နေနေ၊ ချမ်းချမ်း၊ ဘုဏ်းသိုက်တို့ရဲ့ ရှင်းလင်းချက်

ပို့စ်တင်ချိန် - 5/20/2014 03:24:00 PM



တေးသံရှင် နေနေက လွန်ခဲ့သည့်နှစ်ပတ်ခန့်က ဂျာနယ်တစ်ခုတွင် ဖြေဆိုခဲ့ သော အင်တာဗျူးတွင် ညီမဖြစ်သူ တေးသံရှင် ချမ်းချမ်း၏ အိမ်ထောင်ရေးအကြောင်းကို သူ့ရဲ့ အမြင်အရ ဖြေဆိုခဲ့ရာတွင် ချမ်းချမ်း တို့မိသားစုချစ်ခြင်း ပြိုကွဲစေလိုခြင်း၊ မနာလိုမုန်းတီးစိတ်ဖြင့် ဖြေဆိုခဲ့ခြင်းမျိုးမဟုတ်ဘဲ သဘောရိုးဖြင့်သာ ဖြေဆို ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် အဆိုပါဂျာနယ်၌ ၂ဝ၁၄ မေလ ၃ရက်နေ့ထုတ်တွင် ကြော်ငြာပါဝင်ခဲ့သော ” ချမ်းချမ်းနှင့် နေနေတို့၏ မိဘများက သားသမီးတို့ အကျိုး ကိုမျှော်ကိုး၍ ကြေညာချက်”  သည် သူကိုယ်တိုင်ထည့်ခဲ့ခြင်းမဟုတ်ကြောင်းရှင်းလင်းပြောကြားမှုကို မေ ၇ ရက်နေ့၊ နံနက်၁ဝ နာရီက မဟာ ဗန္ဓုလပန်းခြံလမ်းရှိ Orchid Hotel တွင်ပြုလုပ်ခဲ့သည်။  အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက် ပြီး နေနေ၊ ချမ်းချမ်း၊ ဘုဏ်းသိုက်တို့၏ စကားသံများကို ဖော်ပြလိုက်ရပါသည်။
နေနေ၏ ရှင်းလင်းချက်
နေနေက အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ” ကျွန်မဖြေဆိုခဲ့တဲ့ အထဲမှာ ချမ်းချမ်းသည် ဇနီးဝတ္တရားငါးပါးကျေပွန်သော မိန်းမဖြစ်ကြောင်း၊ ဝဋ်ကြွေးဆိုသော စကားပြောခဲ့ တာဟာလည်း လူတိုင်းတွင် ကိုယ်တိုင်ဝဋ်ကြွေးရှိတတ်ကြသည့် သဘောရိုးဖြင့်သာ ဖြေဆိုခဲ့ပါသည်။ ထိုသို့ဂျာနယ်ထွက်ရှိပြီးနောက်ထွက်ထွက်ပြီးချင်း ဘုဏ်းသိုက်သည် ကျွန်မ၏ နာမည်နှင့်အနုပညာအလုပ်အား ပျက်ပြားသွားမည်ဟု ခြိမ်းခြောက်ခြင်း၊ အိမ်ပေါ်အထိတက်ပြီးသတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်း၊ ထိုသို့ဖြေဆိုခဲ့ခြင်းအတွက် ကျွန်မ၏အသက်နှင့်ရင်းသွားရမည်ဟု ခြိမ်းခြောက်ခြင်း စသည်တို့အား လေးခါတိတိ ဖုန်းမှတစ်ဆင့် ခြိမ်းခြောက်ပြောဆိုခဲ့ပါသည်။
နေ့စဉ်လည်း ဖုန်းဆက်ပြီး မတောင်းပန်ပါက တရားစွဲမည်ဟု အကြိမ်ကြိမ်ထပ်မံခြိမ်းခြောက်ခဲ့ပါသည်။ အစကတော့ ကျွန်မဖြေဆိုသော စကားများတွင် အမှားမပါသော် လည်း ချမ်း ချမ်းနှင့် ကလေး၏ မျက်နှာကို ထောက်ထားသောအားဖြင့် ပြန် လည်ပြင်ဆင်ဖြေဆိုပေးပါမည်ဟု ညှိနှိုင်းပြောဆိုခဲ့သော်လည်း ကျွန်မ၏ နာမည်နှင့် ဂုဏ်သိက္ခာ ကို ကျဆင်းစေသော ရည်ရွယ်ချက်ဖြင့်ရေးသားထားသောစာအား ဂျာနယ်တိုက်သို့ ကျွန်မ လက်မှတ်ဖြင့်ထည့်ခိုင်းပါသည်။ ထိုသည်ကို  ကျွန်မအနေဖြင့် လုံးဝလက် မခံနိုင်ပါ။ သို့ဖြင့်ပါ၍ ယခုပါလာသော