တရုတ်နိုင်ငံတောင်ပိုင်းတွင် ရေကြီး

ပို့စ်တင်ချိန် - 6/14/2014 10:50:00 AM



တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်ကျိုးမြို့မှာ ဒေသခံ မီးသတ်သမားတွေက ရေလွှမ်းမိုးမှုကြောင့် သောင်တင်နေတဲ့ ဒေသခံတွေကို ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့က ကယ်ထုတ်ခဲ့ရပါတယ်။

ဇွန် ၁၁ ရက်နေ့ မနက်က မိုးသည်းထန်လို့ ချင်ကျိုးမြို့လယ် လမ်းတွေမှာ ရေကြီးခဲ့တာ ဖြစ်ပြီး ဒေသခံ အယောက် ၂၀ ကျော်က ၆ ပေကျော် နက်တဲ့ရေထဲမှာ သောင်တင်နေခဲ့ပါတယ်။

မီးသတ်သမားတွေက ဒေသစံတော်ချိန် မနက် ၈ နာရီလောက်မှာ အခင်းဖြစ်ရာကို အမြန် ရောက်လာခဲ့ပြီး လမ်းဆုံတွေ အကြီးအကျယ် ရေမြှုပ်နေတာ တွေ့ခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားတွေက ၁ ကီလိုမီတာခရီးကို ရေထဲက ဖြတ်သွားပြီး ဒေသခံတွေကို ဘေးလွတ်ရာ ကယ်ထုတ်ခဲ့ရပါတယ်။

ရေဘေးအဆိုးဆုံးထိခဲ့တဲ့ ထျန်းလျောင်ရွာက မွေးကင်းစ သားအမိ ၂ ယောက်ကိုတော့ ရာဘာလှေတွေနဲ့ ကယ်ထုတ်ခဲ့ရတာပါ။

ရွာသူတယောက်က မိုးတိတ်တိတ်ချင်း ဇွန် ၁၁ ရက်နေ့ မွန်းလွဲပိုင်းမှာ မီးသတ်သမားတွေ ဆီကို သွားခဲ့ပြီး ချွေးမနဲ့ ဆယ်ရက်သားကလေးကို အိမ်ပြိုတဲ့အထဲမှာ ပိတ်မိနေကြောင်း ပြောခဲ့ပါတယ်။

မီးသတ်သမားတွေက မိခင်နဲ့ ကလေးကို ကယ်ဆယ်ပြီး ဆေးရုံကို ပို့ဆောင် စစ်ဆေးထားတဲ့အတွက် ဘေးကင်းတယ်လို့ သိရပါတယ်။

DVB Burmese