ဂျောက်ဂျက်က နိုင်ငံရေးကို ဘယ်လိုသဘောထားလဲ

ပို့စ်တင်ချိန် - 6/06/2014 06:00:00 PM


Hip Hop လောကမှာ ပွက်လောညံသွားစေတဲ့ အဆိုတော် ဂျောက်ဂျက်တစ်ယောက် အနုပညာကို လွတ်လွတ်လပ်လပ် ဖန်တီးနိုင်ပြီလို့ ဆိုနိုင်တဲ့ အခုကာလမှာ စိတ်ကျေနပ်မှုရှိရဲ့လား။ တိုင်းသိပြည်သိဆိုတဲ့ ဒုတိယ အယ်လ်ဘမ်ထွက်ထားတဲ့ ဂျောက်ဂျက် နိုင်ငံရေးနဲ့ ဘယ်လဲဘာလဲ။

“ကျနော်က နိုင်ငံရေးကို စိတ်ဝင်စားတယ်။ ဒါပေမယ့် ကျနော့်သီချင်းတွေက တစ်နိုင်ငံလုံးကိုတော့ ကိုယ်စားမပြုနိုင်ဘူး။ လူငယ်တွေကို ကိုယ်စားပြုပြီး လမ်းညွှန်မှုပေးနိုင်တဲ့ သီချင်းမျိုးပဲ ပေးချင်တယ်”လို့ ဂျောက်ဂျက်က ဆိုပါတယ်။ သူရောက်နေတဲ့ အသက်အရွယ် ဖြတ်သန်းမှုနဲ့ အတွေ့အကြုံကိုပဲ ပေးချင်တယ်လို့ ပြောတဲ့ ဂျောက်ဂျက်က တတိယမြောက် တစ်ကိုယ်တော် အယ်လ်ဘမ် ထွက်လာတော့မှာလို့ ဆိုပါတယ်။

“အခုစီးရီးမှာတော့ ကျနော့်အကြောင်းတွေပဲ အများဆုံးပါတယ်။ အရင်လို မဟုတ်တော့ဘူး။ ရင့်ကျက်လာပြီ။ ကိုယ့်အသက်အရွယ်နဲ့ ဆိုင်တဲ့အကြောင်းအရာတွေကိုပဲ ပေးချင်တယ်”လို့ ဂျောက်ဂျက်က ပြောပြပါတယ်။ အယ်လ်ဘမ်ခေါင်းစဉ် မရွေးရသေးတဲ့ သူ့ရဲ့တစ်ကိုယ်တော် သီချင်းခွေမှာတော့ လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်တဲ့ သီချင်းတွေ အများဆုံးပါမယ်လို့ ဆိုပါတယ်။

မြေအောက် Hip Hop လောကမှာ စကားလုံးကြမ်းကြမ်းတွေနဲ့ တတိယမျိုးဆက်အဖြစ် ပေါက်ကွဲထွက်လာတဲ့ ဂျောက်ဂျက်ဟာ လူငယ်ပရိသတ်တွေကြားမှာ အောင်မြင်မှုရပြီး ပင်မရေစီးကြောင်းထဲကို ရောက်လာခဲ့ပြီး ငါသည်သာ ငါ့ပြိုင်ဖက်နဲ့ တိုင်းသိပြည်သိ အယ်လ်ဘမ်နှစ်ခု ထွက်ရှိထားပါတယ်။

(ဖြိုး၊ Free Wings)
Kamayut Media