ရှိတယ်ဆိုတဲ့ သဘောကို ပြောတာပေါ့။ ဗေဒင်နည်းအရ ဟုတ်မယ်တော့ မထင်ပါ ဘူး။ တိုက်ဆိုင်တာပဲ ဖြစ်မှာပါ။ သမ္မတကတော့ ဗေဒင်နည်းအရ ယတြာနည်းအရ လုပ်မယ်တော့ မထင်ပါဘူး။ ဒါကတော့ သူ့ဘာသာသူပဲ လုပ်တာပဲနေမှာ။ လုပ်လို့ဖြစ်တဲ့ အကြောင်းအရာ ပေါ်မှာ နိမိတ်ကောက်လို့တော့ ရကောင်းရမယ်။ ဒီဟာက ဗေဒင်အရ လုပ်တာတော့ မဟုတ်ဘူးပေါ့။ ဒါလုပ် တာတော့ ရှင်းတယ်။ ဆင်းရဲသူ ပပျောက်ရေးဆိုပြီး အလှူငွေတစ်ခု သူတို့ ထည့်တယ်။ ရာခိုင်နှုန်း ထည့်တယ်။ လှူတယ်ဆိုတာ ပိုလို့ လျှံလို့ ထည့်တာပေါ့။ ဒါပေမဲ့ သူတို့က ဘာလုပ်ချင်တာလဲ ကျွန်တော်လည်း နားမလည် ဘူးလေ။ ဆင်းရဲတာ ပပျောက်ဖို့အတွက် ပိုက်ဆံတွေ ၀ိုင်းထည့်ပါ ဆိုပြီးတော့ ဒီငွေကြေးကို ဘာသုံးမလဲ။ ဘာမှပြောနိုင်တာ မဟုတ်ဘူးလေ။ ဆင်းရဲမွဲတေရေး ပပျောက်အောင် ဆိုပြီးရတဲ့ ပိုက်ဆံဘယ်မှာ သွားသုံးမလဲ””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

4
သမ၀ါယမ ချေးငွေများ စီစဉ်ပေးနေသော CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးကို နေပြည်တော် သမ၀ါယမ၀န်ကြီးရုံး၌ တွေ့ရစဉ်။ ဓာတ်ပုံ- ဆန်းဝင်းထွန်း

အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး အချို့က ယခုလစာတွင် ၂၅ ရာခိုင်နှုန်း ဖြစ်သော ၈ သိန်းကျပ်ကို ပေးသွင်းခဲ့ပြီး ဖြစ်ကြောင်းလည်း မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အစိုးရ အဆက်ဆက် ကိုးကွယ် ယုံကြည်မှုများနှင့် ယတြာချေခြင်းများမှာ တိုင်းရေး ပြည်ရာ သာမက အာဏာနှင့် ဆက်စပ်သော အကျိုးစီးပွား လုပ်ပိုင်ခွင့်များ အတွက်လည်း ယတြာချေခြင်းများ ပြုလုပ်ခဲ့ကာ အနီးစပ်ဆုံး တပ်မတော်အစိုးရ လက်ထက်၌ အများပြည်သူ မြင်ကွင်းများတွင် ရှိသည့် ဘုရား စေတီ၊ ပုထိုး၊ ကျောင်းကန် များလည်း ၎င်းတို့၏ ယတြာလှူဒါန်းခြင်းများ ပါဝင်ခဲ့သည်။ ထို့အတွက်ကြောင့် တပ်မတော်အစိုးရ၌ ပါဝင်ခဲ့သည့် အငြိမ်းစား ဗိုလ်ချုပ်ကြီးများ ဖြစ်ကြသော သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးတို့နှင့် ပြည်ထောင်စုဝန်ကြီး များသည်လည်း ယတြာပြု လှူဒါန်းခြင်းများ စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိကြောင်း ပြည်သူများက လက်ခံ ယုံကြည်လျက် ရှိကြသည်။

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ စမတောင်တွင် မေလအတွင်း ပြုလုပ်ခဲ့သော ဘုရားပန္နက်တင် အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ရှိ ဌာနဆိုင်ရာ အကြီးအကဲများအပြင် နေပြည်တော် တိုင်းမှူးနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကိုယ်ရံတော် အကြီးအကဲ ဗိုလ်ချုပ်စိုးရှိန်(ငြိမ်း)လည်း ပါဝင် တက်ရောက်ခဲ့ခြင်း မှာလည်း တပ်မတော်အစိုးရနှင့် ယခုအစိုးရသစ် ခေါင်းဆောင်ပိုင်း၌ ဘာသာရေးအရ ကိုးကွယ် ယုံကြည်မှု များပြားလျက်ရှိကြောင်း တွေ့ရှိနေရသည်။

လတ်တလောတွင် ပြည်သူအများ ဆင်းရဲမှု လျှော့ချရေး အတွက် အတိုးနှုန်း သက်သာသော ချေးငွေများကို ယခင်က ကြံ့ခိုင်ရေးပါတီ နည်းတူ သမ၀ါယမ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးတို့ ပူးပေါင်းစီစဉ် ထုတ်ပေးလျက်ရှိရာ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ ကိုယ်တိုင် တက်ရောက် အားပေးလျက်ရှိသည်။

MH-0011
မြန်မာသံတော်ဆင့်

တန်ဖိုးနည်းအိမ်ရာ ဖော်ထုတ် မပေးနိုင်တဲ့ အစိုးရကို မဲပေး ဖြုတ်ချကြ


စည်သူအောင်မြင့်

အခုရက်ပိုင်းအတွင်း ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာ စိတ်ဝင်းစားဖို့ အကောင်းဆုံး သတင်းတစ်ပုဒ်ကတော့ တန်ဖိုးကျပ်သိန်း ၁၁၀ ကနေ ၁၂၀ ကြား သတ်မှတ်ထားတဲ့ လှိုင်သာယာမြို့နယ်က ရွှေလင်ပန်းအိမ်ရာ တိုက်ခန်းရောင်းချပေးမယ်ဆိုတဲ့ သတင်းပါ။ တိုက်ခန်းဝယ်မယ်ဆိုရင် တန်ဖိုး ရဲ့ ၃၀ ရာခိုင်နှုန်းနဲ့ညီမျှတဲ့ ကျပ်သိန်း ၃၀ ကနေ ၄၀ ကြား ကနဦးပေးသွင်းရမယ်။ နောက်ပိုင်း တစ်လ ကျပ်သုံးသောင်း ပေးသွင်းသွားရုံနဲ့ တိုက်ခန်းပိုင် ဖြစ်သွားမယ်ဆိုတာပါ။ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနဟာ ဒီလိုရောင်းချမယ့်ပုံစံကို ရန်ကုန်တိုင်း အစိုးရဆီတင်ထားပြီး ခွင့်ပြုချက်ရတာနဲ့ ရောင်းပေးတော့မယ်လို့ ဆိုပါတယ်။ ၀င်ငွေ အလယ်အလတ်လောက်ပဲရှိပြီး ရန်ကုန်မှာ တိုက်ခန်းတစ်ခန်းပိုင်ဖို့ စိတ်ကူးနေကြသူတွေအနေနဲ့ ၀မ်းသာကြရတော့မှာလား။

ဟိုး- ဟိုး- ၀မ်းမသာကြပါနဲ့ဦး။ ရောင်းပေးမယ့် အခန်းက ၆၀၀ တောင် မပြည့်ပါဘူး။ နောက်ဝယ်ခွင့်ရဖို့အတွက် အစိုးရ၀န်ထမ်းတွေ ကုမ္ပဏီဝန်ထမ်းတွေဟာ သက်ဆိုင်ရာဌာနအကြီးအကဲရဲ့ ထောက်ခံချက် ယူရဦးမယ်လို့ ဆိုပါတယ်။ နောက်ဆုံး ဘဲအုပ်က တစ်ရာ နှစ်ရာ မဗေဒါ တစ်ပင်တည်း ဇာတ်လမ်းဆိုက်ပြီး မဲနှိုက်ရတဲ့ အခြေအနေဆိုက်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်မှာ တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်နိုင်မယ့် အနေအထား ဘယ်လိုရှိမလဲ၊ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

လတ်တလော ပြည်သူတွေကြား ပြောဆိုနေကြတာတစ်ခုကတော့ အိမ်ဈေး မြေဈေးတွေ ခေါင်ခိုက်အောင် မြင့်တက်နေတယ်၊ နိုင်ငံတကာနဲ့ နှိုင်းယှဉ်ရင်တောင် မြင့်နေတယ်၊ ဒါဟာ မဖြစ်သင့်ဘူး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုလည်း ထိခိုက်တယ်စသဖြင့် ဖြစ်ပါတယ်။ လူတွေ ဘယ်လောက် ပြောပြော လက်ရှိ အစိုးရကတော့ ဒီကိစ္စ ဖြေရှင်းပေးဖို့ မရှိပါဘူး။ အကြောင်းကတော့ ရန်ကုန် အိမ်ခြံမြေလောကမှာ တန်ဖိုးကြီး အိမ်တွေ၊ ခြံတွေ၊ မြေတွေ ပိုင်ဆိုင်ထားသူ အများစုနဲ့ ရင်းနှီးမြှုပ်နှံထားသူ အများစုဟာ စစ်ဗိုလ်ချုပ်နဲ့စစ်အရာရှိဟောင်းတွေ၊ သူတို့ မိသားစုဝင်တွေ၊ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေက အများစုဖြစ်နေလို့ပါပဲ။ အိမ်ဈေး၊ မြေဈေးတွေတက်လေ သူတို့ပိုင်ဆိုင်မှု တိုးပွားလာလေ၊ ပိုပြီး ကြွယ်ဝချမ်းသာလာလေလေမို့ ဒီကိစ္စကိုင် တွယ်မှာမဟုတ်ပါဘူး။

