သိပ်တော်တဲ့ ဆရာဝန်


တစ်နေ့တစ်၌ ယောက်ျားပျိုတစ်ယောက်သည် သူ၏ညာဘက် testis ရှိရာကပ်ပယ်အပြင်တွင် စိမ်းနေ၍ ဆရာဝန်သွားပြ၏။

ဆရာဝန် မှစစ်ဆေးပြီးနောက်.......

" မတတ်နိုင်ဘူးငါ့ညီရာ ခွဲထုတ်လိုက်ပါတော့ "

ယောက်ကျားပျိုလည်းမတတ်သာအဆုံးခွဲထုတ်လိုက်ရသည်။

တစ်လကြာပြီးနောက်ဘယ်ဘက်တစ်ခြမ်းထပ်စိမ်းလေသည်။ဆရာဝန်ထံ ထပ်သွားပြသည်။
...
ဝမ်းနည်းစွာနဲ့ပဲ ထပ်ခွဲထုတ်ခိုင်းသဖြင့် ခွဲထုတ်လိုက်ရသည်။

နောက်တစ်လခန့်....ကြာသော်..... အမျိုးသား အင်္ဂါ ပါထပ်စိမ်းလာသောအခါဆရာဝန်ထံသို့....ထပ်သွားပြသည်။ဆရာဝန်က......

" အသက်အန္တရယ်မစိုးရိမ်ရအောင်ဖြတ်လိုက်ပါ " ဆိုသဖြင့်.....

ယောက်ျားပျိုလဲ ယူကျုံးမရဖြစ်ကာ နောက်ဆုံးလှီး ဖြတ်ထုတ်လိုက်ရတော့သည် ။

ဖြတ်ထုတ်ပီး....နောက်ထပ်တစ်ပတ်ခန့် တွင်မူ သူ့ ပေါင်ခြံ တစ်ပြင် လုံးစိမ်းလာပြန်လေ၏။

ထိုသူလည်း အလန့်တကြားဖြင့်ထိုဆရာဝန်ကိုပင်သွားပြန်ပြသည်။

ထိုအခါ ဆရာဝန်က ထပ်မံ သေချာ စစ်ဆေး၏။..ထို့နောက်....ဖြေးဖြေးချင်း ပြောလိုက်တာက....

" အတွင်းခံလဲလိုက်တော့ငါ့ညီ.....ငါ့ညီအတွင်းခံအရောင်ကျွတ်နေပြီ ..." ဟူ၏။

Credit - Original Writer

မြန်မာ ကုမ္ပဏီများ မှတ်ပုံတင်ရာတွင် မ' တည်ငွေရင်းနှင့် ကနဦး ထည့်ဝင်ရမည့် ငွေပမာဏ သတ်မှတ်ချက်များအား ဖြေလျှော့ပေးခြင်း



$25 ကနေ $848,000 ငွေပွားသွားသူ


Norway နိုင်ငံက လူတစ်ယောက်ဟာ ၂၀၀၉ ခုနှစ်လောက်က Bitcoins ၅၀၀၀ ၀ယ်ယူခဲ့ပြီး အသုံးပြုခဲ့ခြင်းလည်း မရှိဘဲ ဒီအတိုင်း မေ့လျော့နေခဲ့ပါတယ်။ အခုအချိန်မှာ သူ့ရဲ့ Bitcoin တွေရဲ့တန်ဖိုးကိုတွက်ချက်ကြည့်မိတဲ့အခါမှာ $848,000 တန်ကြေးဖြစ်သွားတဲ့အတွက် အိမ် တောင်ဝယ်ယူလိုက်ပါတယ်။

Bitcoin ဆိုတာဘာလဲ?

Bitcoin အကြောင်းကိုအနည်းငယ်ရှင်းပြချင်ပါတယ်။ Bitcoin ဆိုတာ Virtual Currency တစ်ခုဖြစ်ပြီး အင်တာနက်ကနေ လူတစ်ယောက်နဲ့ တစ်ယောက် (peer to peer )တိုက်ရိုက် ငွေလွှဲပို့  လက်ခံ လို့ရပါတယ်။ Paypal လို Payment Processor တွေမလို အပ်တဲ့အတွက် ငွေလွှဲ ခလည်းကုန်ကျခြင်းမရှိပါဘူး။ အင်တာနက်မှာ Bitcoin တွေဝယ်လို့ ရောင်းလို့ရတဲ့နေရာတွေရှိပါတယ်။ Bitcoin တွေရှာလို့ရတဲ့ ၀က်ဆိုက်တွေလည်းရှိပါတယ်။ သင့်ကွန်ပြူတာ ကနေလည်း Bitcoin တွေထုတ်လုပ်နိုင်ပါသေးတယ်။ သင့် ကွန်ပြူတာက နေ ငွေရှာနိုင်တဲ့သဘောပါပဲ။ Bitcoin တွေ များများထုတ်နိုင်အောင် Hardware တွေကို Upgrade လုပ်နိုင်ပါတယ်။အဲဒီ လို Hardware တွေကို Bitcoin Miner လို့ခေါ်ပါတယ်။ အင်တာနက်မှာ Bitcoin တွေအသုံးပြုလို့ရတဲ့ ၀က်ဆိုက်တွေတော်တော်များများရှိပြီး WordPress , OK Cupid, Online Shopping တို့ မှာလည်း အသုံးပြုနိုင်ပါတယ်။ Bitcoin အသုံးပြုလို့ရတဲ့ ၀က်ဆိုက်တွေကို https://en.bitcoin.it/wiki/Trade မှာလေ့လာပါ။ Bitcoin ကနေ တကယ့်ငွေကိုလွှဲပြောင်းထုတ်ယူနိုင်မယ့် Bitcoin ATM စက်တွေကိုလည်း Canada နိုင်ငံ Vancouver မှာစတင်ပြီးတပ်ဆင်တော့မှာလည်းဖြစ်ပါတယ်။ Bitcoin အကြောင်းကို လေ့လာချင်ရင် www.bitcoin.org မှာလေ့လာပါ။

အပေါ်မှာပြောခဲ့တဲ့ဇာတ်လမ်းကို ဆက်ပြောရရင် Norway နိုင်ငံက Koch ဆိုတဲ့ လူတစ်ယောက် ဟာ ၂၀၀၉ ခုနှစ် တုန်းက အွန်လိုင်းကနေဈေးဝယ်ဖို့အတွက် 150 kroner($25.43 ၀န်းကျင်)  တန်ကြေးရှိတဲ့ Bitcoin တစ်ချို့ဝယ်ယူခဲ့ပါတယ်။ အဲဒီ Bitcoin ကိုလည်း အသုံးပြုခဲ့ခြင်းမရှိဘဲ မေ့လျော့နေခဲ့ပါတယ်။ တစ်နေ့တော့ သတင်းတစ်ပုဒ်မှာ ငွေကြေး အကြောင်းတွေ့ရှိပြီး သူ့ရဲ့  Bitcoin တွေရဲ့တန်ဖိုးကိုတွက်ချက်ကြည့်တဲ့အခါမှာတော့ Norway ငွေကြေးဖြစ်တဲ့ krone ငါး သန်း တန်ကြေးရှိနေတာသိလိုက်ရပါတယ်။( $848,000 ၀န်းကျင်ဖြစ်ပါတယ်။)

စစချင်းမှာတော့ သူ့ရဲ့  Encrypted Password ကိုမေ့လျော့နေခဲ့ပါသေးတယ်။ အခုတော့ သူ့ရဲ့  Bitcoin တွေကနေ တစ်နေ့ကို $75,000 လောက် ထုတ်ယူနေပါတယ်။ အခုဆိုရင် အဲဒီက ရတဲ့ ပိုက်ဆံ တွေကနေ အိမ် တစ်လုံးတောင်ဝယ်ယူပြီးပါပြီ။

စာဖတ်သူရော Bitcoin တွေအသုံးပြုဖို့စိတ်ဝင်စားလားဆိုတာ ကွန်းမန့်ရေးပေးခဲ့ပါအုံး။

သျှမ်း/မြောက်ဒေသခံများ ရရန်ကျန်သည့် ပိုက်လိုင်းသိမ်းပိုက်မြေလျော်ကြေး ဆက်လက်တောင်းဆို


အောက်တိုဘာ ၃၀ ရက် ၂၀၁၃

တရုတ်ဂက်စ်နှင့်ရေနံစိမ်းပိုက်လိုင်းသွယ်တန်းရေးစီမံကိန်းစတင်ကတည်းက နမ္မတူမြို့နယ်အတွင်းသတ်မှတ် ဧရိယာထက်ပို၍ သိမ်းပိုက်ထားသည့် လယ် ယာခြံမြေများ နစ်နာကြေးအတွက်ဆက်လက် တောင်းဆိုသွား မည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ဆိုက်ခေါင်အုပ်စုအတွင်း ဖြတ်သန်းသည့် ဂက်စ်နှင့်ရေနံပိုက်လိုင်း အတွက် သိမ်းပိုက်မြေဆုံးရှုံးခ အပြည့်အ၀ မရသေးကြောင်း၊ မိမိနစ်နာဆုံးရှုံးခများ ပြန်လည်ရရှိရန် သျှမ်းပြည်ဝန်ကြီးချုပ်ထံ အကြိမ်ကြိမ်တောင်းဆိုသော်လည်း မရသေးဟုဆိုသည်။

“အမှန်တော့ ပိုက်လိုင်းဧရိယာက ၃၀ မီတာ အတွက်ဘဲ သိမ်းမယ်လို့ပြောတယ်။ တကယ်လာသိမ်းတော့ မက ဘူး၊ တချို့နေရာမှာ မီတာ ၅၀ ကနေ မီတာ ၁၀၀ အထိတောင် သိမ်းထားတယ်” - ဟု ဆိုက်ခေါင်အုပ်စု သား စိုင်းခမ်းခင်က ပြောသည်။

ဒေသခံများသည် ဂက်စ်နှင့် ပိုက်လိုင်းဧရိယာအတွက် သိမ်းပိုက်ခံထားရသည့် မီတာ ၃၀ အတွက်ပေးလျော် ပြီးဖြစ်ကြောင်း၊ မီတာ ၃၀ ထက်ကျော်လွန်သည့် အသုံးပြုခံမြေဧရိယာများအတွက် သုံးနှစ်စာ (အပင်ဖိုး) လျော်ကြေး တောင်းဆိုခြင်းဖြစ်သည်။

“ကျနော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် ဆီကို သွားပြောတယ်။ သူက စွမ်းအင်ဝန်ကြီးဌာနက အဲဒီ လောက်ပဲချပေးတယ်လို့ပြောတယ်။ အဲဒီလျော်ကြေးပမာဏက ရွာသားတွေလိုတဲ့ နှုန်းထားထက် မတရား နည်းနေတယ်။ ဒါကြောင့် အရင်က ပေးတဲ့နှုန်းထားအတိုင်းပြန်ပေးဖို့ တောင်းဆိုတာဖြစ်တယ်။ မပေးရင် တော့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့အဆင့် ဆက်လုပ်သွားမယ် ” - ဟု ယာမြေ ဆုံးရှုံးခံသူတဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ပိုက်လိုင်းသွယ်တန်းပြီးစီးပြီး ယခုနှစ် (၂၀၁၃) ဂျွန်လကုန်ပိုင်းက ရေနံ နှင့် ဂက်စ်များ စတင်ပို့လွှတ်နေပြီး ဖြစ်ပါသည်။

အဆိုပါစီမံကိန်းစတင်ကတည်းက သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို နှင့် ပြင်ဦးလွင် အပါအဝင် ၆ မြို့နယ်ရှိ လယ်မြေ ဧက ၂၀၀၀ ကျော် ၊ သစ်တောနှင့် ဥယျဉ်ခြံမြေ၊ ကျွဲနွားစားကျက် မြေတို့ကို ဖြတ်သန်းသွားသဖြင့် ဒေသခံများစွာနစ်နာဆုံးရှုံးခဲ့၏။ ၂၀၁၁ ခုနှစ်မှစ၍ စီမံကိန်းလမ်းကြောင်း တလျှောက် မြေတူးစက်ဖြင့် ထိုးဖျက်ခြင်း၊ မြေများစုပုံခြင်း၊ ရေလမ်း ကြောင်းများ ပိတ်ဆို့ခြင်းကြောင့် ပိုက် လိုင်း သတ်မှတ်နယ်မြေ ပေ ၁၀၀ ကိုကျော်၍ ပတ်ဝန်းကျင်အနီးရှိ သီးနှံခြံမြေများ ပျက်စီး ကြရသည် ဟု လယ်သမားများကပြောပါသည်။


ရွှေဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် တရုတ်အမျိုးသားရေနံ ကော်ပိုရေးရှင်း(CNPC) နှင့် မြန်မာ့ရေနံနှင့် ဓါတ်ငွေ့ရောင်းဝယ် ရေး (MOGE) တို့ ပူးတွဲလုပ်ကိုင်သော လုပ်ငန်းဖြစ်သည်။ မြန်မာအစိုးရမှ တရုတ်ပြည်သို့ အနှစ် ၃၀ ကျော်ကြာ ဓါတ်ငွေ့ နှင့် ရေနံစိမ်းရောင်းဝယ်မှု အတွက် အမေရိကန်ဒေါ်လာ၂၉ ဘီလီယံ လက်ကျန်အမြတ်ရရှိမည်ဖြစ်သည်။
သျှမ်းသံတော်ဆင့်

လေးဖြူ ဒိုင်ယာရီ - lay phyu diary (listen or download)



လုပ်ခ တိုးပေးရန် တိုင်ကွန်း အထည်ချုပ်လုပ်သား ၅၀၀ ကျော် ဆန္ဒပြ


ရန်ကုန်၊ အောက်တိုဘာလ ၂၉
ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန် အပိုင်း (၁) ရှိ တရုတ်နိုင်ငံသား ပိုင်ဆိုင်သည့် တိုင်ကွန်း (Tycoon) အထည်ချုပ်စက်ရုံ လုပ်သား ၅၀၀ ကျော်သည် အချိန်ပို အလုပ်ချိန်များပြီး လုပ်အားခ နည်းပါးသဖြင့် လုပ်ခ တိုးမြှင့်ပေးရန် အောက်တိုဘာလ ၂၆ ရက်နေ့မှ စတင်ကာ ဆန္ဒပြ တောင်းဆိုနေကြကြောင်း အဆိုပါ လုပ်သားများထံမှ သိရှိရသည်။
news_lktpytk_htet-aung-phyoဝရန်တာပေါ် ထွက်ထိုင်ပြီး ဆန္ဒပြနေကြသော အလုပ်သမားများကို တွေ့ရစဉ်
အလုပ်ချိန်အဖြစ် နံနက် ၇ နာရီ ၃၀ မိနစ်မှ ည ၇ နာရီအထိ အလုပ်လုပ်ကိုင်ရပြီး ပုံမှန်အချိန်ပို အလုပ်ချိန်အဖြစ် ည ၉ နာရီ အထိ အလုပ်လုပ်ကိုင်ရကြောင်း၊ အော်ဒါအပေါ် မူတည်ကာ တစ်ခါတစ်ရံ ည ၁၁ နာရီ အထိ အလုပ် လုပ်ကိုင်ရသော်လည်း လုပ်သားတစ်ဦး၏ တစ်လစာ လုပ်အားခမှာ ကျပ်ရှစ်သောင်းသာ ရရှိသဖြင့် လုပ်အားခ တိုးပေးရန် ဆန္ဒပြခြင်း ဖြစ်ကြောင်း ဆန္ဒပြ လုပ်သားတစ်ဦးက ပြောကြားသည်။
လုပ်အားခ နေ့စဉ်ကြေးအဖြစ် တစ်ရက်လျှင် ၂၀၀ ကျပ် တိုးပေးရန်၊ ရှားပါး စရိတ် ၅၀၀ ကျပ် တိုးပေးရန်၊ အလုပ်ချိန်ကို နံနက် ၈ နာရီမှ ည ၇ နာရီ အထိသာ သတ်မှတ်ပေးရန် အပါအဝင် အချက် ခြောက်ချက်ကို တောင်းဆိုခြင်း ဖြစ်ကြောင်း၊ ယင်းတောင်းဆိုချက်များ ရရှိရေး အလုပ်ရှင်နှင့် ညှိနှိုင်းရာတွင် လုပ်ခ တိုးရေးနှင့် အလုပ်ချိန် လျှော့ချရေး အချက် သုံးချက်ကို အလုပ်ရှင်က လိုက်လျောခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။
ယင်း တောင်းဆိုမှုများကို ရရှိရေးအတွက် အငြင်းပွားမှု ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့သို့ အောက်တိုဘာလ ၂၉ ရက်နေ့တွင် တင်ပြထားကြောင်း ဆန္ဒပြ လုပ်သားများထံမှ သိရှိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ တိုင်ကွန်း အထည်ချုပ်စက်ရုံ မန်နေဂျာထံသို့ လူကိုယ်တိုင် သွားရောက် မေးမြန်းခဲ့သော်လည်း အလုပ်မအားသေး၍ ပြန်လည် မဖြေနိုင်သေးကြောင်း စက်ရုံလုံခြုံရေးမှ တစ်ဆင့် ပြန်လည် ပြောဆိုသည်။
တိုင်ကွန်း အထည်ချုပ်စက်ရုံ ဖွင့်လှစ်ထားသည်မှာ တစ်နှစ်ခန့်သာ ရှိသေးပြီး စက်ရုံလုပ်သား ၆၀၀ ကျော် ရှိသည့်အနက် ၅၀၀ ကျော်က ဆန္ဒပြ တောင်းဆိုခြင်း ဖြစ်သည်။

The Voice Weekly

ဇီဇာကြောင်တဲ့သူဌေးနဲ့ ကပ်သီးကပ်သပ်ဝန်ထမ်း


သူဌေး ..... "မင်းသုံးနေတဲ့ကွန်ပြူတာက ကုမ္ပဏီက ကွန်ပြူတာပါ။ ဒီကွန်ပြူတာမှာ မင်းရဲ့ကိုယ်ရေးကိုယ်တာတွေ မသိမ်းထားပါနဲ့။ မင်းမိန်းမဓာတ်ပုံ၊ မင်းကလေးဓာတ်ပုံတွေကိုလည်း မသိမ်းထားပါနဲ့။ ဒီဓာတ်ပုံတွေကြည့်ပြီး မင်းကောင်းကောင်း အလုပ်မလုပ်ဘူး"

ဝန်ထမ်း..... "ဒီလိုဆိုရင် ကျွန်တော့်အိမ်ကကွန်ပြူတာနဲ့ ခင်ဗျားအလုပ်တွေကို မလုပ်ခိုင်းနဲ့။ မီတာအတက်တော့ ကျွန်တော်မခံဘူး။ ရုံးချိန်မဟုတ်တဲ့အချိန်မှာ ကျွန်တော်လက်ထိပ်တွေ ပိုလို့တောင် အပွန်းမခံနိုင်ဘူး"

သူဌေး........ "ရုံးချိန်အတွင်း မင်းရဲ့ကိုယ်ပိုင်အလုပ်တွေကို မလုပ်ပါနဲ့။ ဥပမာ- လက်သည်းညှပ်တာတို့၊ ဆံပင်ဖြီးတာတို့... "

ဝန်ထမ်း ..... "ကျွန်တော်လည်း ခင်ဗျားကိုပြောချင်တယ်။ ရုံးချိန်အတွင်း ကျွန်တော်ဖြီးလိုက်တဲ့ဆံပင်၊ ညှပ်လိုက်တဲ့ လက်သည်းတွေဟာ ကျွန်တော်ရုံးတက်နေတုန်း ရှည်ထွက်လာတဲ့အရာတွေပါ"

သူဌေး..... "ရုံးချိန်အတွင်း ရုံးဖုန်းကိုသုံးပြီး ကိုယ်ရေးကိုယ်တာ မပြောပါနဲ့"

ဝန်ထမ်း..... "ဒီလိုဆိုရင် ကျွန်တော်အိမ်မှာ အနားယူနေတုန်း ခင်ဗျားဆက်လာတဲ့ဖုန်းကိုလည်း ကျွန်တော်မကိုင်ဘူး"

သူဌေး.... "ကုမ္ပဏီက သုံးဖို့ပေးတဲ့ကားက ကုမ္ပဏီကိစ္စအတွက်သုံးဖို့ပဲ။ မင်းလျှောက်စီး၊ လျှောက်မောင်းဖို့မဟုတ်ဘူး"

ဝန်ထမ်း.... "ဒီလိုဆိုရင် ကျွန်တော့်ကို ဖိနပ်အသစ်တရံပေးပါ။ ကုမ္ပဏီကားကို ဂီယာနင်းတဲ့အခါ ကျွန်တော့်ကိုယ်ပိုင်ဖိနပ်ပွန်းသွားမှာ စိုးလို့ပါ..."

 နိုင်းနိုင်းစနေ

မေးသမျှဖြေမယ့်ကွန်ပျူတာပြဿနာ များ.....


