ကမ္ဘာ့တန်းကြေး အမြင့်ဆုံး ကားများစာရင်းထုတ်ပြန်

ပို့စ်တင်ချိန် - 5/20/2014 09:14:00 PM


မကြာသေးခင်ကပဲ လက်ရှိ ကားလောကမှာ တန်ကြေး အမြင့်ဆုံး ကားများစာရင်း ထွက်ပေါ်လာတာ တွေ့ရပြီးတော့ အရင်က ထုတ်ပြန်ထားခဲ့တဲ့ စာရင်းများ အတိုင်းဆိုရင် ထိပ်ဆုံးကျတဲ့ အပိုင်းတွေမှာတော့ အပြောင်းအလဲ များများစားစား မတွေ့ရပဲ အဆင့်(၅)နဲ့ နောက်ပိုင်းကျတဲ့ မော်ဒယ်တချို့မှာပဲ နေရာ အပြောင်းအလဲ အနည်းငယ် ရှိတာ တွေ့ရပါတယ်။

လက်ရှိ တန်ကြေးအမြင့်ဆုံး မော်တော်ကားနေရာမှာတော့ အရင်ကတည်းက ကမ္ဘာ့တန်ကြေး အမြင့်ဆုံး ကားအဖြစ်ရပ်တည်နေခဲ့တဲ့ Ferrariရဲ့ 250 GTOက ဆက်လက် ရပ်တည်နေနိုင်တာ တွေ့ရပြီး တန်ကြေးကတော့ အမေရိကန် ဒေါ်လာ ၂၈၅၀၀၀၀၀ရှိမှာ ဖြစ်ပါတယ်။ အဆိုပါ မော်ဒယ်ဟာ ဆိုရင် အင်ဂျင်အပိုင်းမှာ ၃.၀လီတာသုံး V12အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပြီးတော့ နောက်ဘီးယက် စနစ်ဖြစ်ကာ ၁၉၆၂ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ မော်ဒယ် ဖြစ်ပါတယ်။ အမြန်ဆုံး မောင်းနှင်နိုင်မယ့် နှုန်းကတော့ တစ်နာရီကို မြင်းကောင်ရေ ၃၀၂ကောင်အားကို သုံးပြီးတော့ ၁၇၄မိုင်နှုန်းထိအောင် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

ဒုတိယ နေရာမှာတော့ Ferrariရဲ့ 250 Testa Rossaက ရပ်တည်နေပြီးတော့ ၁၉၅၈ခုနှစ်ထုတ် မော်ဒယ် ဖြစ်ကာ ၃.၀လီတာသုံး V12အင်ဂျင်တပ် နောက်ဘီးယက် မော်ဒယ်ဖြစ်ကာ တန်ကြေးကတော့ ဒေါ်လာ ၁၆၄၀၀ ၀၀၀ရှိမှာ ဖြစ်ပါတယ်။ သူ့နောက်မှာတော့ တန်ကြေး ဒေါ်လာ ၁၅၀၀၀ ၀၀၀တန်ကြေးရှိ Jagaur XJ13က တတိယနေရာနဲ့ ဒေါ်လာ ၁၀၀၀၀ ၀၀၀တန် Mercedes-Benz SLR McLaren 999 Red Golden Dream Ueli Anlikerက စတုတ္ထ၊ Ferrari 330 P4က တန်ကြေး ဒေါ်လာ ၉၀၀၀ ၀၀၀နဲ့ ပဉ္စမရပ်တည်တာ တွေ့ရပါတယ်။ နောက်ဆက်တွဲ အနေနဲ့ Maybach Exeleroက တန်ကြေး ဒေါ်လာ ၈၀၀၀ ၀၀၀၊ Rolls-Royce Hyperion Pininfarinaက တန်ကြေး ဒေါ်လာ ၆၀၀၀ ၀၀၀၊ Lamborghini Veneno Roadsterက တန်ကြေးဒေါ်လာ ၅၆၀၀ ၀၀၀၊ Zenvo ST1က တန်ကြေးဒေါ်လာ ၅၅၀၀ ၀၀၀၊ Lamborghini Venenoက တန်ကြေးဒေါ်လာ ၅၃၀၀ ၀၀၀စသဖြင့် အစဉ်လိုက် ရပ်တည်နေတာ တွေ့ရပါတယ်။

လင်းလင်း (IA)
TechSpace Journal