သိပ်မကြာသေးခင်က ဟိုးလေးတကြော်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း တစ်ယောက်ရဲ့ ခြံနဲ့တိုက်ကို ကုလသမဂ္ဂ UNICEF လိုအဖွဲ့ကြီးက တစ်လ ဒေါ်လာ ၈၇,၀၀၀၊ တစ်နှစ် ဒေါ်လာတစ်သန်းကျော် ပေးပြီးငှားထားတယ်ဆိုတဲ့ သတင်းဟာ အဲဒီအခြေအနေတွေကို ထင်ဟပ်တဲ့ သတင်းပဲ ဖြစ်ပါတယ်။ ထားပါ။ ဒါက လူချမ်းသာတွေ၊ စီးပွားရေးသမားကြီးတွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ပဲ ဆိုင်တယ်ဆိုပြီး ထားလိုက်လို့ရပါတယ်။ မြန်မာနိုင်ငံသား လူလတ်တန်းစားတွေ ၀င်ငွေအသင့် အတင့်ရှိသူတွေ ရန်ကုန်မှာ တိုက်ခန်း တစ်ခန်းပိုင်ဖို့ ဖြစ်နိုင်ပါ့မလားဆိုတာက အများပြည်သူနဲ့ ပိုပြီး သက်ဆိုင်၊ ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ်။

လောလောဆယ် ရန်ကုန်မှာ တိုက်ခန်းတန်ဖိုးတွေ အနိမ့်ဆုံး ကျပ်သိန်း ၃၀၀-၄၀၀ ဖြစ်၊ ၁၂ ပေ x ပေ ၅၀ လောက် တိုက်ခန်းကျဉ်းတွေရဲ့ တစ်လငှားခ အနည်းဆုံး ကျပ်တစ်သိန်းခွဲလောက်ဖြစ်လာတဲ့အခါ ပြည်သူတွေ မျက်လုံးပြူးလာကြပါတယ်။ ခပ်ညံ့ညံ့ တိုက်ခန်းကျဉ်း တစ်လငှားခဟာ အစိုးရ ပြန်တမ်းဝင်အရာရှိ တစ်ယောက်ရဲ့ တစ်လစာ လခထက်များနေပါတယ်။ ကုမ္ပဏီတွေရဲ့ အောက်ခြေ၀န်ထမ်းလစာ နှစ်ဆနီးပါးလောက် ဖြစ်နေတာလည်း တွေ့ကြရပါတယ်။ တကယ်တော့ ဒါမဖြစ်သင့်ဘူးဆိုတာ အားလုံးသိကြပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကလည်း ရိုးရှင်းပါတယ်။ အိမ်ရာ တိုက်ခန်း လိုအပ်သူများလာပေမယ့် အိမ်ရာတိုက်ခန်း အသစ်တွေ ဖော်ထုတ်တည်ဆောက်ပေးမှု နည်းနေသေးတဲ့ ပြဿနာပါ။ အစိုးရထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ရန်ကုန်မှာ အိမ်ရာတိုက်ခန်း လိုအပ်ချက် သိန်းဂဏန်း အထက်ရှိပေမယ့် တကယ်ဖော် ထုတ်ရောင်းချပေးနိုင်တာက ထောင်ဂဏန်းလောက်ပဲ ရှိနေတာပါ။ ဆင့်ပါးစပ် နှမ်းပက်ဆိုတဲ့စကား ပိုသင့်တော်ပါလိမ့်မယ်။ ဒီတော့ မေးခွန်းထုတ်လာကြပါတော့တယ်။ “တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းတွေ တည်ဆောက် ရောင်းချပေးဖို့ မရှိဘူးလား” ဆိုတာပါ။

လတ်တလော အာဏာပိုင်တွေနဲ့ ပုဂ္ဂလိကတွေ ပူးပေါင်းဆောက်လုပ်တဲ့ တန်ဖိုးနည်းအိမ်ရာတွေဆိုတာကလည်း ကျပ်ငွေ သိန်း ၃၀၀ အထက်လောက် သတ်မှတ်ထားတာကြောင့် ဒါလား တန်ဖိုးနည်းဆိုပြီး ပြည်သူတွေ ပြက်ရယ်ပြုကြပါတယ်။ နောက်တော့ အာဏာပိုင်တွေဟာ “တန်ဖိုး မျှတအိမ်ရာ” ဆိုပြီး ပြောင်းခေါ် ပါတယ်။ ပြည်သူတွေ နောက်ထပ် သိလိုမေးလိုတာက ဒီထက်တန်ဖိုးနည်းတဲ့အိမ်ရာ တိုက်ခန်းတွေ တည်ဆောက်မပေးနိုင်ဘူးလားဆိုတာပါ။

အဖြေကတော့ တကယ်အကောင်အထည်ဖော်မယ်ဆိုရင် ဖြစ်နိုင်တယ်ဆိုတာပါဆောင်းပါးအစမှာဖော်ပြထားတဲ့ ရွှေလင်ပန်း အိမ်ရာဆိုရင် တန်ဖိုးသတ်မှတ်ချက်ဟာ မြေညီထပ် ကျပ် ၁၂၅ သိန်းပဲ ရှိပါတယ်။ အပေါ်ဆုံး တတိယထပ်ဆို ကျပ်သိန်း ၁၁၀ ကျော်ပဲ ရှိပါတယ်။ ရွှေလင်ပန်းအိမ်ရာကို ဒီဈေးနဲ့ ရောင်းနိုင်ရင် တခြားအိမ်ရာတွေကိုလည်း ဒီထက်တန်ဖိုးနည်းအောင် လုပ်နိုင်တယ်ဆိုတာပါ။ လုပ်မယ်ဆိုရင်လည်း မခက်ပါဘူး။ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မယ့် မြေနေရာကိစ္စ အိုးအိမ်ဌာန၊ စည်ပင်သာယာ၊ ဒါမှမဟုတ် အစိုးရဌာနဆိုင်ရာ တစ်ခုခုက တာဝန်ယူရပါမယ်။ ရေ ရရှိရေး၊ မီး ရရှိရေး၊ မြို့လယ်ဧရိယာနဲ့ အလှမ်းဝေးတယ်ဆိုရင် သယ်ယူပို့ဆောင်ရေးစနစ် စတာတွေကို အစိုးရဘက်က တာဝန်ယူပြီး အိမ်ရာတည်ဆောက်မယ့် ကုမ္ပဏီတွေကို တင်ဒါခေါ်ရပါမယ်။ ပြည်တွင်းရော ပြည်ပဆောက်လုပ်ရေး ကုမ္ပဏီတွေကိုပါ တင်ဒါပြိုင်ဆိုင်ခွင့် ပေးရပါမယ်။ တင်ဒါပေးတာတွေကိုလည်း ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ရမှာဖြစ်ပြီး လုပ်ငန်းစဉ်တစ်ခုလုံးကိုလည်း နှစ်ဖက်သဘောတူထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ကြီးကြပ်ပေးရမှာ ဖြစ်ပါတယ်။

ဒီလိုနည်းနဲ့ တန်ဖိုးနည်းအိမ်ရာတွေ အချိန်တိုအတွင်း သိန်းနဲ့ချီ ပေါ်ပေါက်လာအောင် လုပ်လို့ရပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုနည်းနဲ့ လုပ်ကြတာမို့ သိပ်အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တကယ့် ပြဿနာက လက်ရှိ အာဏာပိုင်တွေရဲ့ ပြည်သူတွေအပေါ်ထားတဲ့ သဘောထား မမှန်တာ၊ လာဘ်ပေး လာဘ်ယူ အကျိုးအမြတ်မရှိရင် ဘာမှမလုပ်ချင်တာ၊ လုပ်ပြန်ရင်လည်း စီမံကိန်းစနစ်တကျ အကောင်အထည် ပေါ်လာရေးထက် ကိုယ်နဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေနဲ့ ပေါင်းပြီး လုပ်စားဖို့လောက်ပဲ အာရုံရှိတာ၊ အရည်အချင်း မဲ့တာ၊ ၀န်ကြီးဌာနတွေချင်း ပေါင်းစပ်ညှိနှိုင်းမှုမရှိတာ စတာတွေကြောင့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေ ပေါ်ပေါက်မလာတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေအောက်မှာ ပြည်သူတွေလုပ်နိုင်တာ တစ်ခုတည်းရှိပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူ့လိုလားချက် အကောင်အထည် ဖော်မပေးနိုင်တဲ့ အစိုးရကို ဖြုတ်ချပြီး ပြည်သူ့လိုလားချက် အကောင်အထည်ဖော်ပေးနိုင်မယ့် အစိုးရအဖွဲ့သစ် တက်လာအောင် မဲပေးရွေးချယ်ဖို့ပဲရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Mizzima Burmese

အသက်မပြည့်သေးသည့် မိန်းကလေးငယ်အား အမျိုးသား ငါးဦးက အဓမ္မပြုကျင့်ခဲ့ပြီး အဓိက တရားခံတိမ်းရှောင်နေ


ခင်ငြိမ်းသစ်(ရန်ကုန်)

မိုးညိုမြို့နယ်၊ သာယာဝတီတိုက်နယ် ထိန်တော၊ အင်္ဂါရပ်ကွက်အတွင်းနေ အသက် ၁၂ နှစ်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဦးအား တစ်ရပ်ကွက်တည်းနေ လှိုင်ကြည်စိုး၊ ကိုပြူးကျယ်၊ မင်းဇော်ထွန်း၊ ဖိုးခက်၊ ကရင်တို့ ငါးဦးက ၂၀၁၃ ခုနှစ်အတွင်း အလိုမတူဘဲ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့မှုကြောင့် အဒေါ်ဖြစ်သည့် မ၀င်းဝင်းအေးက ထိန်တောရဲစခန်းတွင် ပုဒ်မ ၃၇၆ ဖြင့် တိုင်ချက်ဖွင့်ခဲ့သော်လည်း တရားခံ လေးဦးးကိုသာ ဖမ်းဆီးရမိပြီး အဓိကတရားခံဖြစ်သည့် လှိုင်ကြည်စိုးက ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းလည်း သိရသည်။