မေး။သမီးကွန်ပျူတာအရမ်းလေးနေလိုဘာလုပ်ရမှန်းမသိဘူးဖြစ်နေတာကူပါဦး

ဖြေ။အရင်ဆုံးဟတ်ဒစ်(စ်)ဖြုတ်ထားလိုက်ပါ။ဒါမှလေးနေရင်ပါဝါစပလိုင်းထပ်ပါဖြုတ်ထားလိုက်ပေါ့အရမ်းအရမ်းပေါ့သွားမယ်

မေး ။ကျွှန်တော်တို့ ဘက်ကမီးမှန်ဘူး ။UPSကလဲသိပ်မကောင်းတော့မီးပျက်ချိန်ကွန်ပျူတာမြန်မြန်ပိတ်ချင်ရင်ဘယ်လိုလုပ်ရမလဲ

ဖြေ ။ upsနဲ့ ကွန်ပျူတာသွယ်တားတဲ့ပလပ်ကိုချက်ချင်းဆွဲဖြုတ်ပါ။ချက်ချင်းပိတ်သွားရစေမယ်

မေး ။ခဏခဏ restart ကျနေတဲ့အတွက်ဖြေရှင်းပေးပါ

ဖြေ ။ဆိုင်ပို့ လိုက်ပါ

မေး။ ကျွှန်တော့်window ကအဖွင့်အပိတ်ကြာနေတယ်ဘယ်လိုလုပ်ရမလဲwindow မှာပြသနာရှိလို့ လား။

ဖြေ။ ဟုတ်ပါတယ် window ကိုအဖွင့်အပိတ်ချောင်အောင်ပတ္တာမှာဆီနဲနဲထိုးပေးပါ ။

ကဲဆက်ဖြေမယ်နော်....

မေး။အင်တာနက်သုံးဖို့ ဘာလိုအပ်ပါသလဲရှင်

ဖြေ။ပိုက်ဆံလိုတာပေါ့သမီးရယ်ဟုတ်ဘူးလား

မေး။သမီးပို့ လိုက်တဲ့အီးမေးဟိုဘက်ရောက်မရောက်ဘယ်လိုသိနိုင်မလဲ

ဖြေ။ဖုံးဆက်ပြီးမေးကြည့်ပါ။

မေး။အီးမေးတွေထဲကစာတွေမှာဗိုင်းရပ်စ်ပါမပါဘယ်လိုသိနိုင်မလဲ

ဖြေ။အဲ့ဒီအီးမေးကိုဖွင့်ကြည့်ပါ-သင့်စက်ထဲဗိုင်းရပ်စ်ဝင်လို့ ရှိရင်ဗိုင်းရပ်စ်ပါလို့ ပေါ့ကွယ်။

ဝတ်စုံ တန်ဖိုး


မြန်မာပြည်မှာ မြို့နယ်ပေါင်းစုံကို လှည့်လည်ပြီး တောင်းရမ်းစားသောက်တဲ့ သူတောင်းစားသားအဖနှစ် ယောက်ရှိသတဲ့။

သားဖြစ်သူက ကလေးပီပီ စူးစမ်းချင်စိတ်တွေများပြီး ဖခင်ဖြစ်သူ သူတောင်းစားကြီးကို သူ သိချင်တာတွေ အမေးအမြန်းထူလေ့ရှိသတဲ့။

တခါသားမှာတော့ သားအဖနှစ်ယောက် သစ်ပင်ရိပ်အောက်မှာ နားနေကြရင်း သားဖြစ်သူက သူ့အဖေကို မေး ခွန်းတွေ တရစပ် မေးလေသတဲ့။

"ဖေဖေ၊ သားတို့တွေ့တွေ့နေတဲ့ ဟို ... တိုက်ပုံအင်္ကျီအဖြူ၊ ပုဆိုးအစိမ်းဝတ်ထားတဲ့သူတွေကဘယ်သူတွေလဲဟင်"

"အဲဒါ ကြံ့ဖွံ့အဖွဲ့ဝင်တွေကွဲ့"

"ဟို ... အင်္ကျီအ၀ါ၊ ထမီအ၀ါဝတ်ထားတဲ့ အမျိုးသမီးတွေကကော ဘယ်သူတွေလဲ ဖေဖေ"

"အဲဒါက အမျိုးသမီးရေးရာ အဖွဲ့ဝင်တွေလို့ ခေါ်တယ်သားရဲ့"

"ဟို ... အင်္ကျီနက်ပြာ၊ ဘောင်းဘီနက်ပြာနဲ့ လူတွေကကော"

"သူတို့က အရန်မီးသတ်အဖွဲ့ဝင်တွေကွဲ့"

"ဟို ... အင်္ကျီအဖြူ၊ ဘောင်းဘီနက်ပြာ၊ ဦးထုပ်အဖြူနဲ့ လူတွေကကော ဘယ်သူတွေလဲ ဖေဖေ"

"လမ်းပြပုလိပ်တွေပေါ့ သားရဲ့"

"အင်္ကျီအစိမ်း၊ ဘောင်းဘီအစိမ်း၊ ဦးထုပ်အစိမ်းနဲ့ လူတွေကတော့ စစ်သားတွေနော် ဖေဖေ၊ ဟုတ်လား"

"ဟုတ်တယ်ကွဲ့"

"အင်္ကျီအညိုရောင်၊ ဘောင်းဘီအညိုရောင်၊ ဦးထုပ်အညိုရောင်နဲ့ လူတွေက ရဲတွေလား ဖေဖေ"

"ဟုတ်တယ်လေ သားရဲ့၊ ဘာဖြစ်လို့ ဒီလောက်တောင် အမေးအမြန်း ထူနေရတာလဲ"

အဲဒီအခါမှာ သားဖြစ်သူ ပြောလိုက်တဲ့စကားကြောင့် အဖေဖြစ်တဲ့ သူတောင်းစားကြီးဟာ အံ့သြမှင်သက်မိသွား သတဲ့။

သားဖြစ်သူ ပြောလိုက်တဲ့ စကားကတော့ …

"ဖေဖေ့ကို ကြည့်ရတာ ပင်ပန်းလို့ပါ ဖေဖေ၊ ဖေဖေလည်း သူတို့လိုဝတ်စုံတွေဝတ်ပြီး တောင်းပါလား၊ အဲဒါဆို ပိုက်ဆံပိုရမှာ၊ သူတို့တွေ ပိုက်ဆံတောင်းရင် လူတွေက အများကြီးထည့်တာ သားတွေ့တယ် ဖေဖေရဲ့" တဲ့။

Credit - Original Writer

လူတိုင်းလိုက်နာရမည့်စည်းကမ်း


ဆေးရုံတစ်ခုအတွင်းမှာဖြစ်သည်
လူနာတစ်ယောက်ကို နပ်စ်မက အခန်းငယ်တစ်ခုဆီကိုခေါ်လာပြီး
အ၀တ်အစားတွေချွတ်ဖို့ပြောတယ်
လူနာကမချွတ်ချင်တော့ ကွန်ပလိန်းတက်တာပေါ့
"ငါ့ရောဂါကိုစစ်ဆေးဖို့ ကိုယ်တုံးလုံးချွတ်ဖို့လိုလို့လား"
"ဒါကတော့ ကျွန်မတို့ဆေးရုံရဲ့စည်းကမ်းမို့လို့ပါ"
"အသုံးမကျတဲ့စည်းကမ်းပဲ။ ငါ့ခြေမကွဲလို့လာပြတာ"
ခြေမကိုမြင်ရင်ပြီးတာပဲမလား ကိုယ်တုံးလုံးချွတ်ပြရမယ်လို့ မဟုတ်သေးပါဘူး "
ဒီတော့ သူ့လိုပဲ ကိုယ်တုံးလုံးချွတ်ခိုင်းခံရတဲ့ တစ်ဖက်ခန်းကလူက လှမ်းအော်ပြောတယ်......
" ခင်ဗျားကမှ ခြေမကွဲသေးတယ်၊ ကျွန်တော်ဆို ဆေးရုံဖုန်းလိုင်းပြင်ဖို့လာတာကိုဗျာ............."

ဦးမောင်ကြီး


တစ်ရက်တည်းနဲ့ မြန်မာတပ်နှင့် တအာင်းတပ်တို့ သုံးကြိမ်ဆက်တိုက်ပွဲဖြစ်


29 October 2013 by Ta'ang Land

မြန်မာစစ်တပ်တို့၏ အပြင်းအထန်ထိုးစစ်ဆင်နေမှုကြောင့် အောက်တို ဘာလ ၂၈ ရက်နေ့တစ်ရက်တည်း တအာင်းလွတ်မြောက်ရေးတပ်မတော်နှင့် တိုက်ပွဲသုံးကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟုသိရသည်။

ကွတ်ခိုင်မြို့နယ် လုံကန်ရွာနှင့်လွယ်ကျယ်လန် နားတစ်ဝိုက်တွင် အစိုးရ စစ်တပ်ဘက်မှ ကွမ်လုံ-ဟိုပန်အခြေစိုက် ဒု-ဗိုလ်မှူးကြီး အောင်မျိုး ဦးဆောင်သော ခလရ-၁၄၃၊ ဒု-ဗိုလ်မှူးကြီး ထွန်းထွန်းဇော်ဦးဆောင်သော ကွတ်ခိုင်အခြေစိုက် - ခရလ - ၄၅ တို့နှင့် TNLA ဘက်မှ တပ်ရင်း - ၁၁၂ တို့ တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ရာ မြန်မာစစ်တပ်ဘက် ၃ ဦးကျဆုံးကာ ၁၃ ဦး ဒဏ်ရာ ရရှိခဲ့ပြီး TNLA ဘက်မှ အထိအခိုက်မရှိကြောင်းသိရှိရသည်။

“နေ့လည် ၁၂း၀၀ နာရီမှာတစ်နာရီကြာတစ်ခါ၊ ညနေ၁း၃၀ နာရီမှ ၂း၃၀ နာရီကြား တစ်နာရီနီးပါးတစ်ကြိမ်၊ ည ၁၀း၃၀ နာရီမှ ၁၁း၀၀ နာရီ ထိတစ်ကြိမ် သုံးကြိမ်ဆက်တိုက်ဖြစ်တာ၊ နောက်ပြီး မြန်မာစစ်တပ်ဘက်မှ ခလရ - ၁၄၃ က တအာင်းဒေသကို တစ်ကြိမ်တစ်ခါမှ ၀င်ရောက်လာတာ မရှိဘူး၊ အခုလို ထိုးစစ်တွေဆင်လာပြီး တပ်ရင်းတိုးချဲ့ပို့ဆောင်နေတာ အရမ်းကိုသိသာထင်ရှားနေပါတယ်” လို့ TNLA အရာရှိတစ်ဦးမှ ပြောဆို ခဲ့သည်။
Kayan Times

၁၉၉၀ ၀န်းကျင်နိုင်ငံရေးနှင့် အသံတိတ် နိုင်ငံရေး ဆွေးနွေးပွဲများ


Written by ဒေါက်တာရန်မျိုးသိမ်း

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီ
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲသည်  မြန်မာ့နိုင်ငံရေး သမိုင်းတွင် လွတ်လပ်၊ တရားမျှတမှု အရှိဆုံး ရွေးကောက်ပွဲတစ်ခုအဖြစ် မဖြစ်မနေ အသိအမှတ်ပြုရမည် ဖြစ်သည်။ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး၊ တရားမျှတခဲ့လင့်ကစား ရွေးကောက်ပွဲအလွန် နိုင်ငံရေးသည် ပါတီစုံစနစ်၊ ဒီမိုကရေစီစနစ်တို့မှ သွေဖည်လာခဲ့ပြီး ရွေးကောက်ပွဲ ရလဒ်နှင့် အညီ ပြည်သူ့လွှတ်တော် ခေါ်ယူနိုင်ရေး၊ အာဏာ လွှဲပြောင်းနိုင်ရေးတို့ကို ချောင်ထိုးခဲ့သည်။ နိုင်ငံရေး ဆွေးနွေးပွဲများသည်လည်း အသံတိတ်ခဲ့ရပြီး၊ တစ်ဖက်သတ် ဖိအားပေးမှု၊ ဖိနှိပ်မှုများသာ ဆုလာဘ်အဖြစ် ရရှိခဲ့သည်။
ဒေါ်စုနှင့်  အန်အယ်လ်ဒီကို လျှော့တွက်ခဲ့ခြင်း
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ပြောင်းလဲဖွဲ့စည်းခဲ့သော တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ (တစည) နှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ)တို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အပေါ် ပြည်သူလူထု၏ အားကိုးထောက်ခံမှုကို လျှော့တွက်ခဲ့ကြသည်။ န၀တအစိုးရ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် နည်းလမ်းပေါင်းစုံဖြင့် ထိုးနှက်မှုများနှင့် နေအိမ် အကျယ်ချုပ် ထိန်းသိမ်းမှုတို့ကို အကြောင်းပြုလျှက် ပြည်သူလူထုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီကို ပို၍ပို၍ ထောက်ခံလာခဲ့ပြီး န၀တအစိုးရနှင့် တစည ပါတီအပေါ် ပို၍ပို၍ မကျေမနပ် ဖြစ်လာခဲ့ကြသည်။
ထိုအခြေအနေတွင် ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် ပြည်သူလူထု၏ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ ပါတီအပေါ် ထောက်ခံမှု၊ န၀တအစိုးရနှင့် တစည ပါတီအပေါ် ဆန့်ကျင်မှုတို့ကို ပွင့်ပွင့်လင်းလင်း ဖော်ပြနိုင်မည့် အခွင့်အလမ်းဖြစ်ခဲ့သည်။ န၀တအစိုးရနှင့် တစညပါတီတို့၏ မြန်မာပြည်သူလူထုအပေါ် အကဲဖြတ် သုံးသပ်ချက် အမှားများကြောင့်လည်း တန်ပြန် အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး မှန်းချက်နှင့် နှမ်းထွက် မကိုက်ဖြစ်ခဲ့ရသည်ဟုလည်း သုံးသပ်နိုင်သည်။
တောင်ပြိုကမ်းပြိုအံ့သြမှု
၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်တွင် ကျင်းပခဲ့သော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် လွှတ်တော်ကိုယ်စားလှယ် ၃၉၂ နေရာ၌ တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့မှုသည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊  တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီတို့ကို တောင်ပြိုကမ်းပြို အံ့သြတုန်လှုပ်စေခဲ့ပြီး ခြေမကိုင်မိ လက်မကိုင်မိ အနေအထား တစ်ခုသို့ ရောက်ရှိစေခဲ့သည်ကို တွေ့ရသည်။
တိုင်းပြည်နှင့် ပြည်သူလူထုသည် နိုင်ငံရေး ခယောင်းလမ်းကို ဖြတ်သန်းခဲ့ရပြီး  ဆင်းရဲမွဲတေသထက် မွဲတေလာခဲ့ရသည်။ အဆိုပါ နိုင်ငံရေးသမိုင်းကို ဆန်းစစ်သုံးသပ်လျှက် နိုင်ငံရေးတွင် ပွင့်လင်းမြင်သာ၊ တန်းတူရည်တူရှိသော နိုင်ငံရေးစားပွဲဝိုင်း ဆွေးနွေးပွဲများသည်သာ  . . .
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ကာလတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် တောင်ပြိုကမ်းပြို အနိုင်ရရှိနိုင်ခြေ မရှိဟုလည်းကောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ ပူးပေါင်းလျှက် ညွန့်ပေါင်းအစိုးရပုံစံ ဖြစ်လာနိုင်ခြေသည်သာ အမြင့်ဆုံး ဖြစ်လိမ့်မည်ဟု လည်းကောင်း၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူလူထု ထောက်ခံမှုသည် ထင်သလောက် မရှိနိုင်ဟု လည်းကောင်း ကြိုတင်ခန့်မှန်း သုံးသပ်ချက်များသည် တက်တက်စင်အောင် လွဲမှားကြောင်း ရွေးကောက်ပွဲရလဒ်က သက်သေခံနေသည်။
နိုင်ငံရေးဆွေးနွေးမှုမရှိခဲ့ခြင်း
၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲရလဒ်သည် န၀တ အစိုးရ အကြီးအကဲများကို စီမံချက်အသစ်တစ်ခုဆီ တွန်းပို့ခဲ့သည်ဟု သုံးသပ်နိုင်သည်။ အဆိုပါ စီမံချက်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ရှောင်ကွင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်နှင့်အညီ ရွေးကောက်ပွဲ ကျင်းပရေး အဆုံးသတ်တွင် ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို နိုင်ငံရေးအရ အသေသတ်ရေးတို့အပေါ် အခြေခံခဲ့သည်ကို တွေ့ရသည်။ န၀တအစိုးရသည် ရွေးကောက်ပွဲအနိုင်ရ ပါတီခေါင်းဆောင်များနှင့် တန်းတူရည်တူ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း မရှိသည့်အပြင် နိုင်ငံရေး နည်းလမ်းအရ အဖြေရှာပြီး နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးရန်လည်း ပျက်ကွက်ခဲ့သည်။ အာဏာလွှဲပြောင်းရေးကို ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ရေးဆွဲရေး လမ်းကြောင်းနှင့် လမ်းလွှဲခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် န၀တ အစိုးရအဖွဲ့ကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရန် အကြိမ်ကြိမ် ဆက်သွယ် အကြောင်းကြားခဲ့သော်လည်း၊ ဒီချုပ်ခေါင်းဆောင်များကို အစိုးရအနေဖြင့် ဖိတ်ခေါ်ခဲ့ခြင်း မရှိသည့်အပြင် န၀တ အစိုးရအနေဖြင့် အနိုင်ရပါတီကို ဂုဏ်ပြုစကား ၀မ်းမြောက်ဝမ်းသာစကား ဆိုခဲ့သည်ဟု မှတ်ချက်ပြုနိုင်သည့် အထောက်အထားများကိုလည်း မတွေ့ရှိရပေ။
ကြေညာချက် ၁/၉၀
၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော လွှတ်တော် ကိုယ်စားလှယ်များသည် ဂန္ဒီ အစည်းအဝေးကြီးကို ကျင်းပပြုလုပ်မည်ဟု ခြေလှမ်း ပြင်ခဲ့သောအခါ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် ကြေညာချက်အမှတ် (၁/၉၀) ကို ဂန္ဒီ အစည်းအဝေးကြီး ကျင်းပရန် တစ်ရက်အလို ၁၉၉၀ ပြည့်နှစ် ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက် အပိုဒ် ၂၀ ၌ ထို့ကြောင့် ယနေ့အခြေအနေတွင် ပြည်သူများက ရွေးကောက် တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် အနာဂတ် ဒီမိုကရေစီ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲကြရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်များဖြစ်သည်ဟု ဖော်ပြခဲ့သည်။ အဆိုပါ အပိုဒ်သည် အာဏာလွှဲပြောင်းရေးကို လည်းကောင်း၊ နိုင်ငံရေးအရ ဆွေးနွေးမှုများကို လည်းကောင်း အပြီးတိုင် လမ်းပိတ်သွားစေမည့် အဟန့်အတား ဖြစ်ခဲ့သည်ဟု ကောက်ချက်ပြုနိုင်သည်။ ထို့အပြင် ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲ၍ အစိုးရဖွဲ့စည်းမည်ကိုလည်း အလွန်စိုးရိမ်ခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် ကြေညာချက်အပိုဒ် ၂၁ တွင် နိုင်ငံတော် အာဏာရယူရေးအတွက် ယာယီ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲ၍ အစိုးရဖွဲ့စည်းခြင်းကို မည်သည့်နည်းနှင့်မျှ လက်ခံနိုင်မည် မဟုတ်သည့်အပြင် ထိုသို့ ဆောင်ရွက်ပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲရမည်ဟု ထုတ်ပြန်ခဲ့ခြင်းတို့သည် ရွေးကောက်ပွဲမတိုင်မီကာလ န၀တ အစိုးရ အကြီးအကဲများ၏ ကတိစကားများနှင့် ပြောင်းပြန် ဇောက်ထိုးဖြစ်ခဲ့သည်မှာ အထင်အရှားဖြစ်သည်။
ဂန္ဒီအစည်းအဝေးကြီး
၁၉၉၀ပြည့်နှစ် ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဂန္ဒီခန်းမဆောင်၌ ဂန္ဒီအစည်းအဝေးကြီးကို ကျင်းပခဲ့ပြီး နိုင်ငံတော်ရေးရာ အဖြာဖြာနှင့် ပြည်သူ့လွှတ်တော် ခေါ်ဆိုဖွဲ့စည်းရေး ကိစ္စအ၀၀တို့ကို ဆွေးနွေးတိုင်ပင်လျှက် ဂန္ဒီခန်းမ ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့သည်။
ရွေးကောက်ပွဲတွင် လုံးလုံးလျားလျား အများစု အနိုင်ရရှိထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံတော်အတွက် လောလောဆယ် အကျိုးစီးပွားနှင့် ရေရှည်အနာဂတ် အကျိုးစီးပွားများကို အခြေခံထား၍ တစ်မျိုးသားလုံး ပြန်လည် သင့်မြတ်ရေးစိတ်ဓာတ်ဖြင့် ပွင့်လင်းသော၊ ရိုးသားသော၊ စေတနာအပြည့်ပါသော နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်မှုများ ပြုလုပ်သွားရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့မှ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သို့ အဆိုပြုချက်ကိုလည်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိခဲ့သေးပေဟု ဂန္ဒီ ကြေညာစာတမ်းတွင် ဖော်ပြထားသည်။ ထို့ကြောင့် န၀တ အစိုးရသည် ဒီချုပ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် နိုင်ငံရေး ရှေ့ခရီးအတွက် တစ်စုံတစ်ရာ ညှိနှိုင်းဆွေးနွေးခဲ့ခြင်း မရှိသည့် အထောက်အထားပင် ဖြစ်သည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၂၊ ပုဒ်မ(၃)တွင် ပြဌာန်းထားသော လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက် တင်မြှောက်လိုက်သော လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်ဟူသော ပြဌာန်းချက်နှင့်အညီ ပြည်သူ့လွှတ်တော်ကို အမြန်ဆုံး ခေါ်ယူဖွဲ့စည်းပေးရန် အရေးတကြီး လိုအပ်ပေသည်ဟု ကြေညာစာတမ်းတွင် ဖော်ပြထားသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ဥပဒေနှင့်အညီ လွှတ်တော်ခေါ်ယူရေးကို တောင်းဆိုခဲ့ခြင်းဖြစ်ပြီး န၀တ အစိုးရအနေဖြင့် လွှတ်တော်ခေါ်ယူဖွဲ့စည်းပေးရန် တာဝန်ရှိခဲ့သည်ဟု သုံးသပ်နိုင်သည်။
ထို့အပြင် ဂန္ဒီကြေညာစာတမ်းတွင် ဥပဒေနှင့်အညီ ဖြစ်အပ်သော အာဏာ (သို့တည်းမဟုတ်) ဥပဒေနှင့်အညီ ဖြစ်အပ်သော အာဏာလွှဲပြောင်းရေး ကိစ္စတို့နှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အသင့်ရေးဆွဲထားရှိပြီး ဖြစ်ကြောင်း သိရှိရ၍ လွှတ်တော်ကိုယ်စားလှယ်များက ကြိုဆိုကြောင်း၊ ဤယာယီဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအားဖြင့် ဥပဒေနှင့်အညီ အာဏာလွှဲပြောင်းရေးကို ဖြစ်မြောက်အပ်သည်ဟု လွှတ်တော် ကိုယ်စားလှယ်များက တညီတညွတ်တည်း ယူဆကြောင်းတို့ကို ဖော်ပြထားသည်။ အန်အယ်လ်ဒီ ကိုယ်စားလှယ်များ၏ ယာယီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အညီ အာဏာလွှဲပြောင်းရေး တောင်းဆိုမှုသည် အဆိုပါကာလ နိုင်ငံရေးပတ်ဝန်းကျင်နှင့် ဘောင်ဝင်ပြီး န၀တ အစိုးရအနေဖြင့် အန်အယ်လ်ဒီ ပါတီခေါင်းဆောင်များနှင့် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်ကာ နိုင်ငံရေးနည်းအရ အဖြေရှာခဲ့သင့်သည်။
ဂန္ဒီကြေညာစာတမ်းပါ ဖော်ပြချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော ပြည်သူ့လွှတ်တော်ကသာလျှင် ရေးဆွဲပြဋ္ဌာန်း အတည်ပြုရန် တာဝန်ရှိကြောင်း၊ ပြည်သူ့လွှတ်တော်၏ အာဏာအပ်နှင်းမှုမရှိဘဲ၊ ပြည်သူ့လွှတ်တော်၏ အာဏာစက်မရှိဘဲ၊ ပြည်သူ့လွှတ်တော်၏ အဆောင်အယောင် အရှိန်အ၀ါမရှိဘဲ၊ ပြည်သူ့လွှတ်တော်က အတည်ပြု ပြဌာန်းခြင်းမရှိဘဲ ပြည်သူ့လွှတ်တော်မှအပ အခြား မည်သည့်နေရာ၊ မည်သည့်အချိန်၌မဆို၊ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲခွင့်လည်းမရှိ၊ ပြဋ္ဌာန်း အတည်ပြုခွင့်လည်း မရှိဟုလည်းကောင်း ဖော်ပြခဲ့သည်။
ဂန္ဒီကြေညာစာတမ်းပါ ဖော်ပြချက်များနှင့် ပတ်သက်၍ အစိုးရသည် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် ပျက်ကွက်ခဲ့ပြီး တန်းတူရည်တူ သဘောမပါသော၊နိုင်ငံရေးအရ အပေးအယူ သဘောမပါသော တစ်ဖက်သတ် ကြေညာချက်များနှင့်အညီ အကောင်အထည်ဖော်ကာ ဖမ်းဆီး ထိန်းသိမ်း မေးမြန်းသည့်နည်းကို ကျင့်သုံးခဲ့သည်။ စစ်ကြောရေးစခန်းများတွင် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း တန်းတူရည်တူ သဘောမရှိ၊ ဖိအားကင်းလွတ်မှု မရှိသဖြင့် တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးမရှိခဲ့ဟု သုံးသပ်နိုင်သည်။
နိဂုံး  
အချုပ်အားဖြင့်ဆိုသော် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ဂန္ဒီ အစည်းအဝေးကြီးတို့သည် အလွန်အရေးပါသော ကိန်းသေများ ဖြစ်သည်။ န၀တ အစိုးရသည် ရွေးကောက်ပွဲရလဒ် ဂန္ဒီ ကြေညာစာတမ်းတို့ကို လျစ်လျူရှုလျှက် တန်းတူရည်တူ နိုင်ငံရေး ဆွေးနွေးပွဲများကို ဖော်ဆောင်နိုင်ရန် ပျက်ကွက်ခဲ့သည်။ နိုင်ငံရေးအရ အပေးအယူ ညှိနှိုင်းဆောင်ရွက်ရသည့် သဘောကို မျက်ကွယ်ပြုလျှက် န၀တ အစိုးရ၏ နိုင်ငံရေးစီမံချက် အပြည့်အ၀ အကောင်အထည်ဖော်နိုင်ရေးကိုသာ ဦးတည်ခဲ့ပြီး ငါနှင့်မတူ ငါ့ရန်သူထုံးကို နှလုံးမူခဲ့သည်။ ထို့ကြောင့် တိုင်းပြည်နှင့် ပြည်သူလူထုသည် နိုင်ငံရေး ခယောင်းလမ်းကို ဖြတ်သန်းခဲ့ရပြီး ဆင်းရဲမွဲတေသထက် မွဲတေလာခဲ့ရသည်။ အဆိုပါ နိုင်ငံရေးသမိုင်းကို ဆန်းစစ်သုံးသပ်လျှက် နိုင်ငံရေးတွင် ပွင့်လင်း မြင်သာ တန်းတူရည်တူရှိသော နိုင်ငံရေး စားပွဲဝိုင်း ဆွေးနွေးပွဲများသည်သာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အခရာကျကြောင်း နှင့် ၁၉၉၀ ပြည့်နှစ်ဝန်းကျင်က အသံတိတ် နိုင်ငံရေး စားပွဲဝိုင်းဆွေးနွေးပွဲများ၏ သမိုင်းဘီးကို ပြန်မလည်စေသင့်ပါကြောင်း မီးမောင်းထိုး ဆော်သြ လိုက်ရပါသည်။

