မျိုးစောင့်နှင့် ဘာသာကူးပြောင်းခြင်း ဥပဒေမူကြမ်းကို ကန့်ကွက်သူများ သမ္မတနှင့်ပြည်ထောင်စုလွှတ်တော်နာယကကို တွေ့ခွင့်တောင်း

ပို့စ်တင်ချိန် - 6/14/2014 10:51:00 AM



မျိုးစောင့်ဥပဒေနှင့် ဘာ သာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ မူကြမ်းတို့ကို ကန့်ကွက်နေ
သည့် အရပ်ဘက် အဖွဲ့အစည်း ၈၀ ကျော်မှ အမျိုးသမီးများအပါအ ၀င် ကိုယ်စားလှယ်
များက သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ် တော်နာယက သူရဦးရွှေမန်းတို့နှင့် တွေ့ဆုံခွင့် တောင်းထားကြောင်း သတင်းရရှိသည်။

အရပ်ဘက် အဖွဲ့အစည်းများက သမ္မတ၊ ဦးရွှေမန်းနှင့် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်တို့နှင့် တွေ့ ဆုံခွင့်တောင်းထားသည်မှာ တစ် လခန့်ကြာပြီဖြစ်သော်လည်း ဇွန် လ ၁၁ ရက်က နေပြည်တော်တွင် ယင်းကိုယ်စားလှယ်များကို ဒေါ် အောင်ဆန်းစုကြည်၏ ကော်မတီ တစ်ခုကသာ လက်ခံတွေ့ဆုံထား ခြင်းရှိသည်။

‘‘တွေ့ခွင့်တောင်းတာက ဒီ ဥပဒေမူကြမ်း စထွက်လာတဲ့အ ချိန်ကတည်းကပဲ။ ဒါပေမဲ့ ဒေါ် အောင်ဆန်းစုကြည်ရဲ့ တရား ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေး ချမ်းရေးကော်မတီက ပထမဆုံး အဖြစ် လက်ခံတွေ့ဆုံတယ်။ အ ခု သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌက တော့ အကြောင်းမပြန်သေးဘူး။ တွေ့ခွင့်ရဖို့တော့ ဆက်ကြိုးစားမှာပါ’’ ဟု ကန့်ကွက်သူတစ်ဦးဖြစ်သူဒေါ်ဇင်မာအောင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကော်မတီက ဥပဒေကြမ်းများ တွင် တရားဥပဒေ ရှုထောင့်အရ လိုအပ်ချက်များကို အစီရင်ခံစာ တစ်ခု တင်သွင်းမည်ဟု ဆွေးနွေး ခဲ့ကြောင်း ဒေါ်ဇင်မာအောင်က ပြောသည်။

တွေ့ဆုံခွင့် တောင်းခံထားမှု နှင့်ပတ်သက်၍ သမ္မတရုံးတာဝန် ရှိသူတစ်ဦးက တွေ့ဆုံမှု ပြုလုပ် ရန်ရှိ၊ မရှိ ဖြေကြားနိုင်ခြင်း မရှိ သေးကြောင်း 7Day သတင်းစာ၏ မေးမြန်းမှုကို ဖြေကြားသည်။

ဘာသာရေးကို အခြေခံ သည့် လူမျိုးရေး ခွဲခြားမှုများ ရှိ သည်ဟု ဝေဖန်ခံနေရသော မျိုး စောင့်ဥပဒေ၊ ဘာသာကူးပြောင်း ခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေတိုး ပွားခြင်းကို ကန့်သတ်ခြင်းဆိုင်ရာ ဥပဒေစသည့် ဥပဒေများကို ပြ ဋ္ဌာန်းပေးရန် ရဟန်းရှင်လူ ပြည် သူပေါင်း တစ်သန်းကျော်က သမ္မ တထံသို့ လက်မှတ်ရေးထိုးစာပို့ခဲ့ ခြင်းဖြစ်သည်။

 သမ္မတက ဥပဒေများ ပြ ဋ္ဌာန်းရေးမှာ လွှတ်တော်နှင့်သာ သက်ဆိုင်သည်ဟုဆိုကာ ယင်း အကြံပြုချက်များကို လွှတ်တော် သို့ ပေးပို့ခဲ့ပြီး လွှတ်တော်က သမ္မတထံ ပြန်လည်ပေးပို့ခဲ့သည်။ထို့ကြောင့် အထက်ပါဥပဒေများ ရေးဆွဲရေးအတွက် သက် ဆိုင်ရာ ၀န်ကြီးဌာနအချို့နှင့် တာဝန်ရှိသူများက အဖွဲ့များခွဲ၍ စတင်ရေးဆွဲရန် စီစဉ်နေပြီဖြစ်သည်။

 ဘာသာရေးကို အခြေခံ သည့် ဥပဒေများအနက် ကိုးကွယ် ခြင်း၊ ဘာသာကူးပြောင်းခြင်းဆိုင် ရာ ဥပဒေမူကြမ်းကို ထုတ်ပြန် ထားပြီး ပြည်သူများ၏ အကြံပြု ချက်များကို တောင်းခံနေသည်။

7Day News Daily