အောင်မြေသာစံမြို့နယ်တွင် ဂက်စ်ဖြည့်ရာမှ သံဆန်ခါစက်ရုံမီးလောင်မှုဖြစ်ပွား

ပို့စ်တင်ချိန် - 6/06/2014 07:14:00 AM


ရန်ကုန်၊ ဇွန် ၃

မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် ညောင်ကွဲရပ်ကွက်ဥယျာဉ် တန်း ၇ လမ်းနှင့် ၈ လမ်းကြား တွင်ရှိသော ဦးစိုင်းမောင် (၅၅) နှစ်ပိုင်ဆိုင်သည့် သံဆန်ခါ စက်ရုံတွင်မေ (၃၁)ရက် မွန်းလွဲ(၃)နာရီ ၁၀ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဂက်စ်မီးခြစ် အတွင်း ဂက်စ်ဖြည့်တင်းရာမှ မီးလောင်မှု ဖြစ်ခဲ့ပြီး မီးလောင်မှု ကြောင့် သံဆန်ခါပြု လုပ်သည့် စက်ကိရိယာများ၊ သံထည်ပစ်္စည်း များ ဖြတ်တောက် ဆက်စပ်ရာတွင် အသုံးပြုသည့် ဂက်စ်အိုး ပေါက်ကွဲ မီးလောင်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားရာသို့ အမှတ်(၁)ပြည်နယ် နှင့် တိုင်းဒေသကြီး မီးသတ် ဦးစီး ဌာနရုံးများ ကွပ်ကဲရေးမှုး ဦးကြည် ၀င်း၊ မန္တလးတိုင်းဒေသကြီး မီး သတ်ဦးစီးမှူး ဦးသန်းဇော်ဦး၊ ခရိုင်မီး သတ်ဦးစီးမှူး ဦးလှမင်း၊ သန္ဓေနှင့် ဒေသအရန် မီးသတ် တပ်ဖွဲ့ဝင်(၁၈၀)ဦး၊ မီးငြှိမ်းသတ် ရေးယာဥ၊် ရေသယ် ယာဉ်(၄၈)စီး၊ လူနာတင်ယာဉ်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ၀ိုင်းဝန်းငြှိမ်းသတ်မှု ကြောင့်မွန်းလွဲ (၃)နာရီ (၄၅)မိနစ် တွင် မီးငြိမ်းသွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ အောင်မြေသာစံမြို့နယ် အမှတ်(၄) နယ်မြေရဲစခန်းက(ပ) ၁၈၇/၂၀၁၄ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိသည်။

မောင်ပြည်သူ(မန္တလေး)