MH370 ပျောက်ဆုံးမှုနေရာသစ်တခု ထပ်မံတွေ့ရှိ

ပို့စ်တင်ချိန် - 6/06/2014 07:43:00 AM


ပျောက်ဆုံးနေတဲ့ မလေးရှား ခရီးသည်တင်လေယာဉ်ရှာဖွေရေး နောက်ဆက်တွဲသတင်းတွေမှာတော့
နောက်ဆုံးရရှိခဲ့ သတင်းအချက်အလက်တွေအရ လေယာဉ်ဟာ 7th arc လို့ ခေါ်တဲ့ ဒေသအတွင်းမှာ ပျောက်ဆုံးသွားတာ ဖြစ်နိုင်ကြောင်း သြစတြေးလျ သယ်ယူပို့ဆောင်ရေး လုံခြုံရေးဘူရို ကပြောပါတယ်။
အဲဒီ 7th Arc ဒေသဟာ တောင်ပိုင်း လတ္တီတွတ် ၂၀ ဒီကရီနဲ့ ၃၉ ဒီကနေ ကြားဒေသကို ဆိုလိုတာ ဖြစ်ပါတယ်။
သြစတြေးလျကို ပျံသန်းလာတုန်း လောင်စာဆီကုန်ဆုံးသွားတဲ့အတွက် သြစတြေးလျ အနောက်ပိုင်း ကမ်းရိုးတန်းကို မရောက်ခင် ပျက်ကျသွားပုံရတယ်လို့ သြစတြေးလျ သယ်ယူပို့ဆောင်ရေး လုံခြုံရေးဘူရို ကပြောပါတယ်။
ဒါကြောင့် ၆၅၀ ကီလိုမီတာ အကျယ်အ၀န်းရှိတဲ့ ဒေသအသစ်တခုမှာ လေယာဉ်ကို ထပ်မံရှာဖွေသွားဖို့ ရှိပြီး အသေးစိပ်ကိုတော့ လာမယ့် သီတင်းပတ်တွေမှာ သိရှိရမှာ ဖြစ်ပါတယ်။
ခရီးသည်နဲ့ လေယာဉ် အမှုထမ်း ၂၃၉ ဦးတင်ဆောင်လာတဲ့ မလေးရှား ခရီးသည်တင်လေယာဉ်ဟာ မတ်လ ၈ ရက်နေ့ကတည်းက ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

Radio Australia - Myanmar