ကျောင်းသား၊ ကျောင်းသူရဲ့လည်ပင်းကို သွေးအေးအေးနဲ့ လှီးရတဲ့ လုပ်ငန်း

ပို့စ်တင်ချိန် - 6/14/2014 12:57:00 PM



(တစ်)

ဘာလိုလိုနဲ့ အရပ်အခေါ် ဆယ်တန်း၊ ပညာရေး လောက အခေါ် အခြေခံပညာ အဆင့်မြင့် တန်းစာမေးပွဲ အောင်စာရင်းတွေ ကတော့ ထုတ်ပြန်လို့ပြီးသွားခဲ့ပါ ပြီ။ အောင်သူပြုံးလို့ ရှုံးသူတွေ ငို ကြရတဲ့ စာမေးပွဲရလဒ်ထုတ်ပြန် ကြေညာပွဲကြီးလို့ပဲ ဆိုကြပါစို့ရဲ့။ အခုလောလောလတ်လတ် မြန်မာ့ပညာရေးစနစ်ရဲ့ အနေအထား အရ ဘယ်တက္ကသိုလ်ကို ဆက် တက်မှာလဲဆိုတာကို အဆုံးအ ဖြတ်ပေးတဲ့ စာမေးပွဲလည်းဖြစ်၊ အခြေခံပညာရဲ့ နောက်ဆုံးဘိတ် လည်းဖြစ်တာမို့ သည်အတန်းက နတ်ကြီးတဲ့အတန်းလို့ဆိုရမှာပါ။ ဉာဏ်ရည်အားနည်းသူတွေက အောင်ဖို့၊ အောင်ဖို့ရာ အခက်အ ခဲမရှိသူတွေက  ဂုဏ်ထူးများများ နဲ့ အမှတ်များများရဖို့ အားသွန် ခွန်စိုက်ကြိုးပမ်းကြတဲ့ အတန်း လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဆီက မိဘများဟာ သနားစရာ ကောင်းလောက်တဲ့အထိ စားဖို့မရှိရင်နေ၊ သားသမီးကို အကောင်းဆုံးကျောင်းမှာ ထားဖို့ဆို တဲ့အသိနဲ့ ခြေကုန်လက်ပန်းကျအောင်ကိုပဲ ရင်းကြနှီးကြရရှာတဲ့ အတန်းပါ။ အဲသည့်မှာ လည်လှီးတဲ့ ဆရာတွေပေါ်လာကြတာပဲဆိုပါတော့။

(နှစ်)

သည်နေရာမှာ ၀ိုင်းကိစ္စ ကလေးကို နည်းနည်းစပြီး ပြော ချင်ပါတယ်။

တစ်ခါက သင်္ချာဘာသာ အသင်ကောင်းတဲ့ ဆရာတစ် ယောက်နဲ့ ပတ်သက်ခဲ့ဖူးပါတယ်။ သည်တုန်းက ကျူရှင်တစ်ဝိုင်းကို တစ်ဘာသာတစ်သိန်းလောက် ဈေးပေါက်နေခဲ့တဲ့ခေတ်ပေါ့။ တစ်ဝိုင်းမှာ ကျောင်းသားအများ ဆုံး ငါးယောက်လောက်ပဲ လက် ခံကြတဲ့ ခေတ်ပေါ့။ စိတ်နေမြင့် မားသူ ဆရာ၊ ဆရာမအချို့ မိဘ များအပန်းမကြီးရအောင်ဆိုတဲ့ စိတ်နဲ့ စာသင်သားငါးယောက် မပြည့်ရင်တောင်မှ ငါးယောက် ပြည့်အောင်ရှာဖို့ တိုက်တွန်းကြ၊ ကိုယ်တိုင်လည်း တီးခေါက်ရှာဖွေ ပေးကြတဲ့အလုပ်မျိုးကို လုပ်ပေး လေ့ရှိကြပါတယ်။ ကျောင်းသား အရေအတွက်များတော့ လစာကို မျှပေးတဲ့အခါ မပင်ပန်းကြရှာဘူး ပေါ့။