အမှုဖြစ်စဉ်မှာ ဖခင်ဖြစ်သူ ညပိုင်း၌ လုပ်ငန်းခွင်ဝင်ရလေ့ရှိပြီး မိခင်ဖြစ်သူ သေဆုံးသွားသဖြင့် ညအချိန် တွင် နေအိမ်၌ ကလေးလေးဦးသာ ကျန်ရစ်ခဲ့သည်။ ထိုသို့ အခြေအနေကို သိထားသည့် လှိုင်ကြည် စိုးက ၂၀၁၃ နှစ်ဝက်ခန့်တွင် အိမ်ပေါ်သို့ တက်လာပြီး မိန်းကလေးငယ်ကို ဓားဖြင့် ထောက်ကာ အဓမ္မပြုကျင့်ခဲ့ သည်။

ထို့သို့ပြုကျင့်ပြီးနောက် အခြားသူများကိုလည်း အဓမ္မပြုကျင့်လျှင် ရသည့်အကြောင်း ပြောပြခဲ့သဖြင့် တစ်ရွာတည်းနေ ပြူးကျယ်၊ ဇော်မင်းထွန်း၊ ဖိုးခက်တို့ကလည်း အဓမ္မပြုကျင့်ခဲ့သည့် အပြင် အခြား သူများ သိရှိ သွားပါက သတ်ပစ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်ဟု ကာယကံရှင်ကပြောကြားခဲ့သည်။

ထို့နောက် ၂၀၁၃၊ ဒီဇင်ဘာလ ၃၀ ရက်က တစ်ဖက်ရွာနေ ကရင်က ရေခပ်ပြန်လာသည့် မိန်းကလေးငယ်အား အဓ္ဓမပြုကျင့်နေစဉ် တစ်ရွာတည်းနေ အမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့သဖြင့် ၎င်း၏ အဒေါ်နှင့်အတူ ရဲစ ခန်းသို့ သွားရောက်ကာ အမှုဖွင့်ခဲ့ကြောင်းသိရှိရသည်။ ထိုသို့ အမှုဖွင့်စဉ် အဓိက တရားခံ လှိုင်ကြည်စိုးက ထွက်ပေးတိမ်းရှောင်သွားကြောင်း သိရသည်။

ထိုအမှုကိုကိုင်တွယ်ခဲ့သည့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင်လင်း လူ့အဖွဲ့အစည်းမှ မမီးမီးက “အခုခေတ်မှာ အပြာကားအခွေတွေ ပေါပေါလောလော ၀ယ်လို့ရနေတယ်။ ဒါကြောင့် ဒီလိုအဓမ္မမှုတွေက နိုင်ငံတစ်ဝန်းလုံးများလာတယ်။ အသက်မပြည့်သေးတဲ့ သူတွေကို ဒီလို လုပ်တာကတော့ တော်တော်ဆိုးပါတယ်” ဟု မမီးမီးက သုံးသပ်ပြောကြားသည်။

Mizzima Burmese

Facebook Fanpage များတွင် Like လုပ်သူ များပြားလာစေရန် ငွေကြေးဖြင့်လုပ်ဆောင်မှု ပိုမိုများပြားလာကြောင်း သိရ


Facebook Fan Page များတွင် ကြည့်ရှုသူများလာစေရန်နှင့် Like လုပ်သူများလာစေရန်အတွက် ငွေကြေးဖြင့်သော်လည်းကောင်း၊ လက်ဆောင်ပစ္စည်းများဖြင့် သော်လည်ကောင်း လုပ်ဆောင်မှုများ ပိုမိုများပြားလာကြောင်း အိုင်တီကုမ္ပဏီ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

"ဒီလိုမျိုးတွေ ပြုလုပ်နေတာတော့ ကြာပါပြီ။ အများဆုံး လုပ်တာကတော့ ကြော်ငြာကုမ္ပဏီတွေပါပဲ။ သူတို့က ကြော်ငြာအားကောင်းမှ သူတို့ရဲ့ထုတ်ကုန်တွေကိုလူသိမှာ။ ဒါကျတော့ အွန်လိုင်းကြော်ငြာပေါ့။ အခုနောက်ပိုင်းမှာဆိုရင် နိုင်ငံခြားကြော်ငြာ ကုမ္ပဏီတွေလည်း အများဆုံး လုပ်လာကြတယ်။ ပြီးတော့ မီဒီယာအသေးစားတွေ ဆိုရင်လည်း လုပ်ကြတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့တင်ဆက်တဲ့ သတင်းတွေကို လူတွေပိုပြီးတော့ သိလာမယ်။ ဒါကြောင့် တော်တော်များများက နောက်ပိုင်းမှာ လုပ်လာကြတယ်။ ဒါက Facebook မှာ ပိုက်ဆံပေးပြီး လုပ်ခိုင်းတယ် မခိုင်းဘူးဆိုတာက ကြည့်ရင်သိပါတယ်။ တချို့ကျတော့လည်း like လုပ်ရင် လက်ဆောင်တွေပေးမယ်။ ဖုန်းတွေမဲနှိုက်ပေးမယ်ဆိုပြီး ဆွဲဆောင်ကြတယ်။ ဒါကလည်း ပိုက်ဆံပေးရင် ကိုယ်ကြိုက်တဲ့ပုံစံကို လုပ်ခိုင်းလို့ရတယ်။ ပိုက်ဆံများများပေးရင် like လုပ်တဲ့သူများလာမယ်။ ကြည့်တဲ့သူများလာမယ်။ ကြော်ငြာအား ကောင်းတာပေါ့" ဟု Myanmar soft-gate Technology မှ မန်နေဂျင်းဒါရိုက်တာ ကိုရန်နောင်စိုးက ပြောကြားသည်။

Facebook fanpage များတွင် အသုံးပြုသူ များလာစေရန်အတွက် ငွေကြေးဖြင့် လုပ်ဆောင်ရာတွင် super, sunsilk, Pound's, Nivea များအပါအ၀င် နောက်ပိုင်းတွင် နိုင်ငံခြားကြော်ငြာ ကုမ္ပဏီများနှင့် အခြားလုပ်ငန်းရှင်များမှာလည်း ယင်းတို့၏ ထုတ်ကုန်များကို လူသိများစေရန်အတွက် ပြုလုပ်လာကြပြီး စုစုပေါင်းကုမ္ပဏီ ၅၀ ကျော်ရှိပြီး မြန်မာနိုင်ငံရှိ အချို့မီဒီယာများလည်း ပါဝင်ကြောင်း သိရသည်။

"ဒီလိုမျိုးလုပ်တယ်ဆိုတာ ကြော်ငြာထုတ်ကုန်ဆိုရင်လည်း ဘယ်လောက်ကြော်ငြာ ကြော်ငြာ ပစ္စည်းကောင်းမှ လူတွေသုံးကြမှာ။ ဒီလိုမျိုးတွေ ကြော်ငြာတာထက် ကိုယ့်ပစ္စည်းတွေကို ပိုပြီးကောင်းအောင် ထုတ်ရင်တော့ သုံးတဲ့သူများလာမှာပေါ့" ဟု Facebook အသုံးပြုသူ အိုင်တီကျွမ်းကျင်သူ ကိုချမ်းမင်းက ပြောကြားသည်။

ယင်းသို့ငွေကြေးဖြင့် လုပ်ဆောင်ရာတွင် ကြော်ငြာကုမ္ပဏီများအပြင် မြန်မာနိုင်ငံရှိ မီဒီယာအချို့လည်း ပါဝင်လာကြောင်း သိရသည်။

"လွန်ခဲ့တဲ့ ငါးလလောက်က 7Day News Journal Facebook Page ထက် Eleven Media Group Facebook Page က like အရေအတွက် ငါးသောင်းကျော်လောက် ပိုများပါတယ်။ ဒီနောက်ပိုင်းမှာ 7Day က Facebook Promotion လုပ်လာပါတယ်။ အဲဒီမှာ လပိုင်းအတွင်း ကျွန်တော်တို့ထက် ၁၈၀၀၀၀ လောက် ပိုများသွားပါတယ်။ အခု ကျွန်တော်တို့လည်း တစ်လဒေါ်လာ ၃၅၀ Facebook ကိုပေးပြီး Promotion လုပ်နေပါတယ်။ အရင်က ပုံမှန်သတင်း အခြေအနေမှာ တစ်လကို လူ ၃၀၀၀၀ ကျော်လောက် like လုပ်တဲ့ အခြေအနေကနေ အခုလူတစ်သိန်း ကျော်လောက် Like လုပ်လာကြပါတယ်။ BBC Burmese သစ်ထူးလွင်၊ ရိုးရာလေးတို့ Facebook Promotion လုပ်ဆောင်ထားတာ တွေ့ရပါတယ်။ အစိုးရ Lobby Page ဖြစ်တဲ့ နည်းစနစ်ကျကျ အတွေးအခေါ် Facebook Page လည်း Facebook Promotion ကို လုပ်ထားတာ တွေ့ရပြီး သူတို့ Facebook မှာ Like ရတဲ့နှုန်းနဲ့ တွက်ကြည့်မယ်ဆိုရင် ၁ နှစ်မှာ ဒေါ်လာသောင်းချီပေးရမယ်လို့ ခန့်မှန်းပါတယ်" ဟု Eleven Media Group ၏ အွန်လိုင်းအယ်ဒီတာချုပ် ကိုဇော်ရဲနောင်က ပြောကြားသည်။