Eleven Media Group

အဟောင်းပြုတ်မှ အဟုတ်ပြောင်းမယ်


(Written by - အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်))

ဘ၀မှာ နေရေးဟာ အရေးကြီးသလို သေရေးကလည်း အရေးကြီးတာပဲ၊ "ရှင်ချောင် သေကျပ်၊ ရှင်ကျပ် သေချောင်" လို့ ရွှေကျင်ဆရာတော်ကြီးက ဆုံးမခဲ့တယ်။ ရှင်စဉ်အခါ ဘာသာရေး စည်းကမ်းတွေ ချိုးဖောက်ပြီး ပျော်ပျော်နေ သေခဲလို့ဆိုတာ ချောင်ချောင်နေခဲ့ရင် သေတဲ့အခါ အကျပ်အတည်းနဲ့ တွေ့ရတတ်တယ်၊ ရှင်စဉ်အခါ ဘာသာရေး ကျင့်ဝတ်နဲ့အညီ စည်းနဲ့ကမ်းနဲ့ ခပ်ကျပ်ကျပ်နေပါမှ သေတဲ့အခါမှာ ချောင်ချောင်လည်လည်နဲ့ သေရတယ်၊ ကြပ်မတ်ဆိုတဲ့အတိုင်း ဘ၀မယိမ်းယိုင်ဖို့ တည်ငြိမ်ဖို့၊ မတိမ်းစောင်းဖို့၊ တည့်တည့်မတ်မတ်ဖြစ်ဖို့ သီလက ကြပ်ပေးတယ်၊ သီလက အကြီးအမှူးပြု ကြပ်ပေးလို့ ကြီးကြပ်တယ်လို့လည်း ဆိုနိုင်တယ်။

ဒီဘက်ဘ၀ စည်းနဲ့ကမ်းနဲ့ ထိန်းထိန်းသိမ်းသိမ်းနေမှ ဘ၀ကူးတဲ့အခါ ဘ၀ကူးကောင်းမယ်၊ စည်းမရှိ၊ ကမ်းမရှိ၊ အထိန်းအကွပ်မဲ့ ပျော်သလို ချောင်ချောင်နေခဲ့ရင် ဘ၀ကူး မကောင်းနိုင်ဘူး၊ နောင်ဘ၀ အကျပ်တွေ့မယ်၊ အခက်တွေ့မယ်ဆိုတဲ့ သဘောပါပဲ၊ ဘ၀ဆိုတာ သောတာပန် မဖြစ်မချင်း ဂတိမမြဲသေးဘူး၊ လားရာဘ၀က စိတ်မချရသေးဘူး၊ သောတာပန် ဖြစ်ပြီးပါမှ စိတ်ချရတယ်၊ အဲဒီအတွက် ဘာလိုလဲဆိုရင် အဟောင်းပြုတ်ဖို့ လိုပါတယ်၊ အဟောင်းပြုတ်မှ အဟုတ်ပြောင်းပါမယ်၊ တကယ်ပြောင်းပါမယ်၊ အမှန်ပြောင်းပါမယ်၊ အမှန်အကန် ပြောင်းပါမယ်၊ သေချာရေရာတဲ့ ပြောင်းခြင်းနဲ့ ပြောင်းပါမယ်၊ အဟောင်းဆိုတာ ဘာလဲဆိုတော့ အနမဂတဂ္ဂ သံသရာက စွဲကပ်ပါလာတဲ့ ဟောင်းနွမ်းလှပေမယ့် မဆွေးမြည့်နိုင်တဲ့ အပါယ်မျိုးစေ့ ငါဆိုတဲ့ သက္ကာယဒိဋ္ဌိ၊ အတ္တဒိဋ္ဌိပါ၊ အဲဒီ ငါ...ငါ...ငါဆိုတဲ့ အတ္တအဟောင်း ပြုတ်ပါမှ အဟုတ်ပြောင်းမှာပါ။
ဘ၀အကူးအပြောင်း အရေးကြီးသလို နိုင်ငံရေးအကူးအပြောင်းကလည်း အရေးကြီးပါတယ်။ မိမိတို့ နိုင်ငံလွတ်လပ်ရေးခေတ်မှာ ၁၉၄၈၊ ၁၉၆၂၊ ၁၉၈၈၊ ၂၀၁၁ အကူးအပြောင်းကြီး လေးကြိမ်ခန့်မျှ ရှိခဲ့ပြီ၊ ၁၉၄၈ ဒီမိုကရေစီ အကူးအပြောင်းက မအောင်မြင်ခဲ့ဘူးပဲ ဆိုရမှာပါ။ ၁၉၆၂၊ ၁၉၈၈ ကတော့ ခေတ်နောက်ပြန်ဆွဲလို့ တန်းတူနိုင်ငံတွေရဲ့နောက်နှစ်ပေါင်း ငါးဆယ်လောက် နောက်ကျကျန်ခဲ့တယ်။ အခု ၂၀၁၁ မှာတော့ သမိုင်းဘီး တစ်ပတ်ပြန်လည် ပါတီစုံ ဒီမိုကရေစီဆိုတဲ့ ခေတ်တစ်ခုကို ပြောင်းခဲ့ပြန်ပြီ။

နိုင်ငံရေးဆိုတာ အနုပညာရပ်တစ်ခုလို့ ဆိုကောင်းဆိုနိုင်လိမ့်မယ်။ အနုပညာဆိုတာ သုခုမပညာ၊ သိမ်မွေ့တယ်၊ အနုစိတ်တယ်၊ အနုသဘောဆောင်တယ်၊ ဒါကြောင့် ဒေါ်စုနဲ့ ၈၈ အဖွဲ့ခေါင်းဆောင်တွေက သိမ်သိမ်မွေ့မွေ့နဲ့ သတိကြီးစွာ၊ စိုးရိမ်မှုကြီးစွာ ကိုင်တွယ်နေကြသလားပဲ။ ဒါပေမဲ့ အရွေ့က လိပ်သွားနှုန်းနဲ့ ဆိုရင်တော့ သည်းခံနိုင်မှာ မဟုတ်ဘူး။ အများပြည်သူတွေရဲ့ ဘ၀မှာတော့ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ခံရတာကလွဲလို့ ဘာမျှ ကောင်းကျိုးတစ်စုံတစ်ရာ မပြောင်းလဲတော့ အပြောင်းအလဲဆိုတာကို မယုံကြည်သလို ဒီမိုကရေစီ အင်အားစုတွေအပေါ် အားကိုးအားထား မှုကလည်း လျော့ကျလာတယ်၊ မျှော်သာမျှော် ပေါ်မလာတော့ စိတ်ကုန်လာကြတယ်။ အဟုတ်ပြောင်းမှာလားဆိုတာ ယုံဖို့ခက်လာတယ်။ အဟုတ်ပြောင်းချင်ရင်တော့ အဟောင်းပြုတ်မှ ဖြစ်မှာ။ အဟောင်းပြုတ်မှ အဟုတ်ပြောင်းမှာ။ အဟောင်းပြုတ်မှဆိုတော့ လူဟောင်း၊ မူဟောင်း၊ အကျင့်ဟောင်း၊ စိတ်ဓာတ်ဟောင်း၊ အတွေးအခေါ်ဟောင်း၊ အယူအဆဟောင်း၊ အစွဲအလမ်းဟောင်း၊ ဘယ်အဟောင်းတွေ ပြုတ်ရမှာလဲ။
ဦးစွာပထမ လူကိုကြည့်တော့ လက်ရှိ အုပ်ချုပ်ရေးပိုင်းနဲ့ ဌာနဆိုင်ရာ အကြီးအကဲပိုင်းမှာ လူဟောင်းက ရာခိုင်နှုန်း ၉၀ ခန့်ရှိတယ်။ ဒါတွေအားလုံး ပြုတ်ရမှာလား၊ လူသစ်ဘက်မှာ ကြည့်လိုက်တော့ နိုင်ငံတော်ကို တကယ် ဦးဆောင်စီမံခန့်ခွဲနိုင်မယ့် လူသားအရင်းအမြစ်က ရည်ရွယ်ချက်ရှိရှိနဲ့ အညွန့်ချိုးခံထားရတော့ သို့မဟုတ် အမြစ်ပြုတ်လုနီးနီး တူးဖြိုခံထားရတော့ လူသစ်ဘက်မှာလည်း နိုင်ငံတစ်ခုလုံး အတိုင်းအတာနဲ့ဆိုရင် နိုင်ငံယန္တရားတစ်ခုလုံး အဆင့်မီမီ လည်ပတ်အောင် မောင်းနှင်နိုင်ဖို့ မလုံလောက်ဘူးလို့ ဆိုရမှာပဲ။

မျှခြေအရ အဟောင်းထဲမှာလည်း အကောင်းရှိနိုင်တယ်။ အသစ်ထဲမှာလည်း အဆိုးရှိနိုင်တယ်။အကောင်းအဆိုးကတော့ ဒွန်တွဲနေမှာ ဓမ္မတာပဲ၊ ဒီတော့ ဘာသာရေးမှာ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ အစွန်းနှစ်ပါး လွတ်ဖို့လိုသလို လက်ရှိ မိမိတို့နိုင်ငံရေးမှာလည်း ယင်းအစွန်းနှစ်ပါး လွတ်ဖို့လိုလာတယ်။ အဟောင်းတွေချည်းပဲ ခရီးဆက်မယ်ဆိုရင် သဿတဒိဋ္ဌိ အစွန်းထွက်တယ်။ အဟောင်းတွေကို အကုန်ဖြုတ်၊ အသစ်တွေချည်းပဲ စခန်းသွားမယ်ဆိုရင်လည်း ဥစ္ဆေဒဒိဋ္ဌိ အစွန်းထွက်သွားမယ်။ အဟောင်းနဲ့အသစ် နိုင်ငံ့အကျိုးဆိုတဲ့ ဘုံရပ်တည်ချက်အပေါ်မှာ တူညီစွာ ရပ်တည်ကာ သင့်လျော်သလိုသွားမှ အစွန်းနှစ်ပါး လွတ်ပြီး မဇ္ဈိမပဋိပဒါ ကျမယ်ထင်တယ်။ ဒါပေမဲ့ အဟောင်းထဲမှာ အနီးကပ်ဆုံးဥပမာ အင်ဒိုနီးရှား သမ္မတဗိုလ်ချုပ်ကြီးဟောင်း ယူဒိုယိုနိုတို့လို တိုင်းပြည်အကျိုးကို တကယ်ဆောင်ရွက်နိုင်စွမ်းရှိတဲ့ စိတ်စေတနာစွမ်း၊ သတ္တိဗျတ္တိစွမ်းရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေပါဖို့တော့ လိုအပ်တယ်။

မူဆိုတာတော့ မူဝါဒ၊ စည်းကမ်း ဥပဒေတွေပါပဲ။ ဥပဒေရဲ့ အဓိပ္ပာယ်က ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့၊ ပြည်သူ့ အကျိုးဆောင်ဖို့၊ ပြည်သူကို စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်အောင် ကူညီဆောင်ရွက်ဖို့ ဒီအဓိပ္ပာယ် ထွက်ရမယ်။ အဲဒီအဓိပ္ပာယ်ကို မဆောင်တဲ့ ပြည်သူကို ဖိနှိပ်လိုတဲ့၊ နှိပ်စက်လိုတဲ့၊ ဒုက္ခပေးမယ့် အာဏာရှင်တွေရဲ့လက်သုံးတော်သန်လျက် ဥပဒေဟောင်းတွေကိုတော့ အကုန်ဖြုတ်ပေး၊ ဖျက်ပေးရမယ်။ အခု ၂၀၀၈ နာဂစ်အခြေခံ ဥပဒေကြီးဟာလည်း ပြည်သူဘက်က မရပ်တည်ဘူး၊ ပြည်သူတို့ ကောင်းကျိုးကို မကြည့်ဘူးလို့ ပညာရှင်တို့က ဆိုကြတယ်။ ပြည်သူလူထု အကျိုးစီးပွားကို ထိခိုက်နစ်နာစေမယ့် ဥပဒေဟောင်းမှန်သမျှကတော့ အကုန်ဖျက်ပေး၊ အကုန်ဖြုတ်ပေးရမယ်။ အခု NLD က ၂၀၀၈ ဖွဲ့စည်းပုံနဲ့စပ်လို့ ပြင်ဆင်လိုတဲ့အချက် ၁၀၀ ကျော်ရှိကြောင်း ထုတ်ပြန်ထားတယ်။ တချို့က ၁၅၀ ကျော် ရှိကြောင်း ဆိုတယ်။ ပြည်သူအများစုကတော့ ဘာဥပဒေမှ သိပ်နားလည်တာ မဟုတ်ဘူး။ ဒီတော့ ဥပဒေပညာရှင်တွေက ဥပဒေနဲ့စပ်လို့ ပြည်သူတွေကို အရေးကြီးတဲ့ ဥပဒေတွေ ထိုက်သင့်သလောက် သိရှိနားလည်အောင် ပြည်သူ့အကျိုးဆောင်ပေးဖို့ လိုလိမ့်မယ်။ ဒါဟာ အရေးကြီးတဲ့ နိုင်ငံရေးပဲ။

