အောက်မြန်မာပြည်တွင် အန္တရာယ်ရှိ “ညံ့” အဆင့်စာရင်းဝင် စာသင်ကျောင်းဆောင်ပေါင်း ၆၀၀၀ ကျော်ရှိ

ပို့စ်တင်ချိန် - 6/06/2014 12:20:00 PM



ရန်ကုန်၊ ဇွန် ၎

အောက်မြန်မာပြည်တွင် အခြေခံပညာစာသင်ကျောင်း ပေါင်း ၁၈၀၀၀ ကျော်ရှိသည့်အနက် (ညံ့) အဆင့် စာရင်းဝင် စာသင်ကျောင်း ဆောင်ပေါင်း ၆၀၀၀ကျော်ရှိကြောင်း အမှတ်(၁)အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါ်သဇင်သင်းက ဇွန်လ ၄ ရက်နေတွင် မြန်မာသံတော် ဆင့်သို့ ပြောသည်။

ဇွန်လ ၂ ရက်နေ့က ပဲခူး တိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၌ ယက်မကျိုးကျ၍ ကျောင်းသား/သူ ၁၇ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည့် အခြေခံပညာ အထက်တန်းကျောင်းမှာလည်း အဆိုပါ ““ညံ့”” အဆင့် စာရင်းဝင် ကျောင်းဆောင်ဖြစ်ပြီး ၁၉၅၄ ခုနှစ်ကတည်းက တည်ဆောက်ထားခြင်း ဖြစ်သည်။

““ဒီအောက်မြန်မာပြည်မှာ ကျောင်းပေါင်း ၁၈၀၀၀ ရှိတယ်။ ကျောင်းပေါင်း၁၈၀၀၀မှာ အဆောင် ပေါင်းက ၂၀၀၀၀ ကျော် ရှိတယ်။ အဲဒီ အဆောင်ပေါင်း ၂၀၀၀၀ ကျော်မှာ ““ညံ့”” အဆင့်ဝင်တဲ့ အဆောင်ပေါင်း ၆၀၀၀ ရှိ တယ်။ ““ညံ”” အဆင့်ဆိုတာ အန္တရာယ်ရှိ အဆောက်အအုံမှာပါတယ်”” ဟု အမှတ်(၁) အခြေအခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သဇင်သင်းက မြန်မာသံတော်ဆင့်သို့ပြောသည်။…

အဆိုပါ ““ညံ့””အဆင့်ဝင် ကျောင်းဆောင်ပေါင်း ၆၀၀၀ ကျော်မှာ အောက်မြန်မာပြည်တစ်ခုလုံး အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း မည်မျှရှိသည်ကို အမှတ် ၃ အခြေခံပညာ ဦးစီးဌာနသို့ ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

အဆိုပါ ““ညံ့””အဆင့်စာရင်းဝင် အန္တရာယ်ရှိ ကျောင်းဆောင်များ ပြန်လည်ပြုပြင်ဆောက်လုပ်ရန် ဘတ် ဂျက်ငွေ ၂၈၇၂၂ ဒသမ ၈ သန်း ရရှိထားပြီးဖြစ်ရာ ပုတီးကုန်းမြို့တွင် ထိခိုက်မှုဖြစ်စေခဲ့သည့် ကျောင်းဆောင် ပြန်လည်ပြင် ဆင်ဆောက်လုပ်ရန်အတွက် ကုန်ကျစရိတ်ကိုမူ စိစစ်နေဆဲဖြစ်သည်။

““၂၀၁၄-၂၀၁၅ ပညာသင် နှစ်မှာ သဘာဝဘေးဒဏ်ခံနိုင်တဲ့ (ျွ.ဃ) အမျိုးအစားကျောင်းပေါင်း ၆၅၈ ကျောင်း ကို ဒီနှစ်ဆောက်မှာပါ။ အန္တရာယ်ရှိတဲ့ ကျောင်းတွေကို ဖျက်ပြီး ကျောင်းပေါင်း ၃၅၀ ပြန် ဆောက်မယ်။ ကျောင်းသားဦးရေ အရ တိုးချဲ့ဆောက်ရမယ့်ကျောင်း က ၄၅ ကျောင်းရှိတယ်။ လွှတ်တော်မှာ ပြည်သူ ကိုယ်စားပြု တင်ပြထားတဲ့ကျောင်းပေါင်း ၂၆၂ ကျောင်း၊ ၀န်ထမ်းအိမ်ရာက တစ်လုံး၊ စုစုပေါင်း ၆၅၈ ကျောင်း ဒီနှစ်ဆောက်မှာပါ”” ဟု ညွှန်ကြားရေးမှူး ဒေါ်သဇင်သင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

