ဗိုလ်စိန်တွေ မှန်စေချင်တယ်

ပို့စ်တင်ချိန် - 5/20/2014 04:20:00 PM


Author:
ဘစီ



ကဲဗျို့ ကျုပ်တို့ ရွှေပြည်ကြီးရဲ့ နိုင်ငံရေးကတော့ တဖြည်းဖြည်းနဲ့ ပွဲကြမ်းမဲတင်းဖြစ်လာပြီခင်ဗျ။ ရှေ့လျှောက်ပြီးလည်း ဘာတွေဆက်ဖြစ်လာမယ်ဆိုတာ ဘယ်ပရောဟိတ်မှ မခန့်မှန်းတတ်သေးဘူး။ သုံးနှစ်လောက် ဟန်ရ ပန်ရသရုပ်ဆောင်ပြခဲ့တဲ့ အာဏာရများလည်း အခုတော့ လက်ပန်းကျပြီထင်ပါရဲ့။ ‘ကြောင်ဟာ ကြာကြာ ရေမငုပ်နိုင်’ ဆိုတဲ့ စကားပုံလိုပေါ့လေ။ ခေတ္တခဏ ဖုံးဖိထားလို့မို့ ငုပ်လျှိုးနေရတဲ့ ဗီဇစိတ်ကလေးက တစ်စစနဲ့ ပြန်ပေါ်လာတာ အထင်းသားပါလားဗျာ။

ပြုပြင်ပြောင်းလဲရေး သမ္မတ အဖြစ် နိုင်ငံတကာက ဂုဏ်တင် ခံခဲ့ရတဲ့ အဘကလည်း အခုကျ တော့ မခုတ်တတ်တဲ့ကြောင် မဟုတ်တော့ဘူးခင်ဗျ။ ကျဉ်းထဲ ကျပ်ထဲ ရောက်လို့ကတော့ ဇာတ် တူသားတွေရဲ့ အကျိုးစီးပွားကို သာ ကာကွယ်ရမှာဆိုတာ အခု နောက်ပိုင်း သူ့လုပ်ရပ် ပြောချက် တွေက ပြသနေတာ အထင်အရှားပဲဟာ။ သိကြတဲ့အတိုင်း နဂိုကနဦးက သူတို့ပဲ လူထုဆန္ဒလေးစားပါတယ် ပြောပြီး အခု ပြည်သူအများ သဘောထားပေးလာတဲ့ ဖွဲ့စည်းပုံ ပြင်ရေးကျတော့ အတိတ်မေ့သလို လုပ်နေတာမဟုတ်လားဗျာ။

ဒါတင် ဘယ်ကမလဲ။ ဟို တစ်လောက သမ္မတ အူယားဖား ယားပြောလိုက်တဲ့ စကားတစ် ခွန်းရှိပါသေးတယ်။ ဘာတဲ့ဗျာ။ အဲ...မှတ်မိပြီဗျ။ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲကိစ္စတွေကြောင့် တိုင်းပြည်ဆူဆူပူပူ ဖြစ်မှာကို စိုးရိမ်မိတယ်ဆိုပဲ။ သမ္မတနှယ် ရယ်ရတယ်ပဲ ပြောပါရ စေတော့။ အနှီကိစ္စတွေကြောင့် တိုင်းပြည်မှာ ဆူပူတာတွေ မဖြစ်စေချင်ရင် ပြည်သူတွေရဲ့ ဆန္ဒကို လိုက်လျောရုံရှိတာပဲဟာ။ ပြည်သူနဲ့ ဆန့်ကျင်ဘက်မလုပ်နဲ့ပေါ့ဗျာ။ သို့ကလိုသာဆိုရင် သမ္မတလည်း နှလုံးမတုန်ရင်မခုန်ရတော့ဘူး။