Eleven Media Group

ကနေဒါ ရဲအရာရှိ ၃ ဦးကို ပစ်သတ်ခဲ့သည့် သေနတ်သမား ဖမ်းမိပြီဟုဆို


ဓာတ်ပုံ – ရိုက်တာ

ကနေဒါနိုင်ငံ မန်င်တန်မြို့မှာ ရဲအရာရှိ ၃ ဦးကို ပစ်သတ်ပြီး တိမ်းရှောင်နေတဲ့ သေနတ်သမားကို ဒီနေ့ ဖမ်းဆီးရမိပြီလို့ ကနေဒါရဲတပ်ဖွဲ့က ဆိုပါတယ်။

မန်င်တန်မြို့မှာ ပြီးခဲ့တဲ့ ဇွန် ၄ ရက်နေ့ညနေမှာ သေနတ်သမားတဦးက ပစ်ခတ်လို့ ကနေဒါရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့တာပါ။

အသက် ၂၄ နှစ်အရွယ် ဂျက်စတင်ဘော့ကို မောက်တန်မြို့မှာပဲ ဖမ်းဆီးမိခဲ့ပြီ ဖြစ်ပြီ မြို့ခံတွေ အိမ်ပြန်ထွက်နိုင်ပါပြီလို့ ကနေဒါရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

မန်င်တန်မြို့ဟာ ကနေဒါနိုင်ငံ အရှေ့ဘက်ကမ်းက လူဦးရေ ၇ သောင်းလောက် နေထိုင်တဲ့မြို့ ဖြစ်ပါတယ်။

သေနတ်ကိုင်ဆောင်မှုဥပဒေ တင်းကျပ်တဲ့ ကနေဒါနိုင်ငံမှာ အခုလို ရဲတပ်ဖွဲ့တွေအပေါ် ပစ်ခတ်မှုမျိုးဟာ ရှားရှားပါးပါး ဖြစ်ပွားတာ ဖြစ်ပြီး အခု ပစ်ခတ်မှုဟာ ကနေဒါနိုင်ငံမှာ အဆိုးရွားဆုံး ပစ်ခတ်မှုတခု ဖြစ်တယ်လို့ ဆိုပါတယ်။

dvb burmese

ကမ္ဘာ့ဖလားအိမ်ရှင် ဘရာဇီး (သို့မဟုတ်) ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ လိင်လုပ်သားနယ်မြေ


ဝေဘုန်းလူ

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လိင်လုပ်သားတွေဟာ သူတို့ရဲ့ဝင်ငွေအမြောက်အမြားရနိုင်ရေးအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းကို အားထားလေ့ရှိခဲ့ကြပါတယ်။ ညမှောင်လာပြီဆိုတာနဲ့ တိုင်းတပါးသား

အာဇာနည်ဗိမာန်မှာ ဗုံးခွဲလုပ်ကြံခံခဲ့ရတဲ့ တောင်ကိုရီးယားအစိုးရအဖွဲ့ဝင် ၁၇ ဦး အတွက် အောက်မေ့ဖွယ်ကျောက်တိုင်ကို အာဇာနည်ဗိမာန်ပရဝဏ်အနီးမှာ ဒီနေ့ ဖွင့်လှစ်


အာဇာနည်ဗိမာန်မှာ ဗုံးခွဲလုပ်ကြံခံခဲ့ရတဲ့ တောင်ကိုရီးယားအစိုးရအဖွဲ့ဝင် ၁၇ ဦး အတွက် အောက်မေ့ဖွယ်ကျောက်တိုင်ကို အာဇာနည်ဗိမာန်ပရဝဏ်အနီးမှာ ဒီနေ့ ဖွင့်လှစ်လိုက်ပါတယ်။

ဘရာဇီးလ်တွင် ကဗ္ဘာ့ဖလားပွဲ ကျင်းပရန် တစ်ပတ်သာ လိုတော့သည့်တိုင် ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားနေ


ဘရာဇီးလ်နိုင်ငံတွင် ကဗ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပရန် တစ်ပတ်ခန့်သာ လိုတော့ချိန်တွင် သပိတ်မှောက် ဆန္ဒပြပွဲများ ပိုမိုဖြစ်ပွားလာကြောင်း တွေ့ရသည်။

ဗုဒ္ဓဟူးနေ့မှစပြီး ဆော်ပေါလိုမြို့ရှိ မြေအောက် ရထား ပို့ဆောင်ရေးဆိုင်ရာ ၀န်ထမ်းများက ရက်အကန့်အသတ်မရှိ သပိတ်မှောက် ဆန္ဒပြပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ရက် အကန့်အသတ်မရှိ သပိတ်မှောက် ဆန္ဒပြရန် မြေအောက် ရထားပို့ဆောင်ရေး ၀န်ထမ်းများ သမဂ္ဂအဖွဲ့ဝင်များ မဲခွဲဆုံးဖြတ် ခဲ့ကြခြင်း ဖြစ်သည်။ လူဦးရေသန်း (၂၀) ရှိသော ဆော်ပေါလိုမြို့တွင် ပြည်သူ (၄ ဒသမ ၅) သန်းသည် မြေအောက်ရထား ကွန်ရက်ကို အားကိုးနေရသဖြင့် သပိတ်ကြောင့် ပို့ဆောင် ရေးလုပ်ငန်း အကျပ်ရိုက်နိုင်သည်။

ဘရာဇီးလ်သည် ကဗ္ဘာ့ဖလားပွဲ မတိုင်ခင်တွင် သပိတ်မှောက် ဆန္ဒပြုမှု အများအပြား ရင်ဆိုင်နေရသည်။ ဇွန်လ(၁၂) ကဗ္ဘာ့ဖလား ဖွင့်ပွဲ ကျင်းပမည့် ဆော်ပေါလိုမြို့ ကော်ရင် သီယန် အားကစား ကွင်းရှေ့၌လည်း အငြိမ်းစား စစ်ပုလိပ် (၄၀၀) ကျော်နှင့် မိသားစုများ စုပေါင်းပြီး ကြာသပတေးနေ့ မနက်ပိုင်းတွင် ဆန္ဒပြ တောင်းဆိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နောက်ထပ် အိမ်ခြေရာမဲ့ လုပ်သားများ အဖွဲ့ (MYST) သည်လည်း ထိုအားကစားကွင်းရှေ့သို့ အလားတူ ချီတက် ဆန္ဒပြခဲ့ကြ ကြောင်း သိရသည်။ ကဗ္ဘာ့ဖလား ပွဲကျင်းပရေး အတွက် အသုံးပြုနေသော ဒေါ်လာ(၁၁) ဘီလီယံကျော်ကို ကျန်းမာရေး၊ ပညာရေး နှင့် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍများတွင် အသုံးပြုပေးဖို့ ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

ပြီးခဲ့သည့်နှစ်က ကဗ္ဘာ့ဖလားအကြို ကျင်းပသော ကွန်ဖက်ဒရေးရှင်း ဖလား ဘောလုံးပွဲ ကျင်းပစဉ် ကလည်း ဘရာဇီးလ် ပြည်သူ တစ်သန်းခန့် လမ်းမများ ပေါ်ထွက်ကာ ကဗ္ဘာ့ဖလား ကန့်ကွက်ဆန္ဒပြပွဲ ဆင်နွှဲခဲ့ ကြသည်။ ဆန္ဒပြမှုများတွင် အကြမ်းဖက်မှု အများအပြား ဖြစ်ပွားခဲ့ပြီး ယခုနှစ် ကဗ္ဘာ့ဖလား ကာလတွင် အလားတူ ဖြစ်ပွားမည်ကို စိုးရိမ်လျက် ရှိကြသည်။

ကဗ္ဘာ့ဖလား ဘောလုံးပွဲများ ကျင်းပမည့် အားကစားကွင်း (၁၂) ကွင်းအနက်(၅) ကွင်းသည် ယခုထိတိုင် လက်စမသတ်နိုင် သေးဘဲ ဖြစ်နေသည်။ ဖွင့်ပွဲကျင်းပမည့် ဆော်ပေါလိုမြို့ ကော်ရင်သီယန် အားကစားကွင်း၌ပင် ထိုင်ခုံများ အပြည့်အစုံ မတပ်ဆင် နိုင်သေးဘဲ ဖြစ်နေသည်။

ကဗ္ဘာ့ဖလားပွဲ အတွက် ပိုအဆင်ပြေစေရန် လမ်းမကြီးများ ဖောက်လုပ်ခြင်း၊ မြန်နှုန်းမြင့် ရထားလမ်းများ ထူထောင်ခြင်း၊ မြေအောက် ရထားနှင့် မိုးပျံရထား လမ်းသစ်များ ဆောက်လုပ်ခြင်းများ ကိုလည်း အချိန်မမီမှု ကြောင့် ဆက်လက် ဖော်ဆောင်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

ကဗ္ဘာ့ဖလားပွဲ ကျင်းပရေး အတွက် အစိုးရက ငွေကြေးများစွာ သုံးစွဲနေခြင်းသည် ကဗ္ဘာ့ဖလားပွဲ အတွက်လောက်သာ မဟုတ်ဘဲ ဘရာဇီးလ် အားကစား လောက တစ်ခုလုံး အတွက်ပါ ရေရှည် အကျိုးရှိမည် ဖြစ်ကြောင်း ဘရာဇီးလ်သမ္မတ ဒီလ်မာရိုဆက် က ပြောသည်။

Messenger News Journal

စစ်တပ်ကိုအမှုဖွင့်သော်လည်း ရဲစခန်းက လက်မခံဟုဆို


သော်ဇင်ထက် ၊ ရန်ကုန်၊

လှိုင်သာယာမြို့နယ်တွင် သ တင်းယူနေသည့်သတင်းထောက်အား စစ်တပ်မှရိုက်နှက်ဖမ်းဆီး၍ ပိုင်နက် ကျူးလွန်မှုဖြင့်အမှုဖွင့်ပြီးနောက် အဆို ပါ သတင်းထောက်မှစစ်တပ်အား ရိုက်နှက်မှုဖြင့် ပြန်လည်အမှုဖွင့်သော် လည်း ရဲစခန်းမှစစ်တပ်ဖြစ်သောကြောင့် အမှုဖွင့်ပေးနိုင်ခြင်းမရှိကြောင်း အမှု ရင်ဆိုင်နေရသူသတင်းထောက်ကို ကျော်ထွန်းက ပြောသည်။

