ယာဉ်ကြောပိတ်ဆို့မှုများနေသည့် ရန်ကုန်အတွက် ယာဉ်မရပ်ရနေရာ ၂ဝ ထပ်မံထုတ်ပြန်

ပို့စ်တင်ချိန် - 11/13/2013 05:03:00 PM


ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများ စွာဖြစ်ပေါ်နေခြင်းကြောင့် ယာဉ်စည်းကမ်းထိန်း သိမ်းရေး ကြီးကြပ်မှုကော်မတီမှ ယာဉ်မရပ်ရမည့် လမ်း ၂၆ လမ်း သတ်မှတ်ပြီး နှစ်လအကြာတွင် တိုင်းဒေသကြီး အစိုးရမှ ထပ်မံ၍ ယာဉ်မရပ်ရ နေရာများကို ထုတ်ပြန်ကြေညာလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး
ကြီးကြပ်မှုကော်မတီက စက်တင် ဘာလ ၁ဝ ရက် နေ့၌ ပြည်လမ်း၊ ကမ္ဘာအေးစေတီ လမ်း၊ ဘုရင့်နောင်လမ်း၊ အင်းလျားလမ်း လှည်း တန်းလမ်းနှင့် အောက်ပုဇွန်တောင်လမ်းအပါအ ဝင် ၂၆ လမ်းကို ကိုယ်ပိုင်ယာဉ်နှင့် အငှားယာဉ် များ မရပ်တန့်ရန်နှင့် ခရီးသည်တင်ယာဉ်များ ရပ်တင်ထွက်စနစ်ကို ကျင့်သုံးရန် သတိပေးစာ ထုတ်ပြန်ခဲ့သည်။

အထက်ပါလမ်းများတွင် ယာဉ်များ၊ ရပ် တန့်ပါက မော်တော်ယာဉ် ဥပဒေအရ အရေးယူ သွားမည်ဟု ကြေညာခဲ့သော်လည်း ယခုအချိန် အထိ
ယာဉ်ရပ်တန့်မှုများရှိနေဆဲပင်ဖြစ်သည်။ယင်းအခြေအနေတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထပ်မံ၍ ယာဉ်မရပ်ရနယ်မြေ ၂ဝ သတ်မှတ်ကာ ကြေညာချက်ထပ်မံထုတ်ပြန်သည်။ကြေညာချက်တွင် တိုင်းဒေသကြီး အစိုးရမှ သတ်မှတ်သော နေရာများတွင် ယာဉ်ရပ်တန့်ပါ က ရပ်နားယာဉ် အားဆွဲယူသွားမည်ဖြစ်ပြီး ရန် ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေအရ အရေးယူသွားမည်ဟု ပါရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတ်မှတ်လိုက်သည့် ယာဉ်မရပ်ရ နေရာ ၂ဝ မှာ ထောက်ကြန့်လမ်းဆုံမှ ပြည်လမ်းအတိုင်း ယင်းမှ ဘုန်းကြီး လမ်းနှင့် ကမ်းနားလမ်းဆုံအထိ၊ အင်း စိန်ဘူတာရုံလမ်းနှင့် အင်းစိန်လမ်းဆုံမှ အင်းစိန်လမ်းအတိုင်း လှည်းတန်းလမ်းဆုံအထိ၊ အောက် မင်္ဂလာဒုံလမ်းနှင့် ဘုရင့်နောင်လမ်းဆုံမှ ဘုရင့် နောင်လမ်းအတိုင်း၊ သမိုင်းဘူတာရုံလမ်း၊ ရွာမ ကျောင်းလမ်း၊ ယင်းမှ ဘုရင့်နောင်လမ်းအတိုင်း လှည်းတန်းလမ်းနှင့် နာနတ်တောလမ်းဆုံအထိ၊ အင်းစိန်ပန်းခြံမှ ဗဟိုလမ်းအတိုင်း သမိုင်းဘူတာ ရုံလမ်းဆုံ၊ ပါရမီလမ်းဆုံ၊ အုတ်ကျင်းဘူတာရုံလမ်း ဆုံ၊ ယင်းမှ ရွာမကျောင်းလမ်း၊ ဗဟိုလမ်းအတိုင်း ဟံသာဝတီလမ်းအထိ၊
ပြည်လမ်းနှင့်မင်းဓမ္မလမ်း ဆုံမှ မင်းဓမ္မလမ်းအတိုင်း ပါရမီလမ်းဆုံအထိ၊ ပြည်လမ်းနှင့် အင်းလျားလမ်းဆုံမှ အင်းလျားလမ်းအတိုင်း ဓမ္မစေတီလမ်းအထိ၊ ကျွန်းတော လမ်းနှင့် နာနတ်တောလမ်းဆုံမှ ကျွန်းတောလမ်း အတိုင်း ဟံသာဝတီလမ်းအထိ၊ ဟံသာဝတီအဝိုင်း မှဦးဝိစာရလမ်းအတိုင်း ဓမ္မစေတီလမ်းဆုံ၊ ဦးဝိ စာရအဝိုင်း ယင်းမှရွှေတိဂုံဘုရားလမ်းအထိ၊ ဗိုလ်ချုပ်ဆောင်ဆန်းလမ်းနှင့် ရွှေဘုံသာလမ်းဆုံမှ ရွှေဘုံသာလမ်းအတိုင်း ကမ်းနားလမ်းအထိ၊ ကန် ရိပ်သာလမ်းနှင့် အထက်ပန်းဆိုးတန်းလမ်းဆုံမှ အထက်ပန်းဆိုးတန်းလမ်း ယင်းမှ ပန်းဆိုးတန်း လမ်းအတိုင်းကမ်းနားလမ်းအထိ၊ ကန်ရိပ်သာ လမ်းနှင့် သိမ်ဖြူလမ်းဆုံမှ သိမ်ဖြူလမ်းအတိုင်း ကမ်းနားလမ်းအထိ၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီလမ်းနှင့် သုဓမ္မာလမ်းဆုံ(၆ ကွေ့ ဝေ ဇယန္တာလမ်းအနီး)မှ သုဓမ္မာလမ်းအတိုင်း၊ ၎င်းမှ ဝေဇယန္တာလမ်းအတိုင်း
ဧရာဝဏ်လမ်းသုဝဏ္ဏတံ တားအထိ၊ ၎င်းမှ ဧရာဝဏ်လမ်း၊ မင်းနန္ဒာလမ်း၊ ၎င်းမှ မင်းနန္ဒာလမ်း ယမုံနာလမ်းနှင့် မင်းနန္ဒာ လမ်းဆုံအထိ၊