ပြည်သူအများက သူတို့ရဲ့ ရင်တွင်းဆန္ဒကို လမ်းပေါ်မှာ ဒါမှ မဟုတ် စုရုံးစည်းဝေးပွဲတွေမှာ တစ်ခဲနက် ထုတ်ဖော်ပြသတာ တွေကို သမ္မတတို့ရဲ့ အစိုးရက ဆူ ဆူပူပူလုပ်တာရယ်လို့ သတ်မှတ် တွေးထင်ရင်တော့လည်း မတတ် နိုင်ဘူးပေါ့ဗျာ။ တကယ်လို့ ဆူပူ လာခဲ့တယ်ဆိုရင်လည်း အဲဒီဆူပူ မှုတွေရဲ့ နံပါတ်တစ် တရားခံဟာ လူကြီးမင်းတို့ရဲ့ အစိုးရပါပဲခင်ဗျ။ ဘာကြောင့်ဆိုလူကြီးမင်းတို့ အ စိုးရကပဲ လူထုတွေ ပြင်ချင်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြီးကို ဖက်တွယ် ထားတာ မဟုတ်လား။ လူကြီး မင်းတို့ စိတ်ကြိုက် ခေါင်းခေါက် ခန့်ထားတဲ့ ရွေးကောက်ပွဲကော်မ ရှင်ကြီးကပဲ မတရားတဲ့၊  တစ်ဖက်သတ်ကျတဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို သတ်မှတ်ဖို့ စိုင်းပြင်းနေတာ မဟုတ်လား။

 ဆိုတော့ကာ လူထုကို စိတ် ကုန်လက်ပျက် ဖြစ်အောင်တော့ မလုပ်နဲ့ခင်ဗျ။ ဒီကနေ့ လူထုဟာ အစိုးရရဲ့ အပြောတစ်မျိုး အလုပ် တစ်မျိုးတွေအပေါ်မှာ အတော် ကြီး ဒေါသထွက်နေကြတာတော့ အမှန်ပဲ။ ဒါပေသိ လိမ္မာတဲ့ လူထု ဟာ သမိုင်းသင်ခန်းစာတွေကို ယူ တတ်တယ်ဗျ။ သူတို့သာ ဒေါသ ပေါက်ကွဲ ဆန္ဒပြပွဲကို အခုလို နိုင်ငံရေးအရ မဲတင်းနေတဲ့အချိန်မျိုးမှာ ထပြီးနွှဲလိုက်ရင် အရပ်စကားဖြစ်တဲ့ ‘ကြားကား’ ဆွဲတယ်ဆိုတာကို အကြောင်းပြကောင်းကောင်းနဲ့ အာဏာသိမ်းရာမှာ တစ်ဖက်ကမ်းခပ်တဲ့ တပ်မတော်ရဲ့ခွင်ထဲကို တန်းဝင်သွားမယ်ဆိုတာ သိပြီးသား။

အနှီလိုဖြစ်လို့မို့ ကျုပ်တို့ရဲ့ လူထုဟာ ရှိနေတဲ့ ဥပဒေဘောင် အတွင်းကနေ သူတို့ရဲ့ ဆန္ဒကို ပါး နပ်စွာ ထုတ်ဖော်ပြသနေကြတာ ဖြစ်ပါတယ်။ ဒီတော့ သမ္မတ စိုး ရိမ်တကြီးဖြစ်နေပါတယ်ဆိုတဲ့  ဖွဲ့ စည်းပုံပြင်ရေးနဲ့ ရွေးကောက်ပွဲ ကိစ္စများကို အကြောင်းပြပြီး တိုင်း ပြည်ဆူဆူပူပူဖြစ်မယ်ဆိုတဲ့နေရာ မှာ လူထုကြောင့်တော့ဖြစ်ဖွယ် ရာ မရှိဘူးခင်ဗျ။ ဖြစ်ချင်းဖြစ်ရင် လူထုအရေခြုံပြီး လက်သီးပုန်းနဲ့ ထိုးချင်တဲ့ အာဏာရှင်များရဲ့ ပါး ကွက်သားတွေ လက်ချက်နဲ့သာ တိုင်းပြည်ဟာ ဆူဆူပူပူဖြစ်ဖို့ရာ လတ်တလောမှာ အကြောင်းရှိနေ ပါတယ်။

