မန်စီးတီးသူဌေးရဲ့ ဇိမ်ခံသင်္ဘောကိုငှားပြီး ကမ္ဘာ့ဖလားဘောလုံးပွဲ ဒိုင်လျှိုလာကြည့်တဲ့ လီယိုနာဒို

ပို့စ်တင်ချိန် - 6/14/2014 10:55:00 AM



-ဟောလိဝုဒ်သရုပ် ဆောင်မင်းသား လီယိုနာဒို ဒီကပ် ပရီယိုသည် ဇွန်လ ၁၂ ရက်တွင် ဘရာဇီးနိုင်ငံ ဆာပေါ်လိုမြို့၌ ကျင်းပသော ၂၀၁၄ ကမ္ဘာ့ဖလား ဖွင့်ပွဲ   အခမ်းအနားသို့   သွား ရောက်အားပေးစဉ် လူပုံအလယ် တွင် သိုသိုသိပ်သိပ် အနေအထား ဖြစ်စေရန် အစွမ်းကုန်ကြိုးစားခဲ့ သည်ဟု Just Jared သတင်းက ဖော်ပြသည်။ အသက် (၃၉) နှစ်အရွယ်လီယိုနာဒိုသည်ဘရာဇီးနိုင်ငံရီယိုဒီဂျနေးရိုးမြို့သို့  လေယာဉ်ဖြင့် သွားရောက်ခဲ့ပြီးနောက် ကမ္ဘာ့ ဖလားပြိုင်ပွဲ  ကြည့်ရန်အတွက် ဆာပေါ်လိုမြို့သို့ နာမည်ကျော် ဇိမ်ခံသင်္ဘောကြီး Topaz ဖြင့် သွားရောက်ခဲ့သည်ဟု ဘရာဇီး မီဒီယာများက ဖော်ပြသည်။

လီယိုနာဒိုနှင့် မိတ်ဆွေ ၂၁ ဦးတို့သည် ဆာပေါ်လိုမြို့သို့ Topaz ဇိမ်ခံသင်္ဘောဖြင့် ရောက် ရှိလာသည်ဟု ဘရာဇီးမီဒီယာ များက ဖော်ပြသည်။

Topaz သင်္ဘောသည် ၄၈၂ ပေ ရှည်လျားပြီး ကမ္ဘာပေါ်တွင် ပဉ္စမအကြီးဆုံး ဇိမ်ခံသင်္ဘောဖြစ် သည်။ ယင်းသင်္ဘောကို မန်စီးတီး ဘောလုံးအသင်းပိုင်ရှင် ဘီလျံနာ သူဌေးက ပိုင်ဆိုင်ပြီး လီယိုနာ ဒိုနှင့် သန်းကြွယ်သူဌေး မိတ်ဆွေ များက ငှားရမ်းခဲ့သည်ဟု ဘရာဇီး မီဒီယာများက ဖော်ပြသည်။

—Ref: Just Jared

7day