ကျွန်တော်ပြောတဲ့ သင်္ချာ ဆရာကကျတော့ ၀ိုင်းများလေ ငွေရလေဆိုတော့ကာ ကျောင်း သားငါးယောက်တစ်ဝိုင်းတည်း ဖြစ်နေမှာမျိုးကို အလွန်စိုးရိမ်တဲ့ လူပါ။

ဝိုင်းပွားလေလေ ငွေများ လေလေမို့ စာသင်သားငါး ယောက်တစ်စုတည်းဖြစ်သွားမှာ မျိုးကို သူမလိုလားပါဘူး။ တစ် နေရာမှာ လက်ခံထားတဲ့ နှစ် ယောက်ဝိုင်းနဲ့ တစ်နေရာက သုံး ယောက်ဝိုင်းတို့ ဆက်စပ်မိသွား မှာကို အလွန်စိုးရိမ်တဲ့လူပေါ့။ တစ်ခါများဆို စာသင်သားရှာမရ လို့ လေးယောက်တည်းနဲ့ ၀ိုင်းနေ ရတဲ့ အစုထဲကို နောက်တစ် ယောက်ထပ်ရှာလို့ရတဲ့အတွက် ထပ်သွင်းဖို့လုပ်တဲ့အခါ သတ် သတ်တစ်ဝိုင်းလုပ်ပါလားဗျာလို့ တောင် သွေးအေးအေးနဲ့ပြော ထွက်တဲ့ လူပါ။

သားကောင်ကို လည်လှီးသ လို ကျောင်းသားရဲ့ လည်ပင်းကို သွေးအေးအေးနဲ့ လှီးပြီးအောင်သေ၊ အောင်သားစားတဲ့ ဆရာပါလားလို့ ဆိုကာအံ့သြခဲ့ကြပါတယ်။

(သုံး)

တစ်နေ့ရန်ကုန်မြို့လယ်ကို ဖြတ်သွားတော့ အထူးဂရုစိုက် စာသင်ဝိုင်းဆိုတဲ့ ကြော်ငြာ ကလေးတစ်ခုကပ်ထားတာကို သတိထားလိုက်မိပါတယ်။ ၀ိုင်း ကျူရှင်ဆိုမှတော့ အထူးဂရုစိုက် တာတွေ၊ ဂရုမစိုက်တာတွေရှိ သေးလို့လားလို့များ မထင်လိုက် ပါနဲ့။ ရှိပါတယ်ခင်ဗျ။

ဝိုင်းကြေးလျှော့ပေးထားပြီး လူကလည်း နည်းနည်းကလေး များနေခဲ့ရင် အဲဒါသာမန်ဝိုင်းဖြစ် သွားပါပြီ။ တတ်တယ်၊ မတတ် ဘူး၊ နားလည်တယ်၊ နားမလည် ဘူး၊ လေ့ကျင့်ခန်းလုပ်တယ်၊  မလုပ်ဘူး၊ မှန်တယ်၊ မမှန်ဘူး၊ အစစ်အဆေးအမေးအမြန်းမရှိ တော့ပါဘူး။ သင်ပြီး ပြီးပြီ စတိုင်လ်။ အဲ . . . ၀ိုင်းကြေးက လည်း စိတ်ကြိုက်ပေးထားပြီး စာသင်သားကလည်း ကန့်သတ် ထားတဲ့ အတိုင်းဆိုရင်ဖြင့် တစ် ယောက်ချင်း၊ တစ်ကြောင်းချင်း၊ တစ်ပုဒ်ချင်း အနီးကပ်ကြပ်မတ် သင်ကြားလမ်းညွှန်စစ်ဆေးမေး မြန်းပါလေပြီတဲ့။ သည်လိုနဲ့ ဂရု မစိုက်၊ ဂရုစိုက်၊ အထူးဂရုစိုက် ဆိုပြီး ၀ိုင်းအမျိုးအစားတွေ ကွဲ ပြားသွားရလေတာပါတဲ့။ ကိုယ့် ကလေးအထူးဂရုစိုက်တာကို ခံ ချင်ရင် ပိုက်ဆံရှာထား။

