ပါတီကြီးတစ်ခု၏ ကျူးကျော်ဆိုင်းဘုတ် ဖြုတ်သိမ်းပေးရန် – ပေးစာ

ပို့စ်တင်ချိန် - 6/06/2014 07:43:00 AM


ကျွန်တော်များ နေထိုင်ရာ ရွှေပြည်သာမြို့နယ်၊ ဏ/၁၄ ရပ်ကွက်သည် ၁၉၉၂ ခုနှစ်စတင်၍ ပြောင်းရွှေ့ နေထိုင် ခဲ့ကြသူများ ဖြစ်ပါသည်။ ရပ်ကွက်ရှိ ဓမ္မာရုံမှာလည်း ရပ်ကွက်နေ ပြည်သူများနှင့် ၀ါတွင်းကာလ ဆွမ်းလောင်းအဖွဲ့ ၃ ဖွဲ့မှ ပိုလျှံသော ငွေကြေးဖြင့် ဆောက်လုပ် လှူဒါန်းပြုပြင်ထားသော ဓမ္မာရုံ ဖြစ်ပါသည်။

ယခုအခါ ပါတီကြီး တစ်ခုမှ ရပ်ကွက် စည်းရုံးရေးမှူး (ဥက္ကဋ္ဌ)ဖြစ်သူသည် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စည်းဝါးရိုက်၍ သံဃာ့နုဂ္ဂဟ အသင်းဥက္ကဋ္ဌ အမည်ခံကာ ရပ်ကွက် ပြည်သူအများပိုင် ဓမ္မာရုံအား သံဃာ့နုဂ္ဂဟ အသင်းဆိုင်းဘုတ်ကို မတရားသဖြင့် ကျူးကျော်၍ တပ်ဆင်ထားခြင်းအတွက် ပြန်လည်ဖြုတ်သိမ်းပေးပါရန်။ (ပါတီဒုဥက္ကဋ္ဌ ဦးဌေးဦး၏ ပါတီစည်းရုံးရေးကို ဘာသာရေး ခုတုံးမလုပ်ဟုဆိုခြင်း အပေါ်၌ မယုံကြည်စရာ ဖြစ်ပါသည်။) စည်ပင်ပိုင် ပလပ်မြေများသည် ပြည်သူပိုင်၊ အများပိုင်မြေများ ဖြစ်ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် အနိုင်ရပါတီမှ ကျွန်တော်များ ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်၊ ပန်းခြံ ၂၆ ရှိ ပလပ်မြေကို ပါတီသစ်ပင် စိုက်ခင်းအဖြစ် လည်းကောင်း၊ အ၀ီစိတွင်းတူးရာတွင် လွှတ်တော် ကိုယ်စားလှယ်က လူလုံးပြ အကာအကွယ် ပေးခြင်းများ တရားမ၀င် ပြုလုပ်ခဲ့ပါသည်။ သို့ပါ၍ အများပိုင်မြေ၊ ပြည်သူပိုင်မြေ ပေါ်တွင် ပါတီစိုက်ခင်းအဖြစ် ဆိုင်းဘုတ် တင်ထားခြင်းကို တားမြစ်ဖြုတ်သိမ်းပါရန် တင်ပြအပ်ပါသည်။ (သစ်ကုလားအုပ် ပုံပြင်မှ ခေါင်းလေးဝင်ပါရစေ၊ ကိုယ်လေးဝင်ပါရစေနှင့် တူနေပါသည်။)

သူရိန်(တမာမြေ)
မြန်မာသံတော်ဆင့်