အိမ်နီးချင်းနိုင်ငံများ၏ ထောက်ခံမှုကို ရရှိထားကြောင်း အာဏာသိမ်း ထိုင်းစစ်အစိုးရ ကြေညာ

ပို့စ်တင်ချိန် - 6/06/2014 07:11:00 AM


မိမိတို့အစိုးရအဖွဲ့ကို အိမ်နီးချင်းနိုင်ငံများက ထောက်ခံရပ်တည်ကြောင်း ထိုင်း အာဏာသိမ်းစစ်အစိုးရ ကြေညာသွားခဲ့သည်။
ပြီးခဲ့သည့်လက နိုင်ငံအာဏာကို ချုပ်ကိုင်သိမ်းယူခဲ့သည့် ဗိုလ်ချုပ်များသည် ယခု အခါ ၎င်းတို့၏ရပ်တည်မှုကို နိုင်ငံတကာအတိုင်းအတာတွင် ပိုမိုဝင်ဆံ့အောင်ကြိုးစား လာခဲ့သည်။ ထိုင်းစစ်တပ်သည် အာဏာသိမ်းပိုက်ထားပြီးနောက် စစ်ဦးစီးချုပ် ဗိုလ် ချုပ်ကြီး ပရာယွတ်သ်ချန်အိုချာက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသည်။ ထိုင်း စစ်တပ်အာဏာသိမ်းမှုကို ကမ္ဘာ့နိုင်ငံအများအပြားက ရှုတ်ချခဲ့ကြသလို ထိုင်းနိုင်ငံ သို့ သွားရောက်လည်ပတ်ခြင်းမပြုရန် မိမိတို့၏နိုင်ငံသားများကို ဆော်ဩ တိုက်တွန်း ခဲ့ကြသည်။ သို့သော်လည်း ထိုင်းစစ်အစိုးရကမူ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် ဗီယက်နမ်တို့က မိမိတို့ကို ထောက်ခံမှုပေးထားကြောင်း ပြောကြားခဲ့ သည်။ ထို့အပြင် မြန်မာနိုင်ငံကလည်း ထိုင်းစစ်အစိုးရကို အသိအမှတ်ပြုကြောင်းသဘောထား ထုတ်ပြန်လာခဲ့သည်။

ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရအရာရှိ ယွန်ယုသ်မေယာလပ်က “အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်တို့က ကျွန်တော်တို့အစိုးရအဖွဲ့အပေါ် သူတို့တွေ ထောက်ခံ ရပ်တည်ကြောင်း ကတိပြုခဲ့ကြပါတယ်” ဟုဆိုသည်။ သို့သော်လည်း ထိုင်းစစ်အစိုးရ အတွက် အဓိကပြဿနာမှာ နိုင်ငံ၏ အဓိကစစ်မဟာမိတ်များဖြစ်သည့် အနောက် အုပ်စုက အာဏာသိမ်းမှုကို တောက်လျှောက်ဆန့်ကျင်နေခြင်းဖြစ်သည်။ ထိုင်းစစ် တပ်သည် အာဏာသိမ်းပြီးကတည်းက တစ်နိုင်ငံလုံးတွင် ညမထွက်ရအမိန့် ထုတ် ပြန်ခဲ့သလို မီဒီယာလွတ်လပ်ခွင့်ကိုလည်း တင်းကျပ်ပိတ်ပင်မှုများ ပြုလုပ်ခဲ့သည်။ စစ်တပ်က ထိုင်းနိုင်ငံတွင် အစိုးရနှင့် အတိုက်အခံတို့ကြား ကာလရှည်ကြာ အားပြိုင် နေပြီး နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မိမိတို့ ကြားဝင်ရခြင်းဟု အကြောင်းပြထား
သည်။

