ဗိုလ်ချုပ်ရဲ့ မင်္ဂလာပွဲ

ပို့စ်တင်ချိန် - 10/28/2013 04:10:00 PM


၁၉၄၂ခုနှစ်၊ စက်တင် ဘာလ ၆ ရက်။
ဤနေ့ကား အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် သူနာပြု ဆရာမကြီး ဒေါ်ခင်ကြည်တို့ ၏ လက်ထပ်မင်္ဂလာပွဲ ကျင်းပသော နေ့ဖြစ်လေသည်။မြန်မာတို့၏ လက်ထပ် မင်္ဂလာပြုသည့် ဓလေ့ထုံး တမ်းစဉ်လာအရ ဆိုလျှင်တော့ ဝါတွင်းကာလကြီးဖြစ်သည့် အတွက် သာမန်အားဖြင့် လက်ထပ်ပွဲ မကျင်းပကြသည့် အချိန်လည်း ဖြစ် သည်။ သို့ သော်လည်း ဂျပန်ခေတ် ဗမာ့ကာကွယ်ရေး တပ်မတော် ဗိုလ်ချုပ်ကြီး ဗိုလ်တေဇ (ဗိုလ် ချုပ်အောင်ဆန်း)နှင့် လက် မထပ်မီညအထိပင် ခွဲစိတ်ခန်း၌ တာဝန်ယူ လုပ်ဆောင်ပေးခဲ့ ရသော သူနာပြုဆရာမကြီး ဒေါ်ခင်ကြည်တို့ အဖို့မူကား မြားမြောင်လှသည့် စစ်ရေး တာဝန်နှင့် ကုသရေးတာဝန် များကြောင့် အချိန်ရခိုက် လက်ထပ်ပွဲ ကျင်းပရခြင်းလည်း ဖြစ်လေသည်။
ထိုနေ့က မင်္ဂလာဧည့်ခံပွဲ ကျင်းပရာ ဂျပန်ခေတ်ဆေးရုံ ကြီး (အလံပြဘုရားလမ်း)၏ အရှေ့မြောက် အစွန်ဆုံးရှိ ခန်းမကြီးတွင် စားပွဲကုလား ထိုင်များ ခင်းကျင်းပြင်ဆင် ထားသည်။ ခန်းမအတွင်းရှိ စင် မြင့်ပေါ်တွင် သတို့သား ဗိုလ် ချုပ်အောင်ဆန်းနှင့် သတို့သမီး ဒေါ်ခင်ကြည်တို့ ထိုင်ရန် နှစ်ယောက်ထိုင် ဆိုဖာ ကြီးတစ်လုံးကို ခင်းထား သည်။ စင်မြင့်ထက်တွင် မဟော်ဂနီ ရောင် ပြောင်လက်နေသည့် စန္ဒရားတစ်လုံး နှင့် ခန်းမကြီး၏ အနောက်ဘက် နံရံတွင် စန္ဒရားတစ်လုံးကို ပြင်ဆင်ထား သည်။ စင်မြင့် ၏ အောက်နား တွင် စစ်ဗိုလ်ကြီးများ၊ ထင်ရှား သော နိုင်ငံ့ခေါင်းဆောင်ကြီး များအတွက် သီးသန့်နေရာများ ချထားလိုက်ပြီး အလယ်ပိုင်းနှင့် အနောက်ပိုင်း တွင် ဆေးရုံ ဝန်ထမ်းများနှင့် ပြင်ပမှ မိတ် သင်္ဂဟများအတွက် ခင်းကျင်း ထားသည်။
