ကျားတွေကို စားသုံးခဲ့တဲ့ တရုတ်စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ထောင်ဒဏ် ချမှတ်ခံရ

ပို့စ်တင်ချိန် - 6/14/2014 09:08:00 PM


တရုတ် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဟာ ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်း ကျားကောင်ရေ သုံးကောင်ခန့် ကို စားသုံးခဲ့တာမို့ ထောင်ဒဏ် ချမှတ်ခံခဲ့ ရတယ်လို့ သိရပါတယ်။ Guangxi အရပ်ဒေသမှာ နေထိုင်ပြီး၊ မစ္စတာဇူလို့ လူသိများတဲ့ အိမ်ခြံမြေ စီးပွားရေး လုပ်ငန်းရှင်ကြီးဟာ သူငယ်ချင်း ဖြစ်သူတွေနဲ့ အတူ ကျားတွေကို စားသုံးခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံက လူချမ်းသာတွေဟာ ကျားတွေကို ပြည်ပနိုင်ငံတွေ ကနေမှာ ယူစားသုံးလေ့ရှိ ပါတယ်။ တရုတ် တိုင်းရင်းဆေးပညာမှာ ကျားအရိုး၊ ကျားမျက်စိစတဲ့ အစိတ်အပိုင်းတွေကို စားသုံးပါက ကျန်းမာရေးအရ များစွာ အထောက်အကူ ဖြစ်စေတယ်လို့ သိရပါတယ်။

ကျားတွေဟာ ရဲရင့်သန်မာတာမို့ ဒီလို အယူအဆ ဖြစ်ပေါ်လာခဲ့တာပါ။ တရုတ်စီးပွားရေး လုပ်ငန်းရှင် တွေဟာ အထူး စားသောက်ပွဲတွေမှာ ကျားတွေကို ချက်ပြုတ်ပြီး တည်ခင်း ဧည့်ခံလေ့ရှိပါတယ်။ မစ္စတာဇူကို လည်း စားသောက်ပွဲမှာ အထောက်အထား ခိုင်လုံစွာ တွေ့ခဲ့ရတာမို့ ဖမ်းဆီး ခဲ့ခြင်း ဖြစ်ပါတယ်။ တရားရေး ရင်ဆိုင်ရာ တာဝန်ရှိသူတွေ ကတော့ မစ္စတာဇူဟာ ကျားဝှေးစေ့ကို စားသုံးပြီး၊ ကျားသွေးတွေကိုလည်း သောက်ခဲ့ကြောင်း၊ အတည်ပြု ပြောကြားခဲ့ ပါတယ်။ မစ္စတာဇူ နဲ့ အပေါင်းအပါ (၁၄) ဦးဟာ ပြီးခဲ့တဲ့ နှစ် အနည်းငယ်အတွင်းမှာ ကျားကောင်ရေ (၁၀) ကောင်ထက် မနည်း စားသုံးခဲ့တယ်လို့ ၀န်ခံထားပါတယ်။ တရုတ်နိုင်ငံအတွင်းမှာ ကျားတွေကို စားသုံးမှုကြောင့် အကောင်ရေ တဖြည်းဖြည်း ရှားပါးလာပြီး၊ ဆားဘီးယား ကျားတစ်ကောင်ရဲ့ အရေခွံ တစ်ခုတည်း ပေါင် (၈၀၀၀၀) အထိ တန်ကြေး ရှိကြောင်း သိရပါတယ်။

Messenger News Journal