ဂျာနယ်တွင် ရေးသားထားသော တောင်းပန်စာသည် ကျွန်မ၏ဆန္ဒ အမှန် လုံးဝမဟုတ်ပါ။  ကျွန်မမိဘ၏ ဆန္ဒဖြစ်စေ၊ တစ်စုံ တစ်ယောက် ၏ ပယောဂကြောင့် ထည့်သွင်းလာသည့် ကြေညာမှုကြောင့် ဖြစ်စေ၊ ကျွန်မအနေနှင့်(လုံးဝ) မသက်ဆိုင်ပါ။ ထို့ကြောင့် ချမ်းချမ်း၊ ဘုဏ်းသိုက်အပါအဝင် သူ့မိသားစုဝင်တို့အား စော် ကားထားခြင်းမရှိသောကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ မတောင်းပန်နိုင်ပါ။ ထို့ကြောင့် ဘုဏ်းသိုက်နှင့် သူ့မိသားစုဝင် ဘက်မှ မကျေမနပ်ဖြစ်၍ တရားစွဲမည်ဆိုလျှင်လည်းဥပဒေ ဘောင်အတွင်းမှ ဖြေရှင်းရန်အတွက် ကျွန်မနေနေသည် အသင့်ရှိပါကြောင်းသိစေအပ်ပါသည်” ဟု ရှင်းလင်းခဲ့သည်။
နေနေ၏ အထက်ပါအထင်လွဲမှားဖွယ်ဖြစ်စေခဲ့သော စကားလုံးနှင့် အင်တာဗျူးအဖြေကို Oasis  ဂျာနယ်တွင် ဧပြီ ၂၈ရက် နေ့ ” ဇနီးကောင်းတစ်ယောက်ဖြစ်တဲ့ ချမ်းချမ်းကို တအားစိတ်ချမ်းသာ စေချင်တဲ့နေနေ” ဆိုသည့် အင်တာဗျူးခေါင်းစဉ်အောက်တွင် ဖြေဆိုထားခဲ့ ခြင်းဖြစ်သည်။ ” ဂျာနယ်ထွက်တာက ဧပြီ ၂၈ ရက်နေ့ဆိုတော့ ထွက်ပြီးပြီး ချင်း အဲဒီမနက်မှာပါပဲ။ ဖုန်းဆက်ပြီးတော့ ခြိမ်းခြောက်တဲ့စကားတွေ ပြောတယ်။ ကျွန်မကတော့ ကိုယ်မှန်တဲ့ အတွက်ကြောင့် လုံးဝဂရု မစိုက်ဘူး။ ဘယ်သူ့ကိုမှ လည်း စော်ကားထားတာ မဟုတ်ပါဘူး။ အသိဥာဏ်ရှိတဲ့သူစာဖတ်တတ်တဲ့သူဆိုရင် ဖတ်လိုက်တာနဲ့သိပါတယ်။ သူတို့ ဘက်ကနေ တခြားအတွေးတွေချော်ပြီးတော့ တစ် ခုတစ်စုံတစ်ရာလုပ်လာခဲ့မယ်ဆိုရင်လည်း ဥပဒေဘောင်အတွင်းက ဖြေရှင်းသွားပါမယ်” ဟု နေနေက ပြောပြခဲ့သည်။
ချမ်းချမ်း၏ ရှင်းလင်းချက်
ချမ်းချမ်းက အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ” တချို့ ဟာလေးတွေကျတော့ အစ်မတစ်ယောက်အနေနဲ့ ပြောတဲ့သဘောပေါ့။ ဒါပေမဲ့ အစ်မ ပြောချင်တာကတော့ အစ်မတို့ မိသားစုအေးချမ်းတယ်၊ မအေးချမ်းဘူးဆိုတာတော့ အစ်မတို့ ကိုယ်တိုင်ပဲသိတယ်။ ဘေးလူရဲ့အမြင်ကတော့ တစ်ယောက်တစ်မျိုးစီ ရှိကြတာပေါ့။ အမြဲတမ်းကြီး ရန်ဖြစ်ပြီးစိတ်ဆင်း ရဲနေတာတော့ဘယ်ဟုတ်မလဲ။ လင်နဲ့မယား၊ လျှာနဲ့သွားပေါ့နော်။ ရည်းစားဘဝကတည်းက တစ်ယောက်နဲ့ တစ်ယောက်ချစ်လို့ပဲ တိုင်တိုင်ပင် ပင်နဲ့ လုပ်လာခဲ့ ကြတာပါပဲ။ ကတောက်ကဆတ်ဖြစ်တယ်ဆိုတာကတော့ နည်းနည်းပါးပါးပေါ့။ အဲဒီလိုမျိုးကို တအားကြီး Bold လုပ် ပြီးပြောတာကတော့ အစ်မတို့ မိသားစု အ တွက် ထိခိုက်တာပေါ။ အပြင်ကမသိတဲ့သူတွေကျတော့ တကယ်ပဲအဆင်မပြေဘူးလားလို့ထင်တယ်။ တကယ်တမ်းကျတော့ အစ်မတို့က သိတောင်မသိဘူး။ ဒီလို မျိုးတွေပြောတယ်ဆိုတာ အဲဒီဂျာနယ်ဖတ်လိုက်တော့မှ အဲဒီလိုမျိုး ဝဋ်ကြွေးခံစားရတယ်တို့၊ ဘယ်လိုလုပ်တယ်ဆိုတာမျိုး အဲဒီလိုသိတဲ့အခါကျတော့ အစ်မစိတ် မကောင်း ဘူး။