သက်ဆိုင်ရာမြို့နယ်၊ ပြည် နယ်အလိုက် ကျောင်းဆောင်များ ပြန်လည်ပြုပြင်ဆောက်လုပ်ခြင်း၊ တိုးချဲ့ ကျောင်း ဆောင်များ ဆောက် လုပ်ရာတွင် ပွင့်လင်းမြင်သာမှုမရှိ သောစနစ်ဖြင့် ကန်ထရိုက်ပေး ဆောက် လုပ်ခြင်း များသည် ရှိနေပြီး ကျောင်း၏ ရှိသင့်သည့် စံချိန်၊ စံညွှန်းမမီဖြစ်ရကြောင်း ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေး ရှင်းမှ ကျူရှင် ဆရာ၊ စာရေးဆရာ ဦးနေ၀င်းစံက ယခုကဲ့သို့ သုံးသပ်သည်။

““သူတို့ရဲ့ခြစားမှုတွေ ပြောရ မယ်ဆိုရင် ဒီလိုဆောက်တဲ့အခါမှာ ကျောင်းတွေရဲ့ စားကွက်ပဲပေါ့ဗျာ။ ကျောင်း တွေရဲ့ လုပ်ပိုင်ခွင့်ပဲ။ အဓိကကတော့ စစ်ဆေးရေးအဖွဲ့ ပေါ့ဗျာ။ ကျောင်းနဲ့ပတ်သက်ပြီး ခိုင်လုံမှုရှိ၊ မရှိ အဲဒါ တွေ မစစ်ဆေး ခဲ့လို့၊ မစုံစမ်းခဲ့ကြလို့ ဒီလိုဖြစ်တယ်လို့ ကျွန်တော်မြင်တယ်။ ဟိုးအရင် ကတည်းက ပွင့်လင်း မြင်သာမှုမရှိတော့ ကျောင်းကဆရာ ဆရာမတွေ တောင် သိတာမဟုတ်ဘူး။ အများ ဆုံးသိတာက ကျောင်း အုပ်ကြီးနဲ့ ကျောင်းအကျိုးတော် ဆောင်အဖွဲ့၊ မြို့နယ်ပညာရေးမှူးတို့ ပေါင်းလုပ် ကြတာပဲ။ ဒါတွေက ကျောင်း တိုင်း လိုလိုမှာ ဒီပြဿနာတွေဝင်တယ်။ ကျောင်းဆောက်တယ်ဆိုတာက ပြောရရင် ကျောင်း အုပ်တွေအတွက် ထီပေါက်တာပဲပေါ့ ဗျာ”” ဟု ဦးနေ၀င်းစံက ဆိုသည်။

စာသင်ကျောင်းများအတွက် ချထားပေးသော ဘတ်ဂျက်အပေါ် အဆင့်ဆင့် အကျင့်ပျက်ခြစားမှု များရှိနေ သည်ကို မြင်တွေ့ကြားသိနေရပြီး ကျောင်းဆောင်များ ယခု ကဲ့သို့ အရည်အသွေး နိမ့်ကျခြင်း အတွက် အဆိုပါ အကျင့်ပျက်ခြစားမှုများက အဓိကအကြောင်းရင်း တစ်ခု ဖြစ်နေသည်။

““ဒီနှစ်မှာ အစိုးရက ကျောင်း တွေကို ဘတ်ဂျတ်ချပေးလို့ စားပွဲ ထိုင်ခုံတွေ၊ ပြတင်းပေါက်တွေ၊ ရေတံ လျောက်တွေ၊ အိမ်သာတွေ ပြုပြင်ထားတာတွေ့ရတယ်။ အစိုးရ က ပေးတဲ့ငွေတွေကို အဆောက် အအုံ ကျွမ်းကျင်တဲ့ အင်ဂျင်နီယာ တွေနဲ့ လုပ်ထားတာ မဟုတ်ဘူးတဲ့။ ကျောင်းအုပ်ကြီးတွေက ရပ်ကွက် တွေထဲက လက်သမားတွေ ငှားပြီး လုပ်တယ်ပြောတယ်။ ရေတံလျှောက် တွေဆိုလည်း ရေတံလျှောက်လုပ်ငန်းမှာ မအပ်ဘဲသွပ်ပြားကိုကွေးပြီး အဖြစ်လုပ်ထားတယ်”” ဟုရန်ကုန်မြို့တွင် မိမိကလေးအား ကိုယ်တိုင် ကျောင်း ပို့ကျောင်းကြို လုပ်နေသည့် ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ကိုဖိုးစိုင်း
မြန်မာသံတော်ဆင့်