အကျင့်ဟောင်းတွေကတော့ ယခင် စစ်အစိုးရ အဆက်ဆက် တိုင်းပြည်ကို ဦးဆောင်ခဲ့သူတွေ ကိုယ်ကျိုးရှာမှု၊ အဂတိလိုက်စား အကျင့်ပျက် ခြစားမှုတွေပဲ။ တိုင်းပြည် မွဲရတယ်ဆိုတာ အဲဒီအကျင့်ပျက်မှုတွေက အဓိက အချက်တွေပဲ။ ဒါကြောင့် ဆင်းရဲမွဲတေမှုကို တိုက်ဖျက်မယ်ဆိုရင် အုပ်ချုပ်ရေးပိုင်း၊ တရားစီရင်ရေးပိုင်းမှာ ရှိနေတဲ့ လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှု၊ အကျင့်ပျက် ခြစားမှုဆိုတဲ့ အကျင့်ဟောင်းတွေ ပြုတ်အောင် အဓိက တိုက်ဖျက်ကြရမှာ။ အဟောင်းပြုတ်မှ အဟုတ်ပြောင်းမယ်ဆိုတာ အဲဒီပုဂ္ဂိုလ်တွေရဲ့ အဲဒီအကျင့်ဟောင်းတွေက အဓိကပဲ။ နောက်ထပ် အရေးကြီးတာက သူတို့နဲ့ နွယ်တဲ့ မျိုးဆက်လူသစ်တန်းတွေမှာလည်း အတုမြင် အတတ်သင်ဆိုသလို အဲဒီအကျင့်ဆိုးတွေပါ မလာဖို့ လိုအပ်တယ်။

၂၀၁၂၊ ၂၀၁၃ အတွင်းမှာ ရခိုင် မိတ္ထီလာစတဲ့ ဘာသာရေး လူမျိုးရေးအသွင်ယူ ပဋိပက္ခတွေ။ ၂၀၁၃၊ ၁၀ လပိုင်းမှာ တစ်နိုင်ငံလုံး ချိန်ကိုက်ပေါက်ကွဲလိုက်တဲ့ ဗုံးတွေ၊ ဒါတွေဟာလည်း ယခင်အစိုးရတွေရဲ့လက်ထက် ကတည်းက ဖြစ်လေ့ဖြစ်ထရှိတဲ့ အကျင့်ဆိုး အကျင့်ဟောင်းတွေပါ။ ဒီအဟောင်းတွေလည်းပြုတ်မှ အဟုတ်ပြောင်းမှာ။ နောက်ပိုင်း နှစ်နှစ်ဆယ်ကာလမှာ ပြည်သူတွေမှာလည်း အကျင့်တွေ၊ စိတ်ဓာတ်တွေ၊ စည်းကမ်းပိုင်းတွေ ယိုယွင်းပျက်စီးကုန်တယ်။ ပြည်သူတွေဘက်ကလည်း အဲဒီအကျင့်ဟောင်း၊ စိတ်ဓာတ်ဟောင်းတွေ ပြုတ်ဖို့၊ ပြင်ဖို့လိုတယ်။

စိတ်ဓာတ်ဟောင်း ဆိုတဲ့နေရာမှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ သူတို့နဲ့ ခရိုနီခေတ်ပျက် သူဌေးတွေရဲ့ စိတ်ဓာတ်တွေက အဆိုးဆုံးပဲ။ နိုင်ငံတစ်ခုလုံးရဲ့ပိုင်ဆိုင်မှု တစ်ဝက်ကျော်ကျော်က သူတို့လက်ထဲမှာ ရောက်သွားပြီး တိုင်းပြည်ကတော့ အခွံပဲ ကျန်တယ်။ သူတို့ကတော့ ကမ္ဘာ့တန်းဝင် သူဋ္ဌေးကြီးတွေ ဖြစ်ကုန်တယ်။ ပြည်သူသန်း ၆၀ မှာတော့ ဆင်းရဲတွင်းက နက်သထက် နက်သွားတယ်။ နိုင်ငံရေးကို စီးပွားဖြစ်လုပ်လိုတဲ့ နိုင်ငံရေး လုပ်စားလိုတဲ့ စိတ်ဓာတ်တွေ ဒီစိတ်ဓာတ်တွေဟာ ၀ိသမလောဘ မသမာတဲ့ စိတ်ဓာတ်တွေပဲ။ အဲဒီ စိတ်ဓာတ်ဟောင်းတွေ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အစိုးရပိုင်းမှာရော၊ အခြားဌာနဆိုင်ရာ အကြီးအကဲတွေမှာရော ပြုတ်ဖို့၊ ဖြုတ်ဖို့ လိုပါတယ်။ တချို့နေရာတွေမှာ လူနဲ့မူက ခွဲလို့မရဘူး။ လူပြုတ်မှ မူပြုတ်မှာ ဆိုရင်တော့ လူပါ ဖြုတ်တန်က ဖြုတ်ရမှာပဲ။ ဒီအဟောင်းတွေပြုတ်မှ အဟုတ်ပြောင်းမှာပဲ။

စိတ်ဓာတ်ထဲကနေ အတွေးအခေါ်တွေ အယူအဆတွေ ထွက်လာတယ်။ ဒါပေမဲ့ အဲဒီအတွေးအခေါ် အယူအဆတွေကပဲ စိတ်ဓာတ်ကို ဦးဆောင်သွားတယ်။ ခေတ်အဆက်ဆက် တိုင်းပြည်ကို ဦးဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ ကိုယ့်အကျိုး ကိုယ့်စီးပွားကိုသာ တစ်ဖက်သတ်တွေးတဲ့ အတွေးအခေါ် ဟောင်းတွေ တိုင်းပြည်ကို ငါတို့အုပ်စုက ဦးဆောင်မှသာ ဖြစ်မယ်၊ နိုင်ငံရေးမှာ ငါတို့ပါမှ ဖြစ်မယ်လို့ ယူဆနေတဲ့ အယူအဆဟောင်းတွေ ပြုတ်ဖို့ လိုပါတယ်။ သူတို့တစ်တွေ လုပ်ခဲ့တဲ့ နိုင်ငံရေးဆိုတာ သူတို့တစ်တွေအတွက် ဘ၀ပဒေသာပင် ပေါက်ခဲ့တာဖြစ်တော့ ဒီလိုနိုင်ငံရေး လုပ်ရတဲ့အပေါ်မှာ ဥပါဒါန် ပြင်းပြင်းနဲ့ စွဲလမ်းကောင်းစွဲလမ်း နေပါလိမ့်မယ်။ အင်မတန် ဆိုးရွားလှတဲ့ အဲဒီအစွဲအလမ်း ဟောင်းတွေလည်း ပြုတ်ဖို့လိုပါတယ်။ အဟောင်းပြုတ်မှ အဟုတ်ပြောင်းပါလိမ့်မယ်။

အစောပိုင်းမှာ ပြောကြတာက နိုင်ငံရေးကတော့ ပြောင်းပါရဲ့။ စီးပွားရေးက မပြောင်းဘူးလို့ ပြောကြတယ်။ နိုင်ငံမှာ တကယ့်စီးပွားရေးက ဦးပိုင်စီးပွားရေးနဲ့ ခရိုနီစီးပွားရေးပဲရှိတာ။ သာမန်အရပ်သားမှာ စီးပွားရေး မရှိဘူး။ ထမင်းစားဖို့လောက်ပဲ ရှိတာ။ ဒီတော့ ဦးပိုင်စီးပွားရေး၊ ခရိုနီစီးပွားရေး၊ အရပ်သား စီးပွားရေး သုံးခု အချိုးညီသွားမှ နိုင်ငံ့စီးပွားရေးက ပြောင်းမှာ။ အဟုတ်ပြောင်းဖို့ဆိုရင် အဟောင်းပြုတ်ဖို့ လိုပါတယ်။
eleven media group

လှိုင်သာယာတွင် သေနတ်ဖြင့်ရမ်းကား


လှိုင်သာယာမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ဦးဥတ္တမလမ်းတွင်အောက်တိုဘာလ ၂၉ ရက် မွန်းလွဲ ၃နာရီ မိနစ် ၃၀ အချိန်ခန့်တွင် လူတစ်ဦးမှ သေနတ်ကိုင်၍ ရမ်းကားမှု ပြုလုပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

စောနေလင်း (ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်းပြည်သူ့စစ် ဌာန(ဌာနေ) ဗိုလ်ကြီးအဆင့်ရှိသူ)သည် ယမန်နေ့က ယောက္ခမအိမ်သို့ သွား ရောက်စဉ် ထွန်းထွန်းဝင်း (ခ) ဂဏန်းဆိုသူမှ လမ်း မဖယ်သည့်ကိစ္စနှင့် စကားများရာ စောနေလင်းမှ အသင့်ယူလာသော ပစ္စတိုသေနတ်နှင့် ချိန်ရွယ်ခဲ့ကြောင်း သိရ၍ ရဲတပ်ဖွဲ့မှခေါ်ယူစစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“ရပ်ကွက်ထဲမှာ ရှိတဲ့ သူ့ယောက္ခမအိမ် လာလည်ရင်းသူ့ဇနီးနဲ့ အပြင်ထွက် လက္ဘရည်သောက်ပြီး ပြန်လာတာ၊လမ်းထဲမှာ ကားမောင်းတား ကြမ်းတယ်ဆိုပြီး ဂဏန်းကဆဲလိုက်တယ်။ အဲဒီမှာ သူက သေနတ်နဲ့ထုတ်ပြီး ချိန်တော့တာပဲ” ဟု လှိုင်သာယာမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးက PeoplePower သတင်းစာသို့ ပြောကြားသည်။

၎င်းထံမှ သေနတ်နံပါတ် CZ 75 B CAL 9 Luger ၉ မမပစ္စတို တစ်လက်၊ ပစ္စတိုကျည်အိမ် တစ်ခု၊ ၉ မမ ကျည်၁၄ထောင့်တို့ သိမ်း ဆည်းရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်မှူးရုံးမှ သိရသည်။

နယ်ကျော်ကာ ရပ်ကွက်အတွင်း တရားဝင်ကိုင်ဆောင်ခွင့်မရှိသော ပစ္စတိုသေနတ်အား ကိုင်ဆောင်သူအား လှိုင်သာယာမမစ (ပ) ၁၂၅၃/ ၁၃၊ လက်နက်ပုဒ်မ ၁၉ (စ)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

ရေးသားသူ - ဝေဖြိုး
People power

KIO ထိန်းချုပ်နယ်မြေအတွင်းမှ စစ်ရှောင်ဒုက္ခသည် ငါးရာကျော် အစိုးရထံသို့ ခိုလှုံခွင့် တောင်းခံ


KIO ထိန်းချုပ်နယ်မြေအတွင်းမှ စစ်ရှောင်ပြည်သူ ၅ဝဝ ကျော် မြန်မာ အစိုးရထိန်းချုပ်နယ်မြေအတွင်းသို့ လာ ရောက်ခိုလှုံရန် အကူအညီတောင်းခံ လိုက်ကြောင်း သိရသည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန် စီမြို့နယ်ထဲမှ မုန်းဒိန်ပါ ကျေးရွာ ၌ အောက်တိုဘာလ ၂၂ ရက်နေ့က KIO နှင့် တပ်မတော်တို့ ထိတွေ့မှုဖြစ် ခဲ့ရာ ထိုဒေသတို့မှ ပြည်သူ အချို့ အပါအဝင် နမ်လန်းပါဒေသခံတို့ ကလည်း ပြည်နယ် အစိုးရထံသို့ အကူအညီတောင်းလိုက် ခြင်းဖြစ်သည်ဟု သိရသည်။

ဒေသဆိုင်ရာ တာဝန်ရှိသူတို့၏ အဆိုအရ ယင်းလူ ၅ဝဝ ကျော်ပါ အဖွဲ့ က ဗန်းမော်မြို့သို့ ဦးတည်လာနေပြီး အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ တွင် ဗန်းမော်မြို့နှင့် မိုင် ၆ဝ သာလို တော့သည်ဟု ၄င်းတို့၏ပြောကြားချက် များအရ သိရသည်။

ကချင်ပြည်နယ် အစိုးရတာဝန်ရှိ သူက ယင်းသတင်းဖြစ်ရပ်နှင့်ပတ်သက် ၍ မှန်ကန်ကြောင်းအတည်ပြုပြီး ထို့အ တွက် ပြင်ဆင်မှုလုပ်နေပါကြောင်း ဆို သည်။

”တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရ ခဲ့သူတစ်ယောက်ကို ဗန်းမော်ဆေးရုံ က ခေါ်ယူပြီး စတင်ကုသမှုပေးနေပါ ပြီ။ ကျန်တဲ့သူတွေကိုလည်း လက်ခံသွားဖို့ လူမှုအဖွဲ့အ စည်းတွေနဲ့ပါ ညှိနှိုင်းပြီးပါ ပြီ”ဟု ပြည်နယ် အစိုးရတာဝန်ရှိသူ ဝန် ကြီးဒေါ်ဘောက်ဂျာက ပြောသည်။

ပြည်နယ်အစိုးရ စာရင်းများအရ ဗန်းမော်ခရိုင်တွင် ကယ်ဆယ်ရေးစခန်း ၂၂ ခု လက်ရှိဖွင့်ထားပြီး အိမ်ထောင်စု ၄ဝ၇၃ ခိုလှုံနေရာ စုစုပေါင်း စစ်ရှောင် ပြည်သူ ၁၇၉၆၉ ဦးရှိနေသည်ဟု သိရ သည်။ ယင်းစာရင်းမှာ ယခုတိုးလာမည့် ပြည်သူ ၅ဝဝကျော်မပါဝင်သေးဟု ၄င်းထံမှ သိရသည်။

မြစ်ကြီးနားတွင်KIO နှင့် ပြည် ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတို့ ဒုတိယအကြိမ်မြောက် ဆွေးနွေးပြီး နောက်ပိုင်း ၁ဝ ရက် အတွင်း တပ်မ တော်က သဘောတူညီ ထားမှု၌ ၃ ချက်ကို ချိုးဖောက်ခဲ့သည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ် ခွန်ဂျာက စွပ်စွဲထားသည်။

Popular Myanmar News Journal

မောင်တောကြိမ်ချောင်းဈေးမီးလောင်၊ ဆိုင်ပေါင်း ၁၀၀ နီးပါး မီးထဲပါ


ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်းဈေး မီးလောင်သဖြင့် ဆိုင်ခန်းပေါင်း ၁၀၀ နီးပါးခန့် မီးထဲပါသွားသည်ဟု သတင်း ရရှိသည်။

အောက်တိုဘာလ ၂၉ ရက် ယမန်နေ့ ညဥ့် ၁၂ နာရီမှ စတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး နံနက် ၄ နာရီမှ မီးငြိမ်းသွားသည်ဟု အမည်မဖေါ်လိုသူ စရဖ အရာရှိ တစ်ဦးက ပြောသည်။

“ ပေါ့ဆမီးပါ။ ဈေးဆိုင်တွေထဲမှာ မီးကြွင်းမီးကျန်တွေ ရှိရာကနေ စလောင်ကျွမ်းတာပါ။ ဆိုင်ခန်း ၈၀ ကျော် မီးထဲပါသွားပါတယ်” ဟု ၎င်းက ဆိုသည်။

ညဥ့်အချိန် လူများ အိပ်ပျော်နေချိန်တွင် လောင်ကျွမ်းခြင်း ဖြစ်သဖြင့် မီးလောင်ကျွမ်းမူ ပမာဏများပြားကြောင်း၊ ယင်းပြင် ကြိမ်ချောင်းတွင် မီးသတ်ကားလည်း မရှိသဖြင့် မီးကို အချိန်တိုကာလ အတွင်း မငြိမ်းသတ်နိုင်ဘဲ ဖြစ်ခဲ့ရကြောင်း သူက ဆက်ပြောသည်။

မောင်တော မီးသတ်ဌာနမှ လိုက်ပါသွားသော်လည်း မီးငြိမ်းပြီးမှ ရောက်ရှိသွားသည်ဟု မီးသတ်ဦးစီးဌာနနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

“ မောင်တောက မီးသတ်ကား လိုက်သွားပါတယ်။ ခရီးက ၂၇ မိုင်ဝေးပြီး လမ်းကြမ်းတဲ့ အတွက် ၄ နာရီ အချိန်လိုပါတယ်။ ကားရောက်တော့ မီးက ငြိမ်းသွားပါပြီ” ဟု ၎င်းက ဆိုသည်။

ကြိမ်ချောင်းဈေးတွင် ၉၀ ရာခိုင်နုန်း ဈေးဆိုင်များကို  မွတ်ဆလင်များက ပိုင်ဆိုင်ကြောင်း၊ ရခိုင်ဆိုင် အနည်းငယ်သာ ရှိကြောင်း သိရသည်။

(နိရဉ္စရာ- ၃၀ အောက်တိုဘာ ၂၀၁၃)

အမုန်းတရားမရှိသဖြင့် အောင်မြင်မှုရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော


အမုန်းတရားတွေမရှိခဲ့လို့ အောင်မြင်မှုတွေ ရတာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ  အောက်တိုဘာလ ၂၉  ရက်နေ့  အီတလီ နိုင်ငံက ချီးမြှင့်တဲ့ တူရင်းန်မြို့တော်သူဆု လက်ခံရယူပြီး ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုလိုက်တာပါ။

“ကျမနေအိမ် အကျယ်ချုပ်ကျခံနေရတဲ့ အချိန်မှာ မကြာခဏ စဉ်းစားမိပါတယ်။ ကျမ စစ်အာဏာရှင်ကို စတင်မုန်းတဲ့နေ့ဟာ ကျမ ရှုံးနိမ့်မယ့်နေ့လို့။ ဒါပေမယ့် ကျမသူတို့ကို ဘယ်တော့မှ မမုန်းပါဘူး။ ဒါတွေကြောင့် ကျမနဲ့ အတူ ကျမလူတွေလည်း အကြိမ်ကြိမ် အောင်မြင်မှုတွေ ရလာတာပါ။ ကျမတို့ကြိုးစားဖို့ မျှော်လင့်နေတာက အမုန်းတရားမဟုတ်ပါဘူး။ ခါးသီးမှုတွေ ခံစားနေရလို့လည်း မဟုတ်ပါဘူး။ နားလည်မှုတွေ အခြေခံအားဖြစ်တော့ လူ့တန်ဖိုးတွေကို မျှဝေကြတာတွေ နဲ့ မတူကွဲပြားမှုတွေအကြားမှာ အောင်မြင်တွေရလာတာဖြစ်ပါတယ်။”

ဒါ့အပြင် ဒေါ်အပြင် ဒေါ်အောင်ဆန်းစုကြည်က တူရင်းန်ရဲ့ မြို့တော်သူဖြစ်ရတာ အင်မတန်မှ ဝမ်းမြောက်မိကြောင်း၊ အီတလီ နိုင်ငံက လုပ်ဆောင်ချက်တွေ အားလုံးကိုလည်း ဂုဏ်ယူကြောင်း ပြောပါတယ်။

အာဏာရှင်နဲ့ လွတ်လပ်ရေးကို ယုံကြည်တဲ့ သူတွေအကြားမှာ ကွာခြားမှုတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြထားပါတယ်။

“အာဏာရှင်ဖြစ်တယ်ဆိုပေမယ့်လည်း လူသားတွေဖြစ်တယ်။ ဒါပေမယ့် တန်ဖိုးတွေက မတူဘူးဆိုတာက ကြိမ်းသေပါတယ်။ တခြားလူတွေ ဘယ်လို့ တင်မြင်တွေးခေါ်နေသလဲ ဆိုတာကိုလည်း နားလယ်အောင် ဘယ်တော့မှ မလေ့လာပါဘူး။ ဒါတွေက လူသားတွေရဲ့ အခြေခံ ဆက်ဆံရေးတွေဖြစ်ပါတယ်။”

မြန်မာနိုင်မှာ ငြိမ်းချမ်းပြီး တည်ငြိမ် ခိုင်မာတဲ့ လူမှု အသိုင်းအဝိုင်းဖြစ်အောင်  အီတလီ နိုင်ငံရဲ့ အကူအညီတွေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် ဖခင်ဖြစ်သူ ဗိုလ်ချူပ်အောင်ဆန်း ငယ်စဉ်ကတည်းက  အရမ်းလေးစားတဲ့ အီတလီနိုင်ငံ ဘုန်းကြီးတပါးဟာ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံမှာ နေခဲ့ပြီး ဗိုလ်ချုပ်နဲ့ ရင်းနီးတယ်ဆိုတာ သူအနေနဲ့ သိပေမယ့် ဘုန်းကြီးက တူရင်းန်မြို့ကနေ လာတယ်ဆိုတာ မသိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တူရင်းန်မြို့နဲ့ ဆက်နွှယ်မှုကို အမှတ်တရ ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဘိုလော့ခ်ညာ နဲ့ ပါးမား မြို့တော်သူဆုကို ဒီနေ့ ဆက်လက်သွားရောက်လက်ခံမှာဖြစ်ပြီး နိုဝင်ဘာလ ၂ ရက်နေ့ မြန်မာနိုင်ငံကို ပြန်မှာဖြစ်ပါတယ်။

by ခွန်ဘသာ (ဒီဗွီဘီ)