(လေး)

ဝီရိယကြီးသူမိဘများနဲ့ ပတ် သက်ပြီး နည်းနည်းကလေးပြော ချင်သဗျ။

ကိုးတန်းစာမေးပွဲတွေပြီးတဲ့ အခါ နောက်နှစ်ဆယ်တန်းကို ရည်မျှော်ပြီး နွေရာသီကိုအကျိုး ရှိရှိ အသုံးချလိုတဲ့ မိဘတွေ ရှိနေ ကြလေသဗျ။ အဲသည့်ခွင်ကို သိတဲ့အခါ ကျူရှင်အချို့က နွေရာသီသုံးလပြတ်တွေ ဘာတွေလုပ်လာကြပါတယ်။ အပ်ကြပြီပေါ့။ အိမ်မှာ တောင်လိုလို၊ မြောက်လိုလိုလုပ်နေမယ့်အစား သင်ရိုးတန်းမပြတ်တာတောင်မှ ငါးခန်းပြီးလည်း အမြတ်၊ ခြောက်ခန်းပြီး အမြတ်ဆိုတဲ့ သဘောနဲ့ပေါ့။ ကျောင်းကြိုပို့ယာဉ်နဲ့ ဘာနဲ့။

မိုးဦးကျလို့ စာသင်ကျောင်း တွေ ဖွင့်တဲ့အခါ ကလေးဟာ ကျောင်းမှာ ဘာသာစုံအသစ်ပါ။ ဟိုဟာမြင်ဖူးသလို သည်ဟာ ကြားဖူးသလိုလိုနဲ့ ယောင်တောင် တောင်ဝါးတားတားပါ။

မေးမြန်းစုံစမ်းကြည့်တော့ နွေသုံးလပြတ်ဆိုတာ သင်ရိုးကို ပြတ်အောင် သင်တာလည်း မ ဟုတ်၊ တစ်ခန်းချင်းကို ပြတ် အောင် သင်တာလည်းမဟုတ်။  သင်ရိုးကို အကြမ်းသဘောနဲ့ အပေါ်ယံ ဖြန်းသန်းပြောပြီး ကျောင်းသား၊ ကျောင်းသူ ကလေးတွေ ပျော်အောင်ထားတာပါတဲ့ခင်ဗျ။ စာသင်နှစ်စတာနဲ့ သူတို့ကျောင်းကို လာချင်အောင်ဆွဲဆောင်ကြတာပါတဲ့ခင်ဗျ။

(ငါး)

ပညာကြီးတာ၊ မကြီးတာ အသာထားလို့ နာမည်ကြီးကျူရှင် ဆရာတွေနဲ့ ၀ိုင်းထားတဲ့ ၀ိုင်းတွေ ၀ိုင်းတွေရှိရာဆီကို တစ်ခါတ လေရောက်ဖူးပါတယ်။ နာမည် ခံထားတဲ့ သူတွေက ကိုယ်တိုင် သင်ခဲတယ်ခင်ဗျ။ လက်ထောက် ဆရာ၊ တွဲဖက်ဆရာ၊ ဒုတိယ လက်ထောက်တွဲဖက်အကူဆရာ တွေက သူလာသင်လိုက် ကိုယ် လာသင်လိုက်ပါ။ ဆရာကြီး ဘယ်အချိန် လာပါသလဲလို့ မေး ကြည့်တော့ ငွေသိမ်းတဲ့အခါ လာပါတယ်တဲ့။ အံ့ရော။

