ပြည်တွင်း ပုဂ္ဂလိကအမြန်ချောပို့လုပ်ငန်းများ နိုင်ငံပေါင်း ၂၀၀ ကျော်သို့ ချိတ်ဆက်တင်ပို့နိုင်ရန် စီစဉ်

ပို့စ်တင်ချိန် - 5/20/2014 10:20:00 PM


အိမ်အရောက်ဝန်ဆောင်မူ Door To Door စနစ်ဖြင့် ၀န်ဆောင်မူပေးနေသည့် ပြည်တွင်း အမြန်ချောပို့လုပ်ငန်းများ ပြည်ပနိုင်ငံများသို့ ချိတ်ဆက်တင်ပို့နိုင်ရန်စီစဉ်နေသည်ဟု ပြည်တွင်းအမြန် ချောပို့လုပ်ငန်းများက ပြောသည်။

ပြည်တွင်းအမြန်ချောပို့လုပ်ငန်းတစ်ခုဖြစ်သော MGL လုပ်ငန်းသည် ပြည်ပနိုင်ငံပေါင်း ၂၀၀ ကျော်အား မကြာမီ စတင်ပို့ဆောင် ၀န်ဆောင်မှုပေးနိုင်တော့ မည်ဖြစ်ကြောင်းMGL လုပ်ငန်းမှ လက်ထောက် မန်နေဂျာ ဦးညီညီအောင် က မဇ္ဈိမ ကိုပြောသည်။

“လက်ရှိမှာတော့ ပြည်တွင်း ၁၆ မြို့ ကိုဝန်ဆောင်မှုပေးနေပါတယ်။ လောလောဆယ် ဂျပန်ကိုစမ်းသပ်တဲ့ အနေနဲ့ ပစ္စည်း အ၀င်လက်ခံနေပါတယ်၊ ကျွန်တော်တို့ တစ်ကမ္ဘာလုံးကိုပို့နိုင်အောင် ဆောင်ရွက်တဲ့ အနေ နဲ့ နိုင်ငံပေါင်း ၂၀၀ ကျော်ကိုပို့ဖို့ ခွင့်ပြုချက်ကို ရဖို့အတွက် MPT နဲ့ MIC က ခွင့်ပြုချက်ကိုစောင့်နေတာ၊ ရှေ့လလောက် ဆောင်ရွက်နိုင်မယ်လို့ထင်ပါတယ် ”၎င်း က ပြောသည်။

အခြား အမြန်ချောပို့လုပ်ငန်းတစ်ခု ဖြစ်သော SBS ချောပို့လုပ်ငန်းကလည်း ပြည်တွင်း မြို့ကိုးမြို့အပါအ၀င် ပြည်ပနိုင်ငံတစ်ခုဖြစ်သော စင်ကာပူနိုင်ငံသို့ ပို့ဆောင်လျက်ရှိကြောင်းနှင့် ပြည်တွင်းမြို့များကိုလည်း တိုးချဲ့ ရန် စီစဉ်လျက်ရှိကြောင်း SBS တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

“ကျွန်မတို့ကုမ္ပဏီက အခုလော လောဆယ်တော့ ပြည်ပနိုင်ငံဝန်ဆောင်မှု ပေးတာက စင်ကာပူ တစ်နိုင်ငံ ပဲရှိသေးတယ်။ ဟိုမှာက ရုံးခွဲရှိတော့ပို့တာရော လက်ခံတာပါ နှစ်ခုလုံးလုပ်ပေးတယ်။ ဒါပေမဲ့ စင်ကာပူ ရုံးမှာတော့Door To Door စနစ်တော့မရသေးဘူး။ မြန်မာနိုင်ငံက ပို့လိုက်ရင် စင်ကာပူရုံးခွဲမှာ သွားထုတ်ရ တယ်”” ဟု SBS မှတာဝန်ရှိသူ တစ်ဦးက မဇ္ဈိမ ကိုပြောသည်။

လက်ရှိတွင် ပြည်တွင်းမြို့ ကိုးမြို့ဖြစ် သော ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နှင့် နယ်မြို့များအား ပို့ဆောင်လျက်ရှိပြီး နယ်မြို့များဖြစ်သောပဲခူး၊ ပခုက္ကူနှင့် မိတ္ထီလာမြို့များအား တိုးချဲ့ရန်စီစဉ်နေကြောင်း MGL လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမ ကိုပြောသည်။

အမြန်ချောပို့လုပ်ငန်းများမှ နေပြည်တော်သို့ ပစ္စည်းပို့မည် ဆိုပါက တစ်ကီလိုဂရမ်လျှင် ကျပ် ၃၅၀၀ နှင့် ရန်ကုန်၊ မန္တလေးသို့ ပစ္စည်းပေးပို့မည်ဆိုပါက တစ် ကီလိုဂရမ်လျှင် ကျပ် ၄၀၀၀ နှုန်းသတ်မှတ်ထားပြီး ဈေးနှုန်းပြောင်းလဲမှုများ ရှိနိုင်သည်။

Mizzima Burmese