ပြီးတော့ အစ်မအမျိုးသားဘက်က မိသားစုကလည်း သူတို့ဘာသာသူတို့နေကြတာ။ တအားအေးတယ်။ အဲဒီလို ဆိုတော့ သူတို့ကို ပြုစုစောင့်ရှောက်နေတယ်ဆိုတာမျိုးက အစ်မဘက်က ကိုယ့်ဆွေမျိုးသားချင်းကို ပြုစုစောင့်ရှောက်တယ်။ ဥပမာ အစ်မက ငပလီ သွားတယ်၊ ချောင်းသာသွားတယ်ဆိုရင် လက်ဆောင်လေးတွေ ဝယ်လာ တာမျိုး၊ မွေးနေ့ မှာ မွေးနေ့လက်ဆောင်ပေးတာမျိုး ဒါကတော့ ဘယ်သူမ ဆိုလုပ်လေ့လုပ်ထရှိတဲ့အရာပဲ။ ဒါကိုပံ့ပိုးတယ်၊ထောက်ပံ့တယ်လို့ ပြောလို့မရဘူးလေ။ သူလည်း အစ်မမိဘကို အဲဒီလိုပဲ စောင့်ရှောက်တယ်။ ကိုယ်လည်း သူ့ကိုစောင့်ရှောက်တာပဲ။ အဓိကအားဖြင့် အဲဒီလို မျိုးပဲဆိုတာကို သူတို့က အထင် လွဲပြီးဖြေလိုက် တာ၊ရေး လိုက်တာ။ အစ်မ ပြောချင်တာက တော့ သူ့အနေနဲ့ အစ်မတို့ မိသားစုကြားကို ဝင်စွက်ဖက် လိုက်တာနည်းနည်းလေးမှားသွားတယ်။
ဘာလို့လဲဆိုတော့ သူက အစ်မတို့နဲ့လည်း အမြဲတမ်းလည်း အတူမနေနိုင်ဘူး။ အတူလည်းမရှိဘူး။ တကယ် အတူရှိနေတာက အစ်မယောက်ျားနဲ့ အစ်မသမီးလေး နဲ့ပဲ အတူရှိတာဆိုတော့ တချို့ အရာတွေကျတော့ ဘယ်လို ပြောမလဲ ကိုယ်နဲ့စိမ်းနေတဲ့ အရာတစ်ခုကို ဝင်ပြောလိုက် တဲ့အခါကျတော့ နှစ်ဖက်စလုံးအတွက် မကောင်းဘူးပေါ့။
ပြီးတော့ အစ်မအမျိုးသားရဲ့မိသားစုဆိုတာက သူနဲ့ (နေနေ) နဲ့ ပိုတောင်မှ ထိတွေ့မှု နည်းသေးတယ်။ သိပ် ဆုံဖြစ်တာမဟုတ်ဘူး။ တစ်ခါ တလေ ပွဲရှိမှသာ ဆုံဖြစ်တာ ဆိုတော့ အဲဒီလိုအကြောင်း ကိုပြော တော့ ပိုဆိုးတာပေါ့။ ဒါတွေမဖြစ်သင့်ဘူးလို့ ထင် တယ်။ အစ်မတို့ရန်လည်း မဖြစ်ကြပါဘူး။ အခုဆို ကိုယ့် မိသားစု နဲ့ကိုယ်ပျော်ရွှင်နေ ကြတာပါ။ ရည်းစားဘဝတုန်း က ရန်ဖြစ်တယ်ဆိုတာက လည်း တစ်ယောက်နဲ့ တစ်ယောက် သဝန်တိုကြတာအဲဒီလိုမျိုးပဲရှိကြတာပါ။ အခုကျတော့ သမီးလေးရှိလာ ပြီဖြစ် တဲ့အတွက် နှစ်ယောက်စလုံးက သမီးလေးအတွက်ပဲ စဉ်းစားဖြစ်တယ်။ ဒီလိုမျိုး ဂျာနယ် မှာပါလာတယ်ဆို တော့ ရုတ်တရက်တော့သူလည်း ဒေါသ ထွက်သွား တာပေါ့။
အစ်မကလည်း ရုတ်တရက်ဆိုတော့ ကြောင်သွားတာ။ ဘယ်လိုဖြစ်သွားတာလဲပေါ့ ငါတို့ မိသားစုအကြောင်းကို ငါ့အစ်မကလည်း သေချာမသိဘဲနဲ့ ဘာလို့ပြောလဲပေါ့။ အဲဒီစိတ်လေးတော့ ဖြစ်သွားတယ်။ ထောက်ပံ့ခြင်း၊ မထောက်ပံ့ ခြင်းကလည်း သူ (နေနေ)နဲ့ ဘာမှကိုမဆိုင်တာ။ တကယ်ကိုလည်း ဘာမှပေးတာ ကမ်းတာမရှိဘူး။ မရှိဘူး ဆိုတာက လုံးဝလျစ်လျူ ရှုတာမဟုတ်ဘူးပေါ့။ မိသားစုသဘာဝအရ လက်ဆောင် ပေးတာမျိုးပဲရှိ တာ။ ဒါကလုပ်ကိုလုပ်ရမယ့် အရာမျိုးလေ။ သီတင်းကျွတ် ကန်တော့ တာမျိုး၊ မွေးနေ့ လက်ဆောင်ပေးတာမျိုး၊ ဒါက တော့လုပ်ရမယ်လေ။ အဲဒီ လိုမျိုးပဲနေကြတာ။  ပြီးတော့ သူတို့တွေက သူတို့ ဘာသာ သူတို့ပဲနေကြတာ။ အစ်မက အဲဒီလိုမျိုးကြီး ဝင်စွက်ဖက်ပြီး ပြောတာတော့ မကြိုက်ဘူး။ မကြိုက်ဘူးဆိုတာက လူတွေ ကို အထင်မှား စေတယ်လေ။ အမျိုးသားအတွက်လည်း မကောင်းဘူး။
အစ်မမိသားစု အတွက်လည်း မကောင်းဘူး။ နှစ်ဖက်ရေ ရှည်အဆင်ပြေ ဖို့ဆိုတာကတကယ်အကြောင်း မသိဘဲနဲ့ ဝင်မပြောသင့်ဘူး လို့ထင်တာပဲ။ သူက တ ကယ် စေတနာနဲ့ပြောတယ်ဆိုပေမယ့်လည်း ဒီစေတနာက တကယ်အစစ်အမှန် စကား လုံး မဟုတ်တဲ့ အခါကျတော့ တစ်ဖက်ကို စိတ်အနှောင့် အယှက်ဖြစ်စေတာပေါ့။ အဲဒီအတွက် စိတ်မကောင်းဘူး။ မဖြစ် သင့်ဘူးလို့အစ်မထင် တယ်။ အမှန်ဆိုရင်တော့ ဒီလောက်ထိကို ဖြစ်လာစရာ အကြောင်းမရှိတဲ့အရာတစ်ခု ပါ။ ကျွန်မတို့က သူစိမ်းတွေ မဟုတ်ဘူးလေ။ ဆွေမျိုး တော်ရမယ့်သူတွေ။ ပြီးတော့ သူပြောလိုက်တဲ့စကားက လည်း တကယ်တမ်းဆို ဒီ မိသားစုနဲ့မဆိုင်တဲ့ စကား တွေ သူကပြော လိုက် တာ လေ။ အဲဒီတော့ အစ်မ တောင်အံ့သြသွားတယ်။ အစ ကတော့ ဒီလောက်ထိ ကြီး ကြီးကျယ်ကျယ်ဖြစ်မယ်လို့ မထင်လိုက်ဘူး။ ဒါပေမဲ့ သူ ပြောတဲ့စကား တွေတစ်ဆင့် ချင်း၊ တစ်ဆင့်ချင်းစီက မဖြေရှင်းလို့က မရတော့ ဘူး။ သူကအရင်စာနယ်ဇင်း တွေ့ဆုံပွဲကို လုပ်လိုက်တဲ့အခါ ကျတော့ အစ်မတို့ဘက်က ဘာမှပြန်မဖြေရှင်းတော့ ဘဲ ငြိမ်ငြိမ်နေပြန်တော့ လည်း မှန်နေသလို မျိုးဖြစ် နေပြန်ရော။ အစ်မက လည်း သမီးလေးရော၊ အစ်မအမျိုးသား ရော၊ ဟိုဘက်က မိသားစုအကြောင်း ရောက အစ်မ သိ နေတဲ့အခါကျတော့  အဲ ဒီလိုမဟုတ်ဘူးဆို တာပြောပြချင်တာ ပေါ့။ ဒါပေမဲ့လည်း တစ်ဖက်က အစ်မ၊ တစ်ဖက်ကလည်း အမျိုးသားဖြစ်နေတဲ့ အခါကျတော့ ကြား ထဲ မှာ ကိုယ်က ဝင်မပါတာ။ သူတို့ဘာသာ သူတို့ဖြေ ရှင်းရင် အဆင်ပြေသွား မယ်၊ ပြေလည်သွားလိမ့် မယ်ထင်ပြီး ထားလိုက်တာ။ ဒါပေမဲ့ တစ်ခုပြီးတစ်ခု ဟို ဘက်ကတက် လာ တဲ့ အခါကျ တော့ မကောင်းဘူး။ ရေရှည် ကျတော့ အစ်မတို့ မိသားစု အတွက် မကောင်းဘူး။ ဒါကြောင့် အစ်မအဖြစ်မှန်ကို ပြောပြတဲ့ သဘောပဲရှိတာပါ”  လို့ ပြောပြ ပါတယ်။
ဘုဏ်းသိုက်၏ ရှင်းလင်းချက်