မေ ၃၁ရက်က လှိုင်သာယာမြို့ နယ် ညောင်ရွာပန်းလှိုင် ဂေါက်ကွင်း အနီးရှိ (ခမရ)၅၃၂ ခြေမြန်တပ်ရင်း ပိုင်ဆိုင်သော လယ်ယာမြေ ၁၃ ဧက အတွင်းရှိ နှစ် ၂ဝ ခန့်သီးစားဖြင့် လယ် ယာလုပ်ကိုင်နေသော လယ်သမား ခြောက်ဦးအား ဖယ်ရှားမည်ဆိုသည့် သတင်းအား ကြိုတင်သတင်းသွား ရောက်ယူနေသော ဧရာဝတီသတင်း ဂျာနယ် သတင်းထောက်ကိုကျော်ထွန်း အား ထိုနေ့ည ၈နာရီခန့်တွင် အရပ် ဝတ်ဖြင့် ရောက်ရှိလာသော စစ်သား ၃ဝ ခန့်က တဲအတွင်းဝင်ရောက်ကာ ရိုက်နှက်မှုများပြုလုပ်ကာ စစ်တပ်ဝင်း အတွင်းသို့ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုကျော်ထွန်းမှာ ထိုနေ့ ညနေ ၅ နာရီခန့်ကတည်းကဖယ်ရှားခံရမည့် လယ်သမားကိုအောင်မင်းနိုင်၏နေအိမ် တွင် သတင်းယူရန်စောင့်ဆိုင်းနေစဉ် ည ၈နာရီခန့်တွင်ရောက်ရှိလာသော အရပ်ဝတ်စစ်သား ၃ဝ ခန့်မှာ တဲအ တွင်းဝင်ရောက်လာပြီး မီးမှိတ်ခိုင်း ကြောင်း မီးစက်မောင်းထားသော မီး ကြိုးအားဓားဖြင့်ခုတ်ဖြတ်ပြီး မီးချောင်း များအား ကိုင်ဆောင်လာသော တုတ်၊ ဓားလက်နက်များဖြင့်ရိုက်ခွဲပြီး နေအိမ် မှမည်သူမှထွက်ခွာခြင်းမပြုရန်ခြိမ်း ခြောက်ကြောင်း တဲပိုင်ရှင်လယ်သမား ကိုအောင်မင်းနိုင်ကပြောသည်။

''တဲထဲဝင်လာတဲ့ စစ်သားတွေ ကို အပြင်ကနေအမိန့်ပေးနေသူရှိတယ်။ မီးတွေမှိတ်ခိုင်းပြီး ကင်မရာလွယ်ထား တဲ့ကျွန်တော့်ကိုတွေ့တော့စစ်သား သုံးဦးက ကင်မရာကိုအတင်းဆွဲလု တော့ ကင်မရာကြိုးပြတ်သွားတယ်။ ပြီးတော့ဝိုင်းထိုးတယ်။ အပြင်ကို တရွတ် တိုက်ဆွဲခေါ်သွားပြီး ဆိုင်ကယ်နဲ့တပ် ကိုခေါ်သွားတာပဲ''ဟု ကိုကျော်ထွန်း က အဖြစ်အပျက်ကိုပြောပြသည်။
စစ်တပ်ထဲတွင် ကိုကျော်ထွန်းကို တစ်နာရီကျော်စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး နောက်လှိုင်သာယာမြို့မရဲစ ခန်းသို့ပို့ဆောင်ကာ ဗိုလ်ကြီးကျော်စိုး လွင်က ပိုင်နက်ကျူးလွန်မှုပုဒ်မ ၄၄၇ ဖြင့်အမှုဖွင့်အရေးယူခဲ့ကြောင်း ယင်း နောက်လယ်သမားရောက်ရှိလာပြီး ကိုကျော်ထွန်းအားအာမခံဖြင့် ပြန်လည် ထုတ်ယူခဲ့သည်။

နောက်နေ့မနက် ဇွန် ၁ရက်တွင် သတင်းထောက်ကိုကျော်ထွန်းမှ ကင်မ ရာလုယူခံရမှုကိုယ်ထိလက်ရောက် ကျူးလွန်မှုတို့ဖြင့် (ခမရ) ၅၃၂ တပ်အား လှိုင်သာယာရဲစခန်းတွင် ပြန်လည်တိုင် ချက်ဖွင့်ခဲ့သော်လည်း ရဲစခန်းမှပုဒ်မ တပ်ပေးခြင်းမရှိ သေးကြောင်းသိရသည်။

သတင်းထောက်ကိုကျော်ထွန်း က''ရဲစခန်းကိုဆက်သွယ်နေတာပဲ။ သူတို့ကစစ်တပ်ကို တိုင်ချက်ဖွင့်ပေးလို့ မရဘူး။ သူတို့မှာအခွင့်မရှိလို့ အထက် ကို တင်ပြရမယ်လို့ပြောတယ်''ဟု လှိုင် သာယာမြို့မရဲစခန်းမှတိုင်ချက်ဖွင့်ပေး နိုင်ခြင်းမရှိကြောင်းကိုပြောသည်။

၂ဝ၁၂ ခုနှစ်နောက်ပိုင်းအစိုးရ သစ်လက်ထက်တွင် သတင်းထောက် များဖမ်းဆီးခံရမှုများဖြစ်ပွားခဲ့ပြီး ဒီဗွီဒီ သတင်းထောက်ကိုဇော်ဖေ၊ အလဲဗင်း သတင်းထောက်မခိုင်တို့မှာ ဖမ်းဆီး ထောင်ချခံခဲ့ရပြီး ပေါက်မြို့နယ် လျှို့ဝှက် ဓာတုစက်ရုံအကြောင်း သတင်းဆောင်း ပါးရေးသားသော ယူနတီဂျာနယ်သ တင်းထောက်လေးဦးနှင့်အမှုဆောင် အရာရှိချုပ်တို့မှာ ဖမ်းဆီးခံရပြီး တရား စွဲဆိုရင်ဆိုင်နေရကြောင်းသိရသည်။
------------------------------------------------------------------------------------
ယခု တစ်ပတ်ထုတ် ၊ Yangon Times Journal
အတွဲ ၁၀ ၊ အမှတ် ၂၁ | (5-11 , 6 , 2014) ကြာသပတေးနေ့ထုတ် ဂျာနယ်
Yangon Media Group

စကားမပြောတတ်သူ အယောင်ဆောင်ကာ ပိုက်ဆံတောင်းသူ တရုတ်ခရီးသွားကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

တရုတ်နိုင်ငံသား ကျန်ဇင်ဟောင်းအား ပိုက်ဆံတောင်းရာတွင် ပြသည့် စာရွက်နှင့်အတူ တွေ့ရစဉ် (Photo by Saichol Ochakajon)


ရက်ချာဘူရီ- ကမ္ဘာလှည့်ခရီးသွားဗီဇာဖြင့်ရောက်ရှိလာပြီး ပြည်နယ်ခန်းမရုံးများတွင် ပိုက်ဆံတောင်းခံနေသော တရုတ်နိုင်ငံသားသူဖုန်းစားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ က ဖမ်းဆီးလိုက်သည်။

ကျန်ဇင်ဟောင်းသည် သူဖုန်းစားအသွင်ယူထားပြီး ကနဦးစစ်ဆေးမှုများတွင် ၎င်း၏ မှတ်ပုံတင်နှင့် စာရွက်စာတမ်းများကို ပြသရန်ငြင်းဆန်ခဲ့သည်။ တာဝန်ရှိသူများက ဆက်လက်စစ်ဆေးမေးမြန်းရာ ၎င်းမှာ တရုတ်နိုင်ငံဟူဘေးပြည်နယ်မှဖြစ်ပြီး ထိုင်းနိုင်ငံသို့ ခြောက်ကြိမ်လာရောက်ခဲ့ပြီးဖြစ်ကာ ရက်ချာဘူရီပြည်နယ်လည်း ပါဝင်သည်ဟု စကားပြန်မှတစ်ဆင့် ပြောကြားသည်။

ထိုင်းနိုင်ငံသို့လာရောက်သော ယခင်ခရီးစဉ်များကပင် သူဖုန်းစားအဖြစ် စားသောက်ဆိုင်များ၊ ဈေးဆိုင်များနှင့် အခြားနေရာများတွင် ပိုက်ဆံတောင်းခံ ပြီး ယခုတစ်ကြိမ်တွင် ပြည်နယ်ခန်းမ၌ ပိုက်ဆံတောင်းရန်ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ပြောသည်။

အသက် (၃၆)နှစ်အရွယ် တရုတ်နိုင်ငံသားက စကားမပြောတတ်သူတစ်ဦးအဖြစ်ဟန်ဆောင်ကာ စာတန်းတစ်ခုကိုင်ဆောင်ပြီး ပိုက်ဆံတောင်းခြင်းဖြစ် သည်။ စာတန်းမှာ ထိုင်းဘာသာဖြင့်ရေးသားထားပြီး ၎င်းတို့အိမ်မီးလောင်၍ ဇနီးသည်သေဆုံးပြီး သားဖြစ်သူ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သောကြောင်း ပိုက်ဆံလိုနေကြောင်း ဖော်ပြထားသည်။

မစ္စတာကျန်ကို ပြည်နယ်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးထားပြီး ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်လုပ်ခြင်းဖြင့် တရားရင်ဆိုင်ရမည်ဟု ပြည်နယ်အုပ်ချုပ်ရေး မှူး နီဆစ်ချန်သွမ်ဝေါင်က ကြိမ်းဝါးထားသည်။

