သူ့ဒုက္ခ - ဟာသ

ပို့စ်တင်ချိန် - 6/14/2014 08:50:00 PM



ကျွန်တော့် သူငယ်ချင်းက ယာဉ်ထိမ်းရဲမေတစ်ယောက်နဲ့ လက်ထပ်လိုက်တယ်။ မနေ့ညက
သူ့ရဲ့ မင်္ဂလာဦးညလေ။
ဒါနဲ့ ယောက်ျားလေးချင်းဆိုတော့ အတွေ့အကြုံလေးသိချင်တာနဲ့ ဖုန်းဆက်မေးမိတယ်။
”ဟေ့ရောင်၊ မင်းရဲ့ လူပျိုဘဝ နောက်ဆုံးညလေးအကြောင်း ဖောက်သယ်ချပါဦးကွ၊ ဟီ ဟိ”
”မဟီဟိနဲ့ ဟေ့ကောင်”
”ဟင်… ဘာလို့လဲ ဟ”
”ညက င့ါကို over speed ဆိုပြီး ဒဏ်ငွေ ၅ဝဝဝ တပ်တယ်။မရပ်ရမယ့်နေရာ
ရပ်လို့ ဒဏ်ငွေ ၅ဝဝဝ တပ်တယ်၊။မဝင်ရတဲ့လမ်း ဝင်လို့ဆိုပြီး ဒဏ်ငွေ ၁ဝဝဝဝ
တပ်တယ်”
”ဟင်… လွန်တာပေါ့ကွ”
”ဒဏ်ငွေက ပြသနာမရှိဘူး၊ ကျွမ်းကျင်မှုမရှိလို့ဆိုပြီး လိုင်စင်ကို
တစ်ပတ်ပိတ်တာကဆိုးတာ အီး ဟီး”

ရဲစတိုင်း


The Myanma Age