ဘုဏ်းသိုက်က အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ” ဒီအိမ်ထောင်တစ်ခုကို ကျွန်တော် ကိုယ်တိုင်တည်ဆောက်နိုင်လို့ ကျွန်တော်တည်ဆောက်ရဲလို့ ကျွန်တော့်ခွန်၊ ကျွန်တော့်အား နဲ့ ကျွန်တော့်အရည်အချင်းနဲ့ ချမ်းချမ်းကိုလက်ထပ်တယ်။ သမီးလေးတစ်ယောက်မွေးတယ်။ ချမ်းချမ်းနဲ့ လက်မထပ်ခင်ကတည်းက ကျွန်တော့်မိ သားစု တွေက သူ့ဟာနဲ့ သူ နေနိုင်စားနိုင်တယ်။ တအားကြီးချမ်းသာတာတော့ မဟုတ်ပါဘူး။ သူ့ဟာနဲ့သူ သူ့အလုပ်နဲ့သူ လုပ်ငန်းရှင်တွေ။ ဘာကြောင့် ဒီလိုပြောလဲပေါ့။
အဲဒီဂျာနယ်ကို ဝယ်ပြီးပြတော့ ချမ်းချမ်းကိုယ်တိုင်လည်း အံ့သြသွားတယ်။ ဟာ..နေနေကလည်း ဘာတွေ လျှောက်ပြောထားလဲ မသိဘူးတဲ့။ တစ်ခုမှလည်း မဟုတ်ဘဲနဲ့တဲ့။ ဒါတွေ သူနဲ့ မဆိုင်ဘဲ နဲ့ ဘာလို့ အဲဒီလိုမျိုးတွေ ပြောလဲ မသိဘူးတဲ့။ အဲဒါနဲ့ ကျွန်တော်က နေနေနဲ့ တွေ့ချင်တယ်လို့။ ပြီးတော့ ဖေဖေတို့ကလည်း တွေ့ချင်နေ တယ်။ ချမ်းချမ်းရှေ့မှာပဲ နေနေကို မေးချင်တယ်။ ကျွန်တော်တို့ မိသားစုကို ချမ်းချမ်းက ဘာတွေများထောက် ပံ့နေလဲဆိုတာ ဖေဖေတို့ကလည်း မေးချင်တယ်။ အဲဒီတော့ နေနေ နဲ့ ပေးတွေ့ပါလို့။ အဲဒီ တော့ နေနေကို ကျွန်တော် တွေ့ချင်တယ်။ ချမ်းချမ်း ကိုယ်တိုင်ဖုန်းဆက်ပေးတယ်။ အဲဒီ တော့ နေနေကမတွေ့နိုင်ဘူးပေါ့။ အဲဒါနဲ့ ကျွန်တော်က ဖုန်းယူပြီးတော့ ပြောတယ်။ နေနေတွေ့ရအောင်၊ စကား နည်းနည်းပြောချင်လို့။ ငါမအားဘူးတဲ့။ မတွေ့နိုင်ဘူးလို ပြောတယ်။ အဲဒါနဲ့ ကျွန်တော်က ဘယ်အချိန်လဲ အားတဲ့ အထိ စောင့်ပေးမယ်။ မအားဘူးတဲ့။ မိုးချုပ်တဲ့အထိ မအားဘူးတဲ့။ အဲဒါဆိုမိုးချုပ်တဲ့ အထိ စောင့်ပေးမယ် လို့ပြောလိုက်တယ်။ မဟုတ်ဘူးတဲ့။ နင့်အကြောင်းကို ငါဘာမှ လျှောက်ပြောထားတာမဟုတ်ဘူးတဲ့။ ဂျာနယ်က ချဲ့ကားပြီး ရေးတာတဲ့။ နင့်ကို ငါဘာအကြောင်းအရာပြောမယ် ဆိုတာငါ မပြောရသေးဘူးနော်လို့။ နင်က စပြော တာလို့။
အဲဒီလိုဆိုတော့ ငါ နင့် အကြောင်းကို ဘာမှပြောတာ မဟုတ်ဘူးတဲ့။ ဂျာနယ်က အမျိုးသမီးက ချဲ့ကားပြီးရေးတာတဲ့ အဲဒီ ဂျာနယ်က အမျိုးသမီးရဲ့ဖုန်းနံပါတ်ငါ့ ကိုပေးတဲ့။ ကျွန်တော်လည်း အဲဒီအစ်မ ဖုန်းနံပါတ် မသိဘူး။ ဂျာနယ်ကနေရှာပြီး လှမ်းဆက်တော့ အဲဒီအစ်မနဲ့ တွေ့တယ်။ အစ်မနဲ့ နေနေလုပ်ထားတဲ့ အင်တာဗျူးက တကယ်လား။ recording  ရှိလား လို့မေးတော့ အစ်မမှာရှိတယ်တဲ့။ နားထောင်ချင်ရင်လာတဲ့ သူပြောထားတာရေးထားတာ ထက်တောင်ဆိုးသေးတယ်တဲ့။ အစ်မလျှော့ ရေးထားတာ တဲ့ အစ်မဖွင့်ပြရမလားတဲ့။ ကျွန်တော်တော့ နားမထောင်ချင်ဘူးဗျာလို့ နေနေကိုပဲ ဖွင့်ပြလိုက်ပါလို့ သူက ငြင်းနေလို့။ သူမပြောထားဘူးလို့ ငြင်းနေလို့။ အဲဒါနဲ့ အဲဒီအစ်မ ကသူ့ကိုဖွင့်ပြလိုက်တယ်။ နောက်ငါးမိနစ် လောက်ကျတော့ အဲဒီအစ်မက ကျွန်တော့်ဆီ ဖုန်းပြန်ဆက်တယ်။ သူက နေနေဆီဆက်ပြီးသွားပြီတဲ့ နေနေက သူမှားပါတယ်။