အဲဒီအာဏာရှင်များရဲ့ ပါး ကွက်သားတွေဟာလည်း အခုဆို ရင်  လူထုကြားထဲမှာ  ရောက်နေ ပြီဗျ။ မိမိတို့အလိုရှိရာ ပန်းတိုင်ကို လှမ်းကိုင်ဖို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ကြိုးစားချင်တဲ့ လူထုရဲ့ လုပ်ရပ်တွေ ဖျက်လိုဖျက်ဆီးလုပ်ဖို့နဲ့ ပုံပျက်ပန်းပျက်ဖြစ်စေဖို့ ခြေပုန်း တွေလည်း ခုတ်နေကြတာလည်း မြင်နေရတာပဲ။ လူထုနဲ့ ဒီမိုကရေ စီအင်အားစုတွေက ၂၀၀၈ ဖွဲ့ စည်းပုံကြီးကို ပြင်ဆင်ဖို့ ရှေ့ကို တွန်းပြီး လုပ်လာလေ အနှီလက် သီးပုန်းအုပ်စုကလည်း ခြေလှမ်း သွက်သွက်လှုပ်ရှားလေပဲဆိုတာ ကျုပ်တို့လူထုက သိပ်ကို သိနေသဗျ။

 ဘယ့်နှယ်ပဲဖြစ်ဖြစ် လူထု ကြီးဟာ သူတို့လိုချင်တဲ့ ဒီမိုကရေ စီပန်းတိုင်ကို ဆက်ပြီးချီသွားဖို့ ပိုင်းဖြတ်ပြီးသွားပြီ။ လက်ရှိအစိုး ရနဲ့ တပ်မတော်သားတွေက သူ တို့ဆန္ဒဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင် ရေးကို မလိုက်လျောရင် အင်အား ပြဖို့လည်း စုစည်းမှုနဲ့ ညီညွတ်မှု က ခိုင်မာနေပြီဖြစ်တယ်။ ဒီအချိန် မျိုးမှာ တိုင်းပြည်ဆူဆူပူပူဖြစ်မှာ ကို စိုးရိမ်နေတဲ့ သမ္မတအနေနဲ့ ဘာဆက်လုပ်မလဲ။ ပြည်သူ့တပ် မတော်ဖြစ်ရပါစေမယ်လို့ မနက် တိုင်းသစ္စာဆိုနေတဲ့ တပ်မတော် အနေနဲ့ ဘယ်ဘက်က ရပ်တည် မှာလဲဆိုတာ ကျုပ်တို့ဖြင့် အရမ်း စိတ်ဝင်စားမိနေတော့တာပဲ။

ဘစီတို့ဖြင့် ရှေ့မှာဖြစ်လာ နိုင်စရာ အရေးတွေကို တဖြည်း ဖြည်းမြင်မိလေ၊ သမ္မတနဲ့ သူ့ရဲ့ အပေါင်းပါ လူကြီးမင်းများကို အ ပြစ်တင်မိလေပဲဗျာ။ ဘာကြောင့် လဲဆိုတော့ ဒေါ်အောင်ဆန်းစု ကြည်က ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စမှာ ချောချောမောမောအေး အေး ချမ်းချမ်း သိမ်သိမ်မွေ့ မွေ့နဲ့ ဖြစ်သွားစေရေးအတွက် လေးပွင့် ဆိုင်ပြီး တွေ့ဆုံဆွေးနွေးရအောင် ပါလို့ဆိုတာကို မသိချင်ယောင် ဆောင်နေခဲ့တာကိုး။

