ထွက်ပြေး တိမ်းရှောင်နေသော ထိုင်းအာဏာ သိမ်းဆန့်ကျင်ရေး ခေါင်းဆောင်အား ဖမ်းမိ

ပို့စ်တင်ချိန် - 6/06/2014 03:36:00 PM


ဘန်ကောက်- ထိုင်းနိုင်ငံ၏ စစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ အာဏာသိမ်းယူမှုအပေါ် ဝေဖန်နေမှုများကို ဖယ်ရှားရန်ကြိုးပမ်းနေစဉ် ထွက်ပြေးတိမ်းရှောင်နေသော အာဏာသိမ်းမှုဆန့်ကျင်ရေးခေါင်းဆောင်အား ဖမ်းမိသွားပြီဟု ထိုင်းစစ်တပ်က ဇွန်လ ၆ ရက်တွင် ပြောကြားသည်။


စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သော တရားမဝင်လူထုစုဝေးပွဲများပြုလုပ်ရန် အွန်လိုင်းလှုံ့ဆော်စည်းရုံးမှုကို ခေါင်းဆောင်ခဲ့သည့် ဆွမ်ဘက်ဘွန်နာ မန်နောင်းကို ဇွန်လ ၅ ရက်ညတွင် ချွန်ဘူရီဒေသ၌ဖမ်းမိခဲ့သည်ဟု စစ်တပ်ပြောရေးဆိုခွင့်ရ အမျိုးသမီးသီရိချန်နာသောင်းက ပြောသည်။

‘‘ကျွန်မတို့မှာ အင်တာနက်ကနေတစ်ဆင့် ဆွမ်ဘက်ကို ခြေရာခံတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်။ သူက စစ်တပ်ကိုသတင်းပို့ဖို့ အမိန့်ကိုချိုးဖောက်တဲ့ စွပ်စွဲချက်နဲ့ ရင်ဆိုင်ရမယ်’’ဟု ၎င်းပြောရေးဆိုခွင့်ရသူက ပြောသည်။

ထို့ကြောင့် ဆွမ်ဘက်ဘွန်နာမန်နောင်းသည် ထောင်ဒဏ် ၂ နှစ်ကျခံရမည့်စွဲချက်နှင့် ရင်ဆိုင်ရဖွယ်ရှိသည်။

—Ref: AFP

7Day News