(၁၃)နှစ်သမီးကိုသားမယားအဖြစ်ပြုကျင့်

ပို့စ်တင်ချိန် - 6/06/2014 06:03:00 PM


(၁၃)နှစ်သမီးကိုသားမယားအဖြစ်ပြုကျင့်

ထွန်းလင်း၊ ရန်ကုန်၊ ဇွန်-၅
တစ်ဆောင်တည်းကပ်လျက်နေသူကသားမယားအဖြစ်ပြုကျင့်ခဲ့သည်ဆိုကာတိုင်ကြားခဲ့သည့်
ဖြစ်စဉ်တစ်ခုလှိုင်သာယာမြို့နယ်တွင်ဇွန်၃ရက်ကဖြစ်ပွားခဲ့သည်။ယင်းနေ့ညနေ၄နာရီတွင်
လှိုင်သာယာမြို့နယ်နေအမျိုးသမီးတစ်ဦးသည်ဘုရင့်နောင်ဈေးသို့ပြန်ရန်(၁၃)နှစ်အရွယ်
သမီးဖြစ်သူကိုနှုတ်ဆက်စဉ်သမီးဖြစ်သူကကျောင်းမတက်ချင်ကြောင်းနှင့်အတူ
လိုက်လိုကြောင်းပြောဆိုခဲ့သည်။သမီးဖြစ်သူကိုမေးမြန်းခဲ့ရာဇွန်၁ရက်ည၁၀နာရီက
နေအိမ်အဆောင်ချင်းကပ်လျက်နေထိုင်သူရဲလင်းထွန်း(ခ)ဂျပု(၂၂ )နှစ်ကသားမယားအဖြစ်
ပြုကျင့်ခဲ့ကြောင်း၊လွန်ခဲ့သောနှစ်ပတ်ခန့်ကလည်းနှစ်ကြိမ်ခန့်ပြုကျင့်ခဲ့ကြောင်းပြောပြသိရသဖြင့်
သမီးဖြစ်သူကိုစစ်ဆေးခဲ့ရာမိန်းမကိုယ်ရောင်ရမ်းနာကျင်နေသည်ကိုတွေ့ရသဖြင့်အရေးယူ
ပေးရန်တိုင်ကြားခဲ့သည်။ သောင်ကြီး နယ်မြေရဲစခန်းမှ(ပ)၃၈၅ /၂၀၁၄၊ ပြစ်မှုပုဒ်မ
၃၇၆ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။


စံတော်ချိန်နေ့စဉ် သတင်းစာ