သရုပ်ဆောင် ရဲတိုက်အတွက် သမ္မတထံ အသနားခံစာတင်မယ်လို့ဆိုတဲ့ ဒါရိုက်တာရီဇော်

ပို့စ်တင်ချိန် - 5/20/2014 10:21:00 PM


စန္ဒီ

မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထောင်ဒဏ် ၆နှစ်ကျခံခဲ့ရတဲ့ သရုပ်ဆောင်ရဲတိုက်အတွက် အနုပညာရှင်တွေစုပေါင်းပြီး သမ္မတထံ အသနားခံစာတင်မယ်ဆိုတာနဲ့ ပတ်သက်ပြီး ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေး ရဲ့ဒါရိုက်တာရီဇော်ကတော့ “အခုဆိုရင် ဥပဒေလမ်းကြောင်းအရ သူ့မိဘတွေက အယူခံဝင်ဖို့ အတွက်ပြင်ဆင်နေတယ်။ ပြီးတော့ အနုပညာလောကသားတွေကို ရဲတိုက် အတွက် လက်မှတ် တောင်းခံသွားမယ်။ ဒါကလည်း အခုမှ စီစဉ်တုန်းပါ။ အကောင်အထည် ဖော်ဖြစ်နေပါပြီ။ အခုလို စီစဉ်ရတာကလည်း ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်မှာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ်ခြောက်နှစ် ချခံခဲ့ရတဲ့ သူ့အတွက် ထောင်ဒဏ်ခြောက်နှစ်ကနေ လျော့ကျစေဖို့ ဖြစ်ပါတယ်။ ရဲတိုက်က နဂိုကတည်းက စိတ်ကျရောဂါကို ခံစားနေရတာ ကြာပါပြီ။ အခုလည်း ရောဂါက ကောင်းလိုက်၊ မကောင်းလိုက်နဲ့ပဲ။ ရဲတိုက်နဲ့ ရိုက်ဖို့စီစဉ်ထားတဲ့ ဇာတ်လမ်းတွေ အများကြီးရှိတယ်။ မမျှော်လင့်ပဲ အခုလို ထောင်ကျသွားတဲ့အတွက် သူပြန်လွတ်လာရင် ရိုက်မယ့်ကားတွေ အများကြီးရှိတယ်။ နောက်ပြီး ဆာတိုရီ ရုပ်ရှင်ထုတ်လုပ်ရေးက အသစ်တင်တဲ့ သရုပ်ဆောင်သစ်တွေနဲ့ ရိုက်မယ့် ဇာတ်လမ်းတွေလည်း ရှိပါတယ်”လို့ ဆိုပါတယ်။

Trend Myanmar