လင်မယားချင်းစကားများရန်ဖြစ်စဉ် ဇနီးဖြစ်သူမှဓါးဖြင့်ထိုး၍ ခင်ပွန်းသေဆုံး

ပို့စ်တင်ချိန် - 10/28/2013 09:04:00 AM


ရန်ကုန်၊ အောက်တိုဘာ ၂၇

၂၇.၁၀.၂၀၁၃ရက်နေ့ ၁၃၀၀အချိန်တွင်ဦးအောင်မြင့်သည်နေအိမ်၌ရှိနေစဉ်
လှည်းကူးမြို့နယ်၊ ဆင်ဖုံရွာနေ သားဖြစ်သူအောင်ကျော်မိုးနှင့် ချွေးမဖြစ်သူ မအေးအေးနိုင် (ဘ)ဦးထွန်းဖေတို့သည် ဆန်သယ်သည့်ကိစ္စနှင့်ပတ်သက်၍ လင်မယားချင်းစကားများ ရန်ဖြစ်ကြစဉ် သားဖြစ်သူမှ ချွေးမဖြစ်သူအား လက်သီးဖြင့်ထိုးကာလည်ပင်းအားညစ်သဖြင့်အနီးရှိထရံတွင်ထိုးထားသော စတီးဓါးအား ချွေးမဖြစ်သူမှ ဆွဲယူပြီးသားဖြစ်သူအား ထိုးခဲ့သဖြင့် လည်ပင်းတွင်ပြတ်ရှဒဏ်ရာ (၁)ချက်ရရှိကာ အခင်းဖြစ်နေရာ၌ပင်
သေဆုံးသွားခဲ့၍ ချွေးမဖြစ်သူ မအေးအေးနိုင်အား အရေးယူပေးရန် ဦးအောင်မြင့်မှ တိုင်တန်းသဖြင့် လှည်းကူးမြို့မရဲစခန်း(ပ)၄၅၀/၂၀၁၃၊
ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police