ထိုင်း မာရှယ်လော ကြေညာပြီးနောက် ဘန်ကောက်မြင်ကွင်း

ပို့စ်တင်ချိန် - 5/20/2014 09:00:00 PM


၂၀ မေလ ၂၀၁၄

ထိုင်းနိုင်ငံမှာ စစ်တပ်က ဒီမနက်မှာ ရုပ်မြင်သံကြား မီဒီယာကနေတဆင့် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါပြီ။ ထိုင်းစစ်တပ်ပိုင် Channel 5 နိုင်ငံပိုင် NBT နဲ့ ပုဂ္ဂလိကပိုင် သတင်း ရုပ်သံဌာန အဆောက်အုံတွေကိုလည်း စစ်တပ် စောင့်ကြပ်နေတာကို တွေ့ရပါတယ်။ ဒါဟာ စစ်အာဏာသိမ်းတာ မဟုတ်ပဲ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုအတွက် စစ်အုပ်ချုပ်ရေး ကျင့်သုံးတာလို့ ဆိုပါတယ်။ဘန်ကောက်မြို့ပေါ်မှာ အစိုးရလိုလားသူနဲ့အစိုးရ ဆန့်ကျင်သူ ဆန္ဒသမားတွေကိုလဲ ကိုယ့်နေရာမှာပဲ နေကြဖို့နဲ့ ဘယ်လိုချီတက်ပွဲကိုမှ မလုပ်ကြဖို့ ညွန်ကြားလိုက်ပါတယ်။ ထိုင်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ် ပရာယွတ်သ် ချန်အိုချာက တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းဖို့ အုပ်စုတွေ အားလုံးနဲ့ ဘက်အားလုံး အမြန်ဆုံး ငြိမ်းချမ်ရေးရဖို့ စစ်အုပ်ချုပ်ရေး ဥပဒေ ၂၄၅၇ အပိုဒ် ၂နဲ့ ၄အရ ထိုင်းတနိုင်ငံလုံးမှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်တယ်လို့ပြောပါတယ်။ ဘက်အားလုံး၊ အုပ်စုအားလုံးက ဘယ်လိုလှုပ်ရှားမှုကို မဆို ရပ်တန့်ရမယ်လို့လဲ ပြောပါတယ်။ ဘန်ကောက်မြို့တော်ရဲ့ အချက်အချာကျရာ နေရာတိုင်းမှာတော့ စစ်တပ်လုံခြုံရးတွေ တိုးမြှင့် ချထားပါတယ်။

Thailand's army declared martial law on Tuesday (May 20) to restore order after six months of anti-government protests which have left the country without a functioning government.

"To maintain peace and order and bring back peace into all groups and all sides as soon as possible, I used law section 2 and 4 on Martial law 2457, to announce martial law all over Thailand," army chief Prayuth Chan-Ocha said.

"I asked all sides, all groups to stop any movement, in order to start the sustainable solution as soon as possible."

The declaration did not constitute a coup and was made in response to deteriorating security, an army general said separately. Troops were patrolling in Bangkok and had secured television stations, he said.

DVB TV News