သို့သော်လည်း ထိုင်းနိုင်ငံအရေး လေ့လာသူတို့က ၂၀၀၆ ခုနှစ်တွင်ထိုင်းစစ်တပ် လုပ်ဆောင်ခဲ့သည့် မူဝါဒအတိုင်း ထိုင်းနိုင်ငံ၏ အဓိကအုပ်ချုပ်မှု အာဏာရင်းမြစ်ကို မြေလှန်ရန် အကောင်အထည်ဖော်ခြင်းဟု သုံးသပ်ခဲ့ကြသည်။ ထိုစဉ်ကထိုင်းဝန်ကြီး
ချုပ် သက်ဆင်ရှီနာဝါထရာထံမှ စစ်တပ်ကအာဏာသိမ်းခဲ့ပြီး ယင်းနောက်ပိုင်းတွင် လည်း ထိုင်းနိုင်ငံရေးသည် လုံးဝ တည်ငြိမ်အေးချမ်းမှု မရှိတော့ချေ။ ယခုတစ်ကြိမ် စစ်တပ်အာဏာသိမ်းမှုတွင် အနောက်နိုင်ငံအများအပြားက ဆန့်ကျင် ကန့်ကွက်ရုံမျှ မကဘဲ ထိုင်းနိုင်ငံနှင့် ဆက်ဆံရေးအဆင့်အတန်းကိုပါ လျှော့ချလိုက်သည်။

ဩစတြေးလျနှင့် အမေရိကန် ပြည်ထောင်စုတို့ကမူ ထိုင်းနှင့်အတူ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများကိုပါ ဆိုင်းငံ့ထားလိုက်ကြောင်း သိရသည်။ကမ္ဘာ့နိုင်ငံအများစုက ထိုင်းစစ်တပ်အာဏာသိမ်းမှုကိုကျယ်ကျယ်လောင်လောင် ဝေဖန်နေသော်လည်း အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး (အာဆီယံ) ကမူ ယင်းအခြေအနေအပေါ် မှတ်ချက်ပေးရန် နှုတ်ဆိတ်နေဆဲဖြစ်သည်။ ထို့အပြင် အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မြန်မာနိုင်ငံ၏အစိုးရ အဖွဲ့ကလည်း ထိုင်းစစ်အစိုးရကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သေးသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက Reuters သတင်း ဌာနနှင့်တွေ့ဆုံရာတွင် “ထိုင်းနိုင်ငံဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဖြစ်ပြီး စစ်တပ်အစိုးရကိုလည်း သူတို့ရဲ့ဘုရင်ကိုယ်တိုင်က ထောက်ခံ အတည်ပြုပေးထား
ပါတယ်” ဟု မှတ်ချက်ပေးသွားခဲ့သည်။ မေယာလပ်ကမူ ဗီယက်နမ်နှင့် တရုတ်တို့မှ ကိုယ်စားလှယ်များသည် ထိုင်းစစ် တပ် ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံဆွေးနွေးပြီးဖြစ်ကြောင်း ဆိုသည်။ “သူတို့က နိုင်ငံအချင်းချင်း ဆက်ဆံရေးမှာ ထိခိုက်မှုမရှိဘူးလို့ အာမခံခဲ့ကြပါတယ်။ အခြေ အနေတွေအားလုံး ပုံမှန်အတိုင်း မြန်မြန်ဆန်ဆန်ပြန်ဖြစ်လာဖို့ပဲ သူတို့က မျှော်လင့် ထားတာပါ” ဟုလည်း ၎င်းကပြောကြားခဲ့သည်။ ထိုင်းစစ်အစိုးရသည် နိုင်ငံအများ အပြားသို့ ကိုယ်စားလှယ်များစေလွှတ်ကာ အာဏာသိမ်းရန် ဆုံးဖြတ်ခဲ့ရသည့် အကြောင်းရင်းနှင့် ထိုင်းနိုင်ငံအတွက် ရည်ရွယ်ထားသော အစီအစဉ်များကို ရှင်းပြ
သွားရန်လည်း စီစဉ်ထားသည်။ သို့သော်လည်း လက်ရှိအခြေအနေများအရ ထိုင်းနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသွား
လုပ်ငန်းသည် ဆိုးရွားသောထိခိုက်မှုများနှင့် စတင်ကြုံနေရပြီး လာမည့်လများ အတွင်း ခရီးသည်အရေအတွက် ကြီးကြီးမားမား ယုတ်လျော့ ကျဆင်းလာမည့် အလားအလာများလည်းရှိနေကြောင်း သိရှိရသည်။

Planet Myanmar Network