Billboard ဂီတဆုပေးပွဲမှာဖျော်ဖြေခဲ့တဲ့ Michael Jackson ရဲ့ သုံးဖက်မြင်ပုံရိပ်

ပို့စ်တင်ချိန် - 5/20/2014 01:54:00 PM


Michael Jackoson ရဲ့သုံးဖက်မြင်ပုံရိပ်တစ်ခုဟာ ပြီးခဲ့တဲ့ည(၁၈ ရက်) ကကျင်းပခဲ့တဲ့ Billboard ဂီတဆုပေးပွဲမှာ ဖျော်ဖြေခဲ့ပါတယ်။

Propofol အဆိပ်သင့်မှုနဲ့ ၂၀၀၉ ခုနှစ်ဇွန်လမှာ ကွယ်လွန်ခဲ့တဲ့ ပေါ့ပ်ဂီတဘုရင်ရဲ့ပုံရိပ်ဟာ သီချင်းအသစ် Slave to the Rhythm ကိုဖျော်ဖြေနေတုန်း ရွှေရောင် ဂျာကင်အကျီ င်္နဲ့ဘောင်းဘီအနီကိုဝတ်ပြီး အခြား dancer တွေနဲ့အတူ Michael ရဲ့အမှတ်လက္ခဏာတစ်ခုဖြစ်တဲ့ moonwalk အကကိုကပါတယ်။

ဖျော်ဖြေပွဲရဲ့ဒါရိုက်တာနဲ့ထုတ်လုပ်သူဖြစ်တဲ့ Larry Klein က ‘သူဖျော်ဖြေနေတုန်းက ကြည့်ရသလိုမျိုး Michael Jackson ရဲ့မှော်အတတ်ကို ခင်ဗျားကြည့်ရှုခဲ့ရတာဖြစ်ပါတယ်’ လို့ပြောပါတယ်။

Michael ရဲ့အကပညာပိုင်းဆိုင်ရာကြီးကြပ်သူများဖြစ်ကြတဲ့ Talauega ညီနောင်တို့က ဒီဖန်တီးမှုထဲပါဝင်လာပြီး ပရိတ်သတ်တွေကို ဂန္တ၀င် Michael ပြန်ပေးနိုင်ဖို့ ဆန္ဒဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

‘ကျွန်တော်တို့ သူ့ရဲ့ကကွက်တွေနဲ့ အများကြီးထူးဆန်းတာတွေ ဖန်တီးစရာမလိုဘူးဆိုတာ ကျွန်တော်တို့သိခဲ့ပါတယ်။ ကျွန်တော်တို့ဒါကို သူ့ကမ္ဘာထဲကပဲဖန်တီးခဲ့တာပါ’ လိုပ Rich Talauega ကပြောပါတယ်။

‘ဒါဟာသူ့ရဲ့ခြေလှမ်းတွေကိုမှတ်မိနေတာကြောင့် ထူးခြားတဲ့အသွင်ဆောင်နေတာပါ။ ခင်ဗျားကတူညီတဲ့ဘာသာစကားကိုပြောနေပြီး မတူတဲ့လေယူလေသိမ်းနဲ့ပြောနေတာမျိုးပါ’ လို့ပြောပါတယ်။

‘ဒါကဂန္တ၀င် Michael ပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ဖန်တီးမှုတွေထည့်ပြီး အရသာပိုကောင်းအောင်လုပ်ထားတယ်’ လို့ Tone Talauega ကပြောပါတယ်။

ပွဲစီစဉ်တဲ့ Dick Clark Productions ကဒီဖျော်ဖြေပွဲအတွက် Las Vegas မှာရှိတဲ့ MGM grand arena ရဲ့နောက်မှာ အထူးစင်မြင့်တစ်ခုကိုဆောက်လုပ်ခဲ့ပြီး ၁၉၉ခုနှစ် က album ‘Dangerous’ ထဲက artwork တွေနဲ့ဖန်တီးထားတဲ့ စင်မြင့်မှာ Michael ကသူ့ရဲ့နာမည်ကြီးအကတွေနဲ့ ပလ္လင်တစ်ခုနဲ့အတူ စင်ပေါ်ကိုတက်လာတာဖြစ်ပါတယ်။

ဒီဖျော်ဖြေမှုနဲ့အတူ လိုအပ်တဲ့နည်းပညာကို အသုံးချနိုင်ဖို့အတွက် လပေါင်းများစွာ စီစဉ် ခဲ့ရတာဖြစ်ပါတယ်။

‘ကျွန်တော်တို့ဒီကိစ္စအတွက် လွန်ခဲ့တဲ့ ငါးနှစ်ကတည်းကပြောဆိုလာကြတာဖြစ်ပြီး ဒါကိုဆွေးနွေးနေတုန်းမှာလဲ ဒီအစီအစဉ်ကို သူတို့တီထွင်ဆောင်ရွက်နေခဲ့ကြပါတယ်’ လို့ producer Larry ကပြောပါတယ်။

‘တကယ်မရှိတဲ့အရာအကြောင်း ပြောဆိုရတာ တကယ်ကိုထူးဆန်းပါတယ်’ လို့ Larry ကပြောသွားပါတယ်။

Ref:starpulse.com

Jack the Ripper (Trend Myanmar)