အများအားဖြင့် ခရီးသွားဗီဇာများဖြင့်လာရောက်သော နိုင်ငံခြားသူဖုန်းစားများကို နှိမ်နင်းသွားမည်ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ဇန်နဝါရီလက ပြောကြားသည်။ ယင်းပုဂ္ဂိုလ်အများစုမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ လာရောက်ကြပြီး ထိုင်းအရှေ့မြောက်ပိုင်းသို့ ဦးစားပေး သွားရောက်ကြသည်။

—Ref: Bangkokpost
7day News Journal


(၁၃) ပေါင်လေးတဲ့ မျက်နှာပေါ်က အသားပိုကို ဖယ်ရှား



ဆလိုဗက်ကီးယားနိုင်ငံက ရေပိုက်အလုပ်သမားဟောင်း စတီဖန်ဟာ (၁၀)နှစ် နီးပါးခံစားခဲ့ရတဲ့ ရောဂါဝေဒနာကို ခွဲစိတ်ကုသ မှုအောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ကလေး နှစ်ယောက်ဖခင် စတီဖန်ဟာ မျက်နှာပေါ်မှာ ကြီးမားတဲ့ အသားပိုကြီး ရှိနေခြင်း ဖြစ်ပါတယ်။ အသားပိုနဲ့ အလေးချိန်ဟာ (၁၃) ပေါင် အထိရှိတာမို့ ဦးခေါင်းကို ကောင်းစွာ လှည့်နိုင်ခြင်း မရှိတော့တဲ့ အပြင် လမ်းသွားတဲ့အခါ အထင်သေးတဲ့ အကြည့်တွေနဲ့ ကြည့်ရှုခြင်းခံခဲ့ ရပါတယ်။ ဒါကြောင့်စတီဖန်ဟာ ဆေးရုံမှာ (၅) နာရီကျော် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပြီး၊ မျက်နှာပေါ်က အသားပိုကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ စတီဖန်ရဲ့ အသားပိုဟာ ပါးပြင်နဲ့ မေးစေ့နှစ်ခု အကြားမှာရှိတဲ့ နေရာတွေကြီးထွားလာခြင်း ဖြစ်ပါတယ်။

စတီဖန်က ကျွန်တော်နဲ့ တွေ့တဲ့လူတိုင်း နောက်ပြန်လှည့်ကြည့် သွားတတ်ပါတယ်။ အဆိုးဆုံး ကတော့ ကျွန်တော့်ရဲ့ ဦးခေါင်း ကောင်းစွာ မလှုပ်ရှားနိုင်ခြင်း ဖြစ်ပါတယ်။ အခုဆိုရင် ပုံမှန်အခြေအနေကို ပြန်ရောက်နေပြီဖြစ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ နေထိုင်နိုင်ပြီဖြစ်တယ် လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဆရာဝန်တွေက အသားပိုကို အလုံးစုံဖယ်ရှားနိုင်ခြင်း မရှိတာမို့ ဒီလိုမျိုးပြန်ဖြစ်နိုင်ကြောင်း သတိပေးထားပါတယ်။


The Messenger's Eventure Detail
www.messengernewsjournal.com
messenger news journal

ရဲ ၃ ဦးကို ပစ်သတ်သွားသည့် သေနတ်သမားအား ကနေဒါရဲတပ်ဖွဲ့ မြေလှန်ရှာဖွေနေ


ကနေဒါနိုင်ငံတွင် ရဲ ၃ ဦးကိုပစ်သတ်သွားသည့် သေနတ်သမားကို ရဲတပ်ဖွဲ့ က အပူတပြင်း ခြေရာခံ ရှာဖွေနေ ကြောင်း သိရှိရသည်။

နယူးဘန်းစ်ဝစ်ခ်တွင် ရဲများသည် သံသယ တရားခံတစ်ဦးကိုညလုံးပေါက် ရှာဖွေနေကြောင်း သတင်းများက ဆိုသည်။ အဆိုပါ သေနတ်သမားသည် ရဲ ၃ ဦးကို ပစ်သတ်ခဲ့သလို အခြားသော ဒေသများတွင် ရဲ ၂ ဦးကို ဒဏ်ရာရ အောင် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“မွန်တွန်အရပ်က ပိုင်းဟာ့စ်တဝိုက်မှာ တရားခံ ရှိနေဆဲလို့ ယူဆရပါတယ်။ ဒေသခံတွေအနေနဲ့ အိမ်ထဲမှာ သော့ ပိတ်ပြီး နေနေကြပါ။ ဒါပေမဲ့ အိမ်ရှေ့ မီးတွေကိုတော့ ဖွင့်ထားပါ” ဟုတော်ဝင် ကနေဒါ မြင်းစီးရဲတပ်ဖွဲ့က Twitter မှ တစ်ဆင့် ဆော်ဩကြေညာခဲ့ကြသည်။
ရဲများသည် ဗုဒ္ဓဟူးနေ့ တစ်ညလုံး မွန်တွန် အနီးတဝိုက်တွင် ဖြန့်ကျက် ရှာဖွေမှုများ ပြုလုပ်နေသည်။ အဆိုပါမြို့ လေးတွင် လူ ၁ သိန်းမျှသာ နေထိုင် သည်။ “ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင် ဂရုစိုက်ထားပါ။ သတ်မှတ်ဧရိယာထဲကို လည်း ကားတွေမောင်းဝင်မလာပါနဲ့” ဟု ရဲများက သတိပေးထားသည်။ ရဲတပ်ဖွဲ့ က သံသယတရားခံသည် အသက် ၂၄ နှစ်အရွယ် ဂျက်စတင် ဘော်ကွီဆိုသူ ဖြစ်ကြောင်းလည်း အတည်ပြုထား သည်။ ၎င်းကို လက်နက်ကိုင်ဆောင်ပြီး အလွန်အန္တရာယ် ရှိနိုင်သော သံသယ
တရားခံအဖြစ်လည်း စာရင်းသွင်းထား သည်။

လူသတ်သမားကို ရှာဖွေနေသော ဒေသတဝိုက် ကောင်းကင်ယံတွင် ရဟတ်ယာဉ်များလည်း ဝဲပျံလျှက်ရှိ သည်။ ဆေးရုံက သေနတ်ထိမှန်သူ ၂ ဦးကို ကုသပေးနေကြောင်း ကြေညာ ထားပြီး နောက်ထပ် သေနတ်ထိမှန်သူ တတိယတစ်ဦးလည်း ထပ်မံရောက်ရှိခဲ့ ကြောင်း အတည်ပြုခဲ့သည်။ သို့သော် လည်း ထိုသူသည် ယခင်ပစ်ခတ်မှုများ နှင့် ဆက်စပ်မှု ရှိမရှိ မကွဲပြားကြောင်း
လည်း သိရှိရသည်။

Planet Myanmar Network

လူလာရင် ဒီလို လူမလာရင် ဒီလို.. (ဟာသ)


ရှမ်းပြည်နယ်စပ် တစ်နေရာက မြို့လေးတစ်မြို့ရဲ့ ဈေးတစ်ဈေးမှာ မဗာစကားသိပ်မတတ်သော တောင်ပေါ် ရှမ်းမလေး တစ်ယောက် အမည်မသိသော အသား ရောင်းနေသည်။

ဗမာမ တစ်ယောက်ကလာမေးသည်။

““ဒါ ဘာအသားလဲ””

အမည် မပြောတတ်တော့ လက်ဟန်လုပ်ပြတယ် လက်တစ်ဘက်က ကွင်းပြီး လက်ညိုးတစ်ဘက်က ထိုးလိုက် ထုတ်လိုက်လုပ်ပြီး..

““လူလာရင် ဒီလို လူမလာရင် ဒီလို ဒီလို ဒီလို အသားလေ””

ဒါနဲ့ ဗမာမ က သူ့ကို လက်ညိုး ထိုးလိုက် ထုတ်လိုက် လုပ်ပြရမလားဆိုပြီး…

““ဟေ့ ငါ့ကို ဘယ်လိုမိန်းမမျိုးအောက်မေ့နေသလဲ စော်ကားလှချည်လား””တဲ။

့ အော်ကြီးအော်ကျယ် စကားများနေကြတာ နဲ့ ဘေးက လည်လည်ဝယ်ဝယ်ရှိတဲ့ ရှမ်းလူမျိုးတစ်ယောက်က လာပြီး ဖြစ်စဉ်မေးမြန်းကာ…

““အော် ဒီလိုပါ အမ သူက ဗမာလိုမပြောတတ်လို့ ပုံစံလက်ဟန်ပြရတာတဲ့ သူရောင်းနေတာက လိပ် သားပါတဲ့””

““ ငွင့်.. အဲ့သလိုလား..မသိဘူးလေကွယ်””

#NcNc@
credit > original writer
မချိုမချဉ်ဟာသများ

အချိန်ပိုင်းဖြင့် လျှပ်စစ်မီး ပေးမည်ကို မသိရှိဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ဆို



ရန်ကုန်၊ မေ ၅

ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးရုံတွင် ရေပမာဏ နည်းနေသဖြင့် ဇွန်လ ၈ ရက် နောက်ပိုင်း၌ တစ်နိုင်ငံလုံးတွင် အချိန်ပိုင်းစနစ်ဖြင့် မီးပေးနိုင်တော့မည်ဟု မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးက ပြောဆိုထားသော်လည်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အနေနှင့် မသိရှိကြောင်း အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောကြားသည်။

“ကျွန်တော်တို့ ပြောတာ မဟုတ်တဲ့အတွက် ဘာမှ ရှင်းစရာ မလိုဘူး။ ပြောတဲ့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးကိုပဲ သွားမေးပါ။ ကျွန်တော်တို့က မီးပေးဖို့ပဲ ကြိုးစားတာ။ မီးပိတ်ဖို့ မကြိုးစားဘူး၊ လုပ်လည်း မလုပ်ဘူး။ ခုလည်း ပေးနေတာပဲ မဟုတ်ဘူးလား” ဟု ၎င်းကဆိုသည်။

