နိုဝင်ဘာလထဲရောက်တဲ့အထိ မိုးရှိနေနှိုင်ပါသေးတယ်။


အောက်တိုဘာ၂၈
(၁) မြန်မာနိုင်ငံအထက် လေထုအတွင်းတွင် ရေငွေ့များပါဝင်မှုများပြားနေသည်ကို မိုးလေ၀သဂြိုဟ်တုမှ vapour sensor ဖြင့်တိုင်းတာတွေ့ရှိရပါတယ်။ အဲဒီလေထု အတွင်းကို တရုတ်ပြည်မကြိးပေါ်မှ ရာသီအလိုက်ဖြစ်ပေါ်နေတဲ့ လေဖိအားများ ရပ်ဝန်းကြီးမှ လေအေးများတိုးဝင်လာမှုကြောင့် လေပူလေအေး ပေါင်းစပ်မှုကြောင့် မိုးတိမ်တွေဖြစ်လာနေပါတယ်။

(၂) မြေပြင်အထက်ပေ(၂၀၀၀)အမြင့်တွင် တိုက်ခတ်နေသောလေစီးကြောင်းများ အရ မြန်မာနိုင်ငံအရှေ့ဖက်ရှိ ထိုင်းနိုင်ငံအတွင်းသို့ အရှေ့မြောက်လေအေးများ တိုးဝင်နေတာကိုတွေ့ကြရပါတယ်။ အဲဒီတိုးဝင်လာတဲ့ လေအေးများနဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက် ပိုင်းတွင်ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းကြောင့် မြန်မာ့ ကမ်းရိုးတန်းတလျှောက် အနောက်ဖက်မှတိုးဝင်လာနေတဲ့ ပူနွေးစွတ်စိုတဲ့လေနွေးတွေ စုဆုံရာတလျှောက် မိုးတိမ်များဖြစ်ပေါ်နေတာကို Kalpana ဂြိုဟ်တုတိမ်ပုံ မှာတွေ့ကြ ရပါတယ်။

(၃) အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း တွင်ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းကြောင့် မြန်မာနိုင်ငံဖက်သို့ အနောက်တောင်လေများတိုက် ခတ်နေ ရာ ရေငွေ့ပါသောလေများ မြန်မာနိုင်ငံအတွင်းသို့ တိုးဝင်နေစေပါတယ်။ တရုတ်ပြည်မကြီးဖက်မှအရှေ့မြောက်လေအေးများ ထိုင်းနိုင်ငံဖက်မှ တစ်ဆင့် မြန်မာနိုင်ငံအတွင်း တိုးဝင်လာသောအခါ မတူညီသောလေထုနှစ်ခု ဆုံတွေရာ (Streamline convergence) တလျှောက်တွင် လေထုနှစ်ခုရောနှော မှုကြောင့် တိမ်များဖြစ်ပေါ်လာနေသည်ကို အိန္ဒိယနိုင်ငံ၏ Kalpana-1 ဂြိုဟ်တုမှာ ရိုက်ယူပေးသောတိမ်ပုံတွင်ထင်ရှားစွာတွေ့ကြရပါတယ်။မြန်မာနိုင်ငံ အပေါ်တွင် အနောက်တောင်-အရှေ့မြောက်လားရာအတိုငးတည်ရှိနေတဲ့ တိမ်စွယ်တန်း တစ်ခုကိုတွေ့ကြရပါတယ်။ ပစိဖိတ်သမုဒ္ဒယာအနောက်ပိုင်းမှာ မုန်တိုင်းငယ်တစ်ခု စတင်အစပျိုးနေတာကိုလည်းတွေ့ကြရပါတယ်။

(၄) ဘင်္ဂလားပင်လယ်အော်အတွင်း နောက်(၄၈)နာရီအတွင်း မုန်တိုင်းဖြစ်ပေါ်ဖို့ အလားအလာလုံးဝမရှိကြောင်း NWP နည်းပညာတွက်ချက်မှုအရသိကြရပါတယ်။

လက်ရှိမိုးအနေအထားကတော့ နိုဝင်ဘာလထဲရောက်တဲ့အထိ မိုးရှိနေနှိုင်ပါသေး တယ်။

ဒေါက်တာထွန်းလွင်
Popular Myanmar News Journal

ကားမောင်းခွင့်ပိတ်ပင်သဖြင့် ဆော်ဒီအမျိုးသမီးများ ကိုယ်တိုင်ကားမောင်းနှင် ဆန္ဒပြကြ


ဆော်ဒီအာရေးဗီးယား နိုင်ငံတစ်ဝန်းတွင် အမျိုးသမီး များ ကားမောင်းနှင်ခွင့် ပိတ်ပင် ထားမှုကို ဆန့်ကျင်ကာ အောက် တိုဘာ ၂၆ရက်တွင် အမျိုးသ မီး ၆ဝကျော် ကားမောင်းနှင်ခဲ့ ကြသော်လည်း ရဲများက တားဆီးမှု အနည်းအကျဉ်းသာရှိခဲ့ကြောင်း သိရသည်။ အမျိုးသမီးများ ကားမောင်း နှင်သင့်ကြောင်း မက်ဆေ့ခ်ျဖြင့် မဲဆွယ်မှုများ ပြုလုပ်ခဲ့သည်။ ထို သို့ဖြစ်ပွားရခြင်းသည် အမျိုးသမီး များအပေါ် တင်းကျပ်သောစည်း မျဉ်းများ ချမှတ်ခြင်းကြောင့်ဖြစ်ပြီး ဆော်ဒီအသိုင်းအဝိုင်းတွင် အမျိုး သမီးများကို ကားမောင်းနှင်ခွင့်ပြု သင့်ကြောင်း ဝေဖန်သူများက သတိပေးခဲ့သည်။

အမျိုးသမီးများ သည် အာဏာပိုင်များက လိုင်စင် မထုတ်ပေးသဖြင့် နိုင်ငံခြားမှ ကား မောင်းလိုင်စင်ရယူကာ အောက် တိုဘာ ၂၆ရက်က ကားမောင်းနှင် ခဲ့ကြကြောင်း အတိုက်အခံများ က ပြောသည်။ ဆန္ဒပြသော အဖွဲ့အစည်းမှ ဗီဒီယိုဖိုင် ၁၃ခု နှင့် အမျိုးသမီးများထံမှ ဖုန်းမက် ဆေ့ခ်ျ ၅ဝခန့် လက်ခံရရှိခဲ့ကြ ကြောင်း သိရသည်။ အဆိုပါဗီဒီယိုဖိုင်များတွင် မိမိကိုယ်တိုင် ကားမောင်းခဲ့သော အမျိုးသမီးများ၏ပုံရိပ်များပါဝင် ကြောင်း King Saud တက္ကသိုလ် မှ ပါမောက္ခအေဇီ ဇာယူဆက်ဖ် နှင့် တခြားအတိုက်အခံများက ပြောခဲ့သည်။

အသက် ၃၂နှစ်အရွယ် အမျိုးသမီး အယ်ဆော်ယမ် သည် မိမိကိုယ်တိုင်ကားမောင်း ပြီး စတိုးဆိုင်ကို သွားခဲ့သည့်ပုံကို့ You Tube တွင် အတိုက်အခံ များက လေးမိနစ်စာတင်ခဲ့သည်။ ထိုဗီဒီယိုဖိုင်အတွက် အဖမ်းခံရ မည်ဆိုပါက အဆင်သင့်ပြင်ဆင် ထားခဲ့ကြောင်း သူမက ပြောခဲ့ သည်။ ''ကျွန်မ ကားမောင်းတဲ့ အတွက် ဘာမှ ပြဿနာမဖြစ်ခဲ့ တဲ့အတွက် ဝမ်းလဲသာတယ်။ ဂုဏ်လဲယူမိပါတယ်''ဟု သူမက ပြောခဲ့သည်။

Ref-BBC
Yangon Media Group

နမ်လင်းပါ ဒုက္ခသည်စခန်း ရိက္ခာအရေးပေါ်လို


တပ်မတော်နှင့် ကေအိုင်အေတို့၏ တိုက်ပွဲများကြောင့် မန်စီမြို့နယ် နမ်လင်းပါ ကျေးရွာ စစ်ဘေး ဒုက္ခသည်စခန်းရှိ ဒုက္ခသည် ၁၄၀၀ ကျော်သည် စားနပ်ရိက္ခာ ပြတ်လပ်သွားသည်မှာ ငါးရက်ခန့်ရှိပြီ ဖြစ်သောကြောင့် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း ဒုက္ခသည် စခန်းများကို ရိက္ခာ ထောက်ပံ့ပေးနေသည့် ကရုဏာမြန်မာ လူမှုကူညီရေးအဖွဲ့ (ဗန်းမော်) ရုံးမှ စီမံကိန်း မန်နေဂျာ ဦးနော်ဒင့်က ပြောကြားသည်။

ကရုဏာ လူမှုကူညီရေးအဖွဲ့က အောက်တိုဘာ ၁၅ ရက်နေ့၌ နမ်လင်းပါ စစ်ဘေး ဒုက္ခသည်စခန်းသို့ ဆန်အိတ် ၃၅၀ ကို ပို့ဆောင်ခဲ့သော်လည်း ဆန်အိတ်များမှာ ယင်းဒုက္ခသည်စခန်းနှင့် ရှစ်မိုင်ခန့်အကွာ တွင်ရှိ ကောင်ဂျာရွာရှိ ကောင်ဂျာချောင်းကို ဖြတ်ကူးရန် မော်တော်ယာဉ်ကြီးများ ငှားရမ်း၍ မရသည့်အတွက် ရိက္ခာများ မရောက်ရှိခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်တဲ့ အခြေအနေ ဖြစ်နေတော့ တိုက်ပွဲကြားမှာ ညှပ်နေမှာစိုးလို့ ဘယ်ကားမှ ငှားလို့မရဘူး။ မလိုက်ရဲကြဘူး။ တပ်က တာဝန်ရှိသူတွေကိုလည်း သွားရောက် ညှိနှိုင်းထားတယ်။ ပို့ဖို့ ကြိုးစားကြည့်တာမှ မရရင် UN က ယာဉ်တန်းနဲ့လိုက်ဖို့ စီစဉ်ရတော့မယ်။ လောလောဆယ်တော့ နမ်လင်းပါရွာက ရသမျှစပါးကို ရှာပြီး မလောက်မငနဲ့ ကြိတ်ကျွေးနေတယ်” ဟု ၎င်းကဆိုသည်။

နမ်လင်းပါ စစ်ဘေးဒုက္ခသည် စခန်းသို့ သွားရောက်ရန်အတွက် ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးရုံး (UNOCHA) ကို ကချင်ပြည်နယ် အစိုးရအဖွဲ့က ခွင့်ပြုထားပြီး ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မန်စီမြို့နယ်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံ ၆၅ ဦးခန့်မှာ နမ်လင်းပါ စစ်ရှောင်စခန်းသို့ ထပ်မံရောက်ရှိလာခဲ့ပြီး တောထဲ တွင် ရှောင်တိမ်းနေသည့် မုန်းဒိန်ပါ ရွာသား ၁၀၀၀ ဝန်းကျင် ခန့်မှာလည်း ယင်းစစ်ဘေး ဒုက္ခသည်စခန်းသို့ ထပ်မံရောက်ရှိလာဖွယ် ရှိကြောင်း ဦးနော်ဒင့်က ထပ်လောင်းပြောကြားသည်။

မန်စီမြို့နယ်အတွင်းတွင် တပ်မတော်နှင့် ကေအိုင်အေ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း ၁၂ တို့ အောက်တိုဘာလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

The Voice Weekly   

ပြန်လည်ရင်ကြားစေ့ရေး တိုင်းရင်းသားတွေ ဘာလုပ်ကြမလဲ


 ရင်ကြားစေ့ရေး, တိုင်းရင်းသား, အပစ်အခတ်ရပ်စဲရေး, အခြေခံဥပဒေ,  ငြိမ်းချမ်းရေး
အောက်တိုဘာလဆန်းမှာ ကျင်းပခဲ့တဲ့ ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ (ဓာတ်ပုံ – ဧရာဝတီ)
လာမည့်ရက်ပိုင်းအတွင်း ကချင်လွတ်မြောက်ရေးတပ် KIA ၏ ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များမှ ကိုယ်စားလှယ်များ စုဝေးပြီး နိုဝင်ဘာလတွင် သမ္မတဦးသိန်းစိန်အစိုးရက ရည်မှန်းထားသည့် တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးပွဲတွင် ပါဝင်မည် သို့မဟုတ် မပါဝင် ဆွေးနွေးဆုံးဖြတ်ကြတော့မည်။

ကရင်အမျိုးသားအစည်းအရုံး KNU နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS တို့က ၎င်းတို့၏ တောင်းဆိုချက်များကို ယနေ့ထုတ်ပြန်ကြေညာလိုက်သော်လည်း ကချင်လွတ်မြောက်ရေးတပ်ဘက်က မည်သို့သဘောထားမည်မှာ မရှင်းလင်းသေးပါ။ သို့သော် ယခုလ အစောပိုင်းက မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် နောက်ဆုံးငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အစိုးရကိုယ်စား လှယ်အဖွဲ့နှင့် ကချင်တိုင်းရင်းသားလက်နက်ကိုင်များ အချက် ၇ ချက်ပါ သဘောတူညီချက်တခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ရှေ့သို့ ခြေတလှမ်းတိုးလိုက်နိုင်ခြင်းဖြစ်သည်ဟု သူတို့က ဆိုကြသော်လည်း အမှန်တကယ်အားဖြင့် ထိုသဘောတူညီချက်သည် အသစ်တခုမဟုတ်ပါ။ အချက် ၇ ချက်အနက် ၄ ချက်မှာ ယခင် သဘောတူညီချက်များထဲမှ ပြန်ယူသုံးထားခြင်းဖြစ်ပြီး အရေးအကြီးဆုံးဖြစ်သည့် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍လည်း ဆုံးဖြတ်နိုင်ခဲ့ခြင်းမရှိပေ။

နှစ်ဘက်လုံးမှာလည်း ခြားနားသည့် အစီအစဉ်များ ရှိနေသည်။ ကချင်လွတ်မြောက်ရေးတပ်မှ ခေါင်းဆောင် များက နိုင်ငံရေးအရ ဆွေးနွေးချင်ကြသည်။ ၀န်ကြီး ဦးအောင်မင်းခေါင်းဆောင်သည့် အစိုးရကိုယ်စားလှယ် အဖွဲ့က လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် တရားဝင်သဘောတူညီချက် လိုချင်ပုံရသည်။ နှစ်ဖက်လုံးက ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်း ထား နိုင်ရန် နှင့် နောက်ထပ် ဆက်လက် ဆွေးနွေးမှုများ ပြုလုပ်ရန် အခွင့်အရေး ဆက်လက်ရှိနေစေရန် အတွက် များစွာထိရောက်မှု မရှိသည့် အချက် ၇ ချက်ပါ သဘောတူညီချက်ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လက်မှတ်ရေးထိုးလိုက်ကြသည်။

လက်မှတ်ရေးထိုးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကချင်ဖက်မှ အဆင့်မြင့်ပုဂ္ဂိုလ်များနှင့် အစိုးရတာဝန်ရှိသူ များ တံခါးပိတ် အစည်းအဝေးတခု ပြုလုပ်၍ စစ်ရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။ အစည်းဝေးခန်း အပြင်ဖက်တွင် အစိုးရ နှင့် ပတ်သက်သည့် အဖွဲ့အစည်းတခု ဖြစ်သော မြန်မာငြိမ်းချမ်းရေး စန်တာ (Myanmar Peace Center) မှ အဖွဲ့ဝင်များ ကို စိုးရိမ်ကြောင့်ကျမှုဖြင့် စိတ်လှုပ်ရှားနေသော အမူအရာများဖြင့် မြင်ရသည်မှာ အပစ်အခတ် ရပ်စဲရေးကို မျှော်လင့်နေ ကြသောကြောင့် ဖြစ်ပုံရသည်။ နောက်ဆုံး အဖြေထွက်လာသည့် အချိန်မှာတော့ သူတို့ စိတ်ပျက်သွားကြသည်။ တကယ်တမ်းတွင် သူတို့သာမဟုတ် သမ္မတဦးသိန်းစိန် နှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များလည်း စိတ်ပျက်ခဲ့ကြရသည် ဟု လေ့လာအကဲခတ်သူများက ဆိုကြသည်။

အစည်းအဝေးပြီးသည့်အခါ KIO အဖွဲ့၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဆွန်လွတ်ဂွမ်မော်၏ အနားသို့ သတင်းသမားတွေ မေးခွန်းတွေ မေးဖို့ သတင်းသမားတွေ စုရုံးရောက်လာကြသည်။ ကချင်ဗိုလ်ချုပ်၏ အသွင်က သတင်းကောင်းကို ဝေမျှ ပေးဖို့ စိတ်အားထက်သန်နေပုံရသော်လည်း ခိုင်မာသော သတင်း အချက်အလက်များ မပေးခဲ့ပါ။ သူက သံခင်းတမန်ခင်း ဆန်စွာဖြင့် တိကျသေချာသော ရလဒ် သို့မဟုတ် ခိုင်မာသောယုံကြည်မှုကို ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။ သို့သော်လည်း အရေးပါသော မှတ်ချက် တစုံတရာမပေးခဲ့သလို ကျေနပ်နှစ်သိမ့်မှု မရှိသည့် အမူအယာလည်း မပြခဲ့ပါ။

မြစ်ကြီးနားမြို့တွင်ပြုလုပ်သော ယင်းဆွေးနွေးပွဲသည် ယခင်လအတွင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၀န်ကြီး ဦးအောင်မင်း၏ ကိုယ်စားလှယ် အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စုစည်းတည်ထောင်ထားသော ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်များ အစည်းအဝေး တရပ်ပြုလုပ်ခဲ့ရာမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အစိုးရဖက်မှ အမြင်အရကြည့်လျှင် အဆိုပါ အစည်းအဝေးသည် အောင်မြင်မှုမရရှိခဲ့ပေ။ UNFC က ဦးအောင်မင်း သွယ်ဝိုက်၍ ကမ်းလှမ်းလာသော နိုဝင်ဘာလအတွင်းတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူရန် ဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ၀န်ကြီး ဦးအောင်မင်းက သူ၏ အဖွဲ့ အနေဖြင့် UNFC နှင့် နောက်ထပ်ဆွေးနွေးရန် မရှိတော့ဟု တုန့်ပြန်ပြောဆိုခဲ့ကြောင်း မီဒီယာ အချို့တွင်ဖော်ပြခဲ့ကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ နှင့် တဖွဲ့ချင်းစီ သီးခြားတွေ့ဆုံသွားမည် ဟုလည်း သိရသည်။

သူ့အနေဖြင့် ထိုကဲ့သို့ မှတ်ချက်စကား ပြောဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဟု ၀န်ကြီးဦးအောင်မင်းက ဧရာဝတီသို့ ယခုလ အစောပိုင်းတွင် ပြောကြားခဲ့သည်။ သို့သော်လည်း UNFC ခေါင်းဆောင်များနှင့် တွေ့ဆုံရန်ရှိတိုင်း ထိုင်းနိုင်ငံသို့ အစိုးရ ကိုယ်စားလှယ်အဖွဲ့က အမြဲတမ်းသွားနေရခြင်းသည် မျှတမှု မရှိဟု သူကဆိုသည်။ “အဲဒီ အချိန်တုန်းက ဒါဟာ ကျနော်တို့ ထိုင်းနိုင်ငံမှာ တွေ့ဆုံတာ နောက်ဆုံးအကြိမ်ပါပဲလို့ သူတို့ကို ကျနော်ပြောခဲ့တယ်။ နောက်ဆိုရင် ကျနော်တို့နိုင်ငံထဲမှာပဲ တွေ့တော့မှာပါ” ဟု ဦးအောင်မင်း ကပြောသည်။

တိုင်းရင်းသား သတင်းရင်းမြစ်များ၏ အဆိုအရ ဦးအောင်မင်း၏ ကိုယ်စားလှယ်အဖွဲ့နှင့် သဘောထားတင်းမာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များပါဝင်သည့် UNFC အဖွဲ့တို့သည် ဦးတည်ချက် မတူမှုကြောင့် ထိပ်တိုက်တွေ့ခဲ့ကြသည် ဟု သိရသည်။ UNFC က တိုင်းရင်းသားပြည်နယ်များအတွက် အခွင့်အာဏာပိုမိုရရှိစေမည့် ဖက်ဒရယ် စံနစ်ကို အားပေး သည့် လုံးဝအသစ်ဖြစ်သော အခြေခံဥပဒေမူကြမ်းတခုကို ရေးဆွဲနေသည်။ အစိုးရ၏ ကိုယ်စားလှယ်အဖွဲ့ကလည်း ရှိနှင့် ပြီးဖြစ်သော ဥပဒေကို ပြင်ဖို့ပင် မလိုအပ်ဟု ဆိုသည်။ ထို့ကြောင့် နှစ်ဖက်ကြားမှ အင်အားချိနဲ့နေသည့် ငြိမ်းချမ်းရေး သဘောတူညီမှုများ ပြိုကွဲတော့မည့် အသွင်ဖြစ်လာသည်။

သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြားတွင် အကောင်းဆုံးသော နည်းဗျူဟာကို ရွေးချယ်မှုနှင့် ပတ်သက်၍ ကွဲပြားမှုတွေ ဖြစ်နေခဲ့ပြီးဖြစ်သည်။ အချို့က အပစ်အခတ်ရပ်စဲရေးမှနေ၍ ရှေ့ သို့ ဆက်သွားချင်ပြီး အချို့က အစိုးရကို လိုက်လျောခြင်းအားဖြင့် တိုင်းရင်းသားခေါင်းဆောင်အချို့၊ သူတို့၏ လူရင်းများနှင့် စီးပွားရေးသမားများကိုသာ အကျိုးရှိစေနိုင်ပြီး ဒေသတွင်းမှ ပြည်သူများကို ကူညီနိုင်ခြင်းရှိမည် မဟုတ်ဟု စိုးရိမ်နေကြသည်။ သဘောတူညီချက် မည်သည့် အခြေအနေသို့ရောက်ရှိနေသည် ဖြစ်စေ အောက်ခြေအဆင့်မှ အသိုင်းအ၀ိုင်းများ သည်သာလျှင် အထိခိုက်ဆုံးဖြစ်သော်လည်း  ငြိမ်းချမ်းရေး သဘောတူညီချက်သည် အောက်ခြေက စတင်ရမည့်အစား အထက်မှ စတင်၍ အောက်သို့ဆင်းသည့် သဘောမျိုးဖြစ်နေသည် ဟုထောက်ပြကြသည်။

အချို့တိုင်းရင်းသား အဖွဲ့များက သူတို့၏ လိုအပ်ချက်များကို ရှင်းရှင်းလင်းလင်း တောင်းဆိုခြင်း မပြုခဲ့သည့်အတွက် ဝေဖန်မှုများလည်း ရှိနေသည်။ မြန်မာနိုင်ငံ အရှေ့ဖက်ပိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ တခုရရှိထားသည့် ၀ လက် နက်ကိုင် အဖွဲ့ကလွဲလျှင် တိုင်းရင်းသားအဖွဲ့ အများစုက အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေစဉ်အတွင်းတွင် သီးခြားအုပ်ချုပ်ပိုင်ခွင့်ကို တောင်းဆိုခြင်းမှ ရှောင်ရှားကြသည်။ ဖက်ဒရယ်ဝါဒ နှင့် ပတ်သက်သည့် အကြောင်းအရာများကိုပင်လျှင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် တိုင်းရင်းသား ခေါင်းဆောင်များက သတိထား၍ ဆွေးနွေးနေရသည်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဗဟိုအစိုးရနှင့် ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် ၁၉၄၇ ခုနှစ်က ရှမ်း၊ ကချင်နှင့် ချင်းခေါင်းဆောင်များ၏ ရည်ရွယ်ချက်သည် သီးခြားအုပ်ချုပ်ပိုင်ခွင့်ရရေး ဖြစ်သည်။ သူတို့က ဗမာတိုင်းရင်းသားများ ကြီးစိုးသည့် ဗဟိုအစိုးရအောက်တွင် မနေချင်ခဲ့ကြပေ။ အချို့ တိုင်းရင်းသား အဖွဲ့များအနေဖြင့် ပြည်တွင်းစစ်ပွဲအတွက် လက်နက်ကိုင်တပ်ဖွဲ့များ တည်ထောင်ရေး ဆုံးဖြတ်ရန်အတွက် အချိန်များစွာ မယူခဲ့ကြပါ။

ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အားလုံးနီးပါး အစိုးရနှင့် ပထမအဆင့် အပစ် အခတ် ရပ်စဲရေး သဘောတူညီချက်များ ကို ၁၉၈၀ နှင့် ၁၉၉၀ နှစ်များတွင် အသီးသီး လက်မှတ်ရေးထိုးခဲ့ကြသည်။ ကရင်၊ ရှမ်း၊ မွန်၊ ကချင်၊ ကရင်နီ နှင့် ချင်း အဖွဲ့အားလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးကြသည်။

သို့သော်လည်း ၂၀၁၀ နှင် ၂၀၁၁ ခုနှစ်တို့တွင် ယခင်စစ်အစိုးရက ၎င်း၏ နယ်ခြားစောင့်တပ်ဖွဲ့များ ဖွဲ့စည်းရေး အစီအစဉ် ကို ဖိအားပေး အကောင်အထည်ဖော်လာသည့်အခါ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အချို့ ပျက်ပြားခဲ့ရသည်။ အစိုးရ၏ အစီအမံမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ တပ်သားများကို အစိုးရတပ်မှုးများက ဦးစီးသည့် နယ်ခြား စောင့် တပ်ဖွဲ့များ အဖြစ်သို့ အသွင်ပြောင်းရန်ဖြစ်သည်။

ကချင် လက်နက်ကိုင်များက ထိုအစီအစဉ်ကို ငြင်းပယ်ခဲ့သည့်အတွက် လွန်ခဲ့သည့် ၂ နှစ်ခန့်မှစ၍ အစိုးရနှင့် KIO တို့၏ အပစ် အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားသွားခဲ့ရသည်။ ယခုနှစ် ဇန်န၀ါရီလမှ စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားကာ အရှိန်မြင့်တက်လာခဲ့ပြီး ဖေဖော်ဝါရီလတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့သော်လည်း ထိခိုက် ကျဆုံးမှု ကြီးမားစွာ ရှိခဲ့ရသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေသော်လည်း သမ္မတဦးသိန်းစိန်၏ အစိုးရသည် ၎င်းတို့ အာဏာ ရရှိခဲ့သည့် ၂၀၁၁ ခုနှစ်မှ စတင်၍ အရေးပါသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အများစုနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ သို့သော် ပြီးခဲ့သော လများအတွင်း မကျေလည်မှုများ ရှိလာသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြန်သည်။

ဝ လက်နက်ကိုင် အဖွဲ့သည် မြန်မာနိုင်ငံတွင် အင်အားအကောင်းဆုံး တိုင်းရင်းသား အဖွဲ့ဖြစ်ပြီး ၀ ပြည် သွေးစည်း ညီ ညွှတ်ရေး တပ်မတော် (UWSA) သည် တပ်ဖွဲ့ဝင် ၂၅၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းရပြီး ခေတ်မီလက်နက်များ တပ်ဆင်ထား သည်။ သူတို့၏ အခွင့်အရေးနှင့် ပတ်သက်၍ ခိုင်ခိုင်မာမာ ရပ်တည်ကြပြီး ရှမ်းပြည်နယ် အတွင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် နယ်မြေတခု ကိုတောင်းဆိုနေကြသည်။ သူတို့၏ လိုလားမှုများ ဖြစ်ပေါ်မလာပါက အချိန်မရွေး စစ်ပွဲဆင်နွဲရန် အသင့်ရှိ သည်ဟုလည်း သူတို့က ပြောကြသည်။

တရုတ်-မြန်မာ နယ်စပ်အနီးမှ ၀ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော်ဌာနချုပ် ရှိရာ ပန်ဆန်း အပါအ၀င် ၀တပ်ဖွဲ့၏ အမာခံနေရာများသို့ သွားရောက်လေ့လာခွင့်ရရှိခဲ့သည့် စာနယ်ဇင်းသမားများက ၀အဖွဲ့သည် ဦးသိန်းစိန် အစိုးရ၏ အုပ်ချုပ် မှု အောက်တွင် နေဖို့ ဆန္ဒရှိပုံမရကြောင်း သူတို့၏ အမြင်ကိုပြောကြသည်။ ၀ ဒေသသည် မြန်မာနိုင်ငံ အပြင်ဖက်မှ သီးခြား နိုင်ငံတခုနှင့် ပို၍ တူနေပြီး ကိုယ်ပိုင် အုပ်ချုပ်ရေး၊ စစ်တပ်၊ ရဲအဖွဲ့ နှင့် အခြားအခြေခံ အဆောက်အဦးများ ရှိနေသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများအပြားက အခြေခံဥပဒေပြင်ဆင်နိုင်ရေး၊ နိုင်ငံရေးဆွေးနွေးရန်နှင့် ၎င်းတို့၏ နယ် မြေများ အတွင်းရှိ အစိုးရတပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုနေကြသည်။ သို့သော်လည်း အစိုးရက ၎င်းတို့ ၏ လိုလားတောင်းဆိုမှုများကို တိုက်ရိုက် ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ပယ်ချပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးကိုသာ ပထမဦးစားပေးထား၍ ဆက်လက်ဆောင်ရွက်နေသည်။ ထို့ကြောင့် တိုင်းရင်းသား အဖွဲ့များကြားတွင် လည်း အစိုးရနှင့် တွဲဖက်၍ စီးပွားရေး နှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်နေချိန်တွင် နိုင်ငံရေး တောင်းဆိုမှု များကိုဘေးဖယ်ထားချင်သည့် သဘောထားပျော့ပြောင်း သည့် အဖွဲ့များနှင့် မူဝါဒအရ အားကောင်းသော်လည်း လက်တွေ့ တွင် အားနည်းနေမှု အပေါ် အပြစ်တင် ဝေဖန်လျှက်ရှိသော UNFC ကဲ့သို့ သဘောထား တင်းမာသည့်အဖွဲ့များ ဟု၍ ကွဲပြားမှုတွေ ရှိလာသည်။

နောက်လတွင် ကျင်းပမည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အစည်းအဝေးသို့ မည်သည့်အဖွဲ့များက ကိုယ်စားပြုတက် ရောက်မည်ကိုလည်း ရှင်းလင်းစွာ မသိရသေးပါ။ ယခင်အပတ်က ၀န်ကြီး ဦးအောင်မင်း ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP) နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ခြင်းသည် အဆိုပါအဖွဲ့ကို အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲသို့ တက်ရောက်စေရန်အတွက် သိမ်းသွင်းဖို့ ကြိုးပမ်းနေကြောင်း ထင်ရှားသည့် အချက်တခု ဖြစ်ပါသည်။ ဦးအောင်မင်းက KNPP ၏ ဒုတိယ ဥက္ကဌ ဦးခူဦးရယ် နှင့် တွေ့ဆုံပြီး အစိုးရ၏ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် မူကြမ်းကို ပေးအပ်ခဲ့သည်ဟု သတင်းရရှိသည်။

“အဲဒါက အရမ်းကို အသေးစိတ်တဲ့ အတွက် အားလုံးကို ကျနော် မရှင်းပြနိုင်ပါဘူး၊ ဒါပေမယ့် တိုင်းရင်းသားတွေရဲ့ နိုင်ငံရေး မျှော်မှန်းချက်တွေ၊ တန်းတူညီမျှမှု၊ အပစ်အခတ်ရပ်စဲရေး နဲ့ နိုင်ငံရေးဆွေးနွေးမှုကို သွားနိုင်တဲ့ လမ်းတွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပါတယ်။ တကယ်လို့ အစိုးရဖက်က သူ့ရဲ့ မူကြမ်းမှာ ဖော်ပြထားတဲ့ အဆင့် တွေ အတိုင်း တိတိကျကျ အကောင်အထည်ဖော်သွားမယ်ဆိုရင် ကျနော်တို့ နိုင်ငံအတွက် တကယ်ကို ကောင်းသွားမယ်လို့ ကျနော် ထင်ပါတယ်” ဟု KNPP ၏ တွဲဖက် အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ဧရာဝတီသို့ပြောသည်။ အဆိုပါ သဘောတူညီချက်မူကြမ်းကို နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ အတည်ပြုပေးရန် တင်ပြ ထားသည်ဟု ၀န်ကြီး ဦးအောင်မင်းက ပြောကြောင်း သူက ထပ်ပြောသည်။

အကယ်၍ အစိုးရဖက်က စီစဉ်ထားသည့်အတိုင်း နောက်လတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သ ဘောတူညီချက် ရရှိနိုင်မည်ဆိုလျှင် နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ချီးကျူးကြမည်ဖြစ်ပြီး တိုင်းပြည်၏ ပြုပြင်ပြောင်း လဲရေးကို ထောက်ခံကူညီကြမည်ဖြစ်သည်။ သို့သော်လည်း ကွဲပြားနေသော တိုင်းရင်းသားအဖွဲ့များက လမ်းဆုံလမ်းခွတွင် ကျန်ရှိနေဆဲဖြစ်သည်။

“ကချင်တွေကတော့ အစိုးရကို ခုခံရင်းနောက်ဆုံးအထိ ကျန်နေခဲ့မယ် ထင်ပါတယ်။ ကရင်တွေက ဘာဖြစ်လို့ ဒီလိုမျိုး ခံစားချက် မပါတဲ့ အလုပ်တွေလုပ်ရသလဲ မသိဘူး” ဟု မြစ်ကြီးနားရှိ မအာဇန်ညော် က မကြာသေးခင်က ဧရာဝတီသို့ ပြောသည်။

ကရင် လက်နက်ကိုင် အဖွဲ့တခုဖြစ်သော KNU သည် အစိုးရ၏ တောင်းဆိုမှုများကို လိုက်လျောပြီး သဘာဝအရင်း အမြစ် ကြွယ်ဝသည့် ကရင်ပြည်နယ်တွင် အကြီးစားဖွံ့ဖြိုးရေး စီမံကိန်းများကို အားပေး ဆောင်ရွက်နေသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

“တိုင်းရင်းသား အဖွဲ့တွေအနေနဲ့ သူတို့တကယ်လိုအပ်တာကို ဖိဖိစီးစီး တောင်းဆိုရမယ့် အချိန်၊ သူတို့ရဲ့ တောင်းဆိုမှုတွေ ဖြစ်မလာဘူးဆိုရင် အစိုးရနဲ့ ဆက်ဆံနေမှုကို ရပ်တန့်ပစ်ရမယ့် အချိန် ဖြစ်ပါတယ်” ဟု ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို လေ့လာ သုံးသပ်နေသူ တဦးက ဆိုသည်။

“ဗမာတွေ ဦးဆောင်တဲ့ အစိုးရက ဗမာ မဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တောင်းဆိုမှုတွေကို အလေး မထား၊ အသိအမှတ် မပြုဘဲနဲ့တော့ ဗမာတွေကြီးစိုးတဲ့ အစိုးရနဲ့ အတူတွဲပြီး ကာလရှည်ကြာနေထိုင်ဖို့ ဖြစ်မလာနိုင်ပါဘူး။ အစိုးရက အစပြုတဲ့ အစီအစဉ်တွေကို စောင့်နေမယ့် အစား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖက်ကလည်း စတင် ဆောင်ရွက်သင့်ပါတယ်” ဟု သူက ထပ်ပြောသည်။

(ငြိမ်းငြိမ်း ပူးပေါင်း ရေးသား သတင်းပေးပို့သည်။)
စောရန်နိုင်| October 28, 2013

အငှားယာဉ်တစ်စီး အုတ်ခုံအားတိုက်မိ၍ ယာဉ်မောင်းပါ ခရီးသည်(၈)ဦးဒဏ်ရာရရှိ


ရန်ကုန်၊ အောက်တိုဘာ ၂၈

၂၈.၁၀.၂၀၁၃ရက်နေ့ ၀၂၃၀အချိန် မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းအတိုင်း ယာဉ်မောင်း ၀င်းထွဋ် (ဘ)ဦးကျော်သန်း၊ တာမွေမြို့နယ်နေသူ မောင်းနှင်လာသော ၇င/----၊ ဒိုင်ဟတ်စု (အဖြူရောင်)အငှားယာဉ်သည် အုတ်ပုံဆိပ်တံတားထိပ်အရောက် လမ်းလယ်ရှိ အုတ်ခုံအား ၀င်ရောက်တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်နှင့်အုတ်ခုံပျက်စီးသည့်အပြင် ယာဉ်မောင်း ၀င်းထွဋ်နှင့် ယာဉ်ပေါ်ပါခရီးသည် (၇)ဦးတို့တွင် ပွန်းပဲ့၊ စုတ်ပြဲနာကျင်ဒဏ်ရာများရရှိကာ မြောက်ဥက္ကလာပဆေးရုံကြီးတွင် အတွင်းလူနာများ(မစိုးရိမ်ရ)အဖြစ် ကုသရသောကြောင့် ယာဉ်မောင်း ၀င်းထွဋ်အား မြောက်ဥက္ကလာပမြို့မရဲစခန်းယာဉ်(ပ)၅၀/၂၀၁၃၊
ပုဒ်မ ၂၇၉/၃၃၈ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

အပစ်ရပ်ပြီး နိုင်ငံရေး ဆက်လက် ဆွေးနွေးရန် KNU နှင့် RCSS တိုက်တွန်း


 အပစ်အခတ် ရပ်စဲရေး, ငြိမ်းချမ်းရေး, တိုင်းရင်းသား, KNU, RCSS
ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) အခြေစိုက်ရာ လိုင်ဇာမြို့ မြင်ကွင်း (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)
တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး သဘောတူပြီးနောက် ၄ လအတွင်း နိုင်ငံရေး ဆွေးနွေးမှုများ ဖြစ်ပေါ်လာရေး အတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့က ပူးတွဲ သဘောထား ထုတ်ပြန်သည်။

နိုင်ငံတ၀န်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး ၂ လအတွင်း နိုင်ငံရေးဆွေးနွေးရေး မူဘောင်ကို စတင်ဆွေးနွေးရန်နှင့် ၄ လ အတွင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ စတင်ရန် အောက်တိုဘာ ၂၆ ရက်က ထုတ်ပြန်သည့် ပူးတွဲ ကြေညာချက်တွင် တိုက်တွန်း ထားသည်။

ကချင်ပြည်နယ် လိုင်ဇာမြို့တွင် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံမှတဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေး အဆုံးအဖြတ်ပေးနိုင်မည်ဟု မျှော်လင့်ပြီး KNU ဥက္ကဋ္ဌ စော မူတူးစေးဖိုး နှင့် RCSS ဥက္ကဋ္ဌ စပ်ယွက်စစ် တို့က လက်မှတ်ထိုး ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

နိုင်ငံရေး ဆွေးနွေးပွဲတွင် လက်နက်ကိုင် အဖွဲ့အစည်း အားလုံး၊ နိုင်ငံရေး ပါတီများ၊ လူမှု အဖွဲ့အစည်းများ၊ လွှတ်တော် အမတ် များ၊ မြန်မာ့တပ်မတော်နှင့် အစိုးရ ပါဝင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲကို ပူးတွဲ စီခံခန့်ခွဲရေး၊ ၂၀၁၅ ခုနှစ်နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးရေး အာမခံချက်ရှိရေး၊ နိုင်ငံရေးဆွေးနွေးရာတွင် အခြေခံ ဥပဒေ၊ အာဏာခွဲဝေမှု၊ လုံခြုံရေး၊ မြေယာ၊ ၀င်ငွေ ခွဲဝေမှု၊ သယံဇာတ ခွဲဝေမှု စသည့် အရေးကြီးသော အချက်များ ပါဝင်သင့်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

KNU နှင့် RCSS တို့က အစိုးရအား တင်ပြခဲ့သည့် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးခြင်း ဆိုင်ရာ မူဘောင်နှင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးဆိုင်ရာ သဘောထားများအဖြစ် ကြေညာချက် ထုတ်ပြန်ခြင်း ဖြစ် ကြောင်း သိရသည်။

လိုင်ဇာ ညီလာခံကို ကချင် လွတ်လပ်ရေး တပ်မတော်(KIA) က ကမကထ ပြု ကျင်းပခြင်းဖြစ်ပြီး တခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်များနှင့်အတူ KNU ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး တက်ရောက်မည် ဖြစ်ကြောင်း၊ ကြေညာချက် ပါ ဖော်ပြချက်များသည် အစိုးရကို တင်ပြခဲ့သည့် မူဘောင်များဖြစ်ကြောင်း KNU ပြောခွင့်ရ ပဒို မန်းငြိမ်းမောင်က ဧရာဝတီ ကို ပြောသည်။

“ကျနော်တို့ဘက်က မူဘောင်ကို အစိုးရဘက်ကို တင်ထားတယ်။ အစိုးရဘက်က အဲဒါ လက်ခံပြီးတော့ လေ့လာ သုံးသပ် နေ တယ်”ဟု သူက ဆိုသည်။

နိုင်ငံတ၀န်း အပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသား အဖွဲ့များကြား အမြင် ကွဲလွဲမှုများ ရှိသည်ကို ညှိနှိုင်းရမည်ဟုလည်း ပဒိုမန်းငြိမ်းမောင် က ပြောသည်။