ဆရာ


အလုပ်တစ်နေရာအတွက် လူတွေ့စစ်ဆေးရာ လူငယ်တစ်ဦးအလှည့်သို့ရောက်လာ၏။

ရွေးချယ်သူ ။ မင်းနာမည်
လူငယ် ။ မောင်သော်
ရွေးချယ်သူ ။ အထက်လူကြီးက မေးရင် " ဆရာ " ထည့်ဖြေရတယ်ကွ။ ပြန်ပြော
လူငယ် ။ ဟုတ်ကဲ့ " ဆရာမောင်သော်"

~ မောင်သော်

သခင်မျိုးဟေ့ ဒို့ဗမာ


လေယာဉ်တစ်စင်းပေါ်မှာ တရုတ်လူမျိုးတစ်ယောက်၊အိနိယလူမျိုးတစ်ယောက်၊အင်္ဂလိပ်လူမျိုးတစ်ယောက်နဲ့ ကျွန်တော်တို့ဗမာလူမျိုးတစ်ယောက် အားလုံးလေးယောက်လိုက်ပါကြတယ်။

လေယာဉ်က ခဏကြာတော့ စက်ပျက်သွားတော့ လေယာဉ်မှူးတွေ လေထီးကိုယ်စီနဲ့ ထွက်လာပြီး။

လေထီး အပိုက တစ်ခုထဲရှိတာ ခင်များတို့ ထဲက တစ်ယောက်ဘဲ ရမှာ ဆိုပြီး တံခါးဖွင့်ပြီး ခုန်ချသွားပါလေရော။

အဲဒီတော့ အားလုံး ဘာလုပ်ရမှန်းမသိဘဲ ကြောင်နေကြတယ်လေ။

တရုတ်ကြီးက သူတို့က လူဦးရေများတော့ တစ်ယောက်လျှော့လို့ ဘာမှမဖြစ်ဘူးဆိုပြီး

မဟာ တရုတ်လူမျိုး လို့ အော်ပြီး လေထီးမပါဘဲ ခုန်ထွက်သွားပါတယ်။

အိန္ဒိယလူမျိုးကလည်း အားကျမခံ သူတို့လည်း လူဦးရေများတာဘဲဆိုပြီး

ကြီးမြတ်သော အိန္ဒိယလူမျိုး လို့ အော်ပြီးလေထီးမပါဘဲ ခုန်ထွက်သွားပါတယ်။

အဲဒီတော့ အင်္ဂလိပ်လူမျိုးနဲ့ ကျွန်တော်တို့ ဗမာ လူမျိုး နှစ်ယောက်ထဲကျန်တော့တယ်

ကျွန်တော်တို့ ကိုရွှေဗမာက

သခင်မျိုးဟေ့ ဒို့ဗမာ လို့အော်လိုက်ပြီး ခုန်ထွက်သွားပါတယ်။

အင်္ဂလိပ်ကြီးက ပျော်သွားပြီး လေထီးကိုယူမလို့ ကြည့်လိုက်တော့ မရှိတော့ပါဘူး။

Credit - Original Writer

ဝတ္တုတိုင်း ကောင်းတာမဟုတ်ဘူး


ရထားပေါ်မှ စကားဝိုင်း …….. လူတယောက်က ပြောသည်-

ပထမလူ။ ကျနော့ မိန်းမ ကိုယ်ဝန်ရှိတော့ 'ကပတိန် နှစ်ယောက် စာအုပ်ဖတ်မိတယ်။
မကြာပါဘူး အမွှာပူး မွေးတာပဲ'
ဒုတိယလူ။ ဟုတ်တယ်ဗျ၊ ကျနော့မိန်းမလည်း ခလေးမမွေးခင်က ပျင်းလို့ဆိုပြီး
'လူစွမ်းကောင်း သုံးယောက်' စာအုပ်ဖတ်တယ်လေ၊ မွေးတော့ သုံးမွှာပူးဗျ"
ထိုစဉ် တတိယလူ၏ မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်ပြီး ရေတောင်းသောက်သဖြင့် ကျန်လူများက စိုးရိမ်တကြီးဖြစ်ကာ ၀ိုင်းမေးကြလေရာ... တတိယလူ ပြောလိုက်ပုံက... ""အင်း.. ကျနော့မိန်းမက ရက်စေ့ လစေ့ ဖြစ်နေပြီဗျ၊ မနက်က အလီဘာဘာနဲ့ ခိုးသားငါးရာ စာအုပ်ကို ဖတ်နေတာ တွေ့ခဲ့တယ်""
အထာကျတဲ့ အာဂ ဟာသများ

18+ ဟာသ


စိတ်ရောဂါကုဆေးရုံတွင်ဖြစ်သည်... လူနာတစ်ဦးကို စစ်ဆေးသည်...
" မင်း.. အခု အားလုံးကောင်းနေပြီ.. မင်းကို ဆေးရုံကနေတို့ ဆင်းခွင့်ပေးတော့မယ်... အပြင်ကို ရောက်ရောက်ချင်း... မင်းဘာလုပ်မလဲ"
"့ ကျွန်တော် ပြတင်းပေါက်မှန်တွေကို လေးခွနဲ့လိုက်ခွဲပါမယ်ဆရာ"
မကောင်းသေးဟု ဆိုကာ... ဆေးထပ်ကုရန်ထားလိုက်သည်.. သုံးလအကြာတွင် ထပ်စစ်ဆေးသည်
"မင်းကို တို့ အခု ဒီဆေးရုံကနေဆင်းခွင့်ပေးတော့မယ်...မင်းအပြင်ကို ရောက်ရင် ဘာလုပ်မလဲ"
" ကျွန်တော် ပြတင်းပေါက်မှန်တွေကို လေးခွနဲ့လိုက်ခွဲပါမယ်"
မကောင်းသေးဟုဆိုကာ.. ဆေးထပ်ကုသည်.. မတတ်နိုင်တော့ သည့် အဆုံး... နိုင်ငံခြားမှ... ပညာရှင်.. ဆရာဝန်များကို အကူအညီလှမ်းတောင်းသည်.. လူနာနှင့် ပတ်သက်သော ဒေတာများ.. ပို့ပေးသည်.... ဆရာဝန်ကြီးများ ကလည်း စိတ်ဝင်စားကြသည်.. သို့ နှင့် ဆရာဝန်များအားလုံး....ထို ဆေးရုံသို့ လာပြီး လူနာကို ထပ်မံစစ်ဆေးသည်......

" မင်းလည်း အားလုံး ကောင်းနေပြီပဲကွာ... မင်းကို ဆေးရုံက ဆင်းခွင့်ပေးတော့မှာပါ.... မင်း အပြင်ရောက်ရင်ဘာလုပ်မလဲ ပြောပါဦး"
" ကျွန်တော်.. ကျွန်တော့ ချစ်သူဆီ သွားပါ့မယ်"
ဆရာဝန်များအားတက်သွားသည်
" အေး.. မင်းချစ်သူဆီ ရောက်ရင် ဘာလုပ်မလဲ"
" ကျွန်တော်သူ့ကို နမ်းပါမယ်....."
" ဟုတ်ပြီ ပြီးရင်ဘာလုပ်မလဲ... "
"ကျွန်တော်သူ့ ရဲ ဘလောက်စ်အင်းကျီလေးကို ချွတ်လိုက်ပါမယ်.."
" ဟုတ်နေပြီ.. မင်းပြီးရင်ဘာလုပ်မလဲ"
" ကျွန်တော် သူ့ရဲ့စကတ်ကလေးကိုချွှတ်လိုက်ပါမယ် ဆရာ"
ချွေးပျံသည့်ဆရာဝန်တွေ ပျံကုန်သည်။
" ဟုတ်ပြီမင်းပြီးရင်ဘာဆက်လုပ်မလဲ.. "
" ကျွန်တော်.. သူရဲ့.. .အတွင်းခံ ဘာရာစီရာလေးကို ချွတ်ပါမယ်.. "
"ပြီးရင်ရောကွာ...."
"သူဝတ်ထားတဲ့ စက်စပိုင်တာလေးကို ဆွဲချွတ်ပစ်လိုက်ပါမယ်"
"ဒါ.....ဒါ...ဒါ..ဆိုပြီး ..ပြီးရင်ရော... "

" အဲ.... စက်စပိုင်တာက.. သရေကြိုးကို ဖြုတ်...လောက်လေးဂွမှာတပ်ပြီး... ကျွန်တော် ပြတင်းပေါက်မှန်တွေကို လိုက်ခွဲပါမယ်ဆရာ.."


ဧည့်ကြို


စိတ်ရောဂါကုပါရဂူကြီးသည် လူနာအခြေအနေကြည့်ရှုစစ်ဆေးရန်
ဆေးရုံသို့ရောက်ရှိလာသည်။
ဆေးရုံအုပ်ကြီးရုံးခန်းသို့လျှောက်လာစဉ် လူထွားကြီးတစ်ဦးသည်
သူ့အား တောက်လျှောက် စိုက်ကြည့်နေလေသည်..
လူထွားကြီးအနားရောက်ခါနီးတွင် လူထွားကြီးမှာ သူ၏ဘေးရှိထိုင်ခုံအား
ကောက်ကိုင်ပြီး သူဆီသို့ ပြေးလာသည်..
ပါရဂူကြီးမှာလည်း ဘာမှစဉ်းစားမနေတော့ပဲ ပြေးနိုင်မှလွတ်နိုင်မည်ဟုဆြို ပီး
အသားကုန်သာလှိမ့်ပြေးလေတော့သည်..
ပြေးရင်းပြေးရင်းဖြင့် ပါရဂူကြီးသည်လမ်းမှားပြီး
အုတ်တံတိုင်ကြီးဆီသို့ ရောက်ရှိ၍လမ်းပိတ်သွားလေသည်
ပါရဂူကြီးလည်း မထူးတော့ပါဘူးကွာ..ဟုဆိုကာ
ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခေါင်းငုံထားလိုက်လေသည်…
လူထွားကြီးမှာ ပါရဂူအနားသို့ရောက်လာပြီး ဤသို့ပြောလိုက်လေသည်.
" ထိုင်ပါခင်ဗျား…ကျွန်တော်က ဧည့်ကြိုပါ" .. တဲ့

နှုတ်ခမ်းအသွင်အပြင်နှင့် စိတ်ကိုဖတ်ခြင်း


(၁)နီကိုးကစ်မင်းကဲ့သို့ နှုတ်ခမ်းပိုင်ရှင်မျိုး၊ နှာခေါင်းနေရာတွင် ကျယ်၍  ဘေးအောက်ဖက်ကို ကျဉ်းသွားသောနှုတ်ခမ်းပိုင်ရှင်မျိုးသည် သားများထက် သမီးကို ပိုရရှိကြသည်။
(၂)အပေါ်နှုတ်ခမ်းပေါ်တွင် မှည့်ရှိသူသည် သားများ၏မိခင်၊ဖခင်တို့ ဖြစ်တတ်သည်။ အောက်နှုတ်ခမ်းတွင် မှည့်ရှိသူသည်  သမီးများ ရရှိတတ် သည်။ နှုတ်ခမ်းအလယ်တွင် မှည့်ရှိသူသည် အိမ်ထောင်ဖက်ရှာရ လွယ်ကူသည်။
(၃)ပါးစပ်ကျယ်သူများသည် မိဘကို ပြန်မပြောဘဲ ရိုသေကျိုးနွံကြသည်။ အိမ်မှာ (၁)ယောက်တည်းနေဖို့ မလိုလားပေ။ လွတ်လပ်မှုကို လိုလားပြီး ရဲရင့်သတ္တိရှိကြသည်။
(၄)နှုတ်ခမ်းတွင် ကန့်လန်ဖြတ်လိုင်းပါသူတွင် အိမ်ထောင်ရေး၌ အခက်အခဲများနှင့်ကြုံရတတ်သည်။ ထိုသူ သည် ယောကျာ်းဖြစ်စေ၊ မိန်းမ ဖြစ်စေ သူ၏များလှစွာသော ကလေးများအတွက် အနစ်နာခံရသည်။ ကလေးများက သူတို့ကို ပြဿနာ ရှာတတ်သည်။
(၅)နှုတ်ခမ်းကြီးသူတို့သည် လွတ်လပ်မှုကို လိုလားပြီး သူများကျအောင်ပြောတတ်တယ်။ လက်တွေ့ မှာမူ အပြောနှင့်တစ်ထပ်တည်းကျအောင် လုပ်ဖို့ ခဲယဉ်းသည်။
(၆)နှုတ်ခမ်းသေး၍ သာမန်နှုတ်ခမ်းလောက်ကျယ်ခြင်းမရှိသည့်နှုတ်ခမ်းပိုင်ရှင်များသည် နှိမ့်ချတတ်ပြီး သူတို့နာမည်ကောင်းရဖို့ကို လှစ်လျူရှုပြီး သူတစ်ပါးကို အထောက်အပံ့ ပေးတတ်ကြသည်။
(၇) နှုတ်ခမ်းကွေးအထက်ဖက်သို့ ရောက်ပြီး ပြုံးလိုက်တိုင်း လမင်းကွေးနှင့်တူသည့် နှုတ်ခမ်းပိုင်ရှင်တို့တွင် သူငယ်ချင်းကောင်းများရှိပြီး လိုအပ်လျှင် ကူညီရန် အဆင်သင့်ဖြစ်နေတတ်သူ ဖြစ်သည်။
(၈)နှုတ်ခမ်းကွေးအောက်ဖက်သို့ ခပ်မဲ့မဲ့ပုံစံရှိသူသည် ပုံကြီးချဲ့ပြောတတ်သူဖြစ်ပြီး အမြဲတမ်းလိမ်ညာနေတတ်သူဖြစ်သည်။
H.T
Health Updates Journal

ယောက္ခမ က ဥာဏ်ကောင်းချက် .. funny


ယောက္ခမ အထီးဆီ သမက်ဖြစ်သူရောက်လာသည်။

“ အန်ကယ် . .အန်ကယ့်သမီးနဲ့ ကျွန်တော်လက်ထပ်တာ ၃-လ ပဲရှိသေးတယ် ၊

ဒါပေမယ့် ကလေးမွေးပြီ . . ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ . . ကလေးတစ်ယောက်မွေးဖို့ က

၉ လလောက်လိုတယ်ဆိုတာ အားလုံးသိကြတာပဲ . . ”

ထိုအခါ ယောက္ခမအထီးက ပြန်မေးသည်။

“ မင်းမိန်းမနဲ့ ၃ လကြာအတူနေတယ်နော် ”

“ဟုတ်ကဲ့ အန်ကယ်”

“ မင်းမိန်းမဟာ မင်းနဲ့ ၃လကြာအတူနေတယ်နော် ”

“ ဟုတ်ကဲ့ နေပါတယ် ”

“ မင်းတို့ နှစ်ယောက်အတူနေတာ ၃လရှိပြီနော်”

“ ဟုတ်ပါတယ်”

“ အေး အဲဒါဆို ၃+၃+၃ ဘယ်လောက်လဲ”

“ ၉ပါ အန်ကယ်”

“ အေး . . . အေး..”

Credit - Original Writer


ဟာသပုံများ

ပုံအကြီးကြည့်ချင်ပါက ပုံကိုနှိပ်ပါ





အရက်သောက်ခြင်းရဲ့ ဆိုးကျိုး (ဟာသ)


ဓါတုဗေဒ ဆရာက သူ့ကျောင်းသားတွေကို အရက်သောက်ခြင်းရဲ့ ဆိုးကျိုးတွေသိရအောင်

လက်တွေ့စမ်းသတ်မှု တစ်ခုလုပ်ပြတယ်။ သူက အရက်တစ်ခွက်၊ ရေတစ်ခွက်နဲ့ သန်ကောင် နှစ်ကောင် ယူလာတယ်။

"ကဲ..တပည့်တို့ ဒီသန်ကောင် နှစ်ကောင်ကို သေချာကြည့်ထားနော်" ဆရာက ပြောပြီး
အရက်ခွက်ထဲကို တစ်ကောင်၊ ရေခွက်ထဲကို တစ်ကောင် ထည့်လိုက်တယ်။

ရေခွက်ထဲက သန်ကောင်က ဂျွမ်းထိုး ကခုန်ပြီး ပျော်ရွှင်နေတယ်၊ အရက်ခွက်ထဲက
သန်ကောင်ကတော့ တွန့်လိမ်ကောက်ကွေးပြီး ခဏနေတော့ ငြိမ်သက် သေဆုံးသွားတယ်။

"ကဲ တပည့်တို့ တွေ့ကြတယ် မဟုတ်လား??? ဒီစမ်းသတ်မှုကို ကြည့်ပြီး
ဘယ်လို သင်ခန်းစာယူနိုင်သလဲ" ဆရာက တပည့်တွေကို မေးတယ်။

နောက်ဆုံးတန်းမှ အောင်ကျော်က လက်ထောင်ပြီး ထဖြေတယ်။

"အရက်သောက်တဲ့လူတွေမှာ သန်ကောင် မရှိနိုင်ပါဘူး ဆရာ"

ဦးမောင်ကြီး
အထာကျတဲ့ အာဂ ဟာသများ

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ ယခုထိသြဇာရှိတုန်းလား


ရေးသားသူ- အောင်သူရ၊ အိဖြူလွင်၊ ရန်မျိုးနိုင်

လွန်ခဲ့သောလပေါင်း ၃၁ လက အငြိမ်းစားယူသွားခဲ့သူတစ်ဦး၏ မကြာမီက ပြောစကားတစ်ခွန်းကြောင့် နိုင်ငံရေးစိတ်ဝင်စားသည့် ပြည်သူများကြား ဂယက်ရိုက်သွားခဲ့သည်။

သာမန်အငြိမ်းစားတစ်ဦးပြောလျှင် ထိုသို့မဖြစ်နိုင်သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ပြောစကားကြောင့်သာ ယခုလို ဂယက်ရိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်သီတင်းကျွတ်ကာလတွင် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်မိသားစုသည် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ သွားရောက်ဂါရ၀ပြုခဲ့သည်။

ထိုသို့ သွားရောက်ဂါရ၀ပြုစဉ် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေက “မြန်မာနိုင်ငံရဲ့တိုးတက်ပြောင်းလဲမှုဖြစ်ပေါ်နေမှုကို ဘေးကစိတ်ဝင်တစား စောင့်ကြည့်တဲ့သဘောရှိတယ်။ မဖြစ်သင့်တာတွေမဖြစ်ပေါ်ဖို့အတွက်လည်း သူ့မှာစိုးရိမ်စိတ်တွေရှိခဲ့တယ်”ဟု ဦးရွှေမန်းက တစ်ဆင့်ပြောကြားခဲ့သည်။

ထိုကဲ့သို့ ပြောဆိုလာသည့်အတွက် လက်ရှိအစိုးရနှင့် တပ်မတော်အပေါ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)အနေဖြင့် သြဇာသက်ရောက်မှု ရှိနေသေးသလားဆိုသည့် သံသယမှာလည်း နိုင်ငံရေးစိတ်ဝင်စားသူများကြား ကြီးထွားလာခဲ့သည်။ ထို့ကြောင့် နိုင်ငံရေးစိတ်ဝင်စားသူများနှင့် ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများ၊ စိုးရိမ်ပူပန်မှုများရှိလာသည့်အသံများ ကြားလာရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီအဖွဲ့ဝင် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူးဖြစ်သူ ဦးအေးမောက်ကမူ ဦးသန်းရွှေအနေဖြင့် ပါဝင်ပတ်သက်နေသည်ဟု မထင်ကြောင်း သူ၏ထင်မြင်ချက်ကို ပြောကြားသည်။

“လွှတ်တော်ထဲမှာတော့ ၁၀၀ ရာခိုင်နှုန်း ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်တယ်။ ဝေဖန်နိုင်တယ်။ တကယ်လို့သာ နောက်ကရှိနေသေးတယ်ဆိုရင် လွှတ်တော်ဥက္ကဋ္ဌတို့၊ ဘာတို့က နည်းနည်းတော့တွန့်မှာပေါ့”ဟု ဦးအေးမောက်က ဥပမာပေး၍ပြောဆိုသည်။

ဦးအေးမောက်နည်းတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ်ဦးမင်းသူကလည်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် ပါဝင်ပတ်သက်မှု လုံးဝမရှိတော့ကြောင်း ထောက်ခံပြောဆိုသည်။

“တကယ်တော့ သွားနေတဲ့လမ်းကြောင်းက ရှင်းပါတယ်။ လူထုဆန္ဒအတိုင်းသွားနေတယ်”ဟု ဦးမင်းသူကဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် ၂၀၁၀ အငြိမ်းစားမယူမီ တပ်မတော်ခေါင်းဆောင်များအား ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့ တက်လာသည့်အချိန်မှစ၍ နိုင်ငံရေးတွင် ၀င်ရောက်မစွက်ဖက်ရန် မှာကြားခဲ့ကြောင်း တပ်မတော်အရာရှိဟောင်းတစ်ဦးကပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)အနေဖြင့် လက်ရှိအခြေအနေတွင် ၀င်ရောက်လာပါကလည်း လွှတ်တော်တွင် ၎င်းပြောသည့်အတိုင်း ဖြစ်မည်မဟုတ်တော့ကြောင်း တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်ခဲ့သူ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကသုံးသပ်သည်။