မိုးရွာသွန်းမှု နောက်ကျပြီး အပူချိန် မြင့်မားနေသည့်အတွက် ဒုဋ္ဌဝတီမြစ်တွင် ရေဝင်ရောက်မှု နည်းနေပြီး ယင်းမြစ်ကို ဆည်ဆောက်လုပ်ထားသည့် ရဲရွာရေအားလျှပ်စစ် စက်ရုံမှာ သတ်မှတ်ရေ ပမာဏ မရသဖြင့် ငါးရက်သာ ဓာတ်အား အပြည့်အဝ ပေးနိုင်မည် ဖြစ်၍ ဇွန်လ ၈ ရက်နေ့ နောက်ပိုင်း အချိန်ပိုင်းဖြင့် မီးပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က ပြောကြားထားသည်။

နွေရာသီတွင် ပူပြင်းပြီး တစ်နိုင်ငံလုံး မီးပေးနေသည့်အတွက် ဆည်များတွင် ရေနည်းနေသည်မှာ အမှန်ဖြစ်ပြီး မြန်မာနိုင်ငံအထက်ပိုင်းတွင် ဆည်ရေ ရလောက်သည့် မိုးရွာသွန်းမှု မရှိသေးကြောင်း နေပြည်တော် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ညွန်ကြားချက် မတွေ့သေးဘူး။ ခုမှသိရလို့ အင်ဂျင်နီယာမှူးကို ပြန်တင်ပြရမယ်။ တကယ်တမ်း မီးဖြတ်မယ် ဆိုရင်တော့ ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန် ကြေညာမှာပါ” ဟု ၎င်းကဆိုသည်။

လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ယခုနှစ်တွင် စက်မှုဇုန်တွင် ခေတ္တမီးပြတ်ချိန်မှ လွဲ၍ မီးပုံမှန် ရရှိနေကာ အချိန်ပိုင်း မီးပေးဝေမှု စနစ်အတွက် သက်ဆိုင်ရာက အကြောင်းကြားခြင်း မရှိသေးကြောင်း ပြောကြားသည်။

“ခါတိုင်းနှစ်တွေမှာ စက်မှုဇုန်မှာ ရက် ၆၀ လောက် မီးမရတာမျိုး ကြုံဖူးနေတယ်။ အချိန်ပိုင်း ဖြစ်သွားမယ် ဆိုလည်း စက်မှုဇုန်အတွက်က မဆန်းတော့ဘူး။ မီးပြတ်ရင်တော့ ပစ္စည်းလျှော့ထုတ်ရတယ်။ အလုပ်သမား စရိတ်တော့ ပိုပေးနေရတာပေါ့” ဟု ၎င်းကဆိုသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံပေါင်း ၁၆ ခုမှ ၁၄၃၈ ဒသမ ၅ မဂ္ဂါဝပ် ထုတ်လုပ်နေပြီး ယင်းတို့အနက် ရွှေလီ ၁ မှ မဂ္ဂါဝပ် ၃၀၀၊ ပေါင်းလောင်း ၂၈၀ မဂ္ဂါဝပ်နှင့် ရဲရွာရေအားလျှပ်စစ် စက်ရုံမှာ ၁၉၇ ဒသမ ၅ မဂ္ဂါဝပ်တို့ကို ထုတ်လုပ် ဖြန့်ဖြူးလျက် ရှိသည်။

The Voice Weekly

နော်ဝေနိုင်ငံမှ နေ အတု




နော်ဝေနိုင်ငံ Rjukan ဆိုတဲ့ ဒေသမှာ နေအတုကို စတင်အသုံးပြုခဲ့ ကြပါတယ်။ Rjukan ဒေသသည် စက်မှုလုပ်ငန်း ဖွံဖြိုးသော တောင်ကြားဒေသ ဖြစ်ပါတယ်။ ထိုဒေသတွင် လူပေါင်း ၃၅၀၀ ခန့်လောက် နေထိုင်ပါတယ်။

စက်တင်ဘာလနှင့် မတ်လ အကြားတွင် ထိုဒေသကို နေ လုံးဝ မကြရောက်ပါဘူး။ ဒါကြောင့် ထိုလများမှာ နေရောင် ရရှိရန် တီထွင်လိုက်ခြင်း ဖြစ်ပါတယ်။

ထိုဒေသမှ နေထိုင်သူတွေဟာ နေရောင်ကို ရရှိစေရန် အလို့ငှာ နေရောင်၏ မျက်နှာချင်းဆိုင်တွင် ကြီးမားသော မှန်ကြီးကို တည်ဆောက် ၍ နေ၏ အလင်းရောင်ကို ရယူကြတယ်လို့ ဆိုပါတယ်။

ထိုအလင်းရောင်သည် ၎င်းဒေသမှ လူတွေအတွက်တော့ အားထားစရာ တစ်ခုဖြစ်ပါတယ်။ ထို့ပြင် နေအလင်းရောင်ကို မရရှိသော ဒေသများမှာ ထိုကဲ့သို့ အသုံးပြုနိုင် ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)


ကိုယ်ခန္ဓာရောင်ရမ်းမှုကိုဖြစ်စေနိုင်သော အစားအသောက်ငါးမျိုး


အဆီပါဝင်မှုနှင့် သကြားပါဝင်မှုများသော အစားအသောက်များကဲ့သို့ ခန္ဓာကိုယ်ရောင်ရမ်းစေနိုင်သည့် အစားအသောက် စားသုံးသူများသည် ဟင်းသီးဟင်းရွက်နှင့် သစ်သီးများစွဲမြဲစွာ စားသုံးသူများထက် အသက်တိုနိုင်သည့် အန္တရာယ်ပိုများကြောင်း တောင်ကယ်ရိုလိုင်းနားတက္ကသိုလ်၏ လေ့လာမှုအသစ်တစ်ရပ်အရ သိရသည်။

ခန္ဓာကိုယ်အနည်းငယ် ရေရှည်ရောင်ရမ်းမှုကြောင့် ကင်ဆာ၊ဆီးချို၊ နှလုံးသွေးကြောဆိုင်ရောဂါတို့အပြင် အသက်သေဆုံးမှုပင်ဖြစ်နိုင်သည်ဟု လေ့လာမှုတွင်ပါဝင်ခဲ့သော ဒေါက်တာဆူဆန်စတက်က ပြောသည်။

ခန္ဓာကိုယ်ရောင်ရမ်းမှုနှင့် ဆက်နွှယ်သည့် အစားအသောက်များ စားသုံးသူများသည် အစာအိမ်အူလမ်းကြောင်းဆိုင်ရာကင်ဆာရောဂါများကြောင့် သေဆုံးနိုင်ခြေလေးဆပိုမြင့်မားကြောင်း ယင်းလေ့လာမှုက ဖော်ပြသည်။ ထို့ကြောင့် ခန္ဓာကိုယ်ရောင်ရမ်းစေနိုင်သော အစားအသောက်ငါးမျိုးကိုဖော်ပြပေးလိုက်သည်။


ဟင်းသီးဟင်းရွက်ဆီ

ဟင်းသီးဟင်းရွက်ဆီများမှာ ကျေလွယ်သောအဆီများဖြစ်သော်လည်း ပြောင်းဖူးနှင့် ပန်းပွင့်မှထုတ်ယူသောအဆီများတွင် အိုမီဂါ (၆) ဖက်တီးအက်စစ်များ အများအပြားပါဝင်ပြီး ခန္ဓာကိုယ်ရောင်ရမ်းမှုနှင့် ဆက်နွှယ်နေသည်။ ယင်းဆီများစားသုံးခြင်းကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်စေနိုင်သည့် အန္တရာယ်ပိုများလာစေကြောင်း တိုရန်တိုတက္ကသိုလ်မှ သုတေသီများက ပြောသည်။ ဟင်းသီးဟင်းရွက်ဆီများအစား အိုမီဂါ (၃)ကြွယ်ဝသော မုန်ညင်းဆီနှင့် သံလွင်ဆီများ စားသုံးပါ။



အနီရောင်အသား

ကျေညက်ရန်ခက်ခဲသောအဆီများပါဝင်သည့် အသားများစား သုံးခြင်းကြောင့် ခန္ဓာကိုယ်ရောင်ရမ်းမှုကို ကာကွယ်ပေးသည့် HDL ကိုလက်စထရောများ လျော့ကျစေပြီး သွေးကြောများ၏ စွမ်းဆောင်ရည်ကို လျော့ကျစေနိုင်ကာ သွေးတိုးရောဂါနှင့် နှလုံးရောဂါများဖြစ်စေနိုင်ကြောင်း ဩစတြေးလျသုတေသီများက ပြောသည်။ အနီရောင်အသားများ စားသုံးခြင်းကို လုံးဝရှောင်ရှားစရာမလိုသော်လည်း ယင်းအသားများကို သုံးအောင်စခန့်သာ စားသုံးပါ။



ပြန်လည်သန့်စင်ထားသော ဆန်နှင့် ဂျုံများ

ကွတ်ကီး၊ ပေါင်မုန့်၊ အာလူးကြော်ကဲ့သို့ စားစရာများနှင့် အခြား အသင့်စား စားစရာများစားသုံးခြင်းကြောင့် ခန္ဓာကိုယ်ရောင်ရမ်းစေ သော ပရိုတိန်း (PAI-1) ပါဝင်မှု အဆင့်ကိုမြင့်တက်စေသည်ဟု တိုရန်တိုတက္ကသိုလ်၏ သုတေသနပြုချက်တစ်ခုအရ သိရသည်။



တရုတ်စာ

တရုတ်စာကဲ့သို့ စားစရာများကို တစ်နေ့လျှင် ၅ ဂရမ်ခန့် အများ ဆုံးစားသောက်သူများသည် အနည်းဆုံးစားသောက်သူများထက် ခန္ဓာကိုယ်အလေးချိန် ၃၃ ရာခိုင်နှုန်းပိုများလာနိုင်ကြောင်း မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်၏ လေ့လာမှုတစ်ရပ်အရ သိရသည်။