ယခင်က လက်မှတ်ရေးထိုးပြီးသော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များကို ပြန်လည်အတည်ပြုရေး၊ ပူးတွဲ စစ် ဘက် ဆိုင်ရာ ကျင့်ဝတ်များ၊ ပူးတွဲ အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေး၊ ဖြစ်ပေါ်လာမည့် ပြဿနာများ ဖြေရှင်းရန် ပူးတွဲ ငြိမ်းချမ်းရေး ကော်မတီတို့ ပါဝင်ရမည်ဟုလည်း KNU နှင့် RCSS ကြေညာချက်၌ ပါရှိသည်။

မကြာမီ ကာလအတွင်း နေပြည်တော်တွင် အစိုးရက ကမကထ လုပ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တနိုင်ငံ လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးနိုင်ရန်အတွက်လည်း စီစဉ်နေသည်။

ထိုသို့စီစဉ်နေချိန် ကချင်ပြည်နယ်တွင် KIA နှင့် လည်းကောင်း၊ ရှမ်းပြည်နယ်တွင် ရှမ်းပြည် တပ်မတော်တောင်ပိုင်း (RCSS/ SSA) ၊ ရှမ်း ပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) နှင့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ နှင့် အစိုးရ စစ်တပ် အကြား တိုက်ပွဲများလည်း ဖြစ်ပွားနေသည်။

အပစ်ရပ် လက်မှတ်ရေးထိုးမှုအတွက် အဆင်သင့် မဖြစ်သေးသည့် လက်နက်ကိုင် အဖွဲ့များကို အဆင်သင့် ဖြစ်ချိန်တွင် လက် မှတ်ရေးထိုးနိုင်သည်ဟု အစိုးရဘက်က သဘောထားထုတ်ပြန်ပြီး ကတိပေးထားပြီးဖြစ်ကြောင်း ပဒိုမန်းငြိမ်းမောင်က ပြော သည်။

သမ္မတ ဦးသိန်းစိန် ကလည်း “တိုင်းရင်းသားများ အားလုံးပါဝင်တဲ့ ခိုင်မာ၍ ရေရှည်တည်တံ့မည့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ် စဉ်တရပ် ပိုင်ဆိုင်နိုင်ဖို့ဆိုရင် အပစ်အခတ် ရပ်စဲရေး တခုတည်းနဲ့ မလုံလောက်ဘဲ လက်နက်ကိုင် ပဋိပက္ခများရဲ့ ဇာစ်မြစ်ဖြစ်တဲ့ ပြဿနာတွေကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့က အဓိက ဖြစ်တယ်ဆိုသည့် အချက်ပဲဖြစ်ပါတယ်”ဟု အောက် တိုဘာ လဆန်းက ထုတ်လွှင့်သည့် ၎င်း၏ ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုထားသည်။

လိုင်ဇာ ညီလာခံ တက်ရောက် မည့် တိုင်းရင်းသား အဖွဲ့အများစုသည် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အသစ် ရေး ဆွဲလိုကြသူများဖြစ်သည့်အတွက် တိုင်းရင်းသားအဖွဲ့များအကြား သဘာထား ကွဲပြားမှုရှိနေပြီး အဆိုပါ ကိစ္စသည် နိုင်ငံရေး ဆွေးနွေးပွဲများတွင် အဓိက အခန်းက ပါဝင်မည် ဖြစ်ကြောင်းလည်း သိရသည်။

“ကျနော်တို့ KNU ကတော့ အသစ်ရေးဆွဲတာကို လက်မခံပါဘူး၊ ပြန်လည် ပြုပြင်ရေးဆွဲရေးကိုပဲ ကျနော်တို့ လက်ခံတယ်” ဟု ပဒိုမန်းငြိမ်းမောင်က ဆိုသည်။

ပြန်လည်ပြုပြင် ရေးဆွဲရေး သာလျှင် ပူးပေါင်းညှိနှိုင်း အဖြေရှာခြင်းဖြစ်ပြီး အသစ်ပြန်လည်ရေးဆွဲခြင်းသည် ထိပ်တိုက်ရင် ဆိုင်ခြင်း ဖြစ်၍ အစိုးရ၊ တပ်မတော် တို့က လက်မခံလျှင် မည်သို့မျှ ရှေ့တိုးရန် မဖြစ်နိုင်သောကြောင့် ပြင်ဆင်ရေး ဆွဲရေး ကိုသာ လက်ခံခြင်းဖြစ်သည်ဟုလည်း သူက ဆက်လက် ပြောဆိုသည်။

လင်းသန့်| October 28, 2013
Irrawaddy

ပထမဆုံး Nude (ကိုယ်လုံးတီး) ပန်းချီကားနှင့် Paper Cutting Art ရန်ကုန်တွင် ပူးတွဲပြသ


မြန်မာ Nude ပန်းချီကားပေါင်း ၅ဝကျော်နဲ့ Paper Cutting အနုပညာပူးပေါင်းပြပွဲကို ရန်ကုန်မြို့မှာ ပထမဆုံးအဖြစ် လောကနတ်ပန်းချီခမ်းမမှာ အောက်တိုဘာ ၂၇ရက်နေ့မှာ စတင်ပြသနေပြီဖြစ်ပါတယ်။



Kamayut Media



COPD နာတာရှည် အသက်ရှူလမ်းပိတ်ရောဂါ


ကျွန်မအမျိုးသားက ပန်းနာရင်ကြပ်ရောဂါရှိပါတယ်။ ပုံမှန်လည်း ဆေးခန်းပြရပါတယ်။ ရင်ကြပ်ဆေး၊ ရှုဆေးတွေလည်း ပုံမှန်ရှုပါတယ်။ ဒါပေမယ့် တခုဆိုးတာက သူက ဆေးလိပ်အရမ်းသောက်ပါတယ်။ ဆေးလိပ်သောက်တဲ့သက်တမ်းက ၁၅ နှစ်နီးပါးရှိပါပြီ။ သူအသက်က အခု ၃၄နှစ်ပါ။ အရင်ကဆို တနေ့ကို စီးကရက် တစ်ဗူးနီးပါးသောက်ပါတယ်။ နောက်ပိုင်း ရင်ကြပ်တာက တော်တော်ဆိုးလာပြီး ရာသီအကူးအပြောင်းနဲ့ မိုးတွင်းကာလမှာဆို အသည်းအသန်ကြပ်တက်ပြီး ဆေးရုံပြေးရတာ အခါခါပါ။ အဲဒီနောက်တော့ ဆေးလိပ်လျှော့သောက်ပေမယ့် တနေ့ကို ၅ လိပ်၊ ၆ လိပ်က ပြေးမလွတ်ပါဘူး။ ခုနောက်ပိုင်း နည်းနည်းမှ အမောမခံနိုင်တော့ဘဲ နှလုံးခုန်သံမြန်ပြီး ကြောတွေ ရင်တွေ အောင့်တယ်လို့ ပြောပါတယ်။ ဒါနဲ့ ဆရာဝန်ပြောင်းပြီး အဆုတ်အထူးကုနဲ့ပြတဲ့အခါ ဆရာဝန်က COPD ဖြစ်နေတာလို့ ပြောပါတယ်။ အဲဒီရောဂါက ဘယ်လိုမျိုးပါလဲ။ စိုးရိမ်ရပါသလား၊ ဘယ်လိုကုလို့ ရနိုင်ပါသလဲ။ ရောဂါလက္ခဏာတွေက ဘယ်လိုမျိုးလဲ၊ ဘာတွေဆောင်ရ ရှောင်ရမလဲ သိချင်ပါတယ် ဆရာ။

• Chronic obstructive pulmonary disease နာတာရှည် အသက်ရှူလမ်းပိတ်ဆို့ရောဂါဆိုတာ တဖြေးဖြေးနဲ့ အသက်ရှူဘို့မှာ ဆိုးဆိုးလာတယ်။ ချောင်းဆိုးမယ်။ ဆိုတာထဲမှာ ချွဲသလိပ်တွေပါမယ်။ အသက်ရှုသံက စီစီမည်နေမယ်။ စီးကရက်သောက်ရာနေ အများဆုံးဖြစ်စေတယ်။ အသက်ရှူတာထဲမှာ မသင့်တာတွေ ပါနေလို့လဲ ဖြစ်တယ်။
• COPD ရောဂါရှိနေသူမှာ လေအလုံအလောက် မဝင်နိုင်-မထွက်နိုင်ဖြစ်မယ်။ လေအိပ်လေးတွေက ဆန့်နိုင် ကျုံ့နိုင်စွမ်း လျှော့လာမယ်။ လေအိတ်နံရံလေးတွေ တချို့ ထူထဲ။ ရောင်ရမ်ပြီး ပျက်စီးကုန်မယ်။ လေလမ်းမှာ ရှိနေသင့်တာထက် အချွဲတွေပိုထွက်မယ်။
• ရောဂါလက္ခဏာတွေကတော့ -
- ၁။ Dyspnea အသက်ရှူမဝခြင်း၊
- ၂။ Chronic cough တာရှည်ချောင်းဆိုးနေခြင်း၊
- ၃။ Sputum production သလိပ်တွေထွက်ခြင်း၊
- ၄။ Wheezing and Chest Tightness အသက်ရှူသံတွေမည်ပြီး ရင်ကြပ်ခြင်း၊
- ၅။ Fatigue အားယုတ်ခြင်း၊
- ၆။ Anorexia and Weight Loss အစားအသောက်ပျက်ပြီး ကိုယ်အလေးချိန်ကျလာခြင်း နဲ့
- ၇။ Anxiety and Depression စိုးရိမ်စိတ်ကဲပြီး စိတ်ဓါတ်ကျခြင်း။
• ဒီရောဂါထဲမှာ ၂ မျိုးတွဲနေတယ်။ (၁) Emphysema (အင်ဖိုက်ဆီးမား) လေအိတ်နံရံလေးတွေ ပျက်စီးရာကနေ ဆက်ဖြစ်တယ်။ (၂) Chronic bronchitis နာတာရှည်လေပြွန်တွေရောင်ခြင်း လေထဲက မသင့်တာတွေကို တာရှည်ရှူနေရလို့ဖြစ်တယ်။ လေအိပ်နံရံတွေထူလာတော့တယ်။
• ဖြစ်လာကတော့ တဖြေးဖြေးခြင်းဘဲ။ ကြာတော့ ခါတိုင်းလို မလုပ်နိုင်မကိုင်နိုင်နဲ့ ဒုက္ခိတလိုဖြစ်လာမယ်။ အသက်တိုတယ်။
• လူလတ်ပိုင်းနဲ့ အသက်ကြီးတွေမှာဖြစ်တယ်။ သူများကို မကူးစက်ပါ။ ပျက်စီးသွားတာတွေကို ပျောက်အောင်လုပ်လို့ မရနိုင်သေးပါ။ (ဒီရောဂါမျိုးကို အရှိအတိုင်းရေးရတာ မေးတဲ့သူကိုအားနာပါတယ်။)
ဒါပေမဲ့ လူနမှုပုံစံပြောင်းတာနဲ့ ဆေးကုနည်းတွေကနေ အများကြီး သက်သာရာရစေမယ်။

Dr. Tint Swe

Side Effects of Otrivin Nasal Spray (အိုထရီဗင်) နှာခေါင်းထည့်ဆေး ဘေးထွက်-ဆိုးကျိုးများ


Otrivin Nasal Spray (Xylometazoline Hydrochloride Nasal Solution IP) ကို တစ်နေ့မှာ သုံးကြိမ်လောက် ထည့်နေရတယ် ဆိုကျိုးရှိပါသလားဆရာ။

Common Side Effects ဖြစ်နေကြ ဘေးထွက်-ဆိုးကျိုးများ
Sneezing နှာချေ၊ irritation အနေရခက်၊ Nasal dryness နှာခေါင်းခြောက်၊ burning ပူလောင်၊ ဒီဟာတွေက မဆိုးပါ။

Serious Side Effects ဆိုးဝါးတဲ့
Hallucinations သူများမမြင်-မကြားတာတွကို မြင်-ကြားခြင်း၊ seizures တက်ခြင်း၊ closing up of the throat လည်ချောင်းပိတ်ခြင်း၊ difficulty breathing အသက်ရှူခက်ခြင်း၊ irregular heartbeat နှလုံးခုန်မမှန်ခြင်း၊ fast heartbeat မြန်ခြင်း၊ swelling of the face မျက်နှာရောင်ခြင်း၊ swelling of the tongue or lips လျှာ-နှုပ်ခမ်းရောင်ခြင်း၊ unusual behavior အမူအယာမတူတာဖြစ်လာခြင်းနဲ့ sudden hives အင်ပြင်ရုတ်တရက်ထခြင်း။

ဒေါက်တာတင့်ဆွေ
Dr. Tint Swe

ကားတိုက်မှုဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်း


ကယ်လီဖိုးနီးယားပြည်နယ် Beverly Hills မှာ နေထိုင်တဲ့ ဒေးဗစ် ဘက်ခမ်း တစ်ယောက် ယာဉ်တိုက်မှု ဖြစ်ပါတယ်။ အဝေးကြီးမှာ မဟုတ်ပါဘူး။ သူ့အိမ်ရှေ့ မှာတင် ဖြစ်ပါတယ်။

အင်္ဂလန် Range Rover ကားတစ်စီးနဲ့ အိမ်ရှေ့ က ဖြတ်သွားနေတဲ့ SUV တစ်စီးကို ဝင်တိုက်မိပြီးနောက် ကားကို ခြံထဲ ပြန်သွင်းပြီး နေခဲ့ ပါတယ်။ ၂ ဘက်စလုံး ကားကလွဲလို့ လူတွေ အထိမနာပါဘူး။ အတိုက်ခံရတဲ့ အမျိုးသမီး SUV ရဲ့  ညာဘက်ခေါင်း ဒေါင့်မှာ ချိုင့်သွားပြီး ဘက်ခမ်းရဲ့  Range Rover ကတော့ ရှေ့ က ရှဲ ပြုတ်ထွက်သွားပါတယ်။ ပြုတ်သွားတဲ့ ဘမ်ပါကို အိမ်ရှေ့ မှာ ဒီတိုင်းပဲ ထားခဲ့တော့ အကောင်းဆုံး သက်သေ ဖြစ် သွားပြီး ရဲတို့ ရောက်ရှိလာပါတယ်။

ဒဏ်ငွေလောက်ပဲ ဆောင်ရမှာပါ။ သို့ပေမယ့် Celebrity တစ်ယောက်ဖြစ်တဲ့ ကားတိုက်မှုဆိုတော့ ပွဲအတော်စည်သွားပါတယ်။ ဘက်ခမ်းအိမ်ရှေ့ မှာတင် သတင်းထောက်ပေါင်းမြောက်များစွာနဲ့ စည်ကားခဲ့ပြီး ကားကော၊ လူကော ဓာတ်ပုံအရိုက်ခံရတာ အချက်ပေါင်း ၁ ထောင်မက လောက် ပါဘူး။ နောက်တော့ ဘက်ခမ်း တစ်ယောက် ကားတိုက်မှု ဖြစ်ကြောင်း ယခုလို အင်တာနက်စာမျက်နှာတွေမှာ ပြန့်နှံ့ ပါတော့တယ်။
.
Ref: celebritycars
ColayAutomobile

မန္တလေး အပါအဝင် မြို့ခြောက်မြို့တွင် ကွန်တိန်နာဆိပ်ကမ်း တည်ဆောက်မည်


မန္တလေး၊ အောက်တိုဘာ ၂၇

ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဆင့်မြင့် ကွန်တိန်နာဆိပ်ကမ်း ခြောက်ခုကို မန္တလေးမြို့တော် အပါအဝင် မြို့ကြီးများ၌ တည်ဆောက်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက ပြောကြားသည်။

မန္တလေးမြို့တော် ကမ်းနားလမ်းပေါ်တော်မူ ဘုရားရင်ပြင်တော်တွင် အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြုလုပ်သော ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဆန်းစစ်လေ့လာ အကဲဖြတ်ခြင်း လူထုတွေ့ဆုံ ရှင်းလင်းပွဲတွင် ၎င်းကအထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ယင်းဆိပ်ကမ်းများအနက် မန္တလေးမြို့တော် ဆိပ်ကမ်းမြေနေရာမှာ လျာထားပြီးဖြစ်ကာ မြေဧရိယာ ၃၁ ဒသမ ၃၉ ဧကတွင် ဆောင်ရွက်သွားမည် ဖြစ်ပြီး စီမံကိန်းမှာ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်နိုင်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။

မန္တလေးမြို့တော်တွင် တည်ဆောက်မည့် အဆင့်မြင့် ကွန်တိန်နာဆိပ်ကမ်း ပြီးစီးပါက တစ်နှစ်လျှင် ယေဘုယျ ကုန်စည် တန်ခြောက်သိန်း၊ ထုထည် ကုန်စည်နှင့် အရည်ကုန်စည် တန်ချိန် တစ်သန်း ဝန်ဆောင်မှု ပေးနိုင်မည် ဖြစ်ကြောင်း ယင်းစီမံကိန်းအတွက် လူမှုစစ်တမ်းနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စစ်တမ်း ကောက်ယူနေသည့် Royal Tree Services တာဝန်ရှိသူ ဦးတင်အောင်မိုးက ရှင်းပြသည်။

မန္တလေးမြို့တော်တွင် ဆောက်လုပ်မည့် ဆိပ်ကမ်း မြေနေရာသည် ဒေသခံတောင်သူ ခုနစ်ဦးနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးတို့ ပိုင်ဆိုင်ခြင်း ဖြစ်ပြီး ယင်းစီမံကိန်း အကောင်အထည် ဖော်ဖြစ်ပါက သင့်လျော်သော မြေယာ လျော်ကြေးကို ပေးမည်ဖြစ်ကာ မတန်တဆ လျော်ကြေးများပေးရန် အစီအစဉ် မရှိကြောင်း ဝန်ကြီးဦးကျော်ဆန်းက တောင်သူတစ်ဦး၏ မေးမြန်းမှုကို ဖြေကြားသည်။

အဆိုပါ ဆိပ်ကမ်း စီမံကိန်းကို မန္တလေးမြို့ ရတနာပုံ သင်္ဘောကျင်း တောင်ဘက်ကွင်းအမှတ် ၆၀၅ တွင် တည်ဆောက်မည် ဖြစ်ပြီး ယင်းစီမံကိန်းနှင့် ဆက်စပ်မြေကွက်များမှာ တစ်ဧကလျှင် ကျပ်သိန်း ၁၂၀၀ ဝန်းကျင် ပေါက်ဈေး ရှိကြောင်း အဆိုပါ ဒေသခံတောင်သူများထံမှ သိရသည်။

ဆိပ်ကမ်း ဆောက်လုပ်ရန် လျာထားသည့် မြေ ၃၁ ဒသမ ၃၉ဧကတွင် ဂရိတ်ဝေါ ကုမ္ပဏီက ဧက ၂၀ ကျော် ပိုင်ဆိုင်ပြီး ကုမ္ပဏီပိုင် ဆိပ်ကမ်း ဆောက်လုပ်ရန်အတွက် တောင်သူများထံမှ ဝယ်ယူထားခြင်း ဖြစ်ကြောင်း ဂရိတ်ဝေါ ကုမ္ပဏီလုပ်ငန်းရှင် ဦးတင်မောင်က ပြောကြားသည်။
“အဆင့်မြင့် ကွန်တိန်နာဆိပ်ကမ်း တည်ဆောက်မယ်ဆိုတာ ကောင်းပါတယ်။ ကုန်စည် သယ်ယူပို့ဆောင်ရာမှာလည်း မြန်ဆန်လာမယ်လို့ ထင်ပါတယ်” ဟု မန္တလေးမြို့မှ ဗန်းမော်သို့ ရေကြောင်းဖြင့် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ကိုင်သူတစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။

ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အဆင့်မြင့် ကွန်တိန်နာ ဆိပ်ကမ်းတည် ဆောက်ရာတွင် ဧရာဝတီမြစ် အခြေပြုဖြစ်သည့် မန္တလေး၊ ဗန်းမော်၊ မြင်းခြံ၊ ပခုက္ကူမြို့နှင့် ချင်းတွင်းမြစ် အခြေပြုသည့် မုံရွာ၊ ကလေးဝမြို့တို့၌ တည်ဆောက်သွားမည် ဖြစ်ကြောင်း ဦးထွန်းလွင်ဦးက ပြောကြားသည်။
The Voice Weekly

ပြင်ဦးလွင် ကျေးရွာ ၁၇ ရွာ လယ်သိမ်းခံ တောင်သူများ စုပေါင်း ဆန္ဒထုတ်ဖော်မည်


မန္တလေး၊ အောက်တိုဘာ ၂၇

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ်အတွင်းရှိ ကျေးရွာ ၁၇ ရွာမှ လယ်ယာမြေများ သိမ်းဆည်းခံထားရသည့် တောင်သူများက လယ်ယာမြေများ ပြန်လည် ရရှိရေးအတွက် တရားဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်ခွင့်များ တင်ပြလျှောက်ထားကာ စုပေါင်း ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း လယ်ယာမြေများ သိမ်းဆည်းခံထားရသူ အဆိုပါ ကျေးရွာ ၁၇ ရွာရှိ တောင်သူများထံမှ သိရသည်။

