ရာဇာမင်း ရန်ကုန်-ကော့ကရိတ် အထူးမှန်လုံယာဉ် လမ်းဘေးထိုးကျ

ပို့စ်တင်ချိန် - 6/06/2014 12:17:00 PM



ဘားအံ ဇွန် ၅

ကရင်ပြည်နယ် ဘားအံမြို့နယ် ရှမ်းကုန်းကျေးရွာ အနီးတွင် ဇွန် ၂ ရက် နံနက် ၇ နာရီခွဲက ရန်ကုန် ကော့ကရိတ် လိုင်းပြေးဆွဲနေသည့် ရာဇာမင်း အထူးမှန်လုံ ယာဉ်မှာ ရှေ့မှ မျက်နှာချင်းဆိုင် မောင်း နှင်လာသော ယာဉ်တစ်စီးအား ရှောင်တိမ်းစဉ်အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ထိုးကျတိမ်းစောင်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-ကော့ကရိတ်ပြေးဆွဲနေသည့် ရာဇာမင်း အထူးမှန်လုံ ယာဉ်အမှတ် 8I/—-မော်တော်ယာဉ်အား ယာဉ်မောင်း ဦးခင်မောင်ဦး (၅၃ နှစ်)၊ ယာဉ်နောက်လိုက်စောရန်နိုင်(၁၉ နှစ်) တို့ မောင်းနှင်၍ရန်ကုန်မြို့မှ ကော့ကရိတ် မြို့သို့ ထွက်ခွာလာရာ ဘားအံမြို့နယ်ရှမ်းကုန်းကျေးရွာအနီး ဘားအံမြ၀တီ ကားလမ်း တံတား အမှတ်၁/၂၇ နှင့် မိုင်တိုင်အမှတ် ၂၆/၂အကြား တွင် မြ၀တီမြို့မှ မောင်းနှင်လာသည့် ၁၂ ဘီးကား ကုန်တင်ယာဉ် တစ်စီးကို မျက်နှာချင်းဆိုင်ရှောင်တိမ်းစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်အနိမ့်ပိုင်းသို့ ထိုးကျတိမ်းစောင်း သွားခဲ့ သော်လည်း ယာဉ်ပေါ် လိုက်ပါစီးနင်းလာသည့် ခရီးသည် ၂၆ ဦးတွင် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

လမ်းဘေးထိုးကျ ယာဉ်တိမ်းစောင်းမှုကြောင့် ယာဉ်အရှေ့ညာ ဘက်ခြမ်း၊အောက် ပိုင်း ပျက်စီး၊ ယာဉ်ညာဘက် ဘော်ဒီ အနည်းငယ်ပျက်စီး၊ ယာဉ်နောက်ပိုင်းညာဘက်ခြမ်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ရာဇာမင်း အထူး မှန်လုံယာဉ်လမ်းဘေးထိုးကျ တိမ်းစောင်းမှုနှင့် ပတ်သက်၍ သာယာကုန်းရဲကင်းစခန်းမှူးနှင့် တပ်ဖွဲ့ ဝင်များက သွားရောက် ကြည့်ရှုစစ်ဆေး၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းဦးခင်မောင်ဦးကို အိန္ဒုနယ်မြေရဲစခန်းမှ ရဲအုပ်ရဲထွန်းအောင်က စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

MOI Webportal Myanmar