သူ ဝန်ခံတယ်တဲ့။ အဲဒါနဲ့ ကျွန် တော်နေနေဆီ ဖုန်းဆက်လိုက်တယ်။ အဲဒီတော့ သူက ဝန်မခံပြန်ဘူး။ မပြောဘူး။ မပြောဘူးပဲ ငြင်းနေတာ။ မဟုတ်ဘူး နေနေဘာမှ ခက် တဲ့ကိစ္စမဟုတ်ဘူး။ မေမေနဲ့ ဖေဖေကိုလာပြီးတောင်းပန်လိုက်ပေါ့။ ဆောရီးပါဦးရယ်၊ အန်တီရယ်ဆိုရင် ပြီးပြီပေါ့။ မတောင်းပန်နိုင်ဘူး။ မတောင်းပန်နိုင်ဘူးဆိုပြီး ဒါ ပဲဇွတ်ငြင်းနေတာ။ ချမ်းချမ်း နဲ့ နေနေရဲ့ ဖေဖေအန်ကယ် ကိုယ်တိုင်ကိုက ဒီဂျာနယ်ကို ဖတ်လည်းဖတ်ပြီးရော သူ့သမီးနေနေ တော်တော်တရားလွန်တယ်ဆိုပြီး အန်ကယ် ကိုယ်တိုင် ဖေဖေနဲ့မေမေကို လာတောင်းပန်တာ။ပြီးတော့ နေနေနဲ့ ပတ်သက်လို့လည်း နေနေကို မနက်ဖြန်ကျခေါ်လာပါ့မယ်။ ကျွန်တော့်ဖေဖေ နဲ့မေမေကို တောင်း ပန်ဖို့ ပြောပါ့မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်တော့ တာဝန်မယူနိုင်ဘူးတဲ့။ သူ့သမီးအကြောင်းကို သူသိတော့ တာဝန်မယူနိုင်ဘူးတဲ့။ ထင်တဲ့ အတိုင်း ပါပဲ နောက်နေ့ ကျတော့လည်းလာ မတောင်းပန်ဘူး။ မတောင်းပန်တော့ ကျွန်တော်လည်း ခြောက်ကြည့်တာပေါ့။ မတောင်းပန်ဘူးဆိုရင် ဖေဖေ နဲ့မေမေက နင့်ကို အသရေဖျက်မှုနဲ့ တရားစွဲမယ်လို့ ပြောတယ်။ လာတွေ့လိုက်ပါလား ဘာခက်လို့လဲ။ ဆောရီးပြောလိုက်ရင် ပြီးနေတာပဲလို့ ဂျာနယ်မှာ တောင်းပန်ခိုင်းတာ မဟုတ်ဘူး။ ဒီအ တိုင်းအပြင်မှာ ရိုးရိုးတန်း တန်းတွေ့ ပြီးတော့ပဲ တောင်းပန်ခိုင်းတာ။ ဒါပေမဲ့ သူက မတောင်းပန်နိုင်ဘူးဘဲ ပြောတယ်။ သူက အမှန်ကို ပြောတာ။ မတောင်း ပန်ဘူးချည်းပဲ။
အဲဒါနဲ့အန်ကယ်ကနေပြီးတော့ သူ့သမီးမှားနေတယ်တဲ့။ သမီးမှားတဲ့အတွက်အဖေ တစ်ယောက်အနေနဲ့ သူ့မှာ တာဝန်ရှိတယ်။ အဲဒီဂျာနယ်မှာ တောင်းပန်စာပါရင် သားမိဘ တွေ ကျေနပ်လားတဲ့။ မဟုတ်ဘူး။ အန်ကယ်လို့ ဂျာနယ်မှာ တောင်းပန်စာပါ စရာမလိုဘူး။ လူကိုယ်တိုင်လာပြီး sorry  ပါလို့ ပြောရင် တောင်ရတယ်။ အဲဒါကို မေ တာင်းပန်ဘူး။ အဲဒါနဲ့ အန်ကယ်ကိုယ်တိုင် နောက်တစ်ပတ်ထွက်တဲ့ ဂျာနယ်မှာ အန်ကယ်ကိုယ်တိုင်ပဲ သွားထည့်တယ်။ ထည့် တော့လည်း အဖေတို့ လည်း ကျေနပ် လိုက်တော့ဆိုပြီး အဲဒီမှာပဲ ပြီးပြီ။ ပြီးပြီဆိုတာမှ နောက်နေ့နေနေက စာနယ်ဇင်းရှင်းလင်းပွဲတွေ ထလုပ်ရော ကျွန်တော်ရော၊ ချမ်းချမ်းရော၊ သမီးလေးရော ချမ်းချမ်း ဖေေ ဖရော၊ မေမေရော အဲဒီ မနက်က သူစာနယ်ဇင်းရှင်းလင်းပွဲလုပ်နေတဲ့အချိန်မှာပဲ ဒီခြံထဲမှာပဲ မနက်စာစား နေကြတာ။ အဲဒီစာနယ်ဇင်းပွဲမလုပ်ဖို့ကို ချမ်းချမ်း ဖေဖေ က နေနေကို message တွေ အစောင်လေးဆယ်လောက် ပို့ထားတယ်။ မလုပ်ဖို့ပေါ့။ လုပ်ရင် ကိုယ့်အဖေကိုကိုယ် ပြန်တရားစွဲသလို ဖြစ်လိမ့်မယ်။ မလုပ်နဲ့ ဆိုတဲ့ အကြောင်းပေါ့။
