ထိုင်းနိုင်ငံမှာ စစ်တပ်က ဒီမနက်မှာ ရုပ်မြင်သံကြား မီဒီယာကနေတဆင့် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါပြီ

ပို့စ်တင်ချိန် - 5/20/2014 02:50:00 PM


ထိုင်းနိုင်ငံမှာ စစ်တပ်က ဒီမနက်မှာ ရုပ်မြင်သံကြား မီဒီယာကနေတဆင့် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါပြီ။ ထိုင်းစစ်တပ်ပိုင် Channel 5 ကလွဲရင် တခြားရုပ်သံလိုင်းတွေ ရပ်နားထားတာ ကိုလည်း တွေ့ရပါတယ်။ ဒါဟာ စစ်အာဏာသိမ်းတာ မဟုတ်ပဲ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုအတွက် စစ်အုပ်ချုပ်ရေး ကျင့်သုံးတာလို့ ဆိုပါတယ်။ ဘန်ကောက်မြို့တော်ရဲ့ အချက်အချာကျရာ နေရာတိုင်းမှာ စစ်တပ်လုံခြုံရေးတွေ တိုးမြှင့် ချထားပါတယ်။

Photo. - Bangkok Post
DVB TV News