၎င်းမှ မင်းနန္ဒာလမ်း၊ မဟာဗန္ဓုလ တံတားမှ ဗိုလ်တထောင်ဈေးလမ်း အောက်ပုဇွန် တောင်လမ်းဆုံအထိ၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန် လမ်းဆုံ(ပြည်ထောင်စုခုံးကျော် တံတား)မှ သံသုမာလမ်းအတိုင်း သမိန်ဗရမ်း လမ်းဆုံ(ကြက်ဘဲဈေး) ရှေ့အထိ၊ သမိန်ဗရမ်း လမ်းနှင့် သံသုမာလမ်းဆုံ(ကြက်ဘဲဈေး) ရှေ့မှ အထက်ပုဇွန်တောင်လမ်းအတိုင်း
ဗိုလ်ချုပ်လမ်း နှင့် အောက်ပုဇွန်တောင်လမ်းဆုံ၊ ၎င်းမှ အောက် ပုဇွန်တောင် တောင်လမ်းအတိုင်း သန်လျက်စွန်း အထိ၊ တောင်ဥက္ကလာပမြို့နယ်၊ ပါရမီလမ်းနှင့် သံသုမာလမ်းဆုံမှ သံသုမာလမ်းအတိုင်း လေး ထောင့်ကန်လမ်းဆုံ(ပြည်ထောင်စုခုံးကျော်တံ တား)၊ ၎င်းမှ လေးထောင့်ကန်လမ်းအတိုင်း အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ၎င်းမှ
အရှေ့မြင်းပြိုင် ကွင်းလမ်းအတိုင်း တာမွေမီးပွိုင့်၊ ရွှေဂုံတိုင်လမ်း နှင့် သမိန်ဗရမ်းလမ်းဆုံအထိ၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမကြီးနှင့် ခရေပင်လမ်းဆုံမှ ခရေ ပင်လမ်းအတိုင်း၊ ပြည်လမ်းဆုံ၊ အောင်မင်္ဂလာ လမ်းဆုံမှတစ်ဆင့် ရွှေပြည်သာတံတားအထိ၊ အင်းစိန်မြို့နယ်၊ ပြည်လမ်းနှင့် လမ်းသစ်လမ်းဆုံ မှ လမ်းသစ်လမ်းအတိုင်း(အာလိန်ငါးဆင့်လမ်း) ဗဟိုလမ်းဆုံ၊ ၎င်းမှလှိုင်မြစ်လမ်းအတိုင်း အောင် ဇေယျတံတားအထိ၊ မရမ်းကုန်း (၈)မိုင်လမ်းဆုံမှ ကမ္ဘာအေးဘုရားလမ်းအတိုင်း၊ ၎င်းမှ ကိုယ့်မင်း
ကိုယ့်ချင်းလမ်းနှင့် နန္ဒဝန်လမ်းဆုံအထိ ၎င်းမှ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ဗဟန်းလမ်း၊ ဦးထောင် ဘိုအဝိုင်းမှတစ်ဆင့် တိရစ္ဆာန်ဥယျာဉ်လမ်း၊ ၎င်းမှ အလံပြဘုရားလမ်းအတိုင်း ဆူးလေဘုရားလမ်း နှင့် ကမ်းနားလမ်းဆုံအထိ၊ ဆူးလေဘုရားလမ်းမှ ဂျိုးဖြူလမ်း၊ ၎င်းမှ တိရစ္ဆာန်ဥယျာဉ်လမ်းနှင့် ဗိုလ် မင်းခေါင်လမ်းဆုံအထိတို့ ဖြစ်သည်။

အဆိုပါလမ်းများအပြင် ကျန်ရှိသောလမ်း များအားလည်း တစ်ဆင့်ပြီးတစ်ဆင့် ယာဉ်ရပ် နားခြင်းကို ပိတ်ပင်သွားမည်ဟု ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့မှ သိရသည်။
စီးပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းများ အရ တစ်နိုင်ငံလုံးတွင် မော်တော်ယာဉ်အစီးရေ ၄ သိန်းခန့်ရှိပြီး တစ်နိုင်ငံလုံးအစီးရေ၏တစ်ဝက် မှာ ရန်ကုန်မြို့တွင် ရှိသည်။

ဝေမာထွန်း
Popular Myanmar News Journal