အောင်မယ်... အဲသလိုတိုင်း ပြည်ရဲ့ အနာဂတ်အတွက် အရေး ကြီးတဲ့ အဆုံးအဖြတ်ကို ပြုနိုင်တဲ့ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ လွှတ်တော်နာယကများပါဝင်တဲ့ ‘လေးပွင့်ဆိုင်’ တွေ့ဆုံရေးကို ဘာသိဘာသာ နေခဲ့တာ။ ကျုပ်တို့ရဲ့ ပြုပြင်ပြောင်းလဲရေးသမ္မတဟာ ပေါက်ဖော်ကြီးတို့ဆီကလာတဲ့ ယဉ်ကျေးမှုသံတမန် မျောက်မင်းစွန်းဝူခုန်းကိုကျတော့ အချိန်ပေးပြီးလက်ခံတွေ့ဆုံမတဲ့ဗျာ။

ပြည်သူတွေကတော့ အခု လိုတိုင်းပြည်မှာ  တလှုပ်လှုပ်နဲ့ သေရေးရှင်ရေးဖြစ်နေတဲ့အချိန် မှာ သမ္မတဟာ မျောက်မင်းဝူခုန်း နဲ့တွေ့မယ်ဆိုတော့ တချို့က မ ကျေနပ်ဘူးခင်ဗျ။ ကျုပ်တို့က တော့ သမ္မတဟာ ကလေးစိတ် မကုန်သေးလို့ နေမှာပေါ့လို့ပဲ ဖြေ တွေးပါတယ်ဗျာ။ သိတယ်မဟုတ် လား။ မျောက်မင်းစွန်းဝူခုန်းပါတဲ့ အနောက်သို့ ခရီးသွားခြင်းဆိုတဲ့ ဇာတ်လမ်းတွဲဟာ မြန်မာပြည်က ကလေးတွေ သိပ်ကြိုက်တာ။

ကျုပ်တို့ သမ္မတဟာလည်း အဲဒီပရိသတ်ထဲက တစ်ယောက် ပဲဖြစ်လို့နေမှာပေါ့။ ဒါမှမဟုတ် လည်း ‘ရှေ့သို့ချီကြ’ လို့ တဖွဖွ တစာစာပြောလာတဲ့ သမ္မတဟာ ၂၀၁၅ နီးလာတဲ့အခါ တစ်မျိုး ပြောင်းကာ ‘အနောက်ကို ပြန် လှည့်’ ဆိုတဲ့ ဇာတ်ရုပ်ကို ပြောင်း ချင်လို့များ မျောက်မင်းဝူခုန်းနဲ့တွေ့သလားတော့ မသိ။ ဘာပဲဖြစ်ဖြစ် မျောက်နဲ့ တွေ့ဖို့တော့ သမ္မတဟာ အားတက်သရောရှိပါကလား။

ကဲ ဒါတွေ ထားပါတော့ဗျာ။ ဘစီတို့ ဆွေးနွေးခဲ့တဲ့ စကား ရှေ့ ဆက်ရရင် တိုင်းပြည်ဟာ အကျပ် အတည်းတစ်ခုဆီကို ဦးတည်နေ ပြီခင်ဗျ။ အဲဒါရဲ့ အကြောင်းရင်း က ဒီမိုကရေစီနှုန်းမမီ စံမရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြီးကို ပြင်ဆင် ရေးဆွဲချင်တဲ့ လူထုအင်အားစု များ အနှီဖွဲ့စည်းပုံကြီးကို ကိုယ် ကျိုး စီးပွားအလို့ငှာ ဖက်တွယ် ထားချင်တဲ့ အာဏာအင်အားစု များဟာ မကြာမတင်မှာ ထိပ်တိုက်တွေ့ကြရာကနေ စတင်မှာပဲ။

