၂၅ နှစ်ကြာ နောက်ပြန်လျှောက်ခဲ့ပြီး အတည့်အတိုင်း လျှောက်ဖို့ မေ့နေသူ

ပို့စ်တင်ချိန် - 6/06/2014 12:17:00 PM


ကမ္ဘာကြီး ငြိမ်းချမ်းစေဖို့အတွက် ရည်ရွယ်ပြီး နှစ်ပေါင်း ၂၅နှစ်ကြာအောင် လမ်းနောက်ပြန်လျှောက်ခဲ့တဲ့ အမျိုးသားတစ်ဦးဟာ ပုံမှန်အတိုင်း လမ်းအတည့်လျှောက်ဖို့ အတွက် ဘယ်လိုလျှောက်ရမယ်ဆိုတာကို မေ့နေခဲ့တယ်လို့ သိရပါတယ်။


၁၉၈၉ ခုနှစ်ကို  ပြန်ပြောင်းကြည့်မယ်ဆိုရင်တော့ အိန္ဒိယနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိကရုန်းတွေဖြစ်ခဲ့ပါတယ်။ အဲဒီ မငြိမ်းချမ်းတဲ့ အရာတွေက သူ့ကို ထိတ်လန့်နေစေခဲ့ပါတယ်။ ဒါ့ကြောင့် အဲဒီလို အဖြစ်အပျက်တွေ ထပ်မဖြစ်စေဖို့ အတွက်နဲ့ အမြဲ အမှတ်ရနေဖို့ သူ လမ်းပြောင်းပြန် လျှောက်ခဲ့တယ်လို့ ဆိုပါတယ်။  အဲဒီ မူမမှန်တဲ့ လမ်းလျှောက်ပုံက သူရဲ့ ပုံမှန်နေထိုင်မှုကို အနှောင့်အယှက် မဖြစ်ဘဲ သူဟာ အဲဒီလို လမ်းနောက်ပြန်လျှောက်ရခြင်းကို ပိုပြီး ကြိုက်နှစ်သက်ခဲ့တယ်လို့ ဆိုပါတယ်။  လမ်းကူးတာ၊ လှေကား အတက်အဆင်းနဲ့ အများသုံး လမ်းတွေကို အသုံးပြုတဲ့အခါမှာလည်း အမြဲ နောက်ပြန် လျှောက်လေ့ရှိပါတယ်။

တိယုပတ္တာမှာ မိုဘိုင်းဖုန်းဆိုင် ဖွင့်ထားတဲ့ မန်နီတစ်ယောက် လမ်းကို ပုံမှန်အတိုင်း အတည့်ဘယ်လိုလျှောက်ရမယ်ဆိုတာ မေ့နေပြီလို့ ၀န်ခံပြောဆိုခဲ့ပါတယ်။


ကျွန်တော့်ဘ၀မှာ ရုန်းကန်မှုတွေ၊ စွန့်လွတ် အနစ်နာခံမှုတွေ၊ အောင်မြင်မှုတွေနဲ့ မကျေနပ်မှုတွေနဲ့ ပြည့်နှက်နေတယ်။ ဒါ့ကြောင့် ရှေ့ဆက်ပြီး ကမ္ဘာကြီး ငြိမ်းချမ်းတဲ့ အထိ လမ်းနောက်ပြန် ဆက်လျှောက်သွားမယ်။ အဲဒီအတွက် ဘာ အခက်အခဲ၊ ဘာပြဿနာမှ မရှိဘူးလို့ သူကပြောပါတယ်။ ဒါ့အပြင် တစ်နေ့တခြား ကမ္ဘာမှာ ဖောက်ခွဲမှုတွေ၊ အကြမ်းဖက်မှုတွေ များလာတာကို တွေ့နေတယ်။ လူငယ်တွေဟာလည်း လမ်းလွဲနေတယ်လို့ သူကပြောခဲ့ပါသေးတယ်။

လမ်းပြောင်းပြန် စလျှောက်ပြီးတဲ့ နောက် သူ့ရဲ့ ပထမဆုံး မှတ်ကျောက်တင်စရာ ဖြစ်ရပ်တစ်ခုကတော့ သူ့ရဲ့ မြို့ကနေ မိုင် ၃၀၀ ဝေးတဲ့ ချန်နိုင် ဆိုတဲ့ မြို့ကို အ၀တ်မပါဘဲ လမ်းနောက်ပြန် လျှောက်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။



World Myanmar News
ref: dailymail.co.uk