မှောင်ခိုပစ္စည်း ကျပ်ငွေ ၁၂ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 5/20/2014 10:20:00 PM


စီးပွား- ကူးသန်း ၀န်ကြီးဌာနက ဖွဲ့စည်းထားတဲ့ မှောင်ခိုပစ္စည်းဖမ်းဆီးရေး Mobile Team အဖွဲ့ဟာ ၂ နှစ်အတွင်း အမှုပေါင်း ၂၅၀၀ ကျော်ကနေ ကုန်ပစ္စည်းတန်ဖိုး ကျပ်ငွေ ၁၂ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

Mobile Team အဖွဲ့တွေဟာ တရုတ်နယ်စပ် – မူဆယ် နဲ့ မန္တလေးလမ်းကြောင်းမှာ မှောင်ခို ဖမ်းဆီးရမိမှု အများဆုံးဖြစ်ပြီး စုစုပေါင်း အမှု ၁၅၀၀ ကျော်တယ်လို့ ဆိုပါတယ်။

မြ၀တီ-ရန်ကုန်လမ်းမှာတော့ ဒုတိယ အများဆုံးဖြစ်ပြီး အမှုပေါင်း ၈၅၀ ကျော်တယ်လို့ ဖော်ပြထားပါတယ်။

Mobile Team အဖွဲ့တွေအနေနဲ့ ရန်ကုန်က လေဆိပ်၊ ရေဆိပ်၊ ပင်လယ်ကူးသင်္ဘော ၀င်ထွက်တဲ့ နေရာတွေအထိ မှောင်ခို ကုန်ပစ္စည်း လိုက်လံ ဖမ်းဆီးမယ်လို့ ကြေညာထားပေမယ့် ဌာနဆိုင်ရာတွေရဲ့ ပူးပေါင်းဆောင်ရွက်မ မရလို့ ဒီနေ့အချိန်ထိ အကောင်အထည် မဖော်နိုင်သေးပါဘူး။

DVB Burmese