ပြီးခဲ့တဲ့ ရက်တွေအတွင်းက ရန်ကုန်က ‘ဗိုလ်စိန်မှန်’ အားက စားကွင်း၊ မန္တလေးက ‘အောင်ပင် လယ်’ ကွင်းပြင်တွေမှာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ကျောင်းသားတို့ရဲ့ ပူး ပေါင်းပြီး ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုဟောပြောပွဲ ဟာဆိုရင် တစ်ခဲနက် အုန်းအုန်း ကျွက်ကျွက်ဖြစ်ခဲ့တာ ကိုယ့်လူ တို့လည်း အသိသားပဲ။ အဲဒီပွဲမှာ ပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကို မင်းကိုနိုင်တို့ဟာ ရဲရဲတောက် တရားတွေ ဟောခဲ့တယ်ဗျာ။

အနှီသို့သော အတိုက်အခံ များရဲ့ ရဲတောက်တဲ့ မိန့်ခွန်းတ ရားကို နာရတဲ့အခါ ကျုပ်တို့ဖြင့် ကိုယ့်နားတောင်မှ ကိုယ်မယုံနိုင် ဖြစ်ရတယ်ခင်ဗျ။ သုံးနှစ်လုံးလုံး အ စိုးရကို အကောင်းမြင်ပြီး အပြုသ ဘောနဲ့ ဆက်ဆံလာတဲ့ အတိုက် အခံများဟာ တော်လှန်ရေးတရား ဟောတတ်သေးပါကလားဆိုတာ သိရလို့ အားလည်းတက်မိပါရဲ့။ အစိုးရနဲ့ ရင်ချင်းအပ်လို့ ဟန်ပုံမ ရဘူး။ လူထုနဲ့သာ ကျောချင်းကပ် ရမယ်ဆိုတာ သုံးနှစ်လောက်ကြာ မှ သဘောပေါက်လာပေတဲ့ မ ပေါက်တာထက်စာရင် တော် သေးရဲ့လို့လည်း ကျေနပ်ရပါတယ်။

အတိုက်အခံများဟာ လူထု ဘက်ပြန်လှည့်၊ လူထုအင်အားကိုရယူမှဖြစ်မယ်လို့ သဘောပေါက်သွားတဲ့အတွက် အပျော့ဆွဲနဲ့ အတိုက်အခံကို ရင်ခွင်ပိုက်ဖို့ ကြိုးစားချင်တဲ့သူတွေက ကျေနပ်မှာမဟုတ်ဘူးဆိုတာလည်း ကျုပ်တို့သတိရှိဖို့ လိုတယ်ဗျ။ အတိုက်အခံနဲ့ လူထုက တစ်သားတည်းဖြစ်လေ၊ တစ်ဖက်မှာရှိတဲ့ ဖွဲ့စည်းပုံမပြင်ရေး၊ အာဏာကို ရာသက်ပန်ဆွဲကိုင်ရေး အလိုရှိ နေတဲ့ အင်အားစုတွေကလည်း တဖြည်းဖြည်းနဲ့ ကြမ်းလာမယ်။ ရမ်းလာမယ်။ တင်းလာမယ်။ ရစ် လာမယ်ဆိုတာကျုပ်တို့ မမေ့သင့်ဘူးဗျာ။

အခုအတိုင်းသာ အတိုက်အ ခံနဲ့ လူထုဟာ ညီညွတ်စွာ ဆက် သွားမယ်ဆိုရင်တော့  ကျုပ်တို့ ဟာ လိုချင်တဲ့ ပန်းတိုင်ကို ရောက် မှာပဲ။ အတိတ်နိမိတ်အရဆိုရင် လည်း ကျုပ်တို့ လူထုအင်အားပြ ခဲ့တဲ့ ကွင်းတွေနဲ့ အမည်နာမက လည်း ရန်ကုန်မှာဆိုရင် ‘ဗိုလ်စိန် မှန်’ တဲ့။ မန္တလေးမှာဆိုရင်လည်း ‘အောင်ပင်လယ်’ တဲ့။ အဲဒီကွင်း ထဲမှာ ပြခဲ့တဲ့ လူထုရဲ့ သဘောထားဟာ နာမည်မှာ ‘စိန်’ ပါတဲ့ ဗိုလ်တွေရဲ့ နှလုံးသားကိုပဲ ထိမှန် မလား။စိန်လိုကျောက်လို သဘောထားတင်းမာတဲ့ ‘ဗိုလ်’ တွေကို လူထုအကျိုးငှာ မှန်မှန်ကန်ကန်ဖြစ်လာအောင် ဆွဲဆောင်နိုင်ပြီး ပင်လယ်လောက် ကြီးမားတဲ့ အောင်ပွဲကို ပြည်သူတွေ နွှဲနိုင်မယ်ဆိုတဲ့ နိမိတ်များပေလားပဲ။