အချိုရည်များ

တစ်နေ့လျှင် ကိုကာကိုလာနှစ်ဘူးနှင့်ညီမျှသော အချိုရည်များ သောက်သုံးသောလူငယ်များတွင် သီတင်းပတ်သုံးပတ်အတွင်း နှလုံး ရောဂါ၊ လေဖြတ်မှုတို့နှင့် ဆက်နွှယ်သည့် ခန္ဓာကိုယ်ရောင်ရမ်းမှုလက္ခ ဏာတစ်ရပ်ဖြစ်သော ပရိုတိန်းပါဝင်မှုအဆင့်ကို ၁၀၉ ရာခိုင်နှုန်းမြင့် တက်လာစေကြောင်း ဆွစ်ဇာလန်သုတေသီများ၏ လေ့လာမှုတစ်ရပ် အရ သိရသည်။ ယင်းကြောင့် အချိုရည်သောက်သုံးသော အလေ့ အကျင့်ကိုဖျောက်ကာ ရေတွင်သံပရာသီးညှစ်ထည့်၍သောက်ပါ။

—Ref: Internet
7Day Daily

အမေရိကန် ပြည်နယ်အချို့မှာ မိုးရေခံက ထောင်ကျနိုင်


အမေရိကန်ရဲ့ ပြည်နယ် အချို့မှာ မိုးရေခံခွင့် မပေးထား ပါဘူး။ အကယ်၍ မိုးရေခံရင် တရားစွဲ အရေးယူ ခံရပြီး ပမာဏ အနည်းအများပေါ် မူတည်လို့ ပြစ်မှုက ကြီးသွား နိုင်ပါ သေးတယ်။

ပြည်နယ်များ ကတော့ Utah, Colorado နဲ့ Ohio ပြည်နယ် တို့ အပြင် အခြားသော ပြည်နယ် နှစ်ခု လောက် အထိ ပါနေ သေးပြီး အချို့ မိုးရေခံ ခွင့်ကို ပိတ်ပင် ထား ပါတယ်။ Colorado မှာ ၂၀၁၂ နောက် ပိုင်း ပြန် ခွင့်ပြု ပေမယ့် မိုးရေခံတဲ့ ပမာဏ အနည်း အများအပေါ် မူတည်လို့ အခွန်ဆောင်ရ ပါတယ်။ အကယ်၍ အခွန်မဆောင်ရင် အရေးယူ ခံရမှာ ဖြစ်ပါတယ်။ အကြောင်း အရင်း ကတော့ ပြည်နယ်တွင်း ရှိ ရေသန့် လုပ်ငန်း များကို ထိခိုက်တယ် ဆိုတဲ့ အချက် ကြောင့် အပြင် ယင်း မိုးရေ များကို ပြည်သူများ မပိုင်ဆိုင်ကြောင်းလည်း ဆိုပါတယ်။ တကယ် ထူးခြားအံ့သြဖွယ် ဥပဒေ ဖြစ်ပေမယ့် လက်ရှိ အချိန်ထိ ရှိနေ သေးတာ ကတော့ အမှန်ပါပဲ။ အချို့ ဆိုရင် တရားဝင် မိုးရေ ခံခွင့် လိုင်စင် ရထားသူများသာ ခံခွင့် ရှိတာ ဖြစ်ပါတယ်။

တက္ကဆက် မှာ ဆိုရင် မိုးရေကို ခံခွင့် မရှိတာကြောင့် မိုးရေလိုချင်ရင် ဝယ်ရ ပါတယ်။ Rain Harvesting လို့ ခေါ်တဲ့ မိုးရေခံခြင်းကို အမေရိကန် က ပြည်နယ် အချို့မှာ ယနေ့တိုင် ပိတ်ပင်ထားဆဲ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

ကမ္ဘာ့အရှည်ကြာဆုံး ဟန်းနီးမွန်းခရီးစဉ်







ချစ်သူနှစ်ဦး ထိမ်းမြားလက်ထပ်ပြီးနောက် ဟန်းနီးမွန်း အပျော်ခရီး ထွက်ကြခြင်းမှာ ဓလေ့ထုံးစံ တစ်ခုအနေဖြင့် ဆန်းကျယ်လှသည် မဟုတ်ချေ။ သို့သော်လည်း ရက်ပေါင်း(၇၀၀)နီးပါးမျှ ကြာမြင့်ခဲ့သည်ဆိုသော ဟန်းနီးမွန်း ခရီးစဉ်မျိုး ဆိုသည်မှာမူ စိတ်ဝင်စားစရာ အခြေအနေတစ်ရပ် ဖြစ်လာခဲ့သည်။ အမေရိကန် လူငယ်စုံတွဲတစ်တွဲသည် ၎င်းတို့၏ ပျားရည်ဆမ်းကာလ ဟန်းနီးမွန်း ခရီးစဉ်ကို တိုက်ကြီး(၆)တိုက်သို့ လှည့်လည်သွားရောက်ကာ စုစုပေါင်း (၃၃)နိုင်ငံထိ လည်ပတ်ခဲ့သည်။ ယင်းခရီးစဉ်အတွင်း အမှတ်တရ နေရာပေါင်း (၃၀၂)ခုထိ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။ မိုက်ခ်ဟောင်းဝပ်နှင့် အန်နာဟောင်းဝပ်တို့သည် ဟန်းနီးမွန်း ခရီးစဉ် တစ်ခု၏ ပျမ်းမျှရှည်ကြာမှု (၈)ရက်ဆိုသော ကန့်သတ်ချက်ကို ရိုက်ချိုးရန် ဆုံးဖြတ်ခဲ့ကြသည်။

၎င်းတို့နှစ်ဦး၏ ဟန်းနီးမွန်း ခရီးစဉ်တွင် ဆာဖာရီ လည်ပတ်မှု (၄၁)ကြိမ်၊ ဘတ်စ်ကား တက်စီးသည့် (၁၀၅)ကြိမ်၊ စကူဘာ ရေငုပ်အတွေ့အကြုံ (၃၉)ကြိမ်နှင့် ခြေလျင်သွားလာမှု (၁၁၀)တို့လည်း ပါဝင်ခဲ့သည်။ မိုက်ခ်တို့ အနေဖြင့် ထိုမျှကြာရှည်သည့် ခရီးစဉ်အတွက် ကုန်ကျစရိတ်ကိုလည်း ကန့်သတ်သုံးစွဲခဲ့ရသည်။ ၎င်းတို့နှစ်ဦးသည် တစ်နေ့လျှင် တစ်ဦးချင်း ပျမ်းမျှ (၃၅)ဒေါ်လာခန့်သာ သုံးစွဲရန် ဆုံးဖြတ်ခဲ့ရသည်။ ထိုခရီးစဉ်အတွင်း ၎င်းတို့သည် ဓာတ်ပုံပေါင်း (၂၂၆၁၅၂)ပုံ ရိုက်ခဲ့ကြသည်။ ခရီးတာ (၅၇၃၉၇)မိုင်ထိ ပေါက်ရောက် သွားလာခဲ့ကြသည်။


“ကျွန်တော်တို့မှာ ကမ္ဘာပတ်ပြီး ခရီးသွားချင်တဲ့ သူငယ်ချင်း တော်တော်များများ ရှိနေတယ်ဗျ။ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ ကျွန်တော်တို့ အတူစဉ်းစားမိတယ်။ ရှိတဲ့ငွေတွေနဲ့ အိမ်တစ်လုံး၊ ဒါမှမဟုတ် ကားတစ်စင်း ဝယ်လိုက်မလား။ တခြားနည်းတစ်ခုက လူတိုင်းလိုလို အလုပ်ကနေ ပင်စင်ယူမှ အကောင်အထည်ဖော်နိုင်မယ့် ကိစ္စကို ဟန်းနီးမွန်းကာလမှာ စလုပ်မလား ဆိုတာပါပဲ။ ကိုယ့်အသက် (၃၀)ဝန်းကျင်လောက်မှာ ဒါမျိုး ခရီးထွက်လို့ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။ ခုဆိုရင် ဒီခရီးစဉ်ရဲ့ အမှတ်ရစရာ အားလုံးက တစ်သက်တာ တည်မြဲနေတော့မှာ မဟုတ်လား”ဟု မိုက်ခ်က ဆိုသည်။

အန်နာသည် မဂ္ဂဇင်း အယ်ဒီတာတစ်ဦးဖြစ်ပြီး မိုက်ခ်ကမူ ဓာတ်ပုံဆရာ တစ်ဦးဖြစ်သည်။ ၎င်းတို့နှစ်ဦး ပူးပေါင်းပြီး HoneyTrek.com?TropCoach ဆိုသော ဝက်ဘ်ဆိုက်ကို ထူထောင်ကာ ဟန်းနီးမွန်း ခရီးစဉ်၏ အမှတ်တရ ဖြတ်သန်းမှုများကို မျှဝေခဲ့သည်။ တောင်အမေရိကမှ စတင်သော ခရီးစဉ်သည် အာဖရိက၊ အာရှ၊ ဥရောပ ဒေသများသို့ပါ ဖြန့်ကျက်သွားခဲ့သည်။ ၎င်းတို့နှစ်ဦး အနှစ်သက်ဆုံး နိုင်ငံအဖြစ် မြန်မာနိုင်ငံကို ညွှန်းဆိုထားပြီး မြန်မာနိုင်ငံသားများသည် ခင်မင်နှစ်လိုစရာ ကောင်းကြောင်းနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုများ၊ ဝတ်စားဆင်ယင်မှုများမှာ အလွန်စွဲမက်ဖွယ်ကောင်းကြောင်း သုံးသပ်ဖော်ပြထားသည်။

Planet Myanmar Network