ဒါပေမဲ့ သူလုပ်တယ်။ အဲဒီနေ့ပဲ ကျွန်တော့်ဆီကို စာနယ်ဇင်းသမားတွေ ချက်ချင်းပဲဖုန်းတွေဆက်တယ်။ သူဝေထားတဲ့ စာရွက်တွေ ကျွန်တော်ဖတ်တော့ တအား လည်း အံ့သြတယ်။ စစချင်းဖြစ်ကာစမှာ ကျွန်တော်ဒေါသထွက်တယ်။ ဒေါသထွက်လို့သူ့ကို တောင်းပန်ခိုင်းတယ်။ အထပ်ထပ်အခါခါတောင်း ပန်ခိုင်းတယ်။ မတောင်းပန်ဘူး။ လူပဲဗျာ ကိုယ့်မိသားစုနဲ့ ကိုယ်ယောက်ျား သိက္ခာကျတဲ့ ကိစ္စမှာ ဘယ်သူမဆိုဒေါသ တော့ထွက်မှာပဲ။ ကြားကြားချင်းတော့ ဒေါသထွက်တယ်။ စာနယ်ဇင်းသမားတွေ ကျွန်တော့်ဆီလာတယ်။ ပထမတော့ ကျွန်တော်ဖြေ မယ်ပေါ့။ အမှန်တရားဆိုတာ ကလူသိဖို့ လည်းလိုအပ်တယ်။ မဖြေလို့ ရှိရင် တကယ်ဟုတ်လို့ပဲ ငြိမ် နေ သလိုဖြစ် ဦးမယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ကျွန်တော့်စိတ်က Personal  ကိစ္စတွေ ကိုဖြေရမှာတအား ရှက်တယ်။ တအားရှက်တော့ မဖြေချင်ဘူး။ ဖြေမယ်လို့ ဆုံးဖြတ်ပြီး ကာမှ တော်ပြီကွာလို့ မဖြေတော့ဘူးလို့ သူ့ကို ခွင့်လွှတ် ကြည့်လိုက်မယ်လို့။ တော်ပြီ သူ့ဘယ်လောက်ပဲ ဖြစ်ဖြစ် ခွင့်လွှတ်လိုက်တော့မယ်ဆိုပြီး အဲဒီနေ့ကမေးတဲ့ ဂျာနယ် သုံးစောင်ကို ကျွန်တော် ပြန်ဖျက်လိုက်တယ်။ ကျွန်တော့် မှာ အကုန်လုံးကိုတောင်းပန်ပြီး လိုက်ဖျက်လိုက်တယ်။ ဒါပေမဲ့ နောက်တစ်ရက်ထွက်တဲ့ daily ရော၊ weekly ရော ထွက်သမျှတွေအကုန်လုံးမှာ ကျွန်တော်က လေးခါတိတိ ခြိမ်းခြောက်တာတွေရော၊ မျိုးစုံသော အဖြေတွေနဲ့ ကျွန်တော်အမှန်တရားအတွက်နဲ့ ပတ်သက်ရင် တရားရယ် မတရား ရယ်၊ ဓမ္မရယ်၊ အဓမ္မရယ် ကျွန်တော်ကိုယ်တိုင် အဲဒါကို ကောင်းကောင်းကို အရသာ ရှိရှိခံစားတဲ့ကောင်။ မတရား တာလုပ်မိရင် ကျွန်တော်    ကိုယ် ကျွန်တော်ဘယ်တော့မှ လိပ်ပြာမလုံဘူး။ တရားတယ်ဆိုရင် တရားတဲ့အရသာကို ကျွန်တော်လည်းရဖူးချင်တယ်။ မှန်ကန်တဲ့ အရာရဲ့ရလဒ်ကို ကျွန်တော် လည်းလို ချင် တယ်။ ပြီးရင် ကျွန်တော့်သမီးလေးကြီးလာရင် ဒီဂျာနယ်က ပျောက်ပျက်သွားတယ်ဆိုပေမယ့်လို့ အခု ရေစိုလို့ပျက်စီးသွားတယ်ဆိုပေမယ့်ဒါတွေ ကမှတ်တမ်းတွေ ရှိနေ တယ်လေ။ စာတစ်လုံးဘုရား တစ်ဆူပဲလေ။ ကြာလာလို့ ဒါ တွေက အမှန်တရားလိုများ မြင်ကုန်ရင် ကျွန်တော့်သမီးလေးကြီး လာရင်သူ့ဖေဖေ က ဒီလိုမျိုးစိတ်လည်း ပုပ် တယ်။ ဒီလို မျိုးကြီးဆိုးပါလားဆိုတဲ့ အသိအမှားကြီး၊ အတွေးမှားကြီးတွေရှိရင် ကျွန်တော့်သမီး ကျွန်တော့် ကို အထင်မကြီးတော့ရင် ကျွန်တော့် သမီးလေး