အငြိမ်းစားယူပြီးသည့်နောက်ပိုင်း တရုတ်နိုင်ငံမှ ကြွချီလာသော ဗုဒ္ဓစွယ်တော်အတွက် အလှူငွေထည့်ဝင်ခြင်း၊ ပျဉ်းမနားမြို့ရှိ သာသနာ့ဗိမာန်နှင့် သံဃာ့ဆေးရုံတို့အား ငွေကြေးလှူဒါန်းသည့်သတင်းများသာ ထွက်ပေါ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် အငြိမ်းစားယူပြီးသည့်အချိန်မှစ၍ နေပြည်တော်ရှိ A1 အိမ်တော်တွင် နေထိုင်လျက်ရှိပြီး စာဖတ်နေကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦးက ပြီးခဲ့သည်နှစ်ကုန်ပိုင်းတွင် မီဒီယာများသို့ပြောကြားသည်။

စာဖတ်နေသော အသက် ၈၀ ရှိနေပြီဖြစ်သည့် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဦးဌေးဦးနှင့် ဦးအောင်သောင်းတို့ ယခုနှစ်လယ်ပိုင်း၌ သွားရောက်တွေ့ဆုံခဲ့သော်လည်း ထိုတွေ့ဆုံမှုနှင့်ပတ်သက်၍ မည်သည့်အကြောင်းအရာမှ ပြန်လည်ပြောကြားခြင်းမရှိခဲ့ပေ။

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် အစိုးရနှင့် ၀န်ကြီးဌာနများအပေါ် နိုင်ငံရေးအရ ပတ်သက်မှုမရှိသော်လည်း လက်ရှိတပ်မတော်ခေါင်းဆောင်များကမူ အချို့သော အကြောင်းအရာများ၌ ဦးသန်းရွှေထံမှ အကြံဉာဏ်ရယူတာမျိုးရှိနိုင်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ကမ္ဘာကျော်သတင်းစာဆရာ ဘာတေးလ်လင့်တနာကသုံးသပ်သည်။ အထူးသဖြင့် နိုင်ငံလုံခြုံရေးနှင့်ပတ်သက်သောကိစ္စများတွင် ဦးသန်းရွှေထံမှ အကြံဉာဏ်တောင်းခံနိုင်ကြောင်း မြန်မာ့အရေးအတွက် ဘာတေးလ်လင့်တနာကဆိုသည်။

ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ
7Day News Journal

Facebook ကိုလွမ်းမိုးခဲ့သူ - Chris Putnam




Faebook Comment Box ထဲမှာ  : putnam : လို့ ရိုက်လိုက်ရင် ထွက်လာတဲ့ ခေါင်းပုံကို ကျနော်ဆိုရင် အစက ဂျက်စတင်ဘီဘာခေါင်း လို့တောင် အနီးစပ်ဆုံး လျှောက်ထင် လိုက်ပါသေး တယ်။ သို့ပေမယ့် အဲဒါ မှားပါတယ်။ အဲ့ဒီ Emotion icon ပိုင်ရှင်က Chris Putnam လို့အမည်ရတဲ့ လူငယ်လေး ဖြစ်ပါတယ်။

Georghia Southern University မှာ တက္ကသိုလ်တက်နေစဉ် ၂၀၀၅ ခုနှစ်က Faceboook ကို ဟက်ခဲ့ပါတယ်။ အကောင့်ပေါင်း ၁ ထောင်ကျော်ရဲ့  Profile page ကို Myspace Social Network က ပုံစံ ဖြစ်အောင် ပြောင်း လဲခဲ့ပြီး Contat Detail အချို့ ကိုတောင် ဖျက်ခဲ့ပါသေးတယ်။ Cross-site scripting ကို အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်ကို Facebook က ထောက်လှမ်းမိခဲ့ပြီး Co-founder ဖြစ်သူ Dustin Moskovitz က ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ အလုပ်လုပ်ဖို့အတွက် အကမ်းလှမ်းခံရပြီး Facebook security နဲ့ Developing Team မှာ ထူးချွန်တဲ့ Engineer တစ်ယောက် ဖြစ်ခဲ့ ပါတယ်။

Facebook မှာ Photo Album တင်တာနဲ့ ဗီဒီယိုတင်တာတွေကို Chrit Putnam ဦးဆောင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ကုမ္မဏီမှာ စုစုပေါင်း ၄ နှစ်ပဲ လုပ်ကိုင်ခဲ့သူပါ။ သက္ကရာဇ် ၂၀၁၀ ခုနှစ်မှာ ကုမ္မဏီမှ ထွက်ခွာ ခဲ့ပါတယ်။ သူထွက်ပြီးနောက် Facebook chat, Comment မှာ  လို့ ရိုက်ရင် Chris Putnam ရဲ့  ခေါင်းပုံစံပေါ်စေဖို့ Facebook က အမှတ်တရ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
.
Ref:wiki
အောင်ခမ်း ( TSJ Team )
TechSpace Journal

ပြည်သူပြည်သား မိအေး နှစ်ခါနာများ


အောက်တိုဘာ ၂၉ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် လျှပ်စစ် ဓာတ်အား ခနှုန်းထားများ ပြင်ဆင်ပြောင်းလဲကောက်ခံ မည့် အကြောင်း ဖော်ပြ ထား သည်ကို တွေ့ရသည်။ ယင်းကို ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်တွင် အချက်နှစ်ချက်ပါဝင်သည်။
ပထမ တစ်ချက်မှာ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးရေးအဖွဲ့သည် ဓာတ်အားထုတ်လုပ်မှု ကုန်ကျ စရိတ်နှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ တတ်နိုင် သမျှ ကာမိစေရန် အတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ဓာတ်အားသုံးစွဲမှုအပေါ်မှ စတင်၍ အများပြည်သူသုံး (အိမ်သုံး)အတွက် တစ်ယူနစ်မှ ၁၀၀ ယူနစ်အထိ ၃၅ကျပ်၊ ၁ဝဝယူနစ်အထက် ၅ဝကျပ်၊ အများပြည်သူ (စက်မှု၊ စီး ပွားရေး၊ တစ်လုံး တစ်ခဲ တည်း၊ ယာယီ)အတွက် တစ်ယူနစ် မှ ၅ဝဝဝယူနစ်အထိ ၁၀၀ ကျပ်၊ ၅၀၀၁ယူနစ်နှင့်အထက် ၁၅ဝကျပ်၊ အစိုးရဌာနရုံးသုံးအတွက် ၅ဝကျပ်၊ စက်မှုသုံးအ တွက် ၁ဝဝကျပ် ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ယင်းတို့ကို နိုဝင်ဘာလအတွင်း ဓာတ်အားသုံးစွဲမှု ပမာဏအပေါ် ယခုဖော်ပြထားသည့် နှုန်းထားသစ်များ ဖြင့် တွက်ချက်ပြီး ဒီဇင်ဘာလတွင် စတင်၍ ငွေတောင်းခံလွှာများ ပြုစုကောက်ခံသွားမည်ဟု ဖော်ပြထားသည် ကို တွေ့ရသည်။ လက်ရှိနှုန်းထားများမှာ အများပြည်သူ သုံး(အိမ်သုံး) တစ်ယူနစ်လျှင် ၃၅ကျပ်၊ စက်မှုလုပ်ငန်းများ အတွက် တစ်ယူနစ်လျှင် ၇၅ကျပ်နှင့် အစိုးရစက်မှုသုံး များအတွက် ၃၅ကျပ်ဖြစ်သည်။

ထိုသို့လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံ လိုက်သည့် အတွက် နောက် ဆက်တွဲ မည်သို့သောအကျိုး ဆက်များ ထွက်ပေါ်လာ နိုင်သလဲ၊ စိတ်ဝင်စားစရာ ကောင်းပါသည်။ အိမ်သုံးသမားတွေကတော့ အပိုထပ် ကုန်လိမ့်မည်။ ရှိသည့် ရသည့်ဝင်ငွေထဲမှ ဖဲ့ထုတ်ပေး ရလိမ့်မည်။

ထိုအတွက် သူတို့တွင် စောဒကတက်စရာ မရှိ။ မပေးချင်ရင် လိုသလောက် သုံး။ မလိုသည့်မီးပိတ်။ စီးပွားရေးလုပ်ငန်းသမားတွေက သူတို့နှစ်ဆ တက်ပေး ရမည့်အတွက် သူတို့ကုန်ပစ္စည်းများအပေါ် ထပ်ဆောင်း ဈေးတင် လိုက်လို့ရမည်။ ထိုသို့တင်လျှင် အများပြည်သူ ပဲ တိုက်ရိုက်ထိမည်။ တစ်ရာတန်က တစ်ရာ့နှစ်ဆယ်ဖြစ် ချင်ဖြစ်မည်။
တစ်ရာ့ငါးဆယ်ဖြစ်ချင်ဖြစ်မည်။

ရုတ်တရက်ကြည့်လျှင် အိမ်သုံးသမားတွေက ယခင်တစ်ယူနစ် ၃၅ကျပ်မှ ၅ဝတိုးပေးလိုက်လျှင် ၁၅ကျပ်ပဲ တက်သည်ဟု ဆိုနိုင်သော်လည်း စီးပွားရေး လုပ်ငန်းသမားများက သူ တို့ထပ်ဆောင်းကုန်ကျမည့် မီတာခအတွက် သူတို့ကုန် ပစ္စည်းအပေါ် ထပ်ဆောင်းတင်လိုက်ပါက ထိုအဖိုးအခ သည် အများပြည်သူဝယ်ယူသုံးစွဲသူပဲ ထပ်ဆောင်းပေးရ မည့်သဘော သက်ဝင်သွားသည်။ နောက်ဆုံးတော့ အများ ပြည်သူပဲ တိုက်ရိုက်ထိသည်။

ထူးတော့ ထူးဆန်းသည်။ ကမ္ဘာ့ဘဏ်တို့ ၊ အိုင်အမ်အက်ဖ်တို့က တစ်နိုင်ငံလုံးမီးလင်း ရေး ဘယ်လိုဘယ်လောက်ကူညီမည်တို့ကြားနေရသည့် အထဲ ယခုလိုတိုးကောက်ခြင်းကဆန်းသည်။ ဘန်ကောက် တစ်မြို့လုံးနှင့် တရုတ်တို့တွင် မြန်မာ့ဓာတ်ငွေ့ဖြင့် မီး လင်းနေပြီး ကိုယ့်နိုင်ငံကျတော့ ဓာတ်အားခတိုးကောက် ခြင်းမှာလည်း သဘာဝလွန်ဖြစ်ရပ် ဖြစ်နေသည်။

ယင်းသည် ခေတ်သစ်၊ စနစ်တွင် ဘာတွေ ဘယ်လိုပြောင်းပြောင်း၊ ဘယ်လိုလုပ်လုပ် ပြည်သူဟူသော ဘူတာပဲလာလာဆိုက်နေလိမ့်မည်။ ယင်းသည် မြန်မာ ပြည်၏ ထူးခြားချက်တွေထဲက ထူးခြားချက်တစ်ခုဖြစ် သည်။ဘာပဲတက်လိုက်တက်လိုက်ကားသမားကလည်း ဈေးလိုက်တက်ချင်သည်။ ယုတ်စွအဆုံး ဆိုက်ကားသမား ကလည်း ဈေးလိုက်တက်ချင်သည်။ အခြားလုပ်ငန်းသမားများကတော့ဆိုဖွယ်ရာမရှိ။ဓာတ်အားထုတ်လုပ်မှုကုန်ကျစရိတ်နှင့်ဓာတ်အားဝယ်ယူမှုကုန်ကျစရိတ်များ ကြောင့်တက်ရပါသည် ဆိုသော်လည်းဘာတွေဘယ် လောက်ဝယ်ရ၍အဘယ်သို့သောထုတ်လုပ်မှုကုန်ကျ စရိတ်ဟူသည်ကို ရှင်းရှင်းလင်းလင်းတော့ ဖော်ပြထား ခြင်းမရှိပေ။ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေး ရေးအဖွဲ့က ထိုအချက်များ ကို သေချာ ကျနစွာ ဖော်ပြ ပေးသင့်ပေ သည်။

ပြည်သူ့ခေတ်တွင် ပြည်သူကို ချပြ ပေးဖို့တော့လိုသည်။ နားလည်အောင် ရှင်းပြရမည့်တာ ဝန် ထိုအဖွဲ့တွင် ရှိသည်။ ထိုသို့မဟုတ်လျှင် ပြည်သူ တွေပဲ မိအေးနှစ်ခါနာတွေ ဖြစ်နေရချိမ့်မည်။

အယ်ဒီတာ

အောက်တိုဘာ ၂၉၊ ၂၀၁၃
yangonmedia

နေပြည်တော် ဆီးဂိမ်းဖွင့်ပွဲ အစိုးရလျှပ်စစ်မီး မသုံးဘဲ မီးစက်သာ သုံးမည်


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင် ကစားသမား များကို ကြိုဆိုသည့် ဆိုင်းဘုတ်ကို လူစည်းကားရာ နေရာအများစုကို စိုက်ထူထားသည့် မြင်ကွင်း။ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားကို မယုံကြည်၍ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံး အကြိမ် လက်ခံကျင်းပမည့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ (SEA GAME) ဖွင့်ပွဲ အခမ်းအနား ကို    ဗို့အားမြင့် မီးစက်ကြီး များ အသုံးပြုဖွင့်လှစ်မည်ဖြစ်သည်။

နေပြည်တော် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားကို အသုံး မပြုရခြင်း မှာ ဖွင့်ပွဲကာလ မီးပျက်မည်ကို စိုးရိမ်၍ ဖြစ်ပြီး ဖွင့်ပွဲအချိန် မီးပျက်ပါက နိုင်ငံဂုဏ်သိက္ခာ ကျဆင်းနိုင်သဖြင့် မီးစက်များ အသုံးပြု ပြိုင်ပွဲ ဖွင့်လှစ်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း အားကစားဝန်ကြီးဌာန၊ လူထု ဆက်ဆံရေးနှင့် ပညာပေးရေး ဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဧရာဝတီသို့ ပြောသည်။

“ဆီးဂိမ်းဖွင့်ပွဲကြီး ကျင်းပနေစဉ်မှာ အစိုးရ လျှပ်စစ်ဓာတ်အားလိုင်းကို သုံးမှာ မဟုတ်ဘူး။ မီးပျက်နိုင်တယ်လေ။ မီးစက်ပဲ သုံးမယ်။  ဖွင့်ပွဲ မတိုင်ခင် တနာရီလောက်ကတည်းက ကြိုပြီးတော့ ကျင်းပမယ့် အခမ်းအနား အဆောက်အဦ၊ အားကစားရုံ တခုလုံးကို မီးစက်အလုံး ၂၀ လောက်နဲ့ မီးပေးဖို့ စီစဉ်ထားတယ်´´ ဟု ဦးဌေးအောင်က ဆိုသည်။

အလားတူ ဆီးဂိမ်းပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားတွင်လည်း အစိုးရဓာတ်အားစနစ်ကို အသုံးမပြုဘဲ မီးစက်များကိုသာ အသုံးပြုပြီး ပိတ်ပွဲအခမ်းအနားပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

၂၇ ကြိမ်မြောက် ဆီးဂိမ်းကျင်းပရေးကော်မတီနာယက  ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဆီးဂိမ်းပြိုင်ပွဲ အဆင်ပြေ ချောမွေ့ရေး သက်ဆိုင်သော ၀န်ကြီးဌာန အားလုံး တာဝန်ကျေအောင် ဆောင်ရွက်ရန်နှင့် အမှားအယွင်း တခုခုဖြစ်ပေါ်၍ တိုင်းပြည် ဂုဏ်သိက္ခာကျ အရှက်ရစေပါက ၀န်ကြီးဌာနမှ အဆင့်မြင့်ဆုံး ပုဂ္ဂိုလ် အပါအ၀င် အရာရှိများကို အလုပ် ထုတ်သည် အထိ အရေးယူမည်ဖြစ်ဟု ညွှန်ကြားချက်ပေးထားကြောင်း သိရှိရသည်။

“ဆီးဂိမ်းမှာ တိုင်းပြည် ဂုဏ်သိက္ခာ မကျဆင်းအောင် လုပ်ဖို့ ဒုသမ္မတကိုယ်တိုင် ညွှန်ကြားထားတယ်။ အမှားအယွင်း ဖြစ်ခဲ့ရင် တာဝန်ယူ ထားတဲ့ ၀န်ကြီးဌာနတွေက   ၀န်ကြီးတွေ တန်းစီပြီး ပြုတ်မှာ။ သူတို့က ပိုပြီးတော့ ဘ၀နဲ့ ရင်းရမှာ´´ ဟု အားကစား ၀န်ကြီးဌာနမှ တာဝန်ရှိသူတဦးက ဆိုသည်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ဆီးဂိမ်း ပြိုင်ပွဲ ကျင်းပရန် ရက်ပိုင်းအလို တနိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီး ပြတ်တောက်မှုများ မကြာခဏ ဆိုသလို ဖြစ်ပွား လျက်ရှိကြောင်း၊ ဆီးဂိမ်းပြိုင်ပွဲကာလ ယင်းသို့ မီးပြတ်တောက်မှု များဖြစ်ပေါ်ခဲ့လျှင် နိုင်ငံဂုဏ်သိက္ခာ ကျနိုင်သည် ဆိုသော သုံးသပ်ချက်များ ထွက်ပေါ်လျက်ရှိသည်။

အောက်တိုဘာ ၂၉ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ အပါအ၀င် မြန်မာတနိုင်ငံလုံးတွင် တနာရီကျော်ကြာ ဓာတ်အား ပြတ်တောက်မှု တခု ဖြစ်ပွားခဲ့ပြီး  အဆိုပါ လျှပ်စစ်မီးပြတ်တောက်မှုသည် ပြည်မြို့အနီးရှိ ရွှေတောင်နှင့်မြောင်းတကာသို့ သွယ်တန်း ထားသော  မဟာဓာတ်အားလိုင်းကြိုး ချို့ယွင်းပြတ်တောက်မှု ကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့က ဆိုသည်။

အစိုးရက အားနည်းချက်များစွာရှိနေသည့် လျှပ်စစ်အားပေးစနစ်ကို ယုံကြည် စိတ်ချမှုမရှိသဖြင့်  ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် နေပြည်တော်၊ ရန်ကုန် ၊ မန္တလေးနှင့် ငွေဆောင်ဒေသ တို့တွင် မီးစက်များစွာ အရန်သင့် ပြင်ဆင်ထားကြောင်း သိရှိရသည်။

နေပြည်တော် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက “ဖွင့်ပွဲမှာက မီးအရမ်းသုံးရမှာ။ Animation တွေရော၊ မီးစလိုက်တွေရော သုံးမှာ ဆိုတော့ ၀န်အား မနိုင်တာတွေ ဖြစ်သွား လိမ့် မယ်။ အများကြီး သုံးမှာဆိုတော့ မီးဆိုင်း ၅ ခု ကို မီးစက် တလုံး ပေးထားမယ် ဆိုတာမျိုးတွေ ပါတယ်။ အကုန်လုံး ချောချော မွေ့မွေ့ပြီးသွားအောင် ဘာအနှောင့် အယှက် မှ မရှိအောင် လို့  မီးစက်တွေ သုံးမှာ။ နေပြည်တော် တမြို့လုံးလည်း ထိန်နေမှာပဲ။ အကုန်လုံးကို မီးစက်တွေနဲ့ လုပ်မယ်လို့ သိထားတယ်´´ဟု ဧရာဝတီသို့ ရှင်းပြသည်။

ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီး အောင်ဆန်းအားကစားကွင်း၊ သုဝဏ္ဍကွင်း ၊ သိမ်ဖြူကွင်း၊ ဒဂုံမြောက်ပိုင်း ရှိ သေနတ်ပစ်ကွင်း နေရာများတွင် မီးမှန်စေရန် ဦးစားပေးဆောင်ရွက်မည် ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့လျှင် အလို အလျှောက် မောင်းနှင်ပေးမည့် မီးစက်များဖြင့် အသင့်ပြင်ထားကြောင်း၊ ဆီးဂိမ်းကာလ ဓာတ်အားမပြတ်တောက်ရန် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အင်ဂျင်နီယာချုပ် ဦးရန်လင်းက ပြောသည်။

“ဆီးဂိမ်းကာလ ရန်ကုန်မှာ မီးပျက်သွားခဲ့ရင် Generator တွေက အလိုအလျောက် ၀င်မောင်းမှာ။ မီးစက် တွေလည်း အဆင်သင့် ပြင်ထားတယ်။ ဆီးဂိမ်းကာလ မှာ သစ်ပင်ခုတ်ဖို့ မီးဖြတ်တာမျိုး၊ မီးလိုင်း ချိန်းတာမျိုးတွေ လုံးဝ မလုပ်ဘူး´´ ဟု အင်ဂျင်နီယာချုပ် ဦးရန်လင်းက ပြောသည်။

