ဖရန့်တေးစီးရီး အမ်တီဗီ ပြင်ဆင်နေသည့် နန်းမြတ်ဖြိုးသင်းနှင့်တွေ့ဆုံခြင်း

ပို့စ်တင်ချိန် - 5/20/2014 10:19:00 PM


ဆရာဝန် တစ်ယောက်လည်းဖြစ်သည့်အပြင် ဇာတ်ကားများစွာကိုလည်း လက်ခံရိုက်ကူးလာသည့် နန်းမြတ်ဖြိုးသင်းဟာ ၀ါသနာကို အရင်းခံတာမို့ ဆရာဝန် လက်မှတ်ကို မယူပဲ အနုပညာ အလုပ်ကိုသာ ဆက်လက် လုပ်ကိုင်နေသူတစ်ဦးပါပဲ။ ဒါ့ကြောင့်မို့ နန်းမြတ်ဖြိုးသင်းရဲ့ အနုပညာ လှုပ်ရှားမှုများကို မဇ္စျိမက မေးမြန်းခဲ့ပါတယ်။

မေး ။ ။ လတ်လော အနုပညာ လှုပ်ရှားမှုက……

ဖြေ ။ ။ အခုက ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးတဲ့ ကြိုက်ရာတစ်ခုကို ရွေးချယ်ပါ ဇာတ်ကားလေးကို ကလောမှာ သွားရောက် ရိုက်ကူးနေတယ်။ ပါဝင်တဲ့
သရုပ်ဆောင်တွေက နေဒွေးရယ်၊ နန်းခင်ဇေယျာရယ်၊ နန်းမြတ်ရယ် ပါဝင် သရုပ်ဆောင် ထားတယ်။

မေး ။ ။ ဒီဇာတ်ကားလေးကို ဘာကြောင့် ကလောထိ သွားရောက် ရိုက်ကူးဖို့ လက်ခံဖြစ်တာလဲ။

ဖြေ ။ ။ ကြိုက်ရာတစ်ခုကို ရွေးချယ်ပါ ဇာတ်ကားက နန်းမြတ်အတွက် လုပ်ကွက်ရတယ်။ ပြီးတော့ နန်းမြတ် တစ်ခါမှ မရိုက်ဘူးသေးတဲ့ ကာရိုက်တာမျိုး၊ ဇာတ်လမ်းပုံစံကလည်း အလှည့်အပြောင်းလေးတွေနဲ့ ရိုက်ကူးထားတဲ့အတွက် အရမ်းကောင်းတယ်။ အဓိကကတော့ ဇာတ်ကိုကြိုက်လို့
လက်ခံဖြစ်တာပါ။

မေး ။ ။ နန်းမြတ်နဲ့ နန်းသူဇာ နှစ်ယောက်ပေါင်းပြီး ထွက်ရှိခဲ့တဲ့ Friend စီးရီးလေးက ဘယ်တော့လောက် MTV ထွက်ဖြစ်မလဲ။

ဖြေ ။ ။ အခုလည်း နန်းမြတ်တို့ ခရီးတွေ သွားရင်လည်း MTV အတွက် ရိုက်ဖြစ်ကြတယ်။ MTV ကို အမြန်ဆုံး ထွက်နိုင်အောင်လည်း စတင်နေပါပြီ။ MTV
ထွက်တဲ့ အခါ ပရိသတ်တွေ စိတ်ဝင်စားမယ့် ဇာတ်လမ်းပုံစံ လေးတွေလည်း ပါဝင်မယ်။

မေး ။ ။ လက်ရှိမှာရော ကြော်ငြာ ရိုက်ကူးဖို့တွေ ရှိသေးလား

ဖြေ ။ ။ နန်းမြတ်က Kanbangan ဆေးရုံရဲ့ Ambassador တစ်ယောက်ဖြစ်တဲ့ အတွက် အခု ဆေးရုံကြော်ငြာအတွက် အသစ်တစ်ခု ရိုက်ပေးဖြစ်တယ်။ နောက် Cosemetic ကြော်ငြာတစ်ခု ရိုက်ပေးဖို့ ရှိတယ်။ နောက် အခြားကြော်ငြာလေးတွေလည်း ရိုက်ပေးဖို့ ရှိတယ်။

မေး ။ ။ အခုရော ဇာတ်ကားတွေကို ဘယ်လို ပုံစံနဲ့ အဓိကထား ရိုက်ကူးဖြစ်နေလဲ။

ဖြေ ။ ။ အဓိကတော့ နန်းမြတ် ဇာတ်ကို သေချာဖတ်ပြီး စီစစ်လက်ခံဖြစ်တယ်။ ဇာတ်က ကိုယ်နဲ့ လိုက်ဖက်မှု ရှိပြီး ကိုယ့်အတွက် အနုပညာ ကျန်တဲ့ ဇာတ်မျိုးကို ပိုပြီး ဦးစားပေးတယ်။ နန်းမြတ် လက်ရှိမှာတော့ သရုပ်ဆောင်နဲ့ အဆို ကို မျှမျှတတ လုပ်ရှားနေမှာပါ။

နန်းမြတ်ဖြိုးသင်းသည် အနုပညာ လောကကို ၂၀၁၀ ခုနှစ်တွင် စတင် ၀င်ရောက်ပြီး ၂၀၁၁ ခုနှစ်၌ အကယ်ဒမီဗန်းကိုင်အဖြစ် လူသိများကာ ဗီဒီယို ဇာတ်ကား ၂၀ ဖြင့် ကြော်ငြာ ၁၀ ခုတွင် ပါဝင်သရုပ်ဆောင်နေသူ တစ်ယောက် ဖြစ်သည်။

Mizzima Burmese