ဆင်တစ်ကောင်ရဲ့ ရန်ပြုခြင်းကနေ အံသြဖွယ်ရာ လွတ်မြောက်ခဲ့ (ရုပ်။သံ)

ပို့စ်တင်ချိန် - 6/14/2014 08:39:00 PM


ထိုင်းနိုင်ငံသားတစ်ဦးဟာ တောတွင်း ခရီးစဉ် တစ်ခုမှာ ဆင်တစ်ကောင်ရဲ့ ရန်ပြုခြင်းကို ခံခဲ့ရပေမယ့် သူ့ရဲ့ လက်ကိုပြပြီး ဝှေ့ရမ်းကာ အသနားခံတာမို့ အသက်ဘေးကနေ လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။ အသက် (၂၇) နှစ် အရွယ်ရှိ ဘိုလင်းဟာ ဘန်ကောက်မြို့ အနီးရှိ ချောင်ဆူရီမြို့မှာ နေထိုင်ပြီး အင်ဂျင်နီယာဘွဲ့ရရှိ ထားပါတယ်။ တစ်နေ့မှာ အလုပ်က ထွက်ပြီး စိတ်အပန်းဖြေတဲ့ အနေနဲ့ သူငယ်ချင်းဖြစ်သူ ကီတီ ဆက်ကို ခေါ်ယူပြီး ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ တောရိုင်း တိရိစ္ဆာန် ကြိုးဝိုင်းကို သွားရောက် လေ့လာခဲ့ပါတယ်။ ဒီလိုလေ့လာရာမှာ ဆင်တစ်ကောင်နဲ့ မထင် မှတ်ဘဲ ကြုံ့တွေ့ခဲ့ရပါတယ်။ အဲဒီဆင်ဟာ ဘိုလင်းနောက်ကို တရစပ် လိုက်ခဲ့ပါတယ်။ ဘိုလင်း ကလည်း လွတ်မြောက်ဖို့ ပြေးလွှားခဲ့ပါတယ်။ ဒါပေမဲ့ လွတ်မြောက်ဖို့ လမ်းစမရှိတော့ တာမို့ သူရဲ့လက်ကို မြှောက်ပြီး ဆင်ကြီးကို စကားပြောဆိုခဲ့ပါတယ်။
ဘိုလင်းက မိမိကို အနာတရ ဖြစ်အောင် မလုပ်ဖို့ ပြောခဲ့တာပါ။ ဘိုလင်းက ဘယ်ဘက်လက်ကို ထောင်ပြီး ပြောခဲ့တာဖြစ်ပြီး ညာဘက် လက်မှာ ကင်မရာ ကိုင်ဆောင်ထား ပါတယ်။ ဒီနောက်ဆင်ကြီးဟာ ရုတ်တရက် ရပ်တန့်သွား ပြီးနောက်ကို ပြန်လည့်သွား ပါတယ်။ ဒီဖြစ်ရပ်ကို ဘိုလင်းနဲ့ အတူပါလာတဲ့ သူငယ်ချင်းဖြစ်သူက မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးခဲ့ပါတယ်။ ဒါကို အွန်လိုင်းပေါ် လွှင့်တင်ခဲ့ရာ ကြည့်ရှုသူ အရေအတွက် သန်းနဲ့ချီရှိ သွားခဲ့ပါတယ်။ ဘိုလင်းက သူ့ရဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီး အံအားသင့်ခဲ့ကြောင်း၊ ကံလည်းကောင်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ အာရှဆင်တွေ ဟာ လူကို အန္တရာယ် ပြုခြင်းမရှိတာမို့ ဆင်စွယ်တွေကို ရယူလို မှုကြောင့် သတ်ဖြတ်ခြင်းခံနေ ရတယ်လို့ သိရပါတယ်။ အရွယ် ရောက်ပြီးသား အာရှဆင် တစ်ကောင်ရဲ့ အရှည်ဟာ (၁၀) ပေ အထိရှိပြီး အလေးချိန်က (၅ ဒသမ ၅) တန် အထိရှိတတ်ပါတယ်။

The Messenger News