မြန်မာနိုင်ငံ ဟော်ကီအားကစား အဖွဲ့ချုပ် ဥက္ကဌ ဦးထင်ဇော်ဝင်းက “ ပြီးခဲ့တဲ့ရက်က ဟော်ကီပြိုင်ပွဲလုပ်တာ မီးပျက် သွားတယ်။ မီးစက်မောင်းပေမယ့် ၅ မိနစ်လောက်ကြာမှ မီးပြန်လာတော့ ဟော်ကီကို Score Board မပေါ်ဘဲ ကစားလိုက် ရတယ်။ တတ်နိုင်ရင် မီးပျက်ပြီး  ၂ မိနစ်လောက်အတွင်း မီးစက်နှိုး မီးလာအောင် စီစဉ်ထားရမယ်´´ ဟု  ဆိုသည်။

မြန်မာနိုင်ငံတွင်  ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကြီးကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။

irrawaddy

မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြိုးစားမှုကို ပုပ်ရဟန်းမင်းကြီးနှင့် အီတလီ ၀န်ကြီးချုပ်တို့ထောက်ခံ


မြန်မာ့အတိုက်အခံ ခေါင်းဆောင်၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြိုးစားမှုကို ပုပ်ရဟန်းမင်းကြီး Francis နှင့် အီတလီဝန်ကြီးချုပ် Enrico Letta တို့က ထောက်ခံအားပေးကြောင်း အောက်တိုဘာ ၂၈ ရက်က ပြောကြားခဲ့သည်ဟု အီတလီ သတင်းဌာန ANSA ၏ ဖော်ပြချက်အရ သိရသည်။

ပုပ်ရဟန်း မင်းကြီးနှင့် တစ်နာရီကြာ တွေ့ဆုံသည့် အခိုက်အတန့်တွင် ပုပ်ရဟန်း မင်းကြီးက ကမ္ဘာကြီးတွင် မေတ္တာတရားနှင့် နားလည်မှု ပိုမိုလိုအပ်နေကြောင်း ပြောကြားခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားသည်။

"အမုန်းတရားတွေနဲ့ ကြောက်ရွံ့မှုတွေဟာ လူတစ်ယောက်ရဲ့ ဘ၀နဲ့ တန်ဖိုးကို သေးသိမ်စေတယ်လို့ ကျွန်မကို ပြောပြခဲ့ပါတယ်။ လူတွေရဲ့ ဘ၀နေထိုင်မှုတွေ တိုးတက်လာဖို့အတွက် မေတ္တာတရားကို တန်ဖိုးထားဖို့နဲ့ နားလည်မှု ရှိကြဖို့ လိုအပ်တယ်လို့ သူပြောကြားခဲ့ပါတယ်" ဟု ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံမှု အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် အီတလီ ၀န်ကြီးချုပ် Letta ကလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အီတလီနိုင်ငံ အနေဖြင့် အားပေးထောက်ခံ သွားမည်ဟု ဒေါ်အောင်ဆန်စုကြည်အား ပြောကြားသည်။ ၀န်ကြီးချုပ်သည် ထိုအချက်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် ရောမမြို့၌ တွေ့ဆုံဆွေးနွေးစဉ်တွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေး သူမ၏ ကြိုးစားမှုကို ထောက်ခံသည်ဟု ပြောကြားသည်။ ၀န်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၅ ခုနှစ်၌ မီလန်မြို့တွင် ကျင်းပမည့် ကမ္ဘာ့ကုန်သွယ်ရေး ပြပွဲသို့ တက်ရောက်ရန်ကိုလည်း ဖိတ်ကြားခဲ့သည်။

အတိုက်အခံခေါင်းဆောင်က သတင်းထောက်များအား မြန်မာနိုင်ငံ၏ အခြေခံ ဥပဒေသည် သူမသမ္မတ ဖြစ်နိုင်မည့် အခြေအနေကို ကန့်သတ်ထားပြီး ဒီမိုကရေစီ နည်းလမ်းမကျသည့်အတွက် ပြုပြင်ရမည်ဟု ပြောကြားသည်။

"ဒီမိုကရေစီ နည်းကျတဲ့ အခြေခံဥပဒေဆိုတာ တစ်ဦးတစ်ယောက်ကိုသာ စိတ်ထဲမှာထားပြီး ကန့်သတ်ထားလို့ မရနိုင်ပါဘူး။ ဒီအခြေခံ ဥပဒေကတော့ ကျွန်မအတွက် စဉ်းစားကန့်သတ်ပြီး ရေးဆွဲထားတာ ထင်ရှားပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က အီတလီနိုင်ငံခြားရေး ၀န်ကြီးနှင့် ပူးပေါင်းပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်သူ အီတလီ ဘောလုံးသမားဟောင်း ရောဘတ်တိုဘက်ဂီယိုနှင့်လည်း တွေ့ဆုံခဲ့ပြီး ဘက်ဂီယိုက သူမအား အလွန်ထူးခြားသည့် အမျိုးသမီး တစ်ဦးအဖြစ် ချီးကျူးပြောကြားသည်။

"သူမက လူငယ်တွေကို ချစ်တယ်ဗျ။ ဘာလို့လဲဆိုတော့ သူတို့က အနာဂတ်ရဲ့ ဒေါက်တိုင်တွေလေ။ လူတိုင်းက သူမရဲ့ သတ္တိရှိမှုတွေ၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်မှုတွေနဲ့ ပတ်သက်လို့ ပြောဆိုနေကြတယ်။ ဒါပေမဲ့ သူမရဲ့ နှလုံးသားဟာ ဘယ်လောက်ကြီးလဲ ဆိုတာကိုတော့ လူတိုင်းမသိနိုင်ပါဘူး" ဟု ရောဘတ်တိုဘက်ဂီယိုက ပြောကြားသည်။
Eleven Media Group

မလေးရှားတွင် မြန်မာနိုင်ငံသားများ အပါအ၀င် တရားမ၀င် နိုင်ငံခြားသား ၁၅၀ ကျော် ဖမ်းဆီးခံရ


အောက်တိုဘာ ၃၀၊ ၂၀၁၃

မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ ကာဂျန်းနယ် Puncak Saujana တွင်
အော်ပရာစီ စစ်ဆင်ရေး ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှု ကြီးကြပ်ရေး
ဦးစီးဌာနနှင့် ဒေသခံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နိုင်ငံခြားသားများအား
ရှောင်တခင် စစ်ဆေးရာ အထောက် အထား မရှိသော နိုင်ငံခြားသား ၁၅၂
ဦးဖမ်းဆီးမိခဲ့ပြီး အင်ဒိုနီးရှား ၁၁၀ ဦး ၊ ဘင်္ဂလားဒေ့ရှ် အမျိုးသား ၂၇
ဦး ၊ မြန်မာ ၁၁ ဦး ၊ နီပေါ ၃ ဦး၊ ပါကစ္စတန် ၁ ဦး ပါဝင်ကြောင်း
ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။
The Irrawaddy (Burmese Version)

အဆောက်အအုံများ တရားမဝင် တည်ဆောက်မှုအား တရားစွဲရာ တွင် မြေရှင်သာမက ပန်းရန်၊ လက်သမားအဆင့်အထိ အရေးယူတော့မည်


အဆောက်အအုံများ တရားမဝင်တည်ဆောက်မှုအတွက် တရားစွဲဆို ရာတွင် မြေရှင်သာမကဘဲ ပန်းရန်၊ လက်သမားအ ဆင့်ထိ တရားစွဲဆို မှု ဆောင်ရွက်သွားမည်ဟု ရန်ကုန်စည်ပင် အဆောက်အအုံဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်ကပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို ယခုနှစ် စက်တင်ဘာလ တွင်အတည်ပြုခဲ့ပြီးဖြစ်ပြီး ယင်းဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ၄င်းက ပြောသည်။

တရားမဝင် အဆောက်အအုံများ၊ ဆောက်လုပ်သည့် ပန်းရန်၊ လက်သမားများအား တရားစွဲဆိုရေးနှင့် ပတ်သက်၍ ”ဥပဒေပြီးရင် နည်းဥပဒေတွေလိုပါတယ်။ ဘယ်လို လုပ်မလဲ ပေါ့။ ခုက နည်း ဥပဒေတွေရေးဆွဲနေတော့ အဲဒါပြီးရင် စတင်အကောင် အထည်ဖော်ပါ မယ်”ဟု ၄င်းက ပြောသည်။

လက်ရှိတွင်မူ တရားမဝင်အဆောက်အအုံများ ဆောက် လုပ်ပါ က မြေရှင်ကိုသာ တရားစွဲဆိုနေခြင်းဖြစ်ပြီး တရားမဝင် အဆောက် အအုံ ဆောက်လုပ်သည်များမှာ လိုင်စင်မဲ့ကန်ထ ရိုက်များမှဆောင် ရွက်မှုများဖြစ်ကြောင်း၊ တရားမဝင်အဆောက် အအုံ ဆောက်လုပ်သည့် ကန်ထရိုက်များမှာ စည်ပင်မှ လိုင်စင် ချထားပေးသူများမဟုတ်၍ ၄င်းတို့ကို အရေးယူ၍ မရဖြစ်နေ သည်ဟု သိရသည်။

ဥပမာအားဖြင့် ခွင့်ပြုမိန့်ဖြင့် ဆောက်လုပ်ပါက ၂၃ ပေ x ၄၇ ပေ သုံးထပ်အဆောက်အအုံအတွက် ရန်ကုန်စည်ပင်သို့ ငွေ ၁၁၆၇၄၈ ကျပ်သာပေးသွင်းရမည်ဖြစ်သော် လည်း ခွင့်ပြု ချက်မဲ့ဆောက်လုပ် ပါကကြိုတင်ဆောက်ဒဏ်ကြေးဖြင့် ၈၁ဝ၇၅ဝဝ ကျပ် ပေးသွားရမည်ဟု ရန်ကုန်စည်ပင်မှ သိရသည်။

ယခုနှစ်အတွင်း ရန်ကုန်စည်ပင်မှခွင့်ပြုချက်မဲ့ အဆောက် အအုံ ၁၁၅၇လုံးကို တရားစွဲဆို အရေးယူနိုင်ခဲ့ပြီး ခွင့်ပြုချက် ထက်ကျော်လွန်ဆောက်လုပ်သည့် အဆောက် အအုံ ၅၅ လုံးကို လည်း တရားစွဲအရေးယူနိုင်ခဲ့သည်ဟု သိရသည်။

အဆောက်အအုံ တည်ဆောက်မည်ဆိုပါက ရှစ်ထပ်ခွဲ အထိ ရန်ကုန် စည်ပင်(အဆောက်အအုံ) ဌာနမှ စိစစ်ခွင့်ပြုပြီး ၉ ထပ်မှ ၁၁ ထပ်ခွဲထိကို ရန်ကုန်စည်ပင် ညှိနှိုင်းေ ဆာင်ရွက်ရေး ဌာနက စိစစ်ခွင့်ပြုကြောင်း၊ ယင်းထက်ကျော်လွန်ပါက အထပ် မြင့် အဆောက်အအုံ စိစစ် ခွင့်ပြုရေး(CQHP) သို့ ထပ်မံတင်ပြ ရသည်။

ဝေမာထွန်း
Popular Myanmar News Journal

အရပ်စာချုပ်များဖြင့် အထပ်မြင့်များ ဆောက်ခွင့်မပြု


ရန်ကုန် ၊ အောက်တိုဘာ ၂၉ ။ ။မြေ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အရပ်စာချုပ် သာရှိပါက အထပ်မြင့် ဆောက်လုပ်ခွင့်မပြုကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာ ရေးကော်မတီမှသိရသည်။ ယင်းအပြင် ဆိတ်ငြိမ်ရပ် ကွက်နှင့် အင်းလျားကန် နှင့် ဆက် စပ်နေရာများတွင်လည်း အထပ် မြင့် ဆောက်လုပ် ခွင့်မပြုကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင် နီယာဌာန (အဆောက် အအုံ) ဌာနမှူးဦးမောင်မောင်ဇော်က ''ဂရန်အမည်ပေါက်ဆိုရင် လုပ် ထုံးလုပ်နည်းနဲ့အညီ အထပ်မြင့် ဆောက် လို့ရပါ တယ်။ အဆင့်ဆင့် ရောင်းချထားတဲ့ အရပ် စာချုပ်ဆိုရင်တော့ သုံးထပ်အဆောက် အအုံ ဆောက်လုပ်ခွင့်ပြုပါတယ်'' ဟု အောက်တိုဘာ ၂၉ရက်က ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ(၁၀)ထပ်ရုံး၌ ကျင်း ပသောအဆောက်အအုံဆောက် လုပ်ခွင့်များ ဆောင်ရွက်ပေးမှု နှင့် ပတ်သက် သည့် သတင်းစာရှင်း လင်းပွဲတွင်ပြောသည်။ အဆောက်အအုံဆောက် လုပ်ရန်ခွင့်ပြုချက် တောင်းခံရာ တွင် အရပ်စာချုပ်ဖြင့်လျှောက် ထားမှုမှာ ၂ဝရာခိုင်နှုန်းရှိနေ ကြောင်းသိရသည်။

အရပ်သားစာချုပ်ဖြစ်ပါ ကသုံးထပ်အဆောက်အအုံ သာ ဆောက်လုပ် ခွင့်ပြုသော် လည်း ဆောက်လုပ်ခွင့်တင်ပြပါက နှစ် လခွဲအတွင်း ဆောက် လုပ်ခွင့်ပါ မစ်ကိုချထားပေးကြောင်း၊ ဂရန် အမည်ပေါက်ဖြင့် မြေပိုင်ဆိုင်မှု မှန်ကန်ပါက သုံးထပ်ခွဲ အဆောက် အအုံများကို ၄၅ရက်အတွင်း ခွင့် ပြုပေးသည် ဟု သိရသည်။

ဆောက်လုပ်ရေး လုပ်ငန်း ရှင်တစ်ဦးက ''ဒီမှာက အရပ်စာ ချုပ်တွေနဲ့ချုပ်ကြတာ များတာ ကိုတွေ့ရတယ်။ အိမ်အရောင်းအ ဝယ်တွေကလဲ လွယ်လွယ်ကူကူ လက်လွှဲ ရောင်း ပြီး စာချုပ်ကိုအ ရင် စာချုပ်ချုပ်ကြတာဆိုတော့ သူတို့တွေမှာအထပ်မြင့် ကန်ထ ရိုက်ပေးတာတွေ လုပ်မယ်ဆိုရင် အခက်အခဲတွေ ကြုံနိုင်တာကို ဘယ်လိုဆောင်ရွက်ပေးမ လဲဆို တာ ထပ်မံညှိနှိုင်းပေးဖို့လိုမယ် ထင်ပါတယ်''ဟု သုံးသပ် ပြောသည်။
Yangon Media Group
အေးမြမြထွန်း

လျှပ်စစ်ဓာတ်အားခ နှစ်ဆအထိ တိုးမြှင့်ခြင်းအား နှစ်ရက်သာ ကြိုတင်အကြောင်းကြား ခဲ့သည့်အတွက် ဝေဖန်မှုများ ပြင်းထန်