နာမည်ကြီးဝိုင်းတစ်ခုမှာ သွားထားတဲ့ မိခင်က သူ့ကလေး ရဲ့ စာအုပ်တွေကို လှန်ကြည့်လိုက်တဲ့အခါမှာ မှားတာတွေကိုလည်း အမှန်ခြစ်လို ခြစ်၊ လေ့ကျင့်ခန်း တွေကို မစစ်ပေးဘဲ ထားလိုထား  မို့သွားပြောတဲ့အခါ ၀ိုင်းဆရာပြန် ပြောပုံက၊ သူတို့တာဝန်က စာ သင်တာတဲ့။ လေ့ကျင့်ခန်းလုပ်၊ မလုပ်ပြန်စစ်တာ၊ မှန်၊ မမှန် ပြန်စစ်တာ၊ စာရ၊ မရပြန်စစ်တာ ဆရာသတ်သတ်ထပ်ငှားပါတဲ့။ အဲဒါကို ဂိုက်(guide) လို့ ခေါ်တာပါ။ ဂိုက်ကလည်း နားမလည်တာကို မေးလို့ ဖြေပေးရတဲ့ဂိုက်က တစ်ဈေး၊ စာပါနည်းနည်းထပ်ရှင်းပြရရင် တစ်ဈေးခင်ဗျ။ စာသင်ဝိုင်း တစ်ဝိုင်းမှာ ဆိုရင်စာကျက်၊ စာအံချိန်မှာ ထစ်သွားတဲ့အခါ ထောက်ပေးရတဲ့ အထောက်ဆိုတဲ့ဆရာကိုတောင်ခန့်ထားပေးတာပါ။ အလကားတော့ မရဘူးပေါ့။ ပိုက်ဆံထပ်သွင်း။

(ခြောက်)

ဘော်ဒါတွေပေါ်လာတဲ့ အခါကိုယ့်မှာပေးနိုင်တဲ့နေရာနဲ့ ဆံ့၏၊ မဆံ့၏ မစဉ်းစား၊ ချက်ပြုတ် ကျွေးမွေးဖို့ နိုင်၊ မနိုင်၊ မချင့် ချိန်၊ သင်ကြားမယ့် ဆရာ ရှိ၊မရှိ မတွက်ဆဘဲနဲ့ အားလုံးလက်ခံ၊ ပိုက်ဆံကို လက်ဦးအောင် သိမ်း၊ ကလေးက မနေနိုင်လို့ ကျောင်း ထွက်တဲ့အခါ ငွေပြန်မအမ်း၊ တစ် ယောက်ပြန်ပြေး တစ်ယောက် အမြတ်ပေါ့။ စနစ်နဲ့ သန်းကြွယ် သူဋ္ဌေးဖြစ်သွားကြတဲ့ သူတွေ လည်း အများအပြားပါ။

တချို့ဘော်ဒါတွေများဆိုရင်ယောက်ျား၊ မိန်းမ၊ သား၊ သမီး၊ ချွေးမ၊ သမက်၊ တူ၊ တူမတွေနဲ့ကို သင်ကြားရေးကိစ္စ အိုကေလို့တဲ့။ မိသားတစ်စုလုံးဆရာ၊ ဆရာမခန့်ပြီး အပြင်ကတကယ် တော်၊ တကယ်တတ်တဲ့ဆရာတွေကိုတောင် မခေါ်ကြပါလေတော့။ ၀င်သမျှငွေကိုယ့်အိတ်ထဲ။

(ခုနစ်)

သြော် . . .သားကလေးတွေ၊ သမီးကလေးတွေ မျက်နှာကြည် ကြည်ကလေးတွေနဲ့။ မျက်လုံး နက်နက်ကလေးတွေနဲ့။ အနီးအ နားမှာ အားကိုးရာမမြင်လို့ အား ကိုးရာကို ထွက်ရှာလိုက်ကြတာ။

ကဲ . . . .။

ခေါင်းကလေးကို အသာ မော့ထားကြစမ်း။ လည်ပင်း ကလေးတွေကို တင်းထားလိုက် ကြ။ မင်းတို့လည်ပင်းပေါ်မှာ ဓား ကို လာတင်ထားလိုက်ပြီ။ အဲဒါ  . . . . တချို့ တချို့ တချို့သော ဆရာဆိုတဲ့ လူတွေပဲပေါ့။

7day daily