ယင်းကျေးရွာ ၁၇ ရွာတွင် သိမ်းဆည်း ခံရသည့် လယ်ယာမြေ ဧက ၈၇၀၀ ကျော် ရှိပြီး ယင်းတို့ကို ပြန်လည်ရရှိရေး သက်ဆိုင်ရာ ဌာနအသီးသီးသို့ တင်ပြခဲ့သော်လည်း ဆောင်ရွက်ပေးမှု မရှိသဖြင့် ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း လယ်ဧက ပေါင်း ၉၀ ကျော် သိမ်းဆည်း ခံခဲ့ရသည့် ပြင်ဦးလွင်မြို့နယ် ရေတလျှောက်ကျေးရွာ တောင်သူ ဦးစိုးမြင့်က ပြောကြားသည်။
“သိမ်းသွားတဲ့ ဌာနတွေကတော့ မျိုးစုံပါပဲ။ တပ်မတော်က ကော်ဖီ စီမံကိန်းအတွက် ဆိုပြီး လယ်ယာမြေတွေ သိမ်းသွားခဲ့တာလည်း ပါတယ်။ လယ်ယာမြေတွေကို သိမ်းဆည်းသွားတာပဲ ရှိတယ်။ လယ်ယာမြေပိုင်တဲ့ တောင်သူတွေကို ဘာမှ လျော်ကြေးပေးခဲ့တာမျိုးလည်း မရှိဘူး။ အရင်တုန်းကတော့ ကိုယ့်လယ်မြေသိမ်းခံရလည်း ဘာမှပြောလို့မရ၊ တိုင်လို့လည်း မရဘူး” ဟု အဆိုပါ ဆန္ဒဖော်ထုတ်ရေးအတွက် ဦးဆောင် တောင်သူလည်းဖြစ်သူ ဦးစိုးမြင့်က ဆိုသည်။

ပြင်ဦးလွင်မြို့နယ်အတွင်းတွင် အုပ်စုပေါင်း ၅၂ အုပ်စုရှိကာ ကျေးရွာပေါင်း ၆၀ ကျော်ရှိပြီး ယခု အသိမ်းခံရသည့် လယ်ယာမြေများကို စီမံကိန်းများ အတွက်ဆိုကာ စီမံကိန်းများ လုပ်ဆောင်ခြင်းမရှိဘဲ ပလပ်မြေများစွာ ရှိသဖြင့် ယခင်မြေယာများ ပိုင်ဆိုင်ခဲ့သည့် တောင်သူများက စီမံကိန်းမြေများပေါ်ရှိ ပလပ်မြေများပေါ်တွင် သီးစားများ ဝင်ရောက်စိုက်ပျိုးကြရာတွင် စီမံကိန်းလုပ်ခွင့် ရသူများက တောင်သူများကို တရားစွဲဆိုခဲ့ကြောင်း၊ ယင်းကျေးရွာ ၁၇ ရွာမှ တရားစွဲဆို ခံထားရသည့် တောင်သူ ၂၀ ဦးကျော်ခန့် ရှိကြောင်း တောင်သူများ မြေယာ ပြန်လည် ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးနေသော အထက်မြန်မာပြည် အလုပ်သမား၊ လယ်သမားများအရေးကို ILO နှင့် ချိတ်ဆက်ပေးရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
The Voice Weekly

ဖုန်း Message ဖြင့် ငွေလွှဲနိုင်ရန် စီစဉ်


ရန်ကုန်၊ အောက်တိုဘာ ၂၇

Mobile Banking စနစ် အကောင်အထည်ဖော်ရန် ကြိုးစားနေသော မြန်မာနိုင်ငံတွင် ဖုန်း Message ဖြင့် ငွေလွှဲပြောင်းနိုင်သည့် Myanmar Mobile Money (ဖုန်းငွေပေးချေမှု) စနစ်ကို အသုံးပြုနိုင်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း MTS (Myanmr Telecommunication Service) ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

ဖုန်းကို အွန်လိုင်းချိတ်ရန်မလိုဘဲ ငွေလွှဲပြောင်းခြင်း၊ ဈေးဝယ်ခြင်း၊ လစာပေးခြင်း၊ ငွေသွင်း၊ ငွေထုတ်ခြင်းများ ပြုလုပ်နိုင်မည့် Myanmar Mobile Money စနစ်ကို ရေးဆွဲပြီးနေပြီ ဖြစ်၍ အောက်တိုဘာလတွင် မိတ်ဆက်သွားမည် ဖြစ်ကြောင်း ၎င်းက အတည်ပြု ပြောကြားသည်။

လစဉ်ကြေး ပေးဆောင် အသုံးပြုရမည့် Myanmar Mobile Money စနစ်ကို အသုံးပြုရန် အင်းဝဘဏ် (သို့မဟုတ်) အဆိုပါစနစ်ကို ချိတ်ဆက်ထားသည့် ဘဏ်များတွင် ငွေစာရင်း စတင်ဖွင့်လှစ်ရမည် ဖြစ်ပြီး ငွေသား ထုတ်ယူလိုပါက မြို့များတွင် ငွေသား ထုတ်ယူနိုင်ရန် ကုမ္ပဏီမှ ကိုယ်စားလှယ်များ ထားရှိသွားမည် ဖြစ်ကြောင်း MTS ထံမှ စုံစမ်းသိရှိရသည်။
“အင်တာနက် ရှိစရာ မလိုဘူး။ ဖုန်းလိုင်းမိတဲ့ နေရာတိုင်းမှာ သုံးလို့ရမယ်” ဟု ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါစနစ်ကြောင့် ငွေလွှဲပြောင်း ပေးပို့ရာတွင် အဆင်ပြေမည် ဖြစ်သော်လည်း သွင်းထားသော ငွေလုံခြုံရေးစနစ်နှင့် Mobile စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် မသုံးနိုင်ပါက အခက်အခဲ ရှိကြောင်း ခရီးသွားလုပ်ငန်းတွင် အလုပ်လုပ်နေသူ အမျိုးသမီးတစ်ဦးက မှတ်ချက်ပေးသည်။
“လစဉ်ကြေး ပေးသုံးရမှာဆိုတော့ နေရာတိုင်း မသုံးနိုင်ရင် အဆင်မပြေဘူး” ဟု ၎င်းကဆိုသည်။

Myanmar Mobile Money စနစ်ကို အသုံးပြုသူများကို MTS က ကုတ်နံပါတ် ထုတ်ပေးမည်ဖြစ်ပြီး ငွေလွှဲလိုပါက ဖုန်းဖြင့် လွှဲပြောင်းလိုသည့် ငွေပမာဏနှင့် ကုတ်နံပါတ်ကို ငွေထုတ်ယူမည့်သူထံ Message ပို့လိုက်ပါက ငွေထုတ်မည့်သူက အနီးဆုံး ကိုယ်စားလှယ်ထံတွင် သွားရောက် ထုတ်ယူနိုင်ကြောင်း၊ ငွေထုတ်ယူပြီး သွားပါကလည်း ငွေလွှဲသူထံ Message ဖြင့် ပြန်လည် အကြောင်းကြားမည် ဖြစ်ကြောင်း MTS ကုမ္ပဏီထံမှ သိရသည်။

အဆိုပါစနစ်ကို MEC Tel၊ MPT အင်းဝဘဏ် (MEC)၊ MTS (Myanmar Telecommunication Services) တို့ ပူးပေါင်း အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။
The Voice Weekly

တပ်မတော်က သမ္မတ ဘက်ကလည်း မလိုက်ဘူး။ ဦးရွှေမန်း ဘက်ကလည်း မလိုက်ဘူး


 တပ်မတော်, ဦးသိန်းစိန်, ဦးရွှေမန်း,  ဗိုလ်မှူးချုပ်ဝေလင်း, လွှတ်တော်
ဗိုလ်မှူးချုပ်ဝေလင်း (ဓာတ်ပုံ – ဧရာဝတီ)
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေက မြန်မာ့နိုင်ငံရေးဖြစ်စဉ်များအပေါ် စိုးရိမ်သည်ဟု ပြောဆိုကြောင်း သူရဦးရွှေမန်းက သတင်းစာ ရှင်းလင်းပွဲတခုတွင် ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် မြန်မာ့နိုင်ငံရေးလောကတွင် ဦးသန်းရွှေစိုးရိမ်မှုနှင့် ပတ်သက်ပြီး အမျိုးမျိုးအဖုံဖုံ သုံးသပ်ပြောဆိုနေကြသည်။ လတ်တလော နိုင်ငံရေးအခြေအနေမှာလည်း အခြေခံဥပဒေ ပြင်ရေး၊ အသစ်ရေးဆွဲရေး၊ ငြိမ်ချမ်းရေးနှင့်အပစ်အခတ်ရပ်စဲရေး၊ အာဏာလွန်ဆွဲပွဲများနှင့် ရှုပ်ထွေးနေပြီး အာဏာရှိ ပုဂ္ဂိုလ်များ အကြား အကွဲအပြဲများတွေ့မြင်နေရသည်။  လက်ရှိနိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍသည် မြန်မာ့ နိုင်ငံရေး အတွက် အဆုံးအဖြတ်အဖြေ တခု ဖြစ်နေရာ  တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ခေါင်းဆောင် လည်းဖြစ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဒုတိယတိုင်းမှူးလည်းဖြစ်သူ ဗိုလ်မှူးချုပ်ဝေလင်းကို ဧရာဝတီ အယ်ဒီတာ အဖွဲ့ဝင် သာလွန်ဇောင်းထက်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။     ။ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေက လက်ရှိ မြန်မာ့နိုင်ငံရေးအပေါ် စိုးရိမ်တယ်ဆိုပြီး ပြောတယ်လို့ သူရ ဦးရွှေမန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ အဲဒီတော့ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ က ဘယ်လိုမျိုး စိုးရိမ်စရာ တွေရှိနေပြီလဲ။

ဖြေ။     ။ အဲဒါနဲ့ပတ်သက်လို့တော့  ဗိုလ်ချုပ်ကြီးသူရရွှေမန်းရဲ့ ယူဆချက်ပဲဖြစ်မယ်ထင်တယ်။ စိုးရိမ်စရာ ဘာမှ မရှိဘူးလေ။ ကိုယ်တို့လည်း လွှတ်တော်မှာ တက်နေတာပဲ။ ကိုယ့်လုပ်ငန်းတွေ ကိုယ်လုပ်နေကြတာပဲ။ ပါတီတွေလည်း လုပ်ငန်းတွေ ကိုယ်စီနဲ့ လုပ်နေကြတာပဲ။ လောလောဆယ် စိုးရိမ်စရာတော့မရှိဘူး ထင်တယ်။  ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ပတ်သက်လို့ လည်း ဘာမှ စိုးရိမ်စရာမရှိဘူး။   အားလုံး လေ့လာနေကြတာပဲ။ အပြုသဘောနဲ့ အကုန်လုံး ၀ိုင်း ဆွေးနွေး ကြမယ့် သဘောပဲ။

မေး။     ။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တဦးအနေနဲ့ သူရ ဦးရွှေမန်းနဲ့ ဦးသိန်းစိန် တို့  ၂ ဦး ကြားမှာ  အကွဲအပြဲတွေ ရှိနေတယ်လို့ ထင်လား။

ဖြေ။     ။ မရှိလောက်ပါဘူး။ သူတို့တွေက ကာ/လုံမှာလည်း အတူတူ တက်နေကြတာပဲလေ။ ကာလုံအစည်း အဝေးမှာ အကုန်လုံးက မျက်နှာချင်းဆိုင်ပြီး ဆွေးနွေးကြလုပ်နေကြတာပဲ။ ကျနော့်အမြင်မှာတော့ သူတို့ ၂ ဦးကြားမှာ ပြဿနာမရှိ လောက်ပါဘူး။

မေး။     ။ တကယ်လို့ သူရဦးရွှေမန်းနဲ့ ဦးသိန်းစိန်တို့ကြားမှာ အုပ်စုကွဲ သွားပြီဆိုရင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဘယ်ဘက်က ရပ်တည်မလဲ။ ဦးသိန်းစိန်ဘက်ကို လိုက်မလား၊ သူရ ဦးရွှေမန်း ဘက်က လိုက်မလား။ အရင်တခေါက် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေမှာ တုန်းကဆိုရင် တပ်ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်တွေကြားမှာ အကွဲအပြဲတွေ မြင်ခဲ့ရလို့ပါ။

ဖြေ။     ။ အဲဒါမျိုးတော့ မရှိနိုင်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းတုန်းက ဘာရယ်လို့ မဟုတ်ပါဘူး။ အားလုံးနဲ့ ဆိုင်တာကို ၀ိုင်းလုပ်ကြရအောင်လို့ တင်ပြလိုက်တဲ့အခါကျတော့ ဦးရွှေမန်းတို့ဘက်ကလည်း သဘောတူသွားတယ်လေ။ အဲဒါကြောင့် လွှတ်တော် စစ ချင်းမှာ Right To Recall ကို အားလုံး ဆွေးနွေးကြရအောင် ဆိုပြီးတော့ ပြန်လုပ်တယ်လေ။ ကျနော် အမှန်အတိုင်း ပြောရရင် တပ်မတော်သား တွေကလည်း အမျိုးသားနိုင်ငံရေး လို့ပြောပြီး ရပ်တည်နေတဲ့သဘောပဲ။ ဘယ်သူ့ဘက်ကမှ မလိုက်ဘူး ။ လိုက်စရာလည်းမရှိဘူး။ တပ်မတော်က သမ္မတ ဘက်ကလည်း မလိုက်ဘူး။ ဦးရွှေမန်း ဘက်ကလည်း မလိုက်ဘူး။ ပြည်ခိုင်ဖြိုးလည်းအတူတူပဲ။ ပြည်ခိုင်ဖြိုး မှန်တယ် ဆိုရင် ကျနော်တို့ ထောက်ခံမိမှာပဲ။ ဘယ်ပါတီပဲဖြစ်ဖြစ် သူတို့တင်ပြတာတွေ၊ ဆွေးနွေး တာတွေက အပြုသဘောနဲ့ အားလုံးက မှန်တယ်ဆိုရင် ထောက်ခံမှာပဲ ။ တပ်မတော်ရဲ့ ဆွေးနွေးမှုတွေက အပြုသဘောနဲ့ ဆွေးနွေးမှာချည်းပဲ။ အဲဒါတော့ စိတ်ချပါ။

မေး။     ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ ပုဒ်မ ၅၉ (စ) ပြင်ရမယ်လို့ ပြင်သင့်တယ်လို့ ဦးရွှေမန်းက ပြောတယ်။ အဲဒါနဲ့ပတ်သက်လို့ရော အမြင်သိချင်ပါတယ်။

ဖြေ။     ။ အခုတော့ ပြည်ခိုင်ဖြိုးအဖွဲ့ကလည်း အဖွဲ့တွေခွဲပြီးဆွေးနွေးတယ်လို့ သိရတယ်။ အဲဒါတွေကတော့ ဆွေးနွေး နေကြတုန်း။ အဖွဲ့   ၅ ဖွဲ့ ခွဲပြီး ဆွေးနွေးနေကြတုန်းလို့သိရတယ်။ ကျနော်တို့က ပုဒ်မတခုချင်းစီ သွားတဲ့ အခါမှာ ဒီဟာတွေ လည်း ထည့်စဉ်းစားတယ်။ ဒါပေမယ့် တိတိကျကျဆိုတာက အားလုံးကို အပြန် အလှန် ဆွေးနွေးကြမယ်။ ကောင်းတာ တွေရော၊ ဆိုးတာတွေရော ဆွေးနွေးကြမှာပါ။ ကျနော်ထင်တာကတော့ အားလုံး ကတော့ ပြေလည်သွားမယ် လို့ထင်ပါတယ်။

မေး။     ။ သူရ ဦးရွှေမန်းက သမ္မတဖြစ်ချင်တယ်၊ သမ္မတအရည်အချင်း နဲ့လည်း သူ့မှာ ပြည့်စုံတယ်လို့ ပြောထား တယ် ဆိုတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တဦး အနေနဲ့ သူရဦးရွှေမန်းကို သမ္မတ အဖြစ် လက်ခံနိုင်လား။

ဖြေ။     ။ ကျနော့်အမြင်ကတော့ ဘယ်သူပဲ တက်လာလာ သမ္မတဖြစ်လာလို့ရှိရင်တော့ နိုင်ငံတော်က အားလုံးက ရွေးချယ်တာ ဆိုရင်တော့ ကျနော်တို့ လက်ခံရမှာပဲလေ။ ကိုယ့်ညီလည်း လက်ခံရမှာပဲလေ။ ကျနော်တို့က ၀န်ထမ်းတွေ ဖြစ်တဲ့ အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားရမယ့် သဘောဖြစ်ပါတယ်။
ဧရာဝတီ| October 28, 2013

JICA အဖွဲ့၏ ပံ့ပိုးမှုဖြင့် ဧရာဝတီနှင့် ချင်းတွင်းမြစ်တစ်လျှောက် အဆင့်မြင့် ဆိပ်ကမ်းခြောက်ခု တည်ဆောက်သွားမည်


ပို့ဆောင်ရေး ဦးစီးဌာနမှ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ ဂျပန်နိုင်ငံ (JICA)အဖွဲ့၏ အကူအညီဖြင့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်တွင် အဆင့်မြင့် ဆိပ်ကမ်းခြောက်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆင့်မြင့် ဆိပ်ကမ်းများကို ဧရာဝတီမြစ်ပေါ်၌ ဗန်းမော်ဆိပ်ကမ်း၊ မန္တလေးဆိပ်ကမ်း၊ ပခုက္ကူဆိပ်ကမ်းနှင့် မကွေးဆိပ်ကမ်း နေရာများတွင် အဆင့်မြင့်ဆိပ်ကမ်းများ တည်ဆောက်သွားမည်ဖြစ်ပြီး ချင်းတွင်းမြစ်ပေါ်တွင် မုံရွာဆိပ်ကမ်းနှင့် ကလေးဝ နေရာများတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့၌ မန္တလေးဆိပ်ကမ်းနှင့် ရှမ်းလေးကျွန်းရွာအကြားတွင် အလျားပေ ၁၀၀၀၊ အကျယ် ပေ ၃၆ ပေရှိ အဆင့်မြင့် ဆိပ်ခံတံတား တည်ဆောက်သွားမည်ဖြစ်ရာ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပွဲကို အောက်တိုဘာ ၂၆ ရက်က ပြုလုပ်ခဲ့သည်။

"မန္တလေး အဆင့်မြင့်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် အသင့်လျော်ဆုံး နေရာအဖြစ် ရွှေလှံဘိုကျောင်းအောက်ဘက် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမှာ တည်ဆောက်ဖို့ လျာထားတဲ့အတွက် လျာထားဧရိယာ အတွင်းမှာရှိတဲ့ ဒေသခံတွေကို အသိပေး တွေ့ဆုံဆွေးနွေးတာ ဖြစ်ပါတယ်။ စီမံကိန်းကို ၂၀၁၅ ခုနှစ်လောက်မှ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်" ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက ပြောကြားခဲ့သည်။

မန္တလေးဆိပ်ကမ်း ဧရိယာမှာ View Point မှ ချော်ဆိပ်ဘုရားအထိ ၁၄၈၉၀ ပေ အရှည်ရှိပြီး ဆိပ်ကမ်းတစ်လျှောက်၌ နိုင်ငံခြားသား အပျော်စီး သင်္ဘောများအတွက် ဆိပ်ကမ်းနေရာ ၁၀ ခု၊ ကူးတို့ဆိပ်ကမ်း နှစ်ခု၊ လိုင်းတိုလေးခု၊ လိုင်းရှည် ၁၄ ခု၊ ဌာနဆိုင်ရာ ဆိပ်ကမ်းနေရာ ခုနစ်နေရာနှင့် ပစ္စည်းစုပုံခွင့်နေရာ ၃၅ နေရာတို့ရှိပြီး အများပြည်သူ သင်္ဘောများ ၀င်ရောက်ဆိုက်ကပ် အသုံးပြုနိုင်သည့် အဆင့်မြင့်ဆိပ်ကမ်း မရှိခြင်းကြောင့် အများပြည်သူသုံး (ဘုံသုံး) ဆိပ်ကမ်းအား မြေဧက ၃၂ ဧကခန့် အသုံးပြု တည်ဆောက်သွားရန် ဆောင်ရွက်ထားကြောင်း သိရသည်။
Eleven Media Group

chatroom ကြောင့် ချွေးမနှင့် ချိန်းတွေ့မိခဲ့သည့် တရုတ်အမျိုးသား


Monday 28th October 2013
တရုတ် အမျိုးသား တစ်ဦးဟာ အွန်လိုင်းမှာ တွေ့ပြီး အပြင်မှာ တွေ့ဖို့ ချိန်းမိခဲ့တဲ့ မိန်းကလေးဟာ သူ့သားရဲ့ မိန်းမ ဖြစ်နေတာကြောင့် ပြဿနာတွေ
တက်ခဲ့ရကြောင်း သိရပါတယ်။ အသက် ၅၇ နှစ်ရှိ အဆိုပါ တရုတ်အမျိုးသား ၀မ်ဟာ သူ့ချွေးမဖြစ်သူ လီလီနဲ့ အွန်လိုင်း ချက်ရွန်းမှ တဆင့် သိကျွမ်း ခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက်လုံးဟာ မိမိတို့ ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာကို လိမ်ညာ ခဲ့ကြတာပါ။ အချင်းချင်း လိမ်လည် ပို့ခဲ့တဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး သူတို့ နှစ်ယောက်ဟာ တရုတ်နိုင်ငံ၊ မူလင်မြို့ရှိ ဟိုတယ် တစ်လုံးမှာ တွေ့ဖို့ စီစဉ်ခဲ့ကြပါတယ်။