ရန်ကုန်မြို့အတွင်း တစ်နေရာတွင် လိုင်းကားစောင့်ဆိုင်း နေသူများအား တွေ့ရစဉ်

လျှပ်စစ်ဓာတ်အားခများကို နှစ်ဆနီးပါးအထိ ရုတ်တရက် တိုးမြှင့်ခြင်းအား နှစ်ရက်သာ ကြိုတင်အသိပေး အကြောင်းကြားခြင်းအပေါ် လူအများကြား ဝေဖန်မှုများ ပြင်းထန်လျက် ရှိသည်။
နိုဝင်ဘာ ၁ ရက်တွင် စတင်တိုးမြှင့် ကောက်ခံမည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများ အကြောင်းကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့က အောက်တိုဘာ ၂၉ ရက်ထုတ် အစိုးရ သတင်းစာများတွင် ထည့်သွင်းကြေညာခဲ့ခြင်း ဖြစ်သည်။
အသိပေး ကြေညာရာတွင်လည်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့သည် ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ တတ်နိုင်သမျှ ကာမိစေရန်အတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ဓာတ်အားသုံးစွဲမှုအပေါ်မှ စတင်ကာ ဓာတ်အားခ နှုန်းထားများ ပြင်ဆင်သတ်မှတ် လိုက်သည်ဟူသော အကြောင်းပြချက်၊ ဖြေရှင်းချက် တစ်ရပ်ကိုသာ ဖော်ပြထားသည်။
ပြင်ဆင်သတ်မှတ်လိုက်သည့် ဓာတ်အားခ နှုန်းများမှာ အများပြည်သူ (အိမ်သုံး) တစ်ယူနစ်မှ ၁၀၀ ယူနစ်အထိ အသုံးပြုသူများအား လက်ရှိဈေးအတိုင်း ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့်အထက် သုံးသူများ တစ်ယူနစ် ကျပ် ၅၀ ဖြစ်ပြီး အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ၅၀၀၀ ယူနစ်အထိ သုံးသူများ ၁၀၀ ကျပ်၊ ၅၀၀၁ ယူနစ်နှင့်အထက် သုံးသူများမှာ ၁၅၀ ကျပ်ဖြစ်ပြီး အစိုးရဌာန ရုံးသုံးအတွက် တစ်ယူနစ် ၅၀ ကျပ်၊ အစိုးရဌာန စက်မှုသုံးအတွက် တစ်ယူနစ် ၁၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။
တိုးမြှင့်လိုက်သည့် နှုန်းထားသစ်များဖြင့် လာမည့်နိုဝင်ဘာ ၁ ရက်မှ စတင်ကာ သတ်မှတ်ကောက်ခံ သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။ မိသားစုတစ်စု၏ လျှပ်စစ်ဓာတ်အား အသုံးပြုသည့် ပမာဏမှာ တစ်လလျှင် မည်မျှပင် ချွေတာသုံးစွဲသည်ဖြစ်စေ အများစုမှာ ၁၀၀ ယူနစ်အထက် သုံးစွဲကြရသည့်အတွက် ပြည်သူအများစုမှာ တစ်ယူနစ် ကျပ် ၅၀ ဖြင့် ပေးဆောင်ကြရမည်သာ ဖြစ်သည်။
အများပြည်သူသုံး မီတာခမှာ ယခင်ကထက် ရာခိုင်နှုန်း ၄၀ မြင့်တက်လာပြီး စီးပွားရေးလုပ်ငန်း အသုံးပြုသည့် မီတာခမှာ နှစ်ဆအထိ တက်လာခြင်းဖြစ်သည်။
ဒီလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွေကို ပြည်သူတွေ အာရုံစိုက်နေတဲ့ အချိန်မှာ ဒါဟာနောက်ထပ် ဖောက်ခွဲလိုက်တဲ့ ဗုံးတစ်လုံးပေါ့ဗျာ။ ကုန်ဈေးနှုန်းတွေ တက်နေတယ်။ ပြည်တွင်း ပဋိပက္ခတွေ ပြဿနာတွေကြောင့် လူတွေစီးပွားရေး မကောင်းဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက် မ၀င်လာဘူး။ ပြည်သူတွေ ပိုကျပ်တည်း လာနေတယ်။ ဒီအခြေအနေမျိုးမှာ လျှပ်စစ်ခကို ဒီလိုနှစ်ဆ တိုးလိုက်တယ်ဆိုတာ . . . . .
ရှေ့နေ ဦးသန်းမောင် (စစ်တွေ) က ရုတ်ချည်းမီတာခများ တိုးမြှင့်မှုအပေါ် "ဒီလို တိုးမြှင့်လိုက်တာ အများပြည်သူနဲ့ စီးပွားရေး လုပ်ငန်းတွေအပေါ် သက်ရောက်မှာပါ။ ပြည်သူလူထုက အာဏာအပ်နှင်းထားတဲ့ အစိုးရ အနေနဲ့ ပြည်သူကိုတော့ ကြိုတင်ပြင်ဆင်ခွင့်ရအောင် အကျိုးအကြောင်းနဲ့ ရှင်းပြသင့်ပါတယ်" ဟု ထောက်ပြပြောကြား သွားခဲ့သည်။
"ကျွန်တော်တို့ ဆေးရုံက တစ်လကို ယူနစ်လေးသိန်းကနေ ခြောက်သိန်းကြား သုံးစွဲပါတယ်။ ကျန်းမာရေးဆိုတော့ ချွေတာလို့ ဘယ်ရမလဲဗျာ။ ယူနစ် ၅၀၀၀ အထိက ၁၀၀ ဆိုပေမယ့် တစ်ကယ်ကျတော့ လျှပ်စစ်ခက ၇၅ ကျပ်ကနေ ကျပ် ၁၅၀ နှစ်ဆတက်တဲ့ သဘောဖြစ်နေတယ်။ တစ်ခြားနိုင်ငံတွေမှာ ၂၀ ရာခိုင်နှုန်းလောက်တက်တောင် ကြိုတင်အကြောင်းကြားကြတယ်။ လွှတ်တော်မှာ အကြိတ်အနယ် ဆွေးနွေးဆန္ဒတွေ ပြကြဘာလုပ်ကြနဲ့ ဒီမှာတော့ ရုတ်တရက်ကြီး နှစ်ဆတက်လိုက်တာ ဆိုတော့ဗျာ တော်တော်ခက်ပါတယ်" ဟု အာရှတော်ဝင် ဆေးရုံမှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာမြတ်သူက ပြောကြားခဲ့သည်။
ဓာတ်အားနှုန်းများကို အဆင့်ဆင့် တိုးမြှင့်ကောက်ခံရာတွင် ၂၀၀၆ ခုနှစ် ဇန်န၀ါရီ ၅ ရက်မှ စတင်ကာ အိမ်သုံးအတွက် တစ်ယူနစ်လျှင် ၂၅ ကျပ်၊ စီးပွားရေးသုံးအတွက် တစ်ယူနစ်လျှင် ကျပ် ၅၀ သို့ အသီးသီး တိုးမြှင့်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်ကာ အိမ်သုံးအတွက် တစ်ယူနစ်လျှင် ၃၅ ကျပ်၊ စီးပွားရေး လုပ်ငန်းသုံးအတွက် တစ်ယူနစ်လျှင် ၇၅ ကျပ်သို့ အသီးသီး ထပ်မံတိုးမြှင့် ကောက်ခံခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင်း တစ်နေရာအား အောက်တိုဘာလ အတွင်းက တွေ့ရစဉ်
ယခင်က တိုးမြှင့်ရာတွင် တစ်ယူနစ် မည်မျှအရှုံးပေါ်သည့်အတွက် တိုးမြှင့်ရခြင်းကို တွက်ချက်ပြခြင်း၊ တစ်လနီးပါး ကြိုတင်အသိပေးခြင်းများ ပြုလုပ်ခဲ့သော်လည်း ယခုအကြိမ်တွင်မူ စတင်ကောက်ခံမည့်နေ့ မရောက်မီ နှစ်ရက်အလို၌သာ ကြိုတင်အသိပေးခြင်း၊ တိကျသည့် တွက်ချက်ပြမှု မရှိခြင်း၊ အထူးသဖြင့် ပုဂ္ဂလိက ကုမ္ပဏီကြီးများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်း လုပ်ငန်းလွှဲပြောင်းပြီး မကြာမီ ယခုကဲ့သို့ တိုးမြှင့်လိုက်ခြင်း၊ ပုဂ္ဂလိက ကုမ္ပဏီများသို့ လွှဲပြောင်းရာတွင် လည်းကောင်း၊ ပုဂ္ဂလိက ကုမ္ပဏီများထံမှ နိုင်ငံတော် အနေဖြင့် ဓာတ်အားပြန်လည် ၀ယ်ယူရာတွင် လည်းကောင်း မည်သည့်ဈေးဖြင့်ပေးကာ ၀ယ်ယူရသည်ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်မှု မရှိခဲ့ခြင်း၊ ပုဂ္ဂလိက ကုမ္ပဏီများ ပိုမိုအကျိုးရှိစေခြင်း၊ အများပြည်သူ၏ ၀င်ငွေတိုးတက်အောင် လုပ်ဆောင်ပေးနိုင်ခြင်း မရှိမီ ပြည်သူလူထု၏ လူနေမှုစရိတ် မြင့်တက်အောင် ဆောင်ရွက်လိုက်ခြင်း များကြောင့်လည်း လူအများမှ ဝေဖန်ထောက်ပြလာခြင်း ဖြစ်သည်။
၂၀၁၃ ခုနှစ် ဇူလိုင်လ မတိုင်ခင် ကတည်းက လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများကို စာချုပ်ချုပ်ဆို လုပ်ကိုင်ခွင့် ပေးနေခဲ့ပြီး မြို့နယ်ပေါင်း ၈၄ မြို့နယ်အား လုပ်ကိုင်ခွင့် ပေးခဲ့သည်။
ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပေးရာတွင်လည်း မြန်မာနိုင်ငံတွင် လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်ခွင့် ရရှိထားသည့် ဦးထွန်းမြင့်နိုင်၏ အေးရှားဝေါလ် ကုမ္ပဏီ (Gold Energy Co.,Ltd အမည်ဖြင့်)၊ ဆန်စပါး လုပ်ငန်းဖြင့် အကျိုးအမြတ် ရရှိနေသည့် ဦးချစ်ခိုင်၏ ဧဒင်စွမ်းအင်နှင့် သဘာဝ အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ၊ လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်ခွင့် ရရှိထားသည့် ဒေါက်တာကိုကိုကြီး၏ Capital Development Ltd၊ ကျောက်မျက်တွင်းထွက် လုပ်ငန်းဖြင့် ကြွယ်ဝလာသည့် Ruby Dragon ကုမ္ပဏီ အပါအ၀င် မြို့နယ် ၈၄ မြို့နယ်ကို ပုဂ္ဂလိက ကုမ္ပဏီ ၂၀ ကျော်တည်းမှ ရယူထားခဲ့ ကြသည်။
အေးရှားဝေါလ် ကုမ္ပဏီ (Gold Energy Co.,Ltd အမည်ဖြင့်) ဆိုပါက ကုမ္ပဏီ တစ်ခုတည်းဖြင့် ပဲခူးတိုင်းဒေသကြီး အရှေ့ရှိ မြို့နယ်ပေါင်း ၂၇ မြို့နယ်ကို တစ်ဦးတည်း ဖြန့်ဖြူး ခွင့်ရရှိပြီး မြို့နယ်အများဆုံးကို လုပ်ကိုင်ခွင့် ရရှိသော ကုမ္ပဏီဖြစ်သည်။
ထို့ပြင် ပြည်တွင်းပြည်ပ ကုမ္ပဏီများသို့ BOT စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခွင့် ပြုခဲ့ပြီး BKB ကုမ္ပဏီ၊ Toyo-Thai ကုမ္ပဏီ၊ UPP Holding၊ မြန်မာဗဟိုစွမ်းအား၊ Myanmar Power Pte.,Ltd တို့ အပါအ၀င် ကုမ္ပဏီများစွာကို လုပ်ကိုင်ခွင့်ပြုခြင်း၊ လုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေခြင်းများ ရှိသည်ဟု သိရသည်။
ဒီလို တိုးမြှင့်လိုက်တာ အများပြည်သူနဲ့ စီးပွားရေး လုပ်ငန်းတွေအပေါ် သက်ရောက်မှာပါ။ ပြည်သူလူထုက အာဏာအပ်နှင်းထားတဲ့ အစိုးရ အနေနဲ့ ပြည်သူကိုတော့ ကြိုတင်ပြင်ဆင်ခွင့်ရအောင် အကျိုးအကြောင်းနဲ့
ရှင်းပြသင့်ပါတယ် . . . . .
ပုဂ္ဂလိက ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်ပြုခြင်းထက် အဆိုပါ ပုဂ္ဂလိက ကုမ္ပဏီများထံမှ လျှပ်စစ်ပြန်ဝယ်ရမည့်ဈေးအား ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခြင်း မရှိပဲ စာချုပ်ချုပ်ဆိုခွင့် ပြုခဲ့ခြင်းများသည် အဓိက ဝေဖန်စရာအဖြစ် ရှိခဲ့သည်။
အေးရှားဝေါလ် ကုမ္ပဏီ (ရွှေစွမ်းအင်ကုမ္ပဏီ) မှ BOT စနစ်ဖြင့် တည်ဆောက်လုပ်ကိုင်ခွင့် ရရှိသွားသော သောက်ရေခပ် (၂) ရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိသည့် ဓာတ်အားများကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ပြန်လည်ဝယ်ရာတွင် တစ်ယူနစ်လျှင် ၇၀ ကျပ်အထိ ပေးရမည်ဖြစ်ပြီး ထိုသို့ပေးရန် အတွက်လည်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ သဘောတူ စာချုပ်ခဲ့ခြင်းဖြစ်သည်။
၁၂၀ မဂ္ဂါဝပ် စက်တပ်ဆင်အားရှိသည့် အလုံသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို တည်ဆောက်လုပ်ကိုင်ရန် Toyo-Thai ကုမ္ပဏီအား ခွင့်ပြုစဉ်က တစ်ယူနစ် ဓာတ်အားခ ကျသင့်ငွေမှာ အမေရိကန်ဒေါ်လာဖြင့် ၁၃ ဒသမ ၃၁ ဆင့် မြန်မာကျပ်ငွေဖြင့် (လက်ရှိ တစ်ဒေါ်လာ ၉၇၅ ကျပ်ဖြင့် ဆိုပါက) တစ်ယူနစ် ၁၃၀ ကျပ်နီးပါးဖြင့် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
BKB ကုမ္ပဏီမှာလည်း ထိုသို့ပင် တစ်ယူနစ် ၁၃၀ ကျပ်နီးပါး ကျသင့်ပြီး ယခုသဘောတူ စာချုပ်ချုပ်ဆိုရန် စီစဉ်နေသည့် Myanmar Power ဖြင့် ဆိုပါက ဓာတ်အားခမှာ တစ်ယူနစ် ၁၂၀ ကျပ်အထိ ပေးရဖွယ် ရှိနေပြီး UPP Holding ဖြင့် ဆိုပါက တစ်ယူနစ်လျှင် ဓာတ်အားခဈေးမှာ ၁၅၂ ကျပ်ကျော်အထိ (တစ်ဒေါ်လာ ၉၇၅ ကျပ်နှုန်းဖြင့်) ကျသင့်မည်ဖြစ်သည်။
အရှုံးခံ၍ မည်သည့်ပုဂ္ဂလိက ကုမ္ပဏီမှ စေတနာသက်သက် လုပ်ပေးမည် မဟုတ်ပဲ ဖော်ပြပါ ဈေးနှုန်းများသည် ၎င်းတို့ အမြတ်အစွန်းအတွက် ထည့်တွက်ပြီး ဈေးနှုန်းများဖြစ်ရာ နောက်ဆုံးတွင် ပုဂ္ဂလိက ကုမ္ပဏီများသာ အကျိုးအမြတ်ရှိမည့် အနေအထား ဖြစ်နေကြောင်း၊ ပုဂ္ဂလိက ကုမ္ပဏီ အများစုနှင့် စာချုပ်ချုပ်ဆို လွှဲပြောင်းပြီးမှ ယခုကဲ့သို့ အများပြည်သူထံမှ ဓာတ်အားခ တိုးကောက်ရန် စီစဉ်ခြင်းမှာလည်း ၀န်ကြီးဌာနမှ ပုဂ္ဂလိက ကုမ္ပဏီများ လိုချင်သည့် ဈေးအတိုင်း ပေးချေနိုင်ရန် တိုးကောက်သည့်သဘော ဖြစ်နေသည်။
ပုဂ္ဂလိက ကုမ္ပဏီများ ရှုံးမရှုံး တွက်ချက်ကြည့်ပါက ဥပမာအားဖြင့် အေးရှားဝေါလ် ကုမ္ပဏီ (Gold Energy Co.,Ltd အမည်ဖြင့်) လုပ်ကိုင်ခွင့် ရထားသည့် သောက်ရေခပ် စီမံကိန်းမှ ကုမ္ပဏီက အစိုးရသို့ ပြန်ရောင်းရာတွင် ယခု ၂၀၁၃ ခုနှစ် တစ်နှစ်တည်း အတွက်ပင် ကုမ္ပဏီမှ ကျပ်ဘီလျံ ၃၀ အထိ ရမည်ဖြစ်ပြီး ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံထားသည့် ပမာဏမှာ ကျပ် ၂၃၀ ဘီလျံသာ ရှိကြောင်း၊ နှစ်ရှည်လုပ်ကိုင်ခွင့် ပြုထားသည့်အတွက် ၁၀ နှစ် မပြည့်မီ အချိန်၌ပင် အမြတ်အစွန်း ပမာဏ ကြီးမားစွာ စတင်ရရှိနိုင်သည့် အခြေအနေ ရှိသည်။
အများပြည်သူ ဘဏ္ဍာငွေအား ခွဲဝေသုံးစွဲမှုပိုင်းကို ပြန်ကြည့်လျှင်လည်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနသည် ၁၉၈၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တည်ဆောက်ခဲ့သည့် စီမံကိန်းပေါင်း များစွာထဲမှ ရဲနွယ်၊ ဆည်တော်ကြီး၊ ရဲရွာ၊ ရွှေကျင် အပါအ၀င် စီမံကိန်း ၁၄ ခုထဲ အတွက်ပင် ကျပ်သန်းပေါင်း ၄၂၇၈၇၂ ကျော်နှင့် အမေရိကန်ဒေါ်လာ ၈၂၂ သန်းကျော်အထိ အသုံးပြု တည်ဆောက်ခဲ့ကြသည်အထိ ဘဏ္ဍာငွေ အမြောက်အများကို သုံးစွဲခဲ့သည့် ၀န်ကြီးဌာန ဖြစ်သည်။
အများပြည်သူ ဘဏ္ဍာငွေများစွာ အသုံးပြုကာ စီမံကိန်းများစွာကို အကောင်အထည် ဖော်ခဲ့သော်လည်း ယနေ့အထိ လျှပ်စစ်မီး ရရှိမှု တည်ငြိမ်သင့်သလောက် တည်ငြိမ်မှု မရှိပဲ လိုအပ်ချက်များစွာ ဖြစ်ပေါ်နေဆဲ ဖြစ်သည်။
ထို့ထက်ပို၍ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်လည်း ခွင့်ပြုပေးထားသည့် ဘတ်ဂျက်မလောက်၍ အပိုဆောင်း ထပ်တောင်းခံသည့် ၀န်ကြီးဌာန များထဲတွင် ကျပ် ၂၀၄ ဒသမ ၅၅၀ ဘီလျံဖြင့် ဒုတိယ အများဆုံး ထပ်မံတောင်းခံသည့် ၀န်ကြီးဌာနတစ်ခု ဖြစ်နေပြန်သည်။
အများပြည်သူ ၀င်ငွေနှင့် ပြည်သူများ၏ စီးပွားရေး လုပ်ငန်းများကို ပြန်ကြည့်လျှင် ယခင်အတိုင်းပင် ရုန်းကန်နေရဆဲ အခြေအနေ၌ပင် ရှိနေပြီး ပြည်သူအများစု၏ ၀င်ငွေမှာလည်း သိသာစွာ တိုးတက်လာခြင်း မရှိသည့် အနေအထားဖြစ်သည်။

ရန်ကုန်မြို့တွင်း လမ်းဘေးတစ်နေရာတွင် တောင်းရမ်းနေသည့် အဘွားအို တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရွှေယမုံ ကုမ္ပဏီ၏ လုပ်ငန်းရှင် ဦးထွန်းအေးကလည်း "နိုင်ငံတကာမှာ ပို့ကုန်လုပ်ငန်းရှင်တွေ အခက်အခဲတွေ့ရင် တိုင်းပြည်စီးပွားရေးလဲ အခက်အခဲ တွေ့တာပဲ။ အခုလို တိုးလိုက်တဲ့အတွက် မြန်မာလုပ်ငန်းရှင်တွေ အနေနဲ့ အထူးသဖြင့် ကျွန်တော်တို့လို အအေးခန်းစက်ရုံ လုပ်ငန်းရှင်တွေ အနေနဲ့ နိုင်ငံတကာ ဈေးကွက်မှာ ယှဉ်ပြိုင်ရတာ ပိုခက်သွားမယ်။ ဒီမှာလျှပ်စစ်ဓာတ်အားခ တိုးလိုက်လို့ ပြည်ပဈေးကွက်မှာ သွားပြီးဈေးတိုးတောင်းလို့ မရဘူး။ ဒီတော့ ခေတ်ကာလ ကုန်ကျစရိတ်နဲ့ လျော်ညီအောင် အလုပ်သမားတွေကို လခတိုးပေးဖို့ထက် အခုမီတာခ အတွက်ကိုပဲ အာရုံပိုစိုက်ရမယ့်သဘော ဖြစ်နေတယ်။ ကျွန်တော့် စက်ရုံက တစ်လကို ယူနစ် ၂၇၀၀၀၀ လောက် အသုံးပြုတယ်။ ကျပ်သိန်းရာနဲ့ချီပြီး ပိုကုန်ကျတော့မယ်။ ပြင်ဆင်ချိန်ရအောင် ကြိုတင်လည်း အသိပေးသင့် ပါတယ်။ လက်ရှိစီးပွားရေး လုပ်ငန်းတွေကလည်း အရင်ကထက် ပိုကောင်းနေတာ မဟုတ်ဘူး။ တစ်ကယ်လို့ တိုးမယ်ဆိုရင်တောင် ဘယ်ကာလမှာ ဘယ်လောက်တိုးမယ်၊ နောက်ဘယ်လောက်ကြာရင် ဘယ်လောက်တိုးမယ် ဆိုတာကို ကြိုတင်အသိပေး သင့်တယ်။ မြန်မာနိုင်ငံက ရေထွက်ပစ္စည်းပို့တာ ဒေါ်လာသန်း ၆၀၀ ဖိုးလောက်ပဲ ရှိတယ်။ ထိုင်းက ဘီလျံပေါင်းများစွာ ရှိတယ်။ ဗီယက်နမ်လည်း မြန်မာထက် များတာပဲ။ အဲဒီ အနေအထားမှာ ထိုင်းက မီတာခနဲ့တွက်ပြီး တိုးတောင်းတာမျိုး ဆိုရင်တော့ မဖြစ်သင့်ဘူး" ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ တာဝန်ရှိသူ ဦးဝင်းကြိုင်က "ဓာတ်အားခ တိုးလိုက်တဲ့အတွက် အများပြည်သူရော လုပ်ငန်းရှင်ရော နှစ်ဖက်စလုံး ဒီဒဏ်ကို ခံစားရမှာ မလွဲမသွေပဲ။ မီတာခတက်ရင် ကုန်ထုတ်စရိတ်တက်ရင် ပို့ကုန်လုပ်ငန်းရှင်က ပြည်ပဈေးကွက်မှာ တစ်ခြားနိုင်ငံနဲ့ မယှဉ်နိုင်တဲ့အတွက် ဈေးကွက်ရှာဖွေရာမှာ ကိုယ့်နိုင်ငံက လုပ်ငန်းရှင်တွေပဲ နောက်ကျကျန်ခဲ့မယ်။ ပြည်ပပို့ကုန် လုပ်ငန်းရှင်တွေက လက်ရှိပို့ကုန်တွေအတွက် ပြည်ပက လုပ်ငန်းရှင်ဆီမှာ ဈေးတိုးတောင်းလို့ ဘယ်လိုမှ ရစရာ မရှိဘူး။ ပို့ကုန်လုပ်ငန်းရှင်ကတော့ အရှုံးမခံဘူး။ သူအဆင်ပြေအောင် ပြည်ပမှာ ဈေးတိုးတောင်းလို့ မရရင် ပြည်တွင်းက ကုန်ကြမ်းထုတ်တဲ့ သူတွေဆီမှာ ဈေးလျှော့ဝယ်မှာပဲ။ ဒါဆို ကုန်ကြမ်းထုတ်ရောင်းတဲ့ အများပြည်သူပဲ ထပ်ပြီးထိမယ်။ လျှပ်စစ်မီး အချိန်မှန် ရမယ်လို့ အာမခံနိုင်တဲ့အချိန် သင့်တင့်တဲ့ဈေးကိုတိုးတာ အကြောင်းမဟုတ်ဘူး။ စီးပွားရေး လုပ်ငန်းတွေကလည်း ကောင်းလားမေးရင် အရင်အတိုင်းပဲ အများပြည်သူရဲ့ နေ့စဉ်ဝင်ငွေကလည်း တိုးလာတာ မဟုတ်ဘူး။ ဓာတ်အားခ တိုးမယ်ဆိုရင်လည်း ပြင်ဆင်ချိန်ရအောင် အချိန်လုံလောက်စွာနဲ့ အသိပေးသင့်တယ်။ အများပြည်သူက မဲပေးရွေးချယ်ထားတဲ့ အစိုးရ ဖြစ်တယ်လို့ ဆိုတဲ့အတွက် အများပြည်သူကို သေချာချပြပြီးမှ လုပ်သင့်တယ်လို့ ထင်တယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။
အခြေခံ လုပ်သားများ ရရှိသည့် ၀င်ငွေနှင့် လူနေမှုစရိတ် ကာမိစေရန် လစာတိုးပေးရေးအတွက် ဆန္ဒပြမှုများ ရှိနေပြီး အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းများမှာလည်း သိသာသည့် အထောက်အပံ့များ မရဘဲ ကိုယ့်အားကိုယ်ကိုး ရပ်တည်နေရဆဲ ဖြစ်သည်။
အိမ်ငှားခမှအစ စားစရိတ်အဆုံး နေမှုစားမှု စရိတ်များ မြင့်တက်နေ၍ အများပြည်သူမှာ ၀င်