ဂျပန်အစိုးရမှ တာဝန်ယူမည့် ပညာတော်သင်ဆု ၅ ဆု ကမ်းလှမ်း

ပို့စ်တင်ချိန် - 10/28/2013 11:17:00 AM


မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းသို့    Japan International Cooperation Center (JICE) မှ Japanese Grant Aid for  Human Resource Development Scholarship (JDS)   အစီအစဉ် အတွက် အသွား အပြန် လေယာဉ် စရိတ်၊ နေထိုင် စားရိတ်နှင့် စားသောက်စရိတ်တို့ကို ဂျပန်အစိုးရမှ တာဝန်ယူမည့် ပညာတော်သင်ဆု ၅ ဆု ကမ်းလှမ်းထားသည်ဟု သိရသည်။

ပညာသင်ဆုသည် M.E  ဘွဲ့သင်တန်းများဖြစ်ပြီး ကမ်းလှမ်းသည့် ဘာသာရပ်များမှာ   Information & Communication Technology, Transportation & Traffic, Electric Power & Energy Urban Development Planning  စုစုပေါင်း ပညာသင်ဆု ၅ ဦး ပေးသွားမည် ဖြစ်သည်။

လျှောက်ထားသူသည် သက်ဆိုင်ရာ ဘာသာရပ်အလိုက် B.E  ဘွဲ့ရရှိပြီးသူ၊ M.E (ပြည်တွင်း) ဘွဲ့လွန် တက်နေ ရောက်နေသူနှင့် M.E ဘွဲ့ (ပြည်တွင်း)ရရှိပြီး ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်တွင် အသက် ၂၂ နှစ် ပြည့်၍ အသက် ၄၀ နှင့် အောက်ရှိသူ ဖြစ်ရမည်။ ထို့ပြင် ပုဂ္ဂလိက ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုတွင် လုပ်ကိုင်နေပြီး လုပ်သင် အနည်းဆုံး ၂ နှစ် ရှိရမည် ဖြစ်ပြီး မြန်မာနိုင်ငံ  အင်ဂျင်နီယာ အသင်း ဝင်ထားသူ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

အသေးစိတ် သိရှိလိုသူများ အနေဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဖုန်း-၀၁-၅၁၉ ၆၇၃၆ (လိုင်းခွဲ ၁၁၂) သို့ ဆက်သွယ် မေးမြန်းနိုင်သည်။
ကိုဟိန်း
အင်တာနက် ဂျာနယ်