လီလီရဲ့ ခင်ပွန်းဖြစ်သူ တကျွန်းဟာ အွန်လိုင်းမှာ သူ့ဇနီးနဲ့တွေ့ဖို့ ချိန်းလိုက်တဲ့ သူဟာ ဖခင်ဖြစ်နေတယ် ဆိုတာ သိသွားတဲ့ အခါမှာတော့ ဒေါသထွက်ပြီး ဖခင်ကို လက်သီးနဲ့ ထိုးခဲ့ပါတယ်။ တကျွန်းဟာ သူ့ဖခင်ကို လက်သီးနဲ့ ထိုးပြီးတဲ့အခါ ဟိုတယ် ၀န်ထမ်းက ရဲကို ဖုန်းဆက် လိုက်တာကြောင့် ရဲက သူတို့ ၃ ဦးစလုံးကို ထိန်းသိမ်း ခဲ့ပါတယ်။ ယခုတော့ ဖခင်ကို တိုက်ခိုက်မှုနဲ့ တကျွန်းကို ၅ ရက်ကြာ ထိန်းသိမ်း ထားပြီး မူလင်မြို့ ရဲဌာနက အရာရှိတွေဟာ ၀မ်နဲ့ လီလီကို စစ်ဆေး မေးမြန်းခဲ့ကြောင်း သိရပါတယ်။


ဦးနှောက် ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် လေ့ကျင့်ခန်းလုပ်ခြင်း


လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဦး နှောက်က မော်လီကျူးတစ်မျိုးကို လှုံ့ဆော်ပေးနိုင်ပြီး ဦးနှောက်ကျန်း မာရေးကို မြှင့်တင်ပေးနိုင်မယ်လို့ သိရပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်းဟာ သွေးထဲမှာရှိတဲ့ irisin  ဆိုတဲ့ မော်လီကျူးပမာဏကို မြင့်တက်စေပြီး လေ့လာမှုနဲ့ မှတ်ဥာဏ်နဲ့ဆိုင်တဲ့ မျိုးဗီဇတွေကို လှုံ့ဆော်ပေးနိုင်တယ်လို့ သုတေသီတွေက ပြောကြားထားပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အာရုံကြော ပျက်စီးယိုယွင်းတဲ့ ရောဂါတွေနဲ့ မှတ်ဥာဏ်လျော့ပါးလာခြင်းကို အသက်အရွယ် အိုမင်းလာသူတွေမှာ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လေဖြတ်ခြင်း၊ စိတ်ကျခြင်း၊ အယ်ဇိုင်းမားရောဂါတွေရဲ့ လက္ခဏာတွေကိုလည်း သက်သာစေမယ်လို့ သိရပါတယ်။ ဒါဟာ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ဦးနှောက်က ထွက်လာတဲ့ brain-derived neurotrophic factor,BDNF  ဆိုတဲ့ မော်လီကျူးကြောင့်ပဲ ဖြစ်ပါတယ်။
လေ့လာမှုခေါင်းဆောင် ဟားဗတ်ဆေးတက္ကသိုလ်မှ သုတေသီ  Dr.Bruce Spiegenlman က “လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဦးနှောက်က irisin ပမာဏရယ်၊ BDNF ရယ်ကို မြင့်တက်စေပါတယ်။ တစ်ဆက်တည်းမှာပဲ လေ့ကျင့်ခန်းမလုပ်ဘူး ဆိုရင် အဲဒီမော်လီကျူးတွေ နည်းပါးပြီး ဦးနှောက်ကျန်းမာရေးပိုပြီး မြန်မြန်ယိုယွင်း ပျက်စီးစေတယ် ဆိုတာကို ကြွက်တွေမှာ တွေ့ရှိဖော်ထုတ်နိုင်ခဲ့ပါတယ်”လို့ ရှင်းပြထားပါတယ်။ဆက်လက်ပြီး irisin  မော်လီကျူးကိုထိုးဆေးအဖြစ် အသုံးပြုပြီး အာရုံကြောကျန်းမာရေးကို အထောက်အကူပြုနိုင်/မပြုနိုင်ဆိုတာကို လေ့လာနေကြပါတယ်။
ဒီလေ့လာမှုကို Cell Press Journal Cell Metabolism မှာ ဖော်ပြထားပါတယ်။
သန့် စင်

ref: PTI
Health Updates Journal

ဗိုလ်ချုပ်ရဲ့ မင်္ဂလာပွဲ


၁၉၄၂ခုနှစ်၊ စက်တင် ဘာလ ၆ ရက်။
ဤနေ့ကား အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် သူနာပြု ဆရာမကြီး ဒေါ်ခင်ကြည်တို့ ၏ လက်ထပ်မင်္ဂလာပွဲ ကျင်းပသော နေ့ဖြစ်လေသည်။မြန်မာတို့၏ လက်ထပ် မင်္ဂလာပြုသည့် ဓလေ့ထုံး တမ်းစဉ်လာအရ ဆိုလျှင်တော့ ဝါတွင်းကာလကြီးဖြစ်သည့် အတွက် သာမန်အားဖြင့် လက်ထပ်ပွဲ မကျင်းပကြသည့် အချိန်လည်း ဖြစ် သည်။ သို့ သော်လည်း ဂျပန်ခေတ် ဗမာ့ကာကွယ်ရေး တပ်မတော် ဗိုလ်ချုပ်ကြီး ဗိုလ်တေဇ (ဗိုလ် ချုပ်အောင်ဆန်း)နှင့် လက် မထပ်မီညအထိပင် ခွဲစိတ်ခန်း၌ တာဝန်ယူ လုပ်ဆောင်ပေးခဲ့ ရသော သူနာပြုဆရာမကြီး ဒေါ်ခင်ကြည်တို့ အဖို့မူကား မြားမြောင်လှသည့် စစ်ရေး တာဝန်နှင့် ကုသရေးတာဝန် များကြောင့် အချိန်ရခိုက် လက်ထပ်ပွဲ ကျင်းပရခြင်းလည်း ဖြစ်လေသည်။
ထိုနေ့က မင်္ဂလာဧည့်ခံပွဲ ကျင်းပရာ ဂျပန်ခေတ်ဆေးရုံ ကြီး (အလံပြဘုရားလမ်း)၏ အရှေ့မြောက် အစွန်ဆုံးရှိ ခန်းမကြီးတွင် စားပွဲကုလား ထိုင်များ ခင်းကျင်းပြင်ဆင် ထားသည်။ ခန်းမအတွင်းရှိ စင် မြင့်ပေါ်တွင် သတို့သား ဗိုလ် ချုပ်အောင်ဆန်းနှင့် သတို့သမီး ဒေါ်ခင်ကြည်တို့ ထိုင်ရန် နှစ်ယောက်ထိုင် ဆိုဖာ ကြီးတစ်လုံးကို ခင်းထား သည်။ စင်မြင့်ထက်တွင် မဟော်ဂနီ ရောင် ပြောင်လက်နေသည့် စန္ဒရားတစ်လုံး နှင့် ခန်းမကြီး၏ အနောက်ဘက် နံရံတွင် စန္ဒရားတစ်လုံးကို ပြင်ဆင်ထား သည်။ စင်မြင့် ၏ အောက်နား တွင် စစ်ဗိုလ်ကြီးများ၊ ထင်ရှား သော နိုင်ငံ့ခေါင်းဆောင်ကြီး များအတွက် သီးသန့်နေရာများ ချထားလိုက်ပြီး အလယ်ပိုင်းနှင့် အနောက်ပိုင်း တွင် ဆေးရုံ ဝန်ထမ်းများနှင့် ပြင်ပမှ မိတ် သင်္ဂဟများအတွက် ခင်းကျင်း ထားသည်။
မွန်းလွဲ ၁နာရီခွဲလောက် တွင်တော့ ကားကြီးကားငယ် အသွယ်သွယ်ဖြင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ ရောက်ရှိလာကာ နေရာယူ ကြသည်။အခမ်းအနား စ သည်နှင့် ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးဘသန်းက မြို့မငြိမ်းရေး သားပြီး ပြည်လှဖေနှင့် မေ ရှင်တို့ သီဆိုထားသည့် နာမည်ကျော် “သက်ဝေ” သီချင်း ကို စန္ဒရားဖြင့် ဆို တီးတီး၍ ဧည့်ခံခဲ့သည်။ ဤသီချင်းမှာ ဆရာမြို့မငြိမ်းရေးစပ်ခဲ့သော သီချင်းပုဒ်ရေ ၂ဝဝခန့် အနက် မှ ဂီတသက်တမ်း ၂၄နှစ် အ တွင်း ကျော်ကြားခဲ့သည့် သီချင်း တစ် ပုဒ်လည်း ဖြစ် သည်။ ဤသီချင်းနှင့် ပတ်သက် ၍ စာရေးဆရာမကြီး လူထု ဒေါ်အမာကလည်း ” ဆရာငြိမ်း ၏ သက်ဝေ၊ တစ်ချစ်တည်းချစ်၊ သခွပ်ပန်း၊ ဒေါင်း စက်ယာဉ်တို့ သည် မြင်းခင်းတော်၊ နန်းမြို့ တော်၊ နတ်ရှင်နောင်၊ လက်ဝဲ သုန္ဒရစသည့် သီချင်းများနှင့် အတူ ကြာရှည်တည်မည့် ခေတ်သီချင်း (Modern Classics) များဖြစ်နေ ပါလိမ့်မည်” ဟု ” ပြည်သူ ချစ်သောအနုပညာသည်များ” စာအုပ် တွင် မှတ်တမ်းတင်ထားသည်။
ဆိုရလျှင် ” သက်ဝေ” သီချင်းမှာ ဗိုလ်ချုပ်သဘောအကျဆုံး သီချင်းလည်း ဖြစ်သည်။ ဗိုလ်ချုပ်အိမ်မှာရှိနေ စဉ်ရေဒီယိုမှ “သက်ဝေ” သီချင်း လာလို့ကဖြင့် အိပ်ရာပေါ်မှာ မှိန်း၍ ဇိမ်ဖြင့်နားထောင်လေ့ရှိသည့် သီချင်းလည်း ဖြစ်သည်။ ဗိုလ်ချုပ်က မြန်မာအမျိုးသမီးအဆိုတော်တွေထဲ တွင် အဆိုတော်မေရှင်နှင့် ဒိုရာသန်းအေးတို့ကို အကြိုက်
ဆုံးဟုလည်းဆိုသည်။၁၉၄၇ခုနှစ် ဇန်နဝါရီလ နှောင်းပိုင်းက ဗိုလ်ချုပ် အောင်ဆန်း အင်္ဂလန်တွင် ရှိနေစဉ် ဒေါ်ချက်စတာ ဟိုတယ်၌ ပြုလုပ်သော နှုတ် ဆက်ဧည့်ခံပွဲ၌ပင် ဗိုလ်ချုပ်က..
” ဒိုရာဟိုသီချင်းဟာ လေဓူဝံကြယ်မြေမှာ ခကြွေ၊ အဲ..အဲ “သက်ဝေ” သီချင်းဆို စမ်းပါ” ဟု မှတ်မှတ်ရရ တောင်းဆိုခဲ့ပြီးသံပြိုင်သီဆိုရမည့် ” ဓူဝံကြယ်မြေမှာ ခကြွေ” အပိုဒ်အရောက်တွင် လည်း ဗိုလ်ချုပ်ကိုယ်တိုင်  ပါဝင်သီဆိုခဲ့သော သီချင်းလည်း ဖြစ်သည်။ ဤသီချင်းဖြင့်ပင် ဗိုလ်ချုပ်တို့ မင်္ဂလာပွဲ၌ ဆေးရုံအုပ်ကြီးဒေါက်တာ ဦးဘသန်း က  ဂုဏ်ပြုသီဆိုခြင်း လည်းဖြစ်ပါ၏။ဆရာဝန်ကြီး၏ သီချင်း ဆုံးသွားတော့ ဗိုလ်ချုပ်တို့ မင်္ဂလာစုံတွဲက အပျိုရံ၊ လူပျိုရံ များဖြင့် မင်္ဂလာခန်းမ ရှေ့ ကို ရောက် လာပြီး ခန်းမ အတွင်းသို့ တစ်လှမ်းချင်း လျှောက်လာခဲ့ရာ ပရိသတ်အပေါင်းက မတ် တတ်ရပ်၍ ကောင်းချီးပေးပါ၏။ ဗိုလ်ချုပ်တို့ မင်္ဂလာ စင်မြင့်ပေါ်ရောက် ၍ နေရာယူ အပြီးမှာတော့ ဆရာဝန်ကြီး၏ သမီးကစ်တီဘသန်း (နောင် သမ္မတကြီး ဦးနေဝင်းကတော် ဒေါ် ခင်မေသန်း)ကလည်း “သက်ဝေ” သီချင်းကို စန္ဒရားတီး၍ (သမီးအတီး၊ ဖခင်အဆို) ဖြင့် ထပ်မံဂုဏ်ပြုပြန်ပါ၏။
သည့်နောက်တွင်တော့ ဗိုလ်ချုပ်အောင်ဆန်းနှင့် သူနာပြုဆရာမကြီး ဒေါ်ခင် ကြည်တို့၏ မင်္ဂလာအခမ်း အနားတွင် အလင်္ကာကျော်စွာ ဆရာရွှေပြည်အေး ဦးဆောင် သည့် “ရန်အောင်မင်္ဂလာ” တူရိယာအဖွဲ့က မင်္ဂလာတေးသီချင်းများဖြင့် သီဆို ဖျော်ဖြေ ဧည့်ခံခဲ့ပါတော့သည်။ ဗိုလ်ချုပ်တို့ မင်္ဂလာအခမ်း အနားတွင် ဂုဏ်ပြုသီဆိုရန် ဆ ရာရွှေပြည်အေး ကိုယ်တိုင် ရေးစပ်ခဲ့သော “အောင်မင်္ဂလာ” သီချင်းမှာ ဤသို့ ဖြစ်ပါ၏။
” အောင်မင်္ဂလာ”
မင်းကပ္ပိန္ဒနဲ့ အနော် ဇာပုံပမာ ဘိ သိက်လောင်း ကာ..ပေါင်း သဟာ အောင် ကြောင်းနဲ့ဖြင့် ဆုတောင်းမယ် သည် အခါ.. ရတနာ ရွှေမိုးရွာ ရက်မြတ်မှာ အထက်နတ်ပါ လက် ထပ်ပွဲကို နွှဲမယ်လာ နှစ်ဦး မကွာ ရွှေဖူးစာ ဆုံကြတာ.. ရွှေနဲ့မြ ပမာ.. ဂဟေ ဆက်ပေတာ ကျက်သရေဖြာ..ပတ္တမြား ကျောက်မျက်ရွဲနဲ့သာခြယ် လှယ်စီကာ မြရေ ခွက်မှာ ညီညာလှ ရွှေ သက်လျာ တူနှစ်ဖြာ..လ၊ နေထွက် တဲ့ ပုံပမာ ရေဖြန်းမင်္ဂလာပြုမယ် သည်ချိန်ခါ.. (လိုက်ဆိုရန်) (ဗိုလ်တေဇ ရဲ့ ကုသိုလ်ထူးတာ သူဇာယ မင်းလို ဝင်းကြည် ပတာ အလှ ထိပ်တင် မခင်ကြည်ပါ..တူ နှစ်ဖြာတွဲလို့ နွှဲယှဉ်ကာ ရှေးရေ စက်ပေါင်း အကြောင်းဆုံ လာ.. ငွေခရု သင်းနဲ့ သာယာ ညင်းကာ..အောင်ဇေယျတု သဗ္ဗအောင် မင်္ဂလာ..) ရပ်ရွာဆွေမျိုး မိဘစုံစွာ အပ်ခဲ့ ပါတော့မှာ၊ ကိုမောင် အေးက အထူးပဲ ကူညီတာ.. ဝိုင်းဝန်းလို့သာ အားထုတ်ကာ ဗိုလ်တေဇရဲ့ ဂုဏ်ရည်ကိုသာ အထူး ပင် ပြော ကာပြမှာ တကယ်ပဲ နားဆင်တော် မူပါ.. ဥာဏ်ပညာပြည့်စုံစွာ သဘောထားလည်း ကောင်း ပေတာ.. အသက်ငယ် ပေလို့သာ  မြင့်မြတ်တဲ့ စိတ်ထားဟာ မိတ်များ စွာ အားလုံးယုံကြည်ပါ..
ဗိုလ်ချုပ်တို့မင်္ဂလာပွဲအတွက် ဂုဏ်ပြုရေးဖွဲ့သူ အလင်္ကာ ကျော်စွာ ရွှေပြည်အေး၏ အမည်ရင်းမှာ ဦးမောင်အေး ဖြစ်ပါ၏။ ထိုခေတ်တေး ပြုစာဆိုများသည် သီချင်းရေး ဖွဲ့ရာတွင် ၎င်းတို့၏အမည် ကိုလည်းထည့်သွင်းစပ် ဆိုလေ့ ရှိသည်ကို ခေတ်ဟောင်း သီချင်းများတွင် တွေ့နိုင်ကြ မည်ဖြစ်ပါ၏။ နန်းတော်ရှေ့ ဆရာတင်၊ ရွှေတိုင်ညွန့် စ သည့် နိုင်ငံကျော် တေးပြုစာဆိုများမှာ ၎င်းတို့စပ်ဆိုသော သီချင်း များတွင် တေးရေးဆရာအမည် ကို ထည့်သွင်းစပ်ဆိုလေ့ရှိကြ ပါ၏။
ဗိုလ်ချုပ်တို့မင်္ဂလာဆောင်တွင် ဆရာဝန်ကြီးဦးဘသန်းသီဆိုခဲ့သော “သက်ဝေ”  သီချင်းကိုလည်း ဤဆောင်းပါးတွင် ဗဟုသုတအလို့ငှာထည့်သွင်းဖော်ပြ လိုက်ပါ သ တည်း။
” သက်ဝေ”
တေးရေး- မြို့မငြိမ်း
တေးဆို- ပြည်လှဖေ၊ မေရှင်
ပြည်လှဖေ- (သစ္စာမဏ္ဍိုင် မြဲခိုင်ခဲ့ပေ.. မေတ္တာမိုးတွေ.. သွန်းဖြိုးရွာစေ၊ အသည်းမှာ စွဲမက် အသက် ကို ပုံတယ်လေ)၂ တစ်ကိုယ်လုံး သိမ်းကျုံး..လိုရာ သုံးသက်ဝေ အပြုံးမ ပျက်..စိတ်လက် ရှည်ရှည်အချစ် အတွက်ဖြင့် အသက်ပင် သေသေ..အသွေးကိုယူ၊အသားကိုလှူလှူ စိတ်တူတယ်..ရယ်ရယ်၊ ပြုံး ပြုံးမဒ္ဒီဒေဝီ ဝေဿန်ထုံးလို နှလုံး
ပြုကာ ကြည်ဖြူမှာတွေ သက် ဝေအလိုကျဆိုသမျှ ကိုယ်ရော စိတ်ပါလိုက်လျောရပါမယ်လေ။
(သံပြိုင်)- (ဓူဝံကြယ် မြေမှာ ခ ကြွေကောင်းကင်မှာ နေလတွေကွယ်စေ မြမြင့်မိုရ်ပြို အက်ကာကြေ သွေကွက်မယ် စိတ်ဝယ်မထွေ)၂ ချစ်တဲ့သူ အမူတုံးလေးက တိမ်စင် လနှယ် အလှကြွယ်ရှာပေ..ကြာကြာလေ မရိုးတဲ့ပြင် ဆထမ်းပိုး တိုးမယ့်အချစ်တွေ..ကမ္ဘာမြေ အသင်္ချေလဲတောင် မကွဲအောင် တောင်းဆုကိုချွေ..သက်ဝေ ချစ်မက် မပြေ တယ်လေ။
မေရှင်- ခိုင်းတော့သက်ဝေ အချစ်စမ်းချင်စမ်း၊ မစမ်းချင် နေ။ ထူးတဲ့ ခင်မင်တာတွေ..အသက်ကိုစွန့်ရ တောင်ပင် မငြိုငြင်ဘူး အသင့်လိုရာ စေ..။
ပြည်လှဖေ- မခိုင်းရက် ဘူးကွယ်..ဒီ ကိုယ့်လည်ဆွဲ ပုလဲသွယ်ရေ..ရှေ့က မောင် သာအစဉ်နေ အသက်နဲ့ထပ်တူ ကြင်မလေ..ရင်ကိုခွဲလို့ အ သည်းကင်ပါစေ ချစ်သက်ဝေ
နှမစိတ်တိုင်းကျကျ ပျော် သလိုနေ..လှသထက် လှမယ် ဆိုရင် ဆေးဖက်ဝင်ပါလားလို့ မောင့် အသားတွေ၊ မောင့် အသွေးတွေ၊ မောင့်အသည်း တွေ၊ မောင့် နှလုံးတွေ
အသုံးပြုပါလေ..ကြည်ဖြူပါတယ်..လိုရာကိုယူစေ..
(သံပြိုင်) ပြန်ကောက်
သိန်းအေး
ရည်ညွှန်း-
(၁) မှတ်မိသေးတယ် ဂျပန်ခေတ် ဆေးရုံကြီးဝယ် (ဝဏ္ဏကျော်ထင် ဒေါက်တာ မြင့်ဆွေ)
(၂)  ဗိုလ်ချုပ်အောင်ဆန်း ရိုင်း၊ မရိုင်း (လူမော်ဟန်)
(၃)  မြို့မငြိမ်း (Wiki – myanmar))