မွန်းလွဲ ၁နာရီခွဲလောက် တွင်တော့ ကားကြီးကားငယ် အသွယ်သွယ်ဖြင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ ရောက်ရှိလာကာ နေရာယူ ကြသည်။အခမ်းအနား စ သည်နှင့် ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးဘသန်းက မြို့မငြိမ်းရေး သားပြီး ပြည်လှဖေနှင့် မေ ရှင်တို့ သီဆိုထားသည့် နာမည်ကျော် “သက်ဝေ” သီချင်း ကို စန္ဒရားဖြင့် ဆို တီးတီး၍ ဧည့်ခံခဲ့သည်။ ဤသီချင်းမှာ ဆရာမြို့မငြိမ်းရေးစပ်ခဲ့သော သီချင်းပုဒ်ရေ ၂ဝဝခန့် အနက် မှ ဂီတသက်တမ်း ၂၄နှစ် အ တွင်း ကျော်ကြားခဲ့သည့် သီချင်း တစ် ပုဒ်လည်း ဖြစ် သည်။ ဤသီချင်းနှင့် ပတ်သက် ၍ စာရေးဆရာမကြီး လူထု ဒေါ်အမာကလည်း ” ဆရာငြိမ်း ၏ သက်ဝေ၊ တစ်ချစ်တည်းချစ်၊ သခွပ်ပန်း၊ ဒေါင်း စက်ယာဉ်တို့ သည် မြင်းခင်းတော်၊ နန်းမြို့ တော်၊ နတ်ရှင်နောင်၊ လက်ဝဲ သုန္ဒရစသည့် သီချင်းများနှင့် အတူ ကြာရှည်တည်မည့် ခေတ်သီချင်း (Modern Classics) များဖြစ်နေ ပါလိမ့်မည်” ဟု ” ပြည်သူ ချစ်သောအနုပညာသည်များ” စာအုပ် တွင် မှတ်တမ်းတင်ထားသည်။
ဆိုရလျှင် ” သက်ဝေ” သီချင်းမှာ ဗိုလ်ချုပ်သဘောအကျဆုံး သီချင်းလည်း ဖြစ်သည်။ ဗိုလ်ချုပ်အိမ်မှာရှိနေ စဉ်ရေဒီယိုမှ “သက်ဝေ” သီချင်း လာလို့ကဖြင့် အိပ်ရာပေါ်မှာ မှိန်း၍ ဇိမ်ဖြင့်နားထောင်လေ့ရှိသည့် သီချင်းလည်း ဖြစ်သည်။ ဗိုလ်ချုပ်က မြန်မာအမျိုးသမီးအဆိုတော်တွေထဲ တွင် အဆိုတော်မေရှင်နှင့် ဒိုရာသန်းအေးတို့ကို အကြိုက်
ဆုံးဟုလည်းဆိုသည်။၁၉၄၇ခုနှစ် ဇန်နဝါရီလ နှောင်းပိုင်းက ဗိုလ်ချုပ် အောင်ဆန်း အင်္ဂလန်တွင် ရှိနေစဉ် ဒေါ်ချက်စတာ ဟိုတယ်၌ ပြုလုပ်သော နှုတ် ဆက်ဧည့်ခံပွဲ၌ပင် ဗိုလ်ချုပ်က..
” ဒိုရာဟိုသီချင်းဟာ လေဓူဝံကြယ်မြေမှာ ခကြွေ၊ အဲ..အဲ “သက်ဝေ” သီချင်းဆို စမ်းပါ” ဟု မှတ်မှတ်ရရ တောင်းဆိုခဲ့ပြီးသံပြိုင်သီဆိုရမည့် ” ဓူဝံကြယ်မြေမှာ ခကြွေ” အပိုဒ်အရောက်တွင် လည်း ဗိုလ်ချုပ်ကိုယ်တိုင်  ပါဝင်သီဆိုခဲ့သော သီချင်းလည်း ဖြစ်သည်။ ဤသီချင်းဖြင့်ပင် ဗိုလ်ချုပ်တို့ မင်္ဂလာပွဲ၌ ဆေးရုံအုပ်ကြီးဒေါက်တာ ဦးဘသန်း က  ဂုဏ်ပြုသီဆိုခြင်း လည်းဖြစ်ပါ၏။ဆရာဝန်ကြီး၏ သီချင်း ဆုံးသွားတော့ ဗိုလ်ချုပ်တို့ မင်္ဂလာစုံတွဲက အပျိုရံ၊ လူပျိုရံ များဖြင့် မင်္ဂလာခန်းမ ရှေ့ ကို ရောက် လာပြီး ခန်းမ အတွင်းသို့ တစ်လှမ်းချင်း လျှောက်လာခဲ့ရာ ပရိသတ်အပေါင်းက မတ် တတ်ရပ်၍ ကောင်းချီးပေးပါ၏။ ဗိုလ်ချုပ်တို့ မင်္ဂလာ စင်မြင့်ပေါ်ရောက် ၍ နေရာယူ အပြီးမှာတော့ ဆရာဝန်ကြီး၏ သမီးကစ်တီဘသန်း (နောင် သမ္မတကြီး ဦးနေဝင်းကတော် ဒေါ် ခင်မေသန်း)ကလည်း “သက်ဝေ” သီချင်းကို စန္ဒရားတီး၍ (သမီးအတီး၊ ဖခင်အဆို) ဖြင့် ထပ်မံဂုဏ်ပြုပြန်ပါ၏။
သည့်နောက်တွင်တော့ ဗိုလ်ချုပ်အောင်ဆန်းနှင့် သူနာပြုဆရာမကြီး ဒေါ်ခင် ကြည်တို့၏ မင်္ဂလာအခမ်း အနားတွင် အလင်္ကာကျော်စွာ ဆရာရွှေပြည်အေး ဦးဆောင် သည့် “ရန်အောင်မင်္ဂလာ” တူရိယာအဖွဲ့က မင်္ဂလာတေးသီချင်းများဖြင့် သီဆို ဖျော်ဖြေ ဧည့်ခံခဲ့ပါတော့သည်။ ဗိုလ်ချုပ်တို့ မင်္ဂလာအခမ်း အနားတွင် ဂုဏ်ပြုသီဆိုရန် ဆ ရာရွှေပြည်အေး ကိုယ်တိုင် ရေးစပ်ခဲ့သော “အောင်မင်္ဂလာ” သီချင်းမှာ ဤသို့ ဖြစ်ပါ၏။
” အောင်မင်္ဂလာ”
မင်းကပ္ပိန္ဒနဲ့ အနော် ဇာပုံပမာ ဘိ သိက်လောင်း ကာ..ပေါင်း သဟာ အောင် ကြောင်းနဲ့ဖြင့် ဆုတောင်းမယ် သည် အခါ.. ရတနာ ရွှေမိုးရွာ ရက်မြတ်မှာ အထက်နတ်ပါ လက် ထပ်ပွဲကို နွှဲမယ်လာ နှစ်ဦး မကွာ ရွှေဖူးစာ ဆုံကြတာ.. ရွှေနဲ့မြ ပမာ.. ဂဟေ ဆက်ပေတာ ကျက်သရေဖြာ..ပတ္တမြား ကျောက်မျက်ရွဲနဲ့သာခြယ် လှယ်စီကာ မြရေ ခွက်မှာ ညီညာလှ ရွှေ သက်လျာ တူနှစ်ဖြာ..လ၊ နေထွက် တဲ့ ပုံပမာ ရေဖြန်းမင်္ဂလာပြုမယ် သည်ချိန်ခါ.. (လိုက်ဆိုရန်) (ဗိုလ်တေဇ ရဲ့ ကုသိုလ်ထူးတာ သူဇာယ မင်းလို ဝင်းကြည် ပတာ အလှ ထိပ်တင် မခင်ကြည်ပါ..တူ နှစ်ဖြာတွဲလို့ နွှဲယှဉ်ကာ ရှေးရေ စက်ပေါင်း အကြောင်းဆုံ လာ.. ငွေခရု သင်းနဲ့ သာယာ ညင်းကာ..အောင်ဇေယျတု သဗ္ဗအောင် မင်္ဂလာ..) ရပ်ရွာဆွေမျိုး မိဘစုံစွာ အပ်ခဲ့ ပါတော့မှာ၊ ကိုမောင် အေးက အထူးပဲ ကူညီတာ.. ဝိုင်းဝန်းလို့သာ အားထုတ်ကာ ဗိုလ်တေဇရဲ့ ဂုဏ်ရည်ကိုသာ အထူး ပင် ပြော ကာပြမှာ တကယ်ပဲ နားဆင်တော် မူပါ.. ဥာဏ်ပညာပြည့်စုံစွာ သဘောထားလည်း ကောင်း ပေတာ.. အသက်ငယ် ပေလို့သာ  မြင့်မြတ်တဲ့ စိတ်ထားဟာ မိတ်များ စွာ အားလုံးယုံကြည်ပါ..
