သုံးစွဲရသည်ကို မကြိုက်သည့်အတွက် Samsung စမတ်နာရီကို ပြန်ပို့ခြင်းများရှိနေ

ပို့စ်တင်ချိန် - 10/28/2013 11:18:00 AM


Samsung မှ ထုတ်လုပ်ထားသည့် စမတ် နာရီ Glaxy Gear စတင်ထွက်ရှိခဲ့ပြီးနောက် ပိုင်းမှစတင်ကာ လူတော်တော်များများက ၀ယ်ယူသုံးစွဲခဲ့ခြင်းမရှိသည်မှာ အထူးအဆန်း မဟုတ်ပေ။ ၀ယ်ယူခဲ့သူများကလည်း ဆိုင်များသို့ ပြန်လည်ပေးပို့ခြင်းများ ပြုလုပ်လျက်ရှိသည်။

Best Buy မှ ၎င်း၏ အလုပ်သမားများထံသို့ ပေးပို့သောမှတ်တမ်းတစ်ခုတွင် Samsung ၏ Galaxy Gear စမတ်နာရီအား ပြန်လည်ပေးပို့သည့်နှုန်းများ အတော်လေးမြင့်မားနေခြင်းအပေါ် စိုးရိမ်မှုရှိသည်ဟု ဖော်ပြထားကြောင်း Geek.com မှ ရေးသားဖော်ပြလိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် အရောင်းစာရေးများမ Galaxy Gear စမတ်နာရီအား Galaxy Note III နှင့် အတူ အောင်အောင်မြင်မြင် ရောင်းချနိုင်သော်လည်း ၎င်းမှာသုံးစွဲသူများလက်တွင် ကြာကြာတည်မြဲနိုင်သည့် အစွမ်းအစမရှိဘဲဖြစ်နေရသည်ဟု ဖော်ပြထားသည်။ ထို့အတူ ရောင်းချခဲ့ရသော Galaxy Gear များ၏ ၃၀ ရာခိုင်နှုန်းမှာ ပြန်လည်ပေးပို့ခြင်းခံခဲ့ရပြီး Best Buy ၏ အလုပ်သမားများအား မည်သည့်အတွက်ကြောင့် ပြန်လည်ပေးပို့သည်ကို ကူညီဖြေကြားပေးရန် Samsung မှ တောင်းဆိုထားသည်။

ထို့အပြင် ယင်းကြေညာချက်၌ Samsung အနေဖြင့် Galaxy မော်ဒယ်များဖြစ်သော Note 2, Galaxy S3, Galaxy S4 နှင့် Galaxy S4 Active တို့အား စမတ်နာရီနှင့် ချိတ်ဆက်အသုံးပြုရန်အတွက် update လုပ်ထားသော software များအား ထုတ်လုပ်ရန်လည်း စီစဉ်နေသည်ဟု ဖော်ပြထားသည်။ ထွက်ရှိ မည့်ရက်မှာမူ သယ်ယူပို့ဆောင်သောလုပ်ငန်းများအလိုက် ကွဲပြားမှုများရှိမည်ဖြစ်ပြီးအားလုံးအား တစ် ကြိမ်တည်းတွင် ထုတ်လုပ်မည်မဟုတ်ပေ။

မည်သို့အတွက်ကြောင့် Galaxy Gear များကို ပြန်လည်ပေးပို့နေသည်ကို သိရှိရန် မခက်ခဲလှပေ။ ၎င်းမှာ လက်ရှိတွင် Note 3 ၌သာ အသုံးပြုနိုင်စေရန် ဦးစားပေးလုပ်ဆောင်ထားသော စမတ်နာရီဖြစ်ခြင်း ကြောင့် ဖြစ်သည်။

တစ်ချိန်တည်းတွင် Galaxy Gear အား ပြင်ဆင်မွမ်းမံခြင်းများ ပြုလုပ်လျက်ရှိသည်။ ၎င်းမှာ လက်အများ စုအတွက် ကြီးမားလွန်းနေသောကြောင့်ဖြစ်သည်။ သို့သော် ယင်းစမတ်နာရီများမှာ စတင်ရောက်ရှိစဉ် ကပင် မအောင်မမြင်ဖြစ်နေရသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ Samsung မှ ထုတ်လုပ်လိုက်သည့် စမတ် နာရီမှာ ၀ယ်ယူသုံးစွဲသူများမှ အလိုရှိနေသော စမတ်နာရီမျိုးမဟုတ်ဟု ဆိုလိုခြင်းသာဖြစ်သည်။

Samsung အနေဖြင့် အခြားမော်ဒယ်အသစ်တစ်ခုအား နောက်နှစ်တွင် ထုတ်လုပ်ကောင်းထုတ်လုပ်ပေ လိမ့်မည်။ သို့သော် ပုံစံကောင်းကောင်းရရှိသည့်အချိန်အထိ တင်ပို့ရောင်းချမှုမပြုခြင်းမှာ ကုမ္ပဏီ၏ အမြော်အမြင်ကြီးသော အကြံအစည်တစ်ခုဖြစ်ပေလိမ့်မည်။
Mizzima - News in Burmese
အောင်မင်း ဘာသာပြန်သည်။