စစ်တပ်ကိုအမှုဖွင့်သော်လည်း ရဲစခန်းက လက်မခံဟုဆို

ပို့စ်တင်ချိန် - 6/06/2014 03:43:00 PM


သော်ဇင်ထက် ၊ ရန်ကုန်၊

လှိုင်သာယာမြို့နယ်တွင် သ တင်းယူနေသည့်သတင်းထောက်အား စစ်တပ်မှရိုက်နှက်ဖမ်းဆီး၍ ပိုင်နက် ကျူးလွန်မှုဖြင့်အမှုဖွင့်ပြီးနောက် အဆို ပါ သတင်းထောက်မှစစ်တပ်အား ရိုက်နှက်မှုဖြင့် ပြန်လည်အမှုဖွင့်သော် လည်း ရဲစခန်းမှစစ်တပ်ဖြစ်သောကြောင့် အမှုဖွင့်ပေးနိုင်ခြင်းမရှိကြောင်း အမှု ရင်ဆိုင်နေရသူသတင်းထောက်ကို ကျော်ထွန်းက ပြောသည်။

မေ ၃၁ရက်က လှိုင်သာယာမြို့ နယ် ညောင်ရွာပန်းလှိုင် ဂေါက်ကွင်း အနီးရှိ (ခမရ)၅၃၂ ခြေမြန်တပ်ရင်း ပိုင်ဆိုင်သော လယ်ယာမြေ ၁၃ ဧက အတွင်းရှိ နှစ် ၂ဝ ခန့်သီးစားဖြင့် လယ် ယာလုပ်ကိုင်နေသော လယ်သမား ခြောက်ဦးအား ဖယ်ရှားမည်ဆိုသည့် သတင်းအား ကြိုတင်သတင်းသွား ရောက်ယူနေသော ဧရာဝတီသတင်း ဂျာနယ် သတင်းထောက်ကိုကျော်ထွန်း အား ထိုနေ့ည ၈နာရီခန့်တွင် အရပ် ဝတ်ဖြင့် ရောက်ရှိလာသော စစ်သား ၃ဝ ခန့်က တဲအတွင်းဝင်ရောက်ကာ ရိုက်နှက်မှုများပြုလုပ်ကာ စစ်တပ်ဝင်း အတွင်းသို့ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုကျော်ထွန်းမှာ ထိုနေ့ ညနေ ၅ နာရီခန့်ကတည်းကဖယ်ရှားခံရမည့် လယ်သမားကိုအောင်မင်းနိုင်၏နေအိမ် တွင် သတင်းယူရန်စောင့်ဆိုင်းနေစဉ် ည ၈နာရီခန့်တွင်ရောက်ရှိလာသော အရပ်ဝတ်စစ်သား ၃ဝ ခန့်မှာ တဲအ တွင်းဝင်ရောက်လာပြီး မီးမှိတ်ခိုင်း ကြောင်း မီးစက်မောင်းထားသော မီး ကြိုးအားဓားဖြင့်ခုတ်ဖြတ်ပြီး မီးချောင်း များအား ကိုင်ဆောင်လာသော တုတ်၊ ဓားလက်နက်များဖြင့်ရိုက်ခွဲပြီး နေအိမ် မှမည်သူမှထွက်ခွာခြင်းမပြုရန်ခြိမ်း ခြောက်ကြောင်း တဲပိုင်ရှင်လယ်သမား ကိုအောင်မင်းနိုင်ကပြောသည်။

''တဲထဲဝင်လာတဲ့ စစ်သားတွေ ကို အပြင်ကနေအမိန့်ပေးနေသူရှိတယ်။ မီးတွေမှိတ်ခိုင်းပြီး ကင်မရာလွယ်ထား တဲ့ကျွန်တော့်ကိုတွေ့တော့စစ်သား သုံးဦးက ကင်မရာကိုအတင်းဆွဲလု တော့ ကင်မရာကြိုးပြတ်သွားတယ်။ ပြီးတော့ဝိုင်းထိုးတယ်။ အပြင်ကို တရွတ် တိုက်ဆွဲခေါ်သွားပြီး ဆိုင်ကယ်နဲ့တပ် ကိုခေါ်သွားတာပဲ''ဟု ကိုကျော်ထွန်း က အဖြစ်အပျက်ကိုပြောပြသည်။
စစ်တပ်ထဲတွင် ကိုကျော်ထွန်းကို တစ်နာရီကျော်စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး နောက်လှိုင်သာယာမြို့မရဲစ ခန်းသို့ပို့ဆောင်ကာ ဗိုလ်ကြီးကျော်စိုး လွင်က ပိုင်နက်ကျူးလွန်မှုပုဒ်မ ၄၄၇ ဖြင့်အမှုဖွင့်အရေးယူခဲ့ကြောင်း ယင်း နောက်လယ်သမားရောက်ရှိလာပြီး ကိုကျော်ထွန်းအားအာမခံဖြင့် ပြန်လည် ထုတ်ယူခဲ့သည်။

နောက်နေ့မနက် ဇွန် ၁ရက်တွင် သတင်းထောက်ကိုကျော်ထွန်းမှ ကင်မ ရာလုယူခံရမှုကိုယ်ထိလက်ရောက် ကျူးလွန်မှုတို့ဖြင့် (ခမရ) ၅၃၂ တပ်အား လှိုင်သာယာရဲစခန်းတွင် ပြန်လည်တိုင် ချက်ဖွင့်ခဲ့သော်လည်း ရဲစခန်းမှပုဒ်မ တပ်ပေးခြင်းမရှိ သေးကြောင်းသိရသည်။

သတင်းထောက်ကိုကျော်ထွန်း က''ရဲစခန်းကိုဆက်သွယ်နေတာပဲ။ သူတို့ကစစ်တပ်ကို တိုင်ချက်ဖွင့်ပေးလို့ မရဘူး။ သူတို့မှာအခွင့်မရှိလို့ အထက် ကို တင်ပြရမယ်လို့ပြောတယ်''ဟု လှိုင် သာယာမြို့မရဲစခန်းမှတိုင်ချက်ဖွင့်ပေး နိုင်ခြင်းမရှိကြောင်းကိုပြောသည်။

၂ဝ၁၂ ခုနှစ်နောက်ပိုင်းအစိုးရ သစ်လက်ထက်တွင် သတင်းထောက် များဖမ်းဆီးခံရမှုများဖြစ်ပွားခဲ့ပြီး ဒီဗွီဒီ သတင်းထောက်ကိုဇော်ဖေ၊ အလဲဗင်း သတင်းထောက်မခိုင်တို့မှာ ဖမ်းဆီး ထောင်ချခံခဲ့ရပြီး ပေါက်မြို့နယ် လျှို့ဝှက် ဓာတုစက်ရုံအကြောင်း သတင်းဆောင်း ပါးရေးသားသော ယူနတီဂျာနယ်သ တင်းထောက်လေးဦးနှင့်အမှုဆောင် အရာရှိချုပ်တို့မှာ ဖမ်းဆီးခံရပြီး တရား စွဲဆိုရင်ဆိုင်နေရကြောင်းသိရသည်။
------------------------------------------------------------------------------------
ယခု တစ်ပတ်ထုတ် ၊ Yangon Times Journal
အတွဲ ၁၀ ၊ အမှတ် ၂၁ | (5-11 , 6 , 2014) ကြာသပတေးနေ့ထုတ် ဂျာနယ်
Yangon Media Group