ရဲ ၃ ဦးကို ပစ်သတ်သွားသည့် သေနတ်သမားအား ကနေဒါရဲတပ်ဖွဲ့ မြေလှန်ရှာဖွေနေ

ပို့စ်တင်ချိန် - 6/06/2014 03:43:00 PM


ကနေဒါနိုင်ငံတွင် ရဲ ၃ ဦးကိုပစ်သတ်သွားသည့် သေနတ်သမားကို ရဲတပ်ဖွဲ့ က အပူတပြင်း ခြေရာခံ ရှာဖွေနေ ကြောင်း သိရှိရသည်။

နယူးဘန်းစ်ဝစ်ခ်တွင် ရဲများသည် သံသယ တရားခံတစ်ဦးကိုညလုံးပေါက် ရှာဖွေနေကြောင်း သတင်းများက ဆိုသည်။ အဆိုပါ သေနတ်သမားသည် ရဲ ၃ ဦးကို ပစ်သတ်ခဲ့သလို အခြားသော ဒေသများတွင် ရဲ ၂ ဦးကို ဒဏ်ရာရ အောင် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“မွန်တွန်အရပ်က ပိုင်းဟာ့စ်တဝိုက်မှာ တရားခံ ရှိနေဆဲလို့ ယူဆရပါတယ်။ ဒေသခံတွေအနေနဲ့ အိမ်ထဲမှာ သော့ ပိတ်ပြီး နေနေကြပါ။ ဒါပေမဲ့ အိမ်ရှေ့ မီးတွေကိုတော့ ဖွင့်ထားပါ” ဟုတော်ဝင် ကနေဒါ မြင်းစီးရဲတပ်ဖွဲ့က Twitter မှ တစ်ဆင့် ဆော်ဩကြေညာခဲ့ကြသည်။
ရဲများသည် ဗုဒ္ဓဟူးနေ့ တစ်ညလုံး မွန်တွန် အနီးတဝိုက်တွင် ဖြန့်ကျက် ရှာဖွေမှုများ ပြုလုပ်နေသည်။ အဆိုပါမြို့ လေးတွင် လူ ၁ သိန်းမျှသာ နေထိုင် သည်။ “ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင် ဂရုစိုက်ထားပါ။ သတ်မှတ်ဧရိယာထဲကို လည်း ကားတွေမောင်းဝင်မလာပါနဲ့” ဟု ရဲများက သတိပေးထားသည်။ ရဲတပ်ဖွဲ့ က သံသယတရားခံသည် အသက် ၂၄ နှစ်အရွယ် ဂျက်စတင် ဘော်ကွီဆိုသူ ဖြစ်ကြောင်းလည်း အတည်ပြုထား သည်။ ၎င်းကို လက်နက်ကိုင်ဆောင်ပြီး အလွန်အန္တရာယ် ရှိနိုင်သော သံသယ
တရားခံအဖြစ်လည်း စာရင်းသွင်းထား သည်။

လူသတ်သမားကို ရှာဖွေနေသော ဒေသတဝိုက် ကောင်းကင်ယံတွင် ရဟတ်ယာဉ်များလည်း ဝဲပျံလျှက်ရှိ သည်။ ဆေးရုံက သေနတ်ထိမှန်သူ ၂ ဦးကို ကုသပေးနေကြောင်း ကြေညာ ထားပြီး နောက်ထပ် သေနတ်ထိမှန်သူ တတိယတစ်ဦးလည်း ထပ်မံရောက်ရှိခဲ့ ကြောင်း အတည်ပြုခဲ့သည်။ သို့သော် လည်း ထိုသူသည် ယခင်ပစ်ခတ်မှုများ နှင့် ဆက်စပ်မှု ရှိမရှိ မကွဲပြားကြောင်း
လည်း သိရှိရသည်။

Planet Myanmar Network