Popular Myanmar

Myanmar CNN ကို ကျွမ်းကျင်စွာ အသုံးပြုနည်း


Myanmar CNN မှ လာရောက်ဖတ်ရှုသူများ အဆင်ပြေစေရန်၊ ခေါင်းစဉ်များကို ကျကျနန ခွဲထားပေးပါတယ်။ တစ်ပတ်အတွင် လူကြည့်အများဆုံး သတင်းများကိုလည်း ဖော်ပြထားသလို၊ သတင်းဌာနအလိုက် သတင်းများကိုလည်း ဖော်ပြထားပါတယ်။ သို့ပေမယ့် လာရောက်ကြည့်ရှုသူတစ်ချို့က ဖတ်ချင်တာ မတွေ့ရလို့ Myanmar CNN မှ ပြန်ထွက်သွားကြပါတယ်။ အဲဒီလို မဖြစ်ရအောင် ဒီ website ရဲ့ ညာဘက် အပေါ်ဆုံးမှာ search ဆိုတဲ့ကွက်လပ်ကလေး ရှိပါတယ်။ အဲဒါလေးကို အသုံးပြုနည်းကတော့ -

မိုးစက်ဝိုင်နဲ့ ပတ်သတ်သမျှသတင်းတွေ ဖတ်ချင်ရင် မိုးစက်ဝိုင် လို့ရိုက်ထည့်ပြီး enter နှိပ်ပါ။
ခင်ဝင့်ဝါ သတင်းတွေဖတ်ချင်ရင် ခင်ဝင့်ဝါ လို့ရိုက်ထည့်ပြီး keyboard က enter ကိုနှိပ်ပါ။
မျောက် လို့ရိုက်ထည့်ရင်လည်း မျောက်နဲ့ဆိုင်တာတွေ ပေါ်လာမှာပါ။ :D
အခြား မိမိတို့ဖတ်ချင်သမျှကိုလည်း ဒီလိုပဲ ရိုက်ထည့်ပြီး ဖတ်ရှုနိုင်ပါတယ်။

အဲဒီလို ရိုက်ထည့်လိုက်ရင် ကိုယ်ရိုက်ထည့်လိုက်တဲ့ စကားလုံးနဲ့ပတ်သတ်တဲ့ သတင်းတွေကိုပဲ ရွေးထုတ်ပြီး ပြပေးမှာ ဖြစ်ပါတယ်။ အဲဒီလိုရိုက်ထည့်ရာကနေ နောက်ဆုံးတင်တဲ့ သတင်းတွေကိုပဲ ပြန်ကြည့်ချင်တော့တယ်ဆိုရင် HOME ဆိုတာကို နှိပ်လိုက်ရုံပါပဲ။

Myanmar CNN နဲ့ပတ်သတ်ပြီး တစ်ခြား အခက်အခဲရှိပါက [email protected] သို့ ဆက်သွယ်နိုင်ပါသည်။ အခက်အခဲများကို ဖြေရှင်းပေးပါမည်။ ပြောပြပေးပါမည်။

အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို facebook မှာ follow လုပ်ချင်တယ်ဆိုရင်တော့ https://www.facebook.com/ibloggermm မှာ follow လုပ်နိုင်ပါတယ်။

iBlogger
Myanmar CNN

အောင်မင်္ဂလာတွင် လူခေါ်ပွဲစားများကြောင့် ခရီးသည်များ စိတ်အနှောင့်ယှက် ဖြစ်


အောင်မင်္ဂလာအဝေးပြေး ဆိုက်ရောက်ဂိတ်ကိုတွေ့ရစဉ် ။ Photo - သင်းအိအိပိုင်

မြောက်ဥက္ကလာ ၊ အောက်တိုဘာ ၂၇ ။ ။ မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂ လာအဝေးပြေးဂိတ် တွင် လူခေါ် ပွဲစားများကြောင့် ခရီးသည်များ စိတ်အနှောင့်အယှက်ဖြစ်လျက်ရှိ ကြောင်း သိရသည်။ အဆိုပါလူခေါ်ပွဲစားများ မှာ အောင်မင်္ဂလာအဝေးပြေး ကား ဝင်းထဲသာမက ကားဝင်းအပြင် များတွင်ပါ အများအပြားရှိကြောင်း သိရသည်။

ယင်းကားဝင်း အပြင် လူခေါ်ပွဲစားများမှာ လိုင်းကား ပေါ်မှဆင်းလာသော လူများကို လိုက် လံမေးခြင်း၊ ပါလာသော ခရီး ဆောင်အိတ်များ၊ အထုပ်များကို ဆွဲယူ၍ သွားမည့် ကားဂိတ် သို့ မေး မြန်းခြင်းများ ပြုလုပ်ခြင်းကြောင့် ခရီးသည်များ စိတ်အနှောင့်အ ယှက်ဖြစ် လျက်ရှိကြောင်း သိရသည်။

အောင်မင်္ဂလာအဝေးပြေး ဂိတ်မှ ခရီးသည်တစ်ဦးက ''လိုင်း ကားပေါ်က ဆင်းတာနဲ့ လူတွေအ များကြီးလာပြီး ဘယ်သွားမလဲ၊ ဘယ်ဂိတ်လဲလို့ တစ်ယောက်တစ် ပေါက်ပြောပြီး အိတ်တွေ လာဆွဲ တဲ့သူက ဆွဲကြတယ်။ အရင်က စရောက်တုန်းကတော့ ဘာဖြစ် တာလဲဆိုပြီး ကြောက် မိတယ်။ အခုကနားလည်နေပြီဆိုတော့မကြောက်တော့ဘူး။ ကားလက်မှတ်ဝယ်ပြီးပြီ လို့ပြောလိုက်တာနဲ့ ခွာသွားကြရော။ အဲလိုလိုက်လုပ် တော့ သူ့တို့စီးပွားရေးဆိုပေမယ့် စိတ်အနှောင့် အယှက်တော့ဖြစ် တာအပေါ့''ဟု ပြောသည်။

ယင်းအောင်မင်္ဂလာအဝေး ပြေးကားဝင်းမှ လမ်းသွားလမ်း လာတစ်ဦးက ''ဒီလိုလူခေါ် တာ တွေက တအားစိတ်ညစ်ဖို့ကောင်း တယ်။ ဒီတစ်ယောက်ပြောလို့ မပြီး သေး ဘူး။ နောက် တစ်ယောက်က လာမေးပြန်တယ်။ သွားတဲ့ တစ် လျှောက်လုံး ဘယ်သွား မှာလဲက အမြဲအမေး ခံနေရတာ။ တချို့က ဘေးနားကနေတောင် ပါလာသေး တယ်။ ဒီလိုမျိုးတွေ ကို ဖြေရှင်း ပေး ရင် ကောင်း မယ်''ဟု ပြော သည်။ ယင်းလူခေါ်ပွဲစားများသည် တရားဝင် ခွင့်ပြုထားခြင်း မရှိ ကြောင်းနှင့် ထိရောက်စွာ အရေး ယူနိုင်မှု နည်းပါးလျက်ရှိကြောင်း သိရသည်။

Yangon Media Group
သင်းအိအိပိုင် ၊ မြတ်မိုးအောင်

ဂျကာတာလမ်းပေါ်မှ မျောက်ပွဲကို ပိတ်ပင်တားမြစ်


[ ဂျာကထာ ၊ အောက်တိုဘာ ၂၇ ၊ Ref-BBC ]

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့တော်အုပ်ချုပ်ရေးမှူး ဂျိုကို ဝီဒူဒူက လမ်းဘေးတွင်ပြုလုပ် သည့် မျောက်ပြပွဲကိုပိတ်ပင်တား ဆီးရန် အမိန့်ထုတ်ပြန်ခဲ့သည်။
မျောက်ပြပွဲပြုလုပ်ခြင်းက မညှာမတာ ရက်စက်ရာကျသကဲ့ သို့ ရောဂါဖြစ်ပွားစေသည့်အတွက် ယခုကဲ့သို့ ပိတ်ပင်ခြင်းလည်းဖြစ် သည်။ လူအများစည်ကားသော လမ်းပေါ်တွင် မျက်နှာဖုံးတပ်ဆင် ထားသော မျောက်များကိုအသုံး ချ၍ ပြပွဲပြုလုပ်ခြင်းကို အင်ဒို နီးရှားလုံခြုံရေးတပ်ဖွဲ့က တပ်ဖြန့် ကာ လိုက်လံစီးနင်း၍ မျောက်များ ကို ကယ်ဆယ်ခဲ့ရသည်။

ဂျကာတာအုပ်ချုပ်ရေးမှူး က လမ်းဘေးမျောက်ပြပွဲကို လာ မည့်နှစ်တွင် အပြီးသတ်ရှင်းလင်း ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက် မှုကို ရပ်တန့်ရန်နှင့် အများပြည် သူဆိုင်ရာ အဆင့်တိုးတက်မှုရှိစေ ရေးအပြင် မျောက်များသယ် ဆောင်လာသော ရောဂါများမှ အကာအကွယ်ပေးရန် ရည်ရွယ် ချက်ဖြင့် မျောက်ပြပွဲကိုပိတ်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဂျ ကာတာအုပ်ချုပ်ရေးမှူးက ပြော ကြားခဲ့သည်။

မြို့တော်အစိုးရက မျောက် အားလုံးကိုဝယ်ယူ၍ ဂျကာတာမြို့ ရှိ ရာဂူနန်တိရစ္ဆာန်ရုံတွင် ထိန်း သိမ်းစောင့်ရှောက်ထားမည်ဖြစ် သကဲ့သို့ မျောက်ပြပွဲခင်းကျင်း သူများနှင့် မျောက်ပိုင်ရှင်များကို အလုပ်သစ်ရရှိစေရေးအတွက် စီမံပေးသွားမည်ဟု သိရသည်။အင်ဒိုနီးရှားတိရစ္ဆာန်အခွင့် အရေးအုပ်စုက မျောက်ပွဲများကို ပိတ်ပင်ရန် ကာလရှည်ကြာက တည်းက စည်းရုံးလှုံ့ဆော်နေခြင်း ဖြစ်သည်။
Yangon Media Group

ရောမမြို့တော်သူ ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ


ဥရောပ ငါးနိုင်ငံ ခရီး ထွက်ခွာနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ဆုံး ခရီးတထောက်အဖြစ် အီတလီ နိုင်ငံ ရောမမြို့ကို ရောက်နေပါပြီ ။

မနေ့က ရောမ မြို့တော်ဝန်နဲ့ တွေ့ဆုံခဲ့ပြီး သူ့ကို ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ရောမမြို့တော်သူ ဆု ကို လက်ခံ ရယူခဲ့ပါတယ်။

ဒီဆုဟာ ၁၉၉၄ ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည် အိမ်အကျယ်ချုပ် ကျခံနေရစဉ် အတွင်း ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ ရောမမြို့တော်ဝန် Ignazio Marino က ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီ နိုင်ငံ အတွက်တော့ ဒီမိုကရေစီ ၊ လူ့အခွင့်အရေးနဲ့လွတ်လပ်ခွင့် ဆိုင်ရာ စံနမူနာကောင်း ဖြစ်တယ်လို့ ပြောပါတယ်။

ဒီနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီ ဝန်ကြီးချုပ် အန်နရီကို လက်တာ ၊ သမ္မတ နက်ပိုလီတာနို ၊ နိုင်ငံခြားရေး ဝန်ကြီး အယ်မာ ဘိုနီနို တို့အပြင် ပါလီမန် ဥက္ကဌတွေ ၊ တခြား အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

နယ်စပ်မြို့အချို့တွင် ဂိမ်းဆိုင်များ ဆက်တိုက်ဖမ်းဆီး


ကရင်ပြည်နယ်တွင် တရုတ်နိုင်ငံသားများက လောင်းကစားဂိမ်းစက်များယူလာကာ စီးပွားရှာနေသည့်ကိစ္စနှင့်ပတ်သက်၍ အထူးအမိန့်ထုတ်သင့်ကြောင်း ပြည်နယ်အစိုးရအဖွဲ့တွင် ဆွေးနွေးပြီးနောက် မြ၀တီနှင့် ကော့ကရိတ်မြို့များ၌ ဂိမ်းဆိုင်များအား ဖမ်းဆီးမှု အရှိန်မြှင့်တင်လိုက်ကြောင်း သတင်းရရှိသည်။

ယခုနှစ် ဇွန် ၁၇ ရက်တွင် ကျင်းပခဲ့သည့် ကရင်ပြည်နယ်၊ အစိုးရအဖွဲ့ အစည်းအဝေးတွင် ဦးအောင်မြင့်သိန်းက လောင်းကစားနှိမ်နင်းရေး ပြည်နယ်အထူးအမိန့် ပြဋ္ဌာန်းပေးရန် ဆွေးနွေးပြီးနောက် အောက်တိုဘာလအတွင်း ကော့ကရိတ်နှင့် မြ၀တီမြို့ကြီးများတွင် လောင်းကစားဖမ်းဆီးမှုများ အရှိန်တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။

““ပြီးခဲ့တဲ့လပိုင်းက ကော့ကရိတ်မြို့ပေါ်မှာ ဂိမ်းစက်တွေဖမ်းတာကို ခရိုင်ရဲတပ်ဖွဲ့ကို လက်နက်ကိုင်အင်အားစုတစ်စုက၀ိုင်းထားလို့ ဖြေရှင်းခဲ့ရသေးတယ်””ဟု ကရင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်သိန်းက အောက်တိုဘာ ၂၆ ရက်တွင် ပြောသည်။
ကရင်ပြည်နယ်၊ မြ၀တီမြို့ သို့ တရုတ်နိုင်ငံသားများက လောင်းကစားဂိမ်းစက်များ တင်သွင်း၍ လက်နက်ကိုင်အဖွဲ့များ၏ အကာအကွယ်ယူပြီး ပွဲလမ်းသဘင်များကျင်းပကာ စီးပွားရှာလာသည်မှာ နှစ်များစွာကြာလာပြီးနောက် ယခုအချိန်တွင် ဖမ်းဆီးမှုများ အရှိန်မြှင့်လိုက်ကြောင်း ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောအေးမြိုင်က အောက်တိုဘာ ၂၆ ရက်တွင် ပြောသည်။

““အစကတော့ ဘယ်သူမှ မထိရဲဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်မှာစိုးလို့၊ လက်နက်ကိုင်တွေရဲ့မျက်နှာ ကြည့်ရသေးတယ်။ အခုတော့ သူတို့တွေကိုယ်တိုင်က ငယ်သားတွေကို လောင်းကစားနဲ့ မူးယစ်ဆေးဝါးကိစ္စတွေမှာ ၀င်မပတ်သက်ကြဖို့ ပြောပေးလာလို့၊ နောက်ဆို ထာဝရငြိမ်းချမ်းရေးနဲ့အတူ တရားဥပဒေစိုးမိုးရေးပါ ကျွန်တော်တို့ဒေသမှာ တည်မြဲလာမှာပါ”” ဟု ဦးစောအေးမြိုင်က ပြောသည်။အဆိုပါ နှိမ်နင်းမှုတွင် ဘောလုံး၊ ချဲနှင့် ဂိမ်းစက်များ အပါအ၀င် လောင်းကစားပေါင်းစုံကို ဖမ်းဆီးရာတွင် ဂိမ်းစက်များအား သိမ်းဆည်းသော်လည်း ပိုင်ရှင်ကို ဥပဒေအရ အရေးယူမှုမရှိသေးဘဲ ပညာပေးခြင်း စတင် လုပ်ဆောင်ခဲ့ကြောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

အောက်တိုဘာ ၂၄ ရက် နံ နက် ၇ နာရီအချိန်မှ နာရီဝက်အကြာ ၇ နာရီခွဲအချိန်ထိ ကရင်ပြည်နယ်၊ မြ၀တီမြို့အမှတ်(၄)ရပ်ကွက်၊ အဓိဋ္ဌာန်အောင်ဘုရား မြေကွက်လပ်တွင် လောင်းကစားဂိမ်းစက်မျိုးစုံ ၁၉၉ လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲဇာနည် ဖေ့စ်ဘွတ်ခ်တွင် သတင်းထုတ်ပြန်ထားသည်။

ထိုသို့ဂိမ်းစက်များအား ဖမ်းဆီးမှုမရှိသေးမီက အလယ်တန်းအရွယ် ကျောင်းသားလေးများက ညအချိန်တွင် ဂိမ်းဆိုင်များသို့ ရောက်လာပြီး လောင်းကစားလုပ်ရင်း မူးယစ်ဆေးဝါးများသုံးစွဲကာ ခိုက်ရန်ဖြစ်ပွားမှုများရှိခဲ့ကြောင်း မြ၀တီမြို့တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

7Day Daily

လူလိမ်ကန်ထရိုက်များရန်မှ ကင်းဝေးပါစေ


ရန်ကုန်တိုင်းဒေသကြီး၊ မြို့ပြမြေ ဈေးနှုန်းကြီးမြင့်မှုနှင့် ကျေးလက်နေပြည် သူများ ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းပေါ် ပေါက်ပြီးနောက်တွင်အလုပ်အကိုင်အခက် အခဲရှားပါးလာမှုကြောင့် ရန်ကုန်မြို့ပေါ် သို့ အလုံးအရင်းနှင့်ရောက်ရှိလာပြီး ကြုံ ရာကျပန်းလုပ်ကိုင်စားသောက်အခြေချ လာကြသလို၊ လယ်ရောင်း၊ ခြံရောင်းပြီး နိုင်ငံရပ်ခြားအလုပ်ထွက်လုပ်ရန်အတွက် မြို့ပေါ်သို့ ပြောင်းရွှေ့နေရာယူလာမှု ကြောင့် အိမ်ခြံမြေငှား/ရောင်းဈေးကွက် အခြေပြု၍ အိမ်မြေဈေးများမြင့်တက် လာခဲ့ပါတယ်။

အလုပ်အကိုင်ရှားပါးမှုနှင့် အိမ်ခြံ မြေဈေးမြင့်တက်မှုကို အကြောင်းပြု၍ ယခုအခါ မြို့နယ်အချို့တွင် အထပ်မြင့် အဆောက်အအုံများ အပြိုင်အဆိုင်ထွက် လာတာတွေ့နေရပါတယ်။ ကျွန်တော် နေထိုင်ရာ မြို့နယ်အတွင်းမှာ မြို့ပြမြေ ယာအကွက်ရိုက်ထားမှုမှာ ပေ ၄၀x ပေ ၆၀ မြေကွက်များရှိသလို ပေ ၂၅x ပေ ၅၀ မြေကွက်များတည်ရှိနေပါတယ်။ ပေ ၂၅x ပေ ၅၀ မြေကွက်ပေါ်မှာရှိတဲ့ အိမ် လုံးချင်းများနှင့် ပေ ၄၀x ပေ ၆၀ မြေ ကွက်များပေါ်မှာရှိတဲ့ အိမ်တချို့ဟာ ယိုယွင်းပျက်စီးနေမှုကို ကိုယ်ပိုင်ဝင်ငွေ ဖြင့် ပြုပြင်ထိန်းသိမ်းဖို့ အခက်အခဲများ ကြုံတွေ့နေရမှုကို အကြောင်းပြုပြီး ကန် ထရိုက်များနှင့် ငွေကြေးတတ်နိုင်သူများ ကမြေကွက်ဝယ်ယူအထပ်မြင့်အဆောက် အအုံဆောက်သလို ကန်ထရိုက်နှင့် တစ် ခြမ်းပေးတစ်ခြမ်းယူ၊ အခန်းပေးအခန်းယူ တည်ဆောက်ဖို့စာချုပ်ချုပ်ဆိုလာကြရာ မှာ ပေါ်ပေါက်လာတဲ့ပြဿနာတွေကို အခြေပြုပြီး တင်ပြလိုက်ပါရစေ။