ကျွန်တော့် ကိုမချစ်ရင် ကျွန်တော် သေရချည်ရဲ့။ ကျွန်တော် ကိုယ်တိုင်လည်း ဘာမှမကျူးလွန်ဘဲနဲ့ဒီလိုမျိုး စော်ကားခြင်းကိစ္စ ကျွန်တော် မှ ပြန်မဖြေရင် ကျွန်တော် ခုနပြော သလိုပါ့။ ဘာမှ မလုပ်ဘဲနဲ့ သမီးက တစ်ချိန်ချိန်မှာ ဒီလိုမျိုးကြီးထင်သွားမယ်ဆိုရင်သွားပြီ။ ကျွန်တော့် ဘဝမှာသည်းခံခြင်းတရား ဆိုတာ ဒါတော်တော်လေးကို သည်းခံထားတဲ့ကိစ္စ၊ ချမ်းချမ်းကိုယ်တိုင်က ဒီကိစ္စက လုံးဝကို မတရားဘူး။ သူကိုယ်တိုင်သိလို့ သူကိုယ်တိုင် ဖြေမယ်ဆိုပြီး အစောကြီးက တည်းကပြောတာ။ ဂျာနယ်ထွက်လာကတည်းက ချမ်းချမ်းသူ ကိုယ်တိုင်ဖြေမယ်တဲ့။ မဖြေနဲ့လို့ ပြောလိုက်တာ။ ဘာလို့လဲဆိုတော့ လူတစ်ယောက်က ဘယ်လောက်ထိ ဆက်မှား မလဲဆိုတာကြည့်ချင်တာလည်း ပါတယ်။ ပြီးတော့ ဒီလိုမျိုး personal  အင်တာဗျူးတွေကို ဖြေရမှာ ရှက်တာလည်းပါတယ်။ အဲဒါကြောင့် ကျွန်တော်မဖြေ တာပါ။
ကျွန်တော်ပြောတဲ့အတိုင်း သူ Recording လုပ်ထားတယ်။ ကျွန်တော်ဆို ဘယ်သူ့ဆီပဲဖုန်းဆက်ဆက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့စိတ်နဲ့ တစ်ခါမှ Recording မလုပ် ဖူးဘူး။ ဒီလို Recording  လုပ်တယ်။ ကျွန်တော်ရဲ့ဒေါသကိုလည်းဆွတဲ့ စကားလုံး တွေအများကြီးပြောတယ်။ ကျွန်တော်က သတ်မယ်လို့ ခြိမ်းခြောက်တယ်ဆိုရင် အဲဒီ သတ်မယ်လို့ ပြောတဲ့ စကားထွက်လာဖို့ သူပျိုးလာတဲ့ စကားတွေ၊ စော်ကားလာခဲ့တဲ့ စကားတွေက ဘယ်လောက်ထိ အရေအတွက်ရှိ လို့ ကျွန်တော့်ဘက်က ဒီလို မျိုးစ ကားပြောလဲဆိုတာက အဲဒီ Recording ဖိုင်ကို ဖွင့်တောင်ဖွင့်ပြစေချင်တယ်။
ကျွန်တော်ကိုယ်တိုင်လည်း ပြန်ကြားချင်တယ်။ ဒီနေ့ ကျွန်တော့်သမီးလေးနာမည်ပေးကင်ပွန်းတပ်ရှိတယ်။ ချမ်းချမ်းဖေဖေလည်းလာ တယ်။ မေမေလည်း လာ တယ်။ ကျွန်တော့် မိဘတွေလည်းလာတယ်။ မနေ့ကဆို ကျွန်တော့်ဖေဖေနဲ့မေမေ ဘုရားအနေကဇာတင်ဖို့ အတွက် သေသေချာချာပျော်ပျော်ရွှင် ရွှင်နဲ့လုပ်ကိုင်နေကြ တယ်။ နေနေကိစ္စကို လုံးဝ ခေါင်းထဲထည့် မထားဘူး။ ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စ။ ဒီလိုမျိုးအင်တာဗျူးတွေ ဖြေရမှာ ကျွန်တော်တအားလည်းရှက်တယ်။ စာဖတ်ပရိ သတ် ကိုလည်း တောင်းပန်တယ်။ ဒီလိုမျိုးမှ အဖြစ်မှန်ကို အဖြစ်မှန် အတိုင်းရှင်းမပြရင် ကျွန်တော့်ဆီကို ရောက်လာမယ့် ကျွန်တော့်စိတ်တွေကြောင့် ကျွန်တော့်ရဲ့သေးမွှားသော ကိုယ်ကျင့်တရားတွေနဲ့ယှဉ်ရင် မတော်မတရား အစော်ကားခံရတယ်။ အဲဒါကြောင့် ကျွန်တော် ပြန်ရှင်းပြတာပါ” လို့ ပြောပြပါတယ်။
သိမ့်သိမ့်

popular myanmar news journal