NLD ပါတီဝင် နေအိမ်အား ပြည်ခိုင်ဖြိုး ပါတီဝင် လေးခွဖြင့်ပစ်

ပို့စ်တင်ချိန် - 6/06/2014 06:00:00 PM


ကလေးမြို့နယ်တွင် NLD ပါတီဝင် နေအိမ်အား ပြည်ခိုင်ဖြိုး ပါတီဝင်က ခဲ၊ လေးခွများဖြင့် ပစ်ပေါက်မှုဖြင့် အမှုဖွင့်ခံထား ရကြောင်းသိရသည်။ ဖြစ်စဉ်မှာ၊ ကလေးမြို့နယ် နန်စောင်းပု ကျေးရွာ၊ ရပ်ကျေး NLD စည်းရုံးရေးမှူး နေအိမ်အား တစ်ဝန်းတည်း သီးခြား နေထိုင်သူ ပြည်ခိုင်ဖြိုး ပါတီဝင် တစ်ဦးမှ ဇွန်လ (၃) ရက်နေ့ ည (၁၀) နာရီအချိန် တွင် ခဲ၊ လေးခွ များနှင့် ပစ်ပေါက်ခဲ့ သဖြင့် အမှုဖွင့် အရေးယူခြင်း ခံထားရခြင်း ဖြစ်ကြောင်း သက်ဆိုင် ရာ ကလေးမြို့မ ရဲစခန်းမှ သိရသည်။

ပြည်ခိုင်ဖြိုး ပါတီဝင် ၀င်းမောင် (ခ) မြ၀င်းရွှေမှ ခဲ၊ လေးခွများဖြင့် ပစ်ပေါက်ခဲ့သည့် အပြင် မနက်ကျရင် မင်းတို့မိသားစုကို မမြင်ချင်ဘူး၊ သတ်ပစ်မယ် ဟု ပြောဆိုကာ တစ်ညလုံး ခဲလေးခွများဖြင့် ပစ်ပေါက်ခဲ့သည့် အတွက် NLD စည်းရုံးရေးမှူး ဦးဝင်းနိုင်မှ သက်ဆိုင်ရာသို့ ဥပဒေကြောင်း အရ အရေးယူ ပေးပါရန် ဇွန်လ(၄) ရက်နေ့ နံနက်ပိုင်းတွင် တိုင်ကြားခဲ့ကြောင်း မှူခင်း မှတ်တမ်းများအရ သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကလေးမြို့ မြို့မရဲစခန်းမှ ပြည်ခိုင်ဖြိုးရပ်ကျေး ပါတီဝင် ၀င်းမောင် (ခ) မြ၀င်းရွှေအား (ပ) ၃၀၀/၂၀၁၄ ပြစ်မှု ပုဒ်မ ၃၃၆/၅၀၆ အရ အမှု ဖွင့် အရေးယူ ထားကြောင်း သက်ဆိုင်ရာ ရဲစခန်းမှသိရသည်။

Messenger News Journal