ဗိုလ်ချုပ်တို့မင်္ဂလာပွဲအတွက် ဂုဏ်ပြုရေးဖွဲ့သူ အလင်္ကာ ကျော်စွာ ရွှေပြည်အေး၏ အမည်ရင်းမှာ ဦးမောင်အေး ဖြစ်ပါ၏။ ထိုခေတ်တေး ပြုစာဆိုများသည် သီချင်းရေး ဖွဲ့ရာတွင် ၎င်းတို့၏အမည် ကိုလည်းထည့်သွင်းစပ် ဆိုလေ့ ရှိသည်ကို ခေတ်ဟောင်း သီချင်းများတွင် တွေ့နိုင်ကြ မည်ဖြစ်ပါ၏။ နန်းတော်ရှေ့ ဆရာတင်၊ ရွှေတိုင်ညွန့် စ သည့် နိုင်ငံကျော် တေးပြုစာဆိုများမှာ ၎င်းတို့စပ်ဆိုသော သီချင်း များတွင် တေးရေးဆရာအမည် ကို ထည့်သွင်းစပ်ဆိုလေ့ရှိကြ ပါ၏။
ဗိုလ်ချုပ်တို့မင်္ဂလာဆောင်တွင် ဆရာဝန်ကြီးဦးဘသန်းသီဆိုခဲ့သော “သက်ဝေ”  သီချင်းကိုလည်း ဤဆောင်းပါးတွင် ဗဟုသုတအလို့ငှာထည့်သွင်းဖော်ပြ လိုက်ပါ သ တည်း။
” သက်ဝေ”
တေးရေး- မြို့မငြိမ်း
တေးဆို- ပြည်လှဖေ၊ မေရှင်
ပြည်လှဖေ- (သစ္စာမဏ္ဍိုင် မြဲခိုင်ခဲ့ပေ.. မေတ္တာမိုးတွေ.. သွန်းဖြိုးရွာစေ၊ အသည်းမှာ စွဲမက် အသက် ကို ပုံတယ်လေ)၂ တစ်ကိုယ်လုံး သိမ်းကျုံး..လိုရာ သုံးသက်ဝေ အပြုံးမ ပျက်..စိတ်လက် ရှည်ရှည်အချစ် အတွက်ဖြင့် အသက်ပင် သေသေ..အသွေးကိုယူ၊အသားကိုလှူလှူ စိတ်တူတယ်..ရယ်ရယ်၊ ပြုံး ပြုံးမဒ္ဒီဒေဝီ ဝေဿန်ထုံးလို နှလုံး
ပြုကာ ကြည်ဖြူမှာတွေ သက် ဝေအလိုကျဆိုသမျှ ကိုယ်ရော စိတ်ပါလိုက်လျောရပါမယ်လေ။
(သံပြိုင်)- (ဓူဝံကြယ် မြေမှာ ခ ကြွေကောင်းကင်မှာ နေလတွေကွယ်စေ မြမြင့်မိုရ်ပြို အက်ကာကြေ သွေကွက်မယ် စိတ်ဝယ်မထွေ)၂ ချစ်တဲ့သူ အမူတုံးလေးက တိမ်စင် လနှယ် အလှကြွယ်ရှာပေ..ကြာကြာလေ မရိုးတဲ့ပြင် ဆထမ်းပိုး တိုးမယ့်အချစ်တွေ..ကမ္ဘာမြေ အသင်္ချေလဲတောင် မကွဲအောင် တောင်းဆုကိုချွေ..သက်ဝေ ချစ်မက် မပြေ တယ်လေ။
မေရှင်- ခိုင်းတော့သက်ဝေ အချစ်စမ်းချင်စမ်း၊ မစမ်းချင် နေ။ ထူးတဲ့ ခင်မင်တာတွေ..အသက်ကိုစွန့်ရ တောင်ပင် မငြိုငြင်ဘူး အသင့်လိုရာ စေ..။
ပြည်လှဖေ- မခိုင်းရက် ဘူးကွယ်..ဒီ ကိုယ့်လည်ဆွဲ ပုလဲသွယ်ရေ..ရှေ့က မောင် သာအစဉ်နေ အသက်နဲ့ထပ်တူ ကြင်မလေ..ရင်ကိုခွဲလို့ အ သည်းကင်ပါစေ ချစ်သက်ဝေ
နှမစိတ်တိုင်းကျကျ ပျော် သလိုနေ..လှသထက် လှမယ် ဆိုရင် ဆေးဖက်ဝင်ပါလားလို့ မောင့် အသားတွေ၊ မောင့် အသွေးတွေ၊ မောင့်အသည်း တွေ၊ မောင့် နှလုံးတွေ
အသုံးပြုပါလေ..ကြည်ဖြူပါတယ်..လိုရာကိုယူစေ..
(သံပြိုင်) ပြန်ကောက်
သိန်းအေး
ရည်ညွှန်း-
(၁) မှတ်မိသေးတယ် ဂျပန်ခေတ် ဆေးရုံကြီးဝယ် (ဝဏ္ဏကျော်ထင် ဒေါက်တာ မြင့်ဆွေ)
(၂)  ဗိုလ်ချုပ်အောင်ဆန်း ရိုင်း၊ မရိုင်း (လူမော်ဟန်)
(၃)  မြို့မငြိမ်း (Wiki – myanmar))

Popular Myanmar