ယာဉ်မတော်တဆထိခိုက်သေဆုံးမှု အာရှနိုင်ငံများတွင် မြန်မာဒုတိယအများဆုံးဖြစ်

ပို့စ်တင်ချိန် - 5/20/2014 04:00:00 PM


အဂ္ဂမင်း၊ ထိန်လင်းဦး

ရန်ကုန်၊ မေ ၁၆- အရှေ့တောင်အာရှနှင့် အာရှနိုင်ငံများတွင် မြန်မာနိုင်ငံမှာ ယာဉ် မတော်တဆ ထိခိုက်သေဆုံးမှု ဒုတိယအ များဆုံးနိုင်ငံဖြစ်ကြောင်း နေပြည်တော်တွင် ကျင်းပသည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဋ္ဌေးက ပြောသည်။

မေ ၁၅ ရက်က နေပြည်တော် ရှိ ရထားပို့ဆောင်ရေးဝန်ကြီးဌာနတွင် ကျင်း ပခဲ့သော ရာဇာမင်း ယာဉ်တိမ်းမှောက်မှု နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ၌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန် ကြီးဦးစိုးတင့်နှင့် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်း ဋ္ဌေးတို့ တက်ရောက်ခဲ့ကြပြီး ယာဉ်တိမ်း မှောက်မှုများနှင့် ပတ်သက်၍ ရရှိထားသော အချက်အလက်များကို သတင်းထုတ်ပြန် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လေ့ လာမှုအရ ယာဉ်အန္တရာယ်သေဆုံးမှု မြင့် နေခြင်းကို သိရပြီး ၂ဝ၁၄ ဇန်နဝါရီ ၁ ရက် မှ မေ ၁၂ ရက်အထိ မြန်မာနိုင်ငံတွင် ယာဉ် မတော်တဆမှု ၁၈၆ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂ဝ၁၃ ခုနှစ်အတွင်း အမြန်လမ်း တွင် စည်းကမ်းမဲ့ယာဉ် ၂ဝ၇၃ စီး အရေး ယူနိုင်ခဲ့ကြောင်း ယာဉ်တိမ်းမှောက်မှုများ တွင် ယာဉ်မောင်းကျွမ်းကျင်မှု အားနည်း ခြင်းကြောင့် ဖြစ်ပွားရခြင်းမှာ ရာခိုင်နှုန်း ၆ဝ ကျော်ရှိသည်ဟုသိရပြီး လမ်းအနေအ ထားနှင့် လမ်းပျက်စီးမှုကြောင့်မှာ တစ်ရာခိုင် နှုန်းသာရှိကြောင်း၊ ကျန်အမှုများမှာ ယာဉ် ကြံ့ခိုင်မှု အားနည်းခြင်းကြောင့်ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

''အခုလမ်းမကြီးက အမြန်လမ်း လို့ ဆိုလို့မရသေးပါဘူး။ ရှစ်လမ်းသွားလုပ် ဖို့ကတော့ အစီအစဉ်ရှိပေမယ့် ဘယ်တော့ လဲဆိုတာ အတိအကျပြောလို့ မရသေးပါ ဘူး''ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိ ယဝန်ကြီးဦးစိုးတင့်က ပြောသည်။

နောက်ဆုံးဖြစ်ပွားခဲ့သည့် ယာဉ် တိုက်မှုတွင် လမ်းပိုင်းပြုပြင်ရန် လိုအပ်မှုအ ပြင် ယာဉ်မောင်းလိုအပ်ချက်၊ လုံခြုံရေးဆိုင် ရာနည်းပညာလိုအပ်ချက်များရှိကြောင်း၊ အဆိုပါ အမြန်လမ်းမကြီးအား ပြုပြင်ရာ တွင် လမ်းသတိပေးစနစ်များ တပ်ဆင်ခြင်း၊ အရေးပေါ် အကူအညီပေးနိုင်ရန် စီစဉ်ထား ရှိခြင်းများအပြင် လိုအပ်ချက်ကို ပညာရှင် များမှ ဝိုင်းဝန်းထောက်ပြသင့်ကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။
ရန်ကုန်-မန္တလေး ကွန်ကရိလမ်း မကြီးသည် အမြန်လမ်းဖြစ်စေရန် ၁ဝ ရာ ခိုင်နှုန်းသာ လုပ်ဆောင်နိုင်သေးကြောင်း၊ ရာခိုင်နှုန်း ၉ဝ လိုအပ်ချက်ရှိသေးကြောင်း၊ အမြန်လမ်းပေါ်တွင် ယာဉ်တိမ်းမှောက်မှု များ မကြာခဏဖြစ်ပွားနေသည်ကို ဖြေရှင်း ရန် အမြန်လမ်းဥပဒေသစ်ကို လွှတ်တော် သို့ တင်ပြထားကြောင်း အဆိုပါသတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ရန်ကုန်-မန္တလေး လမ်းအသုံး ပြု ခရီးသွားပြည်သူများအတွက် လုံခြုံစိတ် ချမှုပေးနိုင်ရန် အဝေးပြေးလမ်းမကြီး ဂိတ် ခုနစ်ဂိတ်၌ အရေးပေါ် စီမံခန့်ခွဲမှုကော်မ တီအဖွဲ့ကို ၂ဝ၁၅ မတိုင်မီ အကောင်အ ထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်း ပြုပြင်ထိန်း သိမ်းရေးအဖွဲ့မှ သိရသည်။

အဆိုပါကော်မတီ၌မီးသတ်ယာဉ်၊ လူနာတင်ယာဉ်၊ ကရိန်းယာဉ်၊ အုပ်ချုပ်မှု ယာဉ်များဖြင့် ၂၄ နာရီ အသင့်ရှိစေရေး ဖွဲ့ စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းစခန်း များအလိုက် တယ်လီဖုန်း ၄၉ လုံးကိုလည်း အသစ်ထပ်မံ အင်အားတိုးချဲ့ထားပြီး အမြန် လမ်း ရဲတပ်ဖွဲ့မှလည်း တယ်လီဖုန်းအလုံး ၃ဝ ထားရှိပေးထားမည်ဖြစ်ကာ Hot Line Phone No : 1880 ကိုလည်း ဆက်သွယ် ခေါ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတ်မှတ်ထားသည့် ဂိတ်ခုနစ် ခုမှာ (၁)အမှတ်-၃လမ်းဆုံ တိုးဂိတ်၊ (၂) ဘောနတ်ကြီး ယာဉ်ရပ်နားစခန်း၊ (၃) မြို့ ချောင်းစခန်း၊ (၄) ဖြူးတိုးဂိတ်၊ (၅) နေပြည် တော်တိုးဂိတ်၊ (၆) မိတ္ထီလာ(သီးကုန်း)တိုး ဂိတ်၊ (၇) စကားအင်းတိုးဂိတ်များဖြစ်ပြီးBlue Ocean Operating Management Co.,Ltd မှ ပါဝင်ကူညီ ဝန်ဆောင်မှုပေး သွားမည်ဖြစ်ကာ ဖုန်းနံပါတ် များမှာ ဝ၉-၂၅ဝ၉ဝ၂ဝဝ၁၃၊ ဝ၉-၂၅ဝ ၉ဝ၂ဝဝ၂၄၊ ဝ၉-၂၅ဝ၉ဝ၂ဝဝ၃၅၊ ဝ၉- ၂၅ဝ၉ဝ၂ဝဝ၄ တို့ကို ဆက်သွယ်နိုင်ကြောင်း သိရသည်။

Yangon Media Group