ဒီလိုစာချုပ်ချုပ်ဆိုရာမှတစ်ဆင့် ပေါ်ပေါက်နေတဲ့ ပြဿနာတွေကတော့ အမျိုးမျိုးအဖုံဖုံဖြစ်ရပ်ကယ်စုံလို့ပြောရမှာ ပါ။ တချို့ကောင်းမွန်တဲ့ကန်ထရိုက်များ ကဥပဒေနှင့်အညီဆောင်ရွက်တဲ့အတွက် ပြဿနာမရှိဘဲ ချောမွေ့အဆင်ပြေကြ သလို လူလည်/လိမ်ကန်ထရိုက်များနဲ့ စာချုပ်ချုပ်ထားသူတချို့ ကြုံတွေ့နေရ တာကတော့ အခန်းပေးအခန်းယူပြောင်း ရွှေ့စရိတ် ကျပ်သိန်း ၂၀၊၃၀၊၅၀၊၁၀၀ မှ လမ်းမတန်းဆိုလျှင် သိန်း ၄၀၀ ကျပ်ထိ ဈေးပေါက်ပါတယ်။ ဆင်းရဲရိုးသားမှုကို အကြောင်းပြုလို့ ဥပဒေဖြင့် လက်တစ်လုံး ခြားလုပ်ဆောင်ရွက်မှုက (၁) နှစ်ကျော်၊ (၂) နှစ်အထိ အဆောက်အအုံမဆောက် သေးတဲ့အတွက် စာချုပ်ပါစည်းကမ်း ဖောက်ဖျက်မှုနှင့် တရားစွဲရန်ကိစ္စ မဖြစ် ပေါ်အောင် နောက်ကွယ်မှ ဥပဒေအကြံ ပေးသူရဲ့ စီမံဆောင်ရွက်စနစ်ကျမှုနဲ့ မြေရှင်နစ်နာမှုကတော့ စာချုပ်ချုပ်ဆို ရာတွင် ကန်ထရိုက်က အသာစီးရယူထား မှုမှာ အုတ်မြစ်ချသည့်နေ့မှ (၁၂) လ အတွင်း ပြီးစီးအောင်ဆောက်လုပ်ပေး မည်ဆိုတာပါပဲ။ အုတ်မြစ်ကို ဘယ်ရက် တွင် စတင်ဆောင်ရွက်မည်ဆိုတာ မပါရှိ တဲ့အတွက် တရားစွဲလို့ မရတာပါ။ အဆောက်အအုံတည်ဆောက်ဖို့မြေရှင် ဆောင်ရွက်ရမယ့်ကိစ္စတွေ ဆောင်ရွက် ပြီးသော်လည်းကန်ထရိုက်မပေါ်လာတဲ့ အတွက် ဆက်လက်ငှားရမ်းနေထိုင်မှု အခက်အခဲကြုံတွေ့နေရတာပါပဲ။

နောက်တစ်မျိုးကတော့ မြေရှင် ကျေနပ်လောက်အောင်အုတ်မြစ်ချထား ပြီး အခန်းတွေကို ကြိုပွိုင့်စနစ်နဲ့အရစ် ကျငွေအလီလီရယူထားပြီး ဆက်လက် တည်ဆောက်ခြင်းမရှိတဲ့အတွက်တရား စွဲဆိုမှုပါ။ အဆောက်အအုံဆောက်ရန် ဆောင်ရွက်တဲ့အခါမူလအိမ်ဟောင်းဖျက် ခွင့်တင်ချိန်မှာ ဖျက်ပြီးနေပါပြီ။ဖျက်ခွင့် ကျလာချိန်မှာ အုတ်မြစ်ချပြီးနေပါပြီ။ ဆောက်ခွင့်ပြုတဲ့ အထပ်မြင့်ထက်ပို ဆောက်ပြီး ဆောက်ခွင့်ကျလာချိန်မှာ လူတက်ရောက်နေထိုင်နေပါပြီ။ လူနေ ထိုင်ခွင့်ကျသည့်အချိန်ထိစောင့်ဆိုင်းမနေ တော့ပါပဲ တက်ရောက်နေထိုင်ပြီးမှ ရေ ယိုလို့၊ တံခါးဖွင့်ပိတ်မရလို့၊ နောက်ဖေး လှေကားမပါလို့ ဥပဒေအရ အရေးယူ ဒဏ်ရိုက်တဲ့အခါမှာကန်ထရိုက်မရှိတော့ ပါဘူး။အခြားလုပ်ကွက်တစ်ခုကိုရောက် သွားပြီးမြေရှင်တရားစွဲဒဏ်ရိုက်ခံရမှုပါ။

ဒီလိုမျိုးကိစ္စတွေဖြစ်ပေါ်ရတာဟာ သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေး ကော်မတီအုပ်ချုပ်ရေးမှူးနဲ့ ၀န်ထမ်း တွေရဲ့ ဥပဒေနှင့်အညီဆောင်ရွက်မှု အားနည်းချက်ကြောင့်ဆိုရင်မှားမယ်မထင် ပါဘူး။ ခွင့်ပြုချက် အရပ်အခါ် စည်ပင် သာယာဆိုင်းဘုတ်စိမ်းမထောင်ဘဲဆောက် လုပ်နေမှုကို သိရှိလို့ ကန်ထရိုက်ကို ဒဏ်ရိုက်တဲ့ပုဒ်မ ၂၈ အရ တစ်နေ့ဒဏ်ငွေ ကျပ် ၁၀၀၀၀ နှင့် ၁၀ လစာ ကျပ်သိန်း ၃၀ ဆိုတဲ့ငွေဟာ ကန်ထရိုက်အတွက် ပြောပလောက်တဲ့ဒဏ်ကြေးမဟုတ်သလို ကန်ထရိုက်တာတွေဟာ အဆောက် အအုံအတွက် စပေါ်ငွေနဲ့ ကန်ထရိုက် လိုင်စင်စပေါ် ငွေမြင့်မားသောကြောင့် တရားမ၀င်ကန်ထရိုက်များဖြစ်လာပြီး တိုက်ကိုမြန်မြန်ဆောက်သလို အခန်းကြို ပွိုင့်ရောင်းတတ်ကြကြောင်း၊ ပြဿနာဖြစ် သောအခါဆက်သွယ်၍မရတော့ကြောင်း၊ စည်ပင်လူနေထိုင်ခွင့်ပြုချက်မရသော ကြောင့် အခန်းဝယ်သူများ နစ်နာနေ ကြောင်း၊ စက်တင်ဘာ(၁၃) ရက်၊သင်္ဃန်း ကျွန်းမြို့နယ် ထွေ/အုပ်ရုံး၌ ကျင်းပခဲ့ သော ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း အရည်အသွေးမပြည့်မီ သော အဆောက်အအုံများကို ကန်ထ ရိုက်များကဆောက်လုပ်နေပြီးအဆောက် အအုံများသည် ခွင့်ပြုချက်မရှိကြောင်း သိ ရသည့်အပြင် စည်ပင်ကခွင့်ပြုထားသော အထပ်မြင့်ထက် ပိုမိုဆောက်လုပ်ထား ကြောင်း သင်္ဃန်းကျွန်းမြို့နယ်အတွင်း တိုက် (၅၀၀) ကျော်ကို တရားစွဲဆိုထား ကြောင်း၊ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ် ထားသော သုံးထပ်တိုက်တစ်လုံးလျှင် ဒဏ်ကြေး (၈၅) သိန်း (၅) ထပ်တိုက်ဆို လျှင် ဒဏ်ကြေး (၁၆၅) သိန်း ထပ်ရိုက် မည့်အပြင် ခွင့်ပြုချက်မရှိဘဲ ဆက်လက် တည်ဆောက်နေပါက ဖျက်သိမ်းသည် အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ တိုင်းဒေသကြီးအတွက် အခွန် ၀င်ငွေလျော့နည်းပြီး လျော့နည်းအောင် ပြုလုပ်သူများထဲတွင် ရပ်ကွက်အုပ်ချုပ် ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူး၊ မြေပိုင်ရှင်၊ ကန်ထရိုက်၊ တာဝန်ယူ ဆောက်လုပ်သော အင်ဂျင်နီယာနှင့် မြို့ နယ်စည်ပင်အင်ဂျင်နီယာတို့အဓိကပါဝင် ကြောင်း သတင်းထောက် အောင်ထွန်း ရေးသားချက်ကို တွေ့ရပါတယ်။

၁၇-၁၀-၂၀၁၃ နေ့ထုတ် နူနလနည နေ့စဉ်သတင်းစာတွင် သင်္ဃန်းကျွန်းမြို့ နယ်တွင် ခွင့်ပြုသည့်အထပ်ပမာဏကို ကျော်လွန်ဆောက်လုပ်သည့်အတွက် ကျော်လွန်သည့်အထပ်ကို မဖြစ်မနေ ဖျက်ရမည့် အဆောက်အအုံ (၁၁) လုံး ရှိကြောင်း ဖတ်ရတဲ့အခါမှာတော့ ရိုး သားတဲ့ပြည်သူလူထု ကိုယ်ပိုင်ဆိုင်တဲ့ မြေပေါ်ရှိ အိမ်အိုအိမ်ဟောင်းကို မပြု ပြင်နိုင်၍ တိုက်ခန်းပေါ်နေနိုင်ရေး အတွက် ဆောင်ရွက်ရာမှာ တကယ် ကောင်းမွန်တဲ့ စည်းကမ်းစနစ်ကျတဲ့ ကန်ထရိုက်များနှင့် တွေ့ဆုံအဆင်ပြေ စေရေးနှင့် လူလိမ်ကန်ထရိုက်များရန် မှ ကင်းဝေးပါစေကြောင်း ဆုတောင်း လိုက်ရပါတယ်။      

မျိုးထွန်း(NNDP)
Hot News Journal

ဂန့်ဂေါမြို့နယ်ကရှားရှာပါးပါးအမျိုးသမီး ရပ်/ကျေး အုပ်ချုပ်ရေးမှူး


မကွေးတိုင်းဒေသကြီးဂန့်ဂေါ ခရိုင်၊ ဂန့်ဂေါမြို့နယ်သည်ရပ်ကွက်   လေးရပ်ကွက်၊ ကျေးရွာအုပ်စု ၇၁ အုပ်စု၊ ကျေးရွာပေါင်း ၁၁၃ ရွာဖြင့်ဖွဲ့စည်းထားရှိသဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူး ၇၅ ဦးရှိပြီး ယင်းတို့တွင်  အမျိုးသမီးတစ်ဦးကို ကျွေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးအဖြစ်မဲစနစ် ဖြင့် ရွေးချယ်တာဝန်ပေးအပ်ခံ ထားရကြောင်း သိရသည်။

အဆိုပါအမျိုးသမီးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးမှာ ဒေါ်ကေ ခိုင်မျိုးအောင် (၃၀ နှစ်) ဖြစ်ပြီး ဂန့်ဂေါမြို့နယ်ကျွန်းတပ်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးအဖြစ်တာဝန် ထမ်းဆောင်နေခြင်းဖြစ်သည်။ အဆိုပါကျေးရွာအုပ်စုတွင် အမျိုး သား ၁၁ ဦးနှင့် အမျိုးသမီးတစ် ဦးတို့ကိုအုပ်ချုပ်ရေးမှူးရာထူး တာဝန်အတွက် မဲစနစ်ဖြင့် ယှဉ်ပြိုင်ရွေးချယ်ရာတွင် ဒေါ်ကေ ခိုင်မျိုးအောင်မှာ အုပ်ချုပ်ရေးမှူး အဖြစ်တာဝန်ပေးအပ်ခံရသည်။  ဒေါ်ကေခိုင်မျိုးအောင်သည်မူလတန်း  ကျောင်းအုပ်ဦးမြင့်အောင်၊ ဒေါ်ခင်အုန်းတို့၏ သမီးဖြစ်ပြီူး ၁၉၈၄ ခုနှစ် သြဂုတ်လ ၅ ရက် နေ့တွင် ကျွန်းတပ်ကျေးရွာ၌ မွေးဖွားခဲ့သည်။ ပညာအရည် အချင်းမှာ B.A (Eco)  ဖြစ်ပြီး အလုပ်အကိုင်မှာဈေးရောင်းဖြစ် သည်။ အိမ်ထောင်မရှိအပျိုဖြစ် သည်။

“အုပ်ချုပ်ရေးမှူးတာဝန်ထမ်း  ဆောင်ဖို့အတွက်ဘာမှ စိုးရိမ်စရာ  မရှိဘူးဆိုပြီး ဖေဖေက အားပေး လို့အခက်အခဲမရှိဘဲ တာဝန်ထမ်း  ဆောင်နေပါတယ်။ အုပ်ချုပ်ရေး  မှူးလုပ်ဖို့မျှော်လင့်မထားပေမဲ့ အုပ်ချုပ်ရေးမှူးတာဝန်ပေးအပ်ခံ ရတဲ့အအခါရပ်အကျိုးရွာအကျိုး ဆောင်ရွက်ခွင့်ရလို့ကျေနပ်ပါတယ်” ဟု ဒေါ်ကေခိုင်မျိုးအောင်က ပြောကြားသည်။

ဂန့်ဂေါမြို့နယ်ကျွန်းတပ်ကျေး ရွာအုပ်စုတွင် ကျွန်းတပ်ကျေးရွာတစ်  ရွာသာပါဝင်ပြီး အိမ်ခြေ ၁၀၈၊ အိမ်ထောင်စု ၁၂၀၊ လူဦးရေ ၆၄၅ ဦးရှိကြောင်း သိရသည်။

ကြီးမြင့်နိုင်(လွိုင်ကော်)

Hot News Journal

ရခိုင် ဒုက္ခသည်စခန်းတွေ စားနပ်ရိက္ခာ ပြတ်လပ်တော့မည်


ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ  စားနပ်ရိက္ခာ ပြတ်လပ်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က  သတိပေးလိုက်ပါတယ်။

စားနပ်ရိက္ခာ ပြတ်လပ်တော့မယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ နောက်ထပ် ကူညီထောက်ပံ့ပေးမယ့်သူတွေ လိုအပ်နေတယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်ရဲ့ တာဝန်ရှိသူတဦးက  ယခုလို သတိပေး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ပေးနေတဲ့ အကူအညီတွေဟာ ဒုက္ခသည်အားလုံးဆီကို ရောက်အောင် သွားနေပါတယ်။ ဒါပေမယ့် ဒီနှစ်ကုန်ရင် လက်ထဲမှာ ရှိနေတဲ့ စားနပ်ရိက္ခာတွေ ကုန်သွားတော့မှာပါ။ ဒါဟာ ကောင်းတဲ့အရာ မဟုတ်ပါဘူး။ ဒီဒုက္ခသည်တွေဟာ မကြာခင် အချိန်ပိုင်းအတွင်းမှာ သူတို့ရဲ့ နေရပ်တွေကို ပြန်နိုင်မယ့်သူတွေလည်း မဟုတ်ပါဘူး။ ပြီးတော့ ရိက္ခာတွေကို ဆက်ပြီး မပေးနိုင်တော့ဘူးဆိုရင် သူတို့တွေဟာ ယခုထက်ပိုပြီး ဆိုးဝါးတဲ့ အခြေအနေကို ရောက်ကုန်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေအတွက် ရိက္ခာတွေ ပြတ်သွားမှာမို့ပါ။”လို့ ပြောပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က  ရခိုင်ပြည်နယ်အတွက် စားနပ်ရိက္ခာ ဆက်လက် ကူညီ ထောက်ပံ့ပေးနိုင်ဖို့ နောက်ထပ် ၆ လ ၀န်းကျင်အတွက် အမေရိကန်ဒေါ်လာ ၁၃ သန်း လိုအပ် နေတယ်လို့လည်း ပြောပါတယ်။ အလှူရှင်တွေဆီက ထောက်ပံ့မှုအသစ်တွေ မရရင် ကုလသမဂ္ဂရဲ့ အေဂျင်စီတွေအနေနဲ့ ဒုက္ခသည်တွေကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီအထိသာ ရိက္ခာတွေ ထောက်ပံ့ပေးနိုင်မှာ ဖြစ်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က သတိပေး ထားပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းတွေအရ စစ်တွေမြို့အနီးက ဗုဒ္ဓဘာသာတွေ နေထိုင်တဲ့ ဒုက္ခသည်စခန်းမှာ လူပေါင်း ၃ ထောင် ရှိပြီး အစ္စလာမ့်ဘာသာဝင်တွေနေထိုင်တဲ့ ဘောဒူဘ စခန်းမှာတော့ လူပေါင်း ၁ သောင်း ၅ ထောင်လောက် ရှိနေပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ဒုက္ခသည် စုစုပေါင်း ၁ သိန်း ၄ သောင်း ၂ ထောင်အတွက် နေထိုင်စရာ အဆောက်အဦ၊ ဆန်၊ ဆီနဲ့ ဆား စတာတွေကို ထောက်ပံ့ပေးနေတာ ဖြစ်ပြီး ကလေးသူငယ် ၅၀ ရာခိုင်နှုန်းဟာလည်း ကြီးထွားမှု နှေးကွေးနေတယ်လို့ ခန့်မှန်းထားပါတယ်။

ဒုက္ခသည်တွေအတွက် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကူအညီတွေကို ပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် ဇွန်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လူ၂၀၀ ကျော်သေဆုံးခဲ့ပြီး လူပေါင်း ၁ သိန်း ၄ သောင်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

 by ဒီဗွီဘီ

ဘင်္ဂလာဒေခ်ျ့မှ ၀င်ရောက်လာသူ ဒါဇင်နှင့်ချီပြီး ရသေ့တောင်မြို့နယ်တွင် ဖမ်းမိ


ဘင်္ဂလာဒေခ်ျ့မှ စက်လှေ တစ်စီးဖြင့် ၀င်ရောက်လာသူ အနည်းဆုံး လူ ၁၈ ဦးကို ရသေ့တောင်မြို့နယ် တွင် သက်ဆိုင်ရာ နယ်မြေခံ စစ်တပ် တပ်ရင်း တစ်ခုက ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။

ရသေ့တောင်မြို့နယ် တောင်ပိုင်း ချိန်ခါလီရွာတွင် လွန်ခဲ့သော တနင်္ဂနွေနေ့ နံနက် စောစောပိုင်း ညဥ့်အချိန်တွင် ဖမ်းမိခြင်း ဖြစ်ကြောင်း  ရသေ့တောင်မြို့နယ် လောင်းချောင်းရဲစခန်းမှူးက အတည်ပြု ပြောကြားသည်။

“ ကျနော်ရသလောက် သတင်းကို ပြောရရင် စုစုပေါင်း ၁၈ ဦး ဖမ်းမိပါတယ်။ ဘင်္ဂလာကလည်း ပါတယ်။ မြန်မာဘက်ကလည်း ပါတယ်။ သူတို့  ဘာကြောင့်ဝင်လာသလဲ ဆိုတာတော့ အဖမ်းခံရတဲ့ သူတွေ ကျနော်တို့ စခန်းကို မရောက်သေးတဲ့ အတွက် တိတိကျကျ ပြောလို့ မရသေးဘူး” ဟု ဆိုသည်။

ပင်လယ်ပြင်တွင် ရာသီ ဥတု ဆိုးဝါးမူကြောင့် ၀င်ရောက်လာပုံရကြောင်းနှင့် ယခုအခါ လောင်းချောင်းရဲစခန်းသို့ ဖမ်းဆီးရမိသူများကို ယူဆောင်လာနေကြောင်း သူက ဆက်လက် ပြောဆိုသည်။

ချိန်ခါလီ ဒေသခံ တစ်ဦးကမူ ယမန်နေ့ နံနက် ၈ နာရီထိ ဖမ်းဆီးရမိသူမှာ စုစုပေါင်းမှာ ၂၁ ဦးဖြစ်ကြောင်း၊ ထိုအထဲတွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၂ ဦးနှင့် မောင်တောမှ မွတ်ဆလင် ၉ ဦး ပါဝင်ကြောင်း ပြောကြားသည်။

“ စက်လှေ တစ်စီး ဆိပ်ကပ်လာတော့ ကျနော်တို့ ရွာသားတွေက စစ်တပ်ကို အကြောင်းကြားတယ်။ စစ်တပ်နဲ့ ရွာသားတွေ ၀ိုင်းဖမ်းတော့ လူပေါင်း ၂၁ ဦး ဖမ်းမိပါတယ်” ဟု ဆိုသည်။

ဖမ်းဆီးမိသူများကို စစ်ဆေးသောအခါ စက်လှေပေါ်တွင် ဘင်္ဂလာဒေ့ခ်ျမှ လူပေါင်း ၁၈၀ လိုက်ပါ လာကြောင်း၊ စက်လှေ ဆိပ်ကပ်ပြီးချင်း ချိန်ခါလီ/ကိုးတန်ကောက် နယ်မြေထဲသို့ ၎င်းသူများ ဝင်ရောက် ထွက်ပြေးသွားကြသည်ဟု ပြောဆိုကြောင်း ရွာသားက ဆိုသည်။