ကျုပ်ကတော့ ဒီအရေးမှ စစ်ဗိုလ်တွေ မပါရင် ပွဲပြီးမှာမဟုတ်ဘူးလို့ ထင်တယ်။ ဒါကြောင့် စိန်လိုကျောက်လို သဘောထား တင်းမာတဲ့ ဗိုလ်တွေဟာ ဖွဲ့စည်းပုံပြင်ရေး လူထုဆန္ဒကို မှန်မှန် ကန်ကန်နဲ့ လိုက်လျောစေချင်တယ်။ တစ်နည်းအားဖြင့် ဗိုလ်စိန်တွေ မှန်စေချင်တယ်ခင်ဗျ။ နာမည်မှာစိန်ပါတဲ့ ပြုပြင်ပြောင်းလဲရေး သမ္မတလည်း ဒီအရေးမှာ မှန်ဖို့တော့ လိုပါတယ်။ မမှန်ရင်တော့ သမ္မတနှပ်ကြောင်းပေးထားတဲ့ ဆူဆူပူပူဆိုတာတွေဟာ ဖြစ်နိုင်တာပဲ။

ဗိုလ်စိန်တွေ မှန်ရင်တော့ တိုင်းပြည်အရေးဟာ သားရွှေအိုး ထမ်းလာသလို ဖြစ်မှာပေါ့ဗျာ။ သို့ကလိုဖြစ်တာကြောင့် သဘော ထားတင်းမာတဲ့ ဗိုလ်စိန်တွေ ဖွဲ့ စည်းပုံပြင်ရေးမှာ မှန်မှန်ကန်ကန် ပူးပေါင်းပါဝင်ပါလို့ ဗိုလ်စိန်မှန်နဲ့ အောင်ပင်လယ်ကွင်းတွေမှာ လုပ်ခဲ့တဲ့ လူထုစည်းဝေးပွဲမှာ ဒေါ် အောင်ဆန်းစုကြည်ကလည်း ပြတ်ပြတ်သားသား ဟောပြော တိုက်တွန်းသွားခဲ့တာ တွေ့ရတယ်။အဲ...တစ်ခုပဲ ဒေါ်အောင်ဆန်းစုကြည်ကို သတိပေးချင်တယ်ဗျာ။ဗိုလ်စိန်တွေ မှန်လာအောင်လည်းစည်းရုံးတာလည်း စည်းရုံးပါခင်ဗျ။ အရေးကြီးတာက ဖေဖေတည်ထောင်ခဲ့တဲ့ တပ်မတော်ဆိုပြီးလည်းအရမ်းကြီး မယုံနဲ့ဦး။ အခုတပ်မတော်က ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ်နဲ့ ရပ်တည်နေတာ ဟုတ်ချင်မှ ဟုတ်မှာ။

ဘာပဲပြောပြော ဒီတစ်ပွဲမှာ ဗိုလ်စိန်တို့တစ်တွေဟာ မှန်မှန် ကန်ကန် ရပ်တည်မယ်ဆိုရင်တော့တိုင်းပြည်အတွက် အကောင်းဆုံးပေါ့လဗျာ။

(ဖော်ပြပါ သရော်စာသည် စာရေးသူ ဘစီ၏ အာဘော်သာဖြစ်သည်။)

7day daily