ယခုအခါ စစ်တပ်၊ ရဲနှင့် ဒေသခံ ရခိုင်တိုင်းရင်းသားများက ထွက်ပြေးသွားသူများကို ပူးပေါင်း ရှာဖွေလျှက် ရှိကြကြောင်း သိရှိရပါသည်။

ယခု ဘင်္ဂလာဒေခ်ျ့မှ ၀င်ရောက်လာသူများကို ဖမ်းဆီးမိသော ချိန်ခါလီ ဒေသသည် ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း မယူကမ်းတွင် တည်ရှိပြီး ဘင်္ဂလာဒေခ်ျ့နှင့် နီးကပ်စွာ တည်ရှိသည်။

(နိရဉ္စရာ- ၂၈ အောက်တိုဘာ ၂၀၁၃)

၂၀၁၅-၂၀၁၆တွင် ဆက်သွယ်ရေးဝန်ဆောင်မှု ၈၀ရာခိုင်နှုန်းအထိ တိုးမြှင့်မည်ဟုဆို


ရေခဲ(ပြည်)

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၈၀ ရာခိုင်နှုန်းအထိ တိုးတက်ကောင်းမွန်လာစေရန် လုပ်ဆောင်မည်ဟု ရည်မှန်းထားကြောင်း ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန ဒု-၀န်ကြီး ဦးဝင်းသန်းက အောက်တိုဘာလ ၂၆ရက်က ပြောကြား လိုက်သည်။

၎င်းက ပြည်ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် အောက်တိုဘာလ ၂၆ရက်က ပြုလုပ်သော ပို့ဆောင်ဆက်သွယ် ရေးနှင့် ဆောက်လုပ်ရေး ကော်မတီတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

“၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ ၇၅ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ ကျွန်တော်တို့ တယ်လီဖုန်း ၀န်ဆောင်မှု တိုးတက်အောင်လုပ်ဖို့ စီမံကိန်းချပြီး ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဒု-၀န်ကြီး ဦးဝင်းသန်းက ပြောသည်။

ထို့အပြင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်တွင် တယ်လီဖုန်းဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း၏ တယ်လီဖုန်းသိပ်သည်းဆကို ၂၇ရာခိုင်နှုန်းအထိ တိုးတက်လာစေရန်ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၁၄-၂၀၁၅တွင် ၅၀ရာ ခိုင်နှုန်းအထိ ဆောင်ရွက်ကာ ၂၀၁၅-၂၀၁၆ တွင်မူ ၈၀ ရာခိုင်နှုန်းအထိ တိုးတက်လာရန် အမျိုး သားစီမံကိန်းရေးဆွဲကာ အဆင့်ဆင့် ဆောင်ရွက်မည်ဟုဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)၊ ရတနာပုံတယ်လီပို့စ်တို့မှ လုပ်ကိုင်နေခြင်းဖြစ်ပြီး ကာတာနိုင်ငံမှ Ooreedo ကုမ္ပဏီနှင့် နော်ဝေနိုင်ငံရှိ တယ်လီ နော ကုမ္ပဏီတို့ကလည်း လုပ်ပိုင်ခွင့်ရရှိထားသည်။ ထိုကုမ္ပဏီများသည် ဆက်သွယ်ရေးနည်း ဥပဒေ ထွက်ရှိလာပါက အကောင်အထည် ဖော်လုပ်ကိုင်မည်ဖြစ်သည်။ ဆက်သွယ်ရေး ဥပဒေ သည်လည်း အောက်တိုဘာလထဲတွင် ထွက်ရှိခဲ့ခြင်းဖြစ်သည်။

“မရှေးမနှောင်းဘဲ အားလုံးလုပ်မယ်ဆိုရင် ကျွန်တော်တို့ ရည်မှန်းချက်ကို ပြည့်မီ လိမ့်မယ်လို့ ကျွန်တော် မြင်ပါတယ်။ ကျော်လည်း ကျော်လွန်သွားနိုင်ပါတယ်” ဟု ဒု- ၀န်ကြီး ဦးဝင်းသန်းက ပြောသည်။
Mizzima - News in Burmese

ဒေါ်အောင်ဆန်းစုကြည် ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံ


ရန်ကုန်၊ အောက်တိုဘာ ၂၇

ဥရောပသို့ ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အီတလီနိုင်ငံ ဗာတီကန်မြို့တော်၏ အအချုပ်အချာ အာဏာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် အောက်တိုဘာလ ၂၈ ရက်နေ့ (ယနေ့) တွင် တွေ့ဆုံမည် ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ သတင်းပြန်ကြားရေး အရာရှိ Federio Lombardi က သတင်းထုတ် ပြန်သည်။

ရောမမြို့တော်၏ ၂၆၆ ဦးမြောက် အဓိပတိ ဘုန်းတော်ကြီး ဖရန်စစ်သည် အီတလီနိုင်ငံသို့ ပထမဦးဆုံး အကြိမ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်ကို ဗာတီကန် နန်းတော်၌ တွေ့ဆုံမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပုပ်ရဟန်းမင်းတို့ တွေ့ဆုံရာတွင် မည်သည့် အကြောင်းအရာများကို ဆွေးနွေးမည်ကို တစ်စုံတစ်ရာ ထုတ်ပြန် ကြေညာခြင်း မရှိပေ။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၂၇ ရက်နေ့တွင် အီတလီနိုင်ငံသို့ သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း အီတလီ နိုင်ငံခြားရေးဝန်ကြီး Emma Bonino၊ အီတလီသမ္မတ Giorgio Napolitano တို့ နှင့် တွေ့ဆုံခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ဒုတိယအကြိမ် ဥရောပ ခရီးစဉ်များကို အောက်တိုဘာလ ၁၈ ရက်မှ စတင်ခဲ့ပြီး ပြင်သစ်နိုင်ငံ အခြေစိုက် အီးယူပါလီမန်က ချီးမြှင့်သည့် Sakharov လူ့အခွင့်အရေးဆုကို လက်ခံရယူခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော် အစိုးရ အရာရှိများဖြင့် ဖွဲ့စည်းထားသော ဒီမိုကရေစီ အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အရှိန်မြှင့်တင်ရန် မြန်မာအစိုးရထံ တိုက်တွန်းသင့်ကြောင်း၊ မြန်မာနိုင်ငံကို အကူအညီများ ပေးအပ်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြရန် ဥရောပနိုင်ငံများ၊ အမေရိကန် ပြည်ထောင်စုနှင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းတို့ထံ တောင်းဆိုခဲ့သည်။

ထို့အပြင် ဗြိတိန်နိုင်ငံသို့ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး ဗြိတိန် ဝန်ကြီးချုပ်၊ ဗြိတိန် တော်ဝင်မင်းသားတို့နှင့် တွေ့ဆုံခဲ့သည့် အပြင် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဗြိတိန်တော်ဝင် စစ်တက္ကသိုလ် ဆင်းမ်ဟဒ်တွင် မိန့်ခွန်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ခရီးစဉ်ကို စတင်ခဲ့ပြီး နိုဝင်ဘာလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံ သို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။
The Voice Weekly

သရော်စာ ကာတွန်းများ







အစိုးရနှင့် KIO တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ ဒုက္ခသည်များအတွက် စားဝတ်နေရေး ခက်ခဲလာ


ဖနိဒါ

ဗန်းမော်ခရိုင် မန်စီမြို့နယ် နမ်လင်းပါ ကျေးရွာအနီး အစိုးရ၏တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ အောက်တိုဘာ ၂၇ ရက်တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ပြေးဒုက္ခသည်များအတွက် စားဝတ်နေရေး ခက်ခဲလာဖွယ်ရှိသည်ဟု KIA တပ်မဟာ ၃ တပ်ရင်းမှူး ဒုတိယဗိုလ်မှူး ဂျွန်းအောင်က မဇ္ဈိမ ကိုပြောသည်။

ထိုဒေသတွင် အစိုးရတပ်ရင်း သုံးရင်းမှ အင်အား ၃၀၀ ကျော် နမ်းလမင်းပါ ကျေးရွာ၏ မြောက်ဘက် စဂနမ်ခွမ်တွင် လှုပ်ရှားနေသဖြင့် အောက်တိုဘာ ၂၇ ရက် နံနက် ၉ နာရီတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“အစိုးရစစ်တပ်က လှုပ်ရှားလာလို့ ကျွန်တော်တို့ဘက်က ပျောက်ကျားပုံစံ သွားပစ်တာ။ မနေ့ (အောက်တို ဘာ ၂၆) ကလည်း တိုက်ပွဲဖြစ်တယ်။ ဒီရက်ပိုင်းက သူတို့ အစိုးရနဲ့ နီးနီးကပ်ကပ် ရှိနေတော့ သူတို့ ပစ်လိုက်၊ ကျွန်တော်တို့ဘက်က ပစ်လိုက်ပဲ။ အစိုးရဘက်က လက်နက်ကြီးတွေ ပစ်တယ်” ဟု ဒု- ဗိုလ်မှူးဂျွန်းအောင်က မဇ္ဈိမကိုပြောသည်။

ထိုတိုက်ပွဲများကြောင့် မန်စီမြို့နယ် မိုင်းခေါင်၊ မုန်းဒိန်ပါ၊ ကောင်ဂျာနှင့်နမ်လင်းပါ ကျေးရွာများမှ ရွာသားများ စစ်ပြေးဒုက္ခသည်များအဖြစ် တိုးမြင့်လာနေပြီး ရက်ရှည်တိုက်ပွဲ ဆက်လက်ဖြစ်ပွားလာပါက စားဝတ်နေရေး အခက်အခဲ ဖြစ်လာနိုင်ဖွယ် ရှိသည်” ဟု သူကပြောသည်။

“ရွာသားတွေက ဘယ်မှသွားလို့မရဘူး။ ရွာအပြင်သွားလို့လဲ မရဖြစ်နေတယ်။ အခု လောလောဆယ်တော့ ဒီဒုက္ခသည်တွေအတွက် ဗန်းမော်ဘက်က ကရုဏာကကူညီတဲ့ ဆန်အိတ်တွေ အခု ပြန်သယ်ယူဖို့ လုပ် တာ၊ အဲဒီမှာ စစ်တပ်ကရှိတော့ သယ်ယူလို့ မရဘူး ဆိုတော့ တခြားနည်းလမ်းနဲ့ သယ်ယူရတော့မယ်၊ ကြာလာရင်တော့ ခက်ခဲလာမယ်” ဟု ဒု-ဗိုလ်မှူးက ဆက်ပြောသည်။

အစိုးရတပ် ရောက်ရှိနေသော ကောင်ဂျာနှင့် မုန်းဒိန်ပါ ကျေးရွာများတွင် ကရုဏာ အဖွဲ့မှလှူဒါန်းထားသော ဆန်အိတ်ပေါင်း ၇၀၀ ကျော်အား သိုလှောင်ထားပြီး ဒုက္ခသည်များအတွက် ထိုဆန်အိတ်များ သွားသယ်ယူရန် ခက်ခဲနေခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၇ ရက်က ကောင်ဂျာကျေးရွာမှ စစ်ပြေးဒုက္ခသည် ၆၀ ကျော်ကို KIA က နမ်လင်းပါ ကျေးရွာ ဒုက္ခသည်စခန်းသို့ ခေါ်ယူလိုက်ပြီး မူလက နမ်းလင်းပါ ဒုက္ခသည်စခန်းတွင် ခိုလှုံနေသူများနှင့် ရွာသားများ စုစုပေါင်း အနည်းဆုံး ၁၅၀၀ ထက်မနည်း ရှိနေသည်။ လတ်တလော ဒေသခံ ကျေးရွာသား များနှင့် စစ်ပြေးဒုက္ခသည်များသည် အပြင်ထွက်၍မရဘဲ ရက်ရှည်တိုက်ပွဲ ဆက်လက် ဖြစ်ပွားလာပါက စစ်ပြေးဒုက္ခသည်များ စားဝတ်နေရေး ပြတ်တောက်သွားဖွယ် ရှိသည်ဟုလည်း ဒု-ဗိုလ်မှူး ဂျွန်းအောင်က ပြောသည်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်၏ အဖွဲ့ ၀င်တစ်ဦးဖြစ်သည့် ဒေါ်ခွန်ဂျာက စစ်ဘေး ဒုက္ခသည်များအတွက် ရိက်္ခာလိုအပ်လျက်ရှိ ပြီး အဆက်အသွယ်လည်း ပြတ်တောက်လျက်ရှိသည်ဟု ဆိုသည်။

“အဲ့လူတွေကလည်း တောထဲမှာ မနေ့တုန်းကတော့ ရာကျော်ပဲရှိတယ်။ အခုကတော့ တစ်ရွာပြီးတစ်ရွာ ထပ်သွားတော့ တစ်ထောင်ကျော်နေပြီ။ သူတို့ကလည်း ဆန်မရှိဘူး။ နမ့်လင်းပါကတော့ ရွာထဲကို မ၀င် သေးဘူး။ ပတ်ပတ်လည်ကို ၀ိုင်းထားတယ်။ အခု နမ့်လင်းပါနဲ့ဆို အဆက်အသွယ် ပြတ်နေတယ်။ လူ လည်းသွားလို့မရ၊ ဖုန်းလည်းဆက်လို့ မရဘူး။ အခုကဆန်လိုနေတာပေါ့။” ဟု ဒေါ်ခွန်ဂျာကပြောသည်။

ထို့ပြင် ယခုရက်ပိုင်း အစိုးရစစ်တပ်က မုန်းဒိန်ပါ၊ အောင်ဂျာနှင့် မခေါ်ယန်ကျေးရွာများမှ ရွာသား ၁၁ ဦး အား ဖမ်းဆီးသွားခဲ့ပြီး တချို့အား ပြန်လည်လွှတ်ပေးလိုက်သည်ဟု သိရသော်လည်း တချို့ကိုမူ ဆက် လက် ဖမ်းဆီးထားသည်ဟု ဆိုသည်။ယခုလ ၈၊ ၉၊ ၁၀ ရက်နေ့များတွင် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပြီးနောက် KIA တပ်ရင်း ၁၂ နယ်မြေ အတွင်း အစိုးရဘက်မှစစ်တပ်က မန်းစီမြို့နယ်အတွင်း အင်အားတိုးမြှင့်ချလာ သဖြင့် ယနေ့ထိ တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။ အစိုးရတပ်နှင့် KIO တို့ တိုက်ပွဲဖြစ်ပွားနေခြင်းအတွက် အစိုးရဘက်မှ တာဝန်ရှိသူများကို မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း အဖြေ မရခဲ့ပါ။

တိုက်ပွဲများဖြစ်ပွားရာတွင် အရပ်သားများ ထိခိုက်ရခြင်းအတွက် စိုးရိမ်မိသည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်ထားပြီး တိုက်ပွဲများကြောင့် နမ်လင်းပါ ကျေးရွာမှ လူဦးရေ ၁,၂၀၀ ခန့် ထွက်ပြေး တိမ်းရှောင်နေရသည်ဟုလည်း ခန့်မှန်းထားသည်။ KIO ထိန်းချုပ် နယ်မြေအတွင်း၌ ဒုက္ခသည်ပေါင်း ခုနစ်သောင်းခန့်ရှိနေပြီး ဌာနချုပ်ရှိရာ လိုင်ဇာမြို့အတွင်းတွင်ပင် ဒုက္ခသည် နှစ်သောင်းကျော်ရှိသည်ဟု ယုံကြည် ရသည်။

အစိုးရနှင့် KIO တို့ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ပစ်ခတ်နေမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။KIO မှ ဦးဆောင်ကျင်းပမည့် တိုင်းရင်းသား ထိပ်သီးညီလာခံကိုလည်း အောက်တိုဘာ ၂၉ မှ ၃၁ ရက်အထိ KIO ဌာနချုပ် လိုင်ဇာတွင် ပြုလုပ် ရန်ရှိနေသည်။

Mizzima - News in Burmese

မန္တလေးတိုင်း ခြောက်မြို့နယ်တွင် အခြေခံဥပဒေပြင်ဆင်ရန် ၉၉ ရာခိုင်နှုန်း သဘောတူညီ


အောင်ကိုဦး

မန္တလေးတိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်၊ အသစ်ရေးဆွဲရန် လူထုဆန္ဒ ကောက်ယူမှုကို အောက်တိုဘာလ ၂၆ရက် နှင့် ၂၇ရက်နှစ်ရက်တာ ပြုလုပ်ခဲ့ရာ ပြင်ဆင်ရန် ၉၉ ရာခိုင်နှုန်းထောက်ခံခဲ့ သည်ဟု မန္တလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကိုကိုလေးက မဇ္ဈိမကိုပြောသည်။

“ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီတဲ့ ဒီဖွဲ့စည်းပုံကို ပြင်ဆင်ရပါမယ်။ ပြင်ဆင်ပေးဖို့ ပြည်သူလူထုဆီ ဆန္ဒခံ ယူမှုတွေလုပ်တာ ထောက်ခံမှုတွေ ရအောင်လုပ်နေတာ ပါတီအတွက် မဟုတ်ပါဘူး။

“ပြည်သူလူထုတစ်ရပ်လုံးအတွက် လုပ်ဆောင်နေတာပါ” ဟု ခရိုင် NLD ဒု-ဥက္ကဋ္ဌ ဦးကိုကိုလေးက ပြောသည်။

ထိုသို့ လူထုဆန္ဒရယူမှုကို အောက်တိုဘာ ၂၆ရက်နှင့် ၂၇ရက်တွင် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ခြောက် မြို့နယ်တွင် အခြေခံဥပဒေနှင့် ပတ်သက်သည့် ဟောပြောမှုများ၊ ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်ကာ ဆန္ဒရယူခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဟောပြောရှင်းလင်းရာတွင် ပြည်သူအများစုအနေဖြင့် အခြေခံဥပဒေ အား သိရှိနားလည်ခြင်းမရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးလှိုင်မြင့်က ပြောသည်။

“ဒါတွေဟာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ပြည်သူကို ချမပြခဲ့ဘူး။ အဲလိုတွေ မသိခဲ့ရတော့ ပြည်သူလူထုရဲ့ အခွင့်အရေးတွေ ဆုံးရှုံးတယ်။ ရပိုင်ခွင့်တွေ မရတော့ဘူး။ အာဏာရှင်တွေသာ ကောင်းစားပြီး အကျိုး အမြတ် ခံစားခဲ့ကြရတယ်။ သူတို့ပဲ လုပ်ပိုင်ခွင့်တွေရ ခဲ့ကြတယ်။ အခုပြည်သူနဲ့ အစိုးရမျှဖို့ ပြင်ဆင်စရာ ရှိတာပြင်ဆင်ဖို့ ဆောင်ရွက်ကြမှာပါ။ ပြင်ဆင်နိုင်မှ ပြည်သူတွေချမ်းသာမယ်လို့ ယုံကြည်တယ်” ဟု မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေအကြံပေးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးလှိုင်မြင့်က မဇ္ဈိမကို ပြောသည်။

အခြေခံဥပဒေအား ပြည်သူလူထုသိရှိရန် မန္တလေးခရိုင်အတွင်းရှိ အောင်မြေသာစံ မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် ဆွေးနွေးရှင်းလင်းကာ ဆန္ဒကောက်ယူခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မန္တလေးတိုင်းအတွင်းရှိ ကျေး လက်ဒေသများအထိ ကောက်ခံကာ ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဟု မန္တလေးတိုင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ထွန်းဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ယင်းသို့ ကောက် ခံခြင်းကို အောက်တို ဘာလကုန်ခန့်တွင် အပြီးကောက်ခံသွားမည်ဖြစ်ပြီး နိုဝင်ဘာလတွင် အဖွဲ့ဝင် ၁၀၉ ဦး ပါ ၀င်သော လွှတ်တော်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပူးပေါင်းလေ့လာရေး ကော်မတီသို့ ဆက်လက် တင်ပြသွားမည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ NLD မှ သဘောထား ကောက်ယူမှု များကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းတို့တွင် ကောက်ယူပြီးဖြစ်ရာ ပြင်ဆင်ရေးအား ထောက်ခံသူ ၈၀ ရာခိုင်နှုန်းနှင့် ၉၀ရာခိုင်နှုန်းအကြား ရှိသည်။ အသစ်ရေးဆွဲ ရန် ဆန္ဒပေးသူမှာ ၂၀ ရာခိုင်နှုန်းခန့်သာ ရှိသည်ဟု သိရသည်။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၄၃၆တွင် ဖွဲ့စည်းပုံရှိ အခန်းအချို့မှ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန်္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ထက်ဝက် ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ဖြစ်သည်။

အချို့ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် ပြင်ဆင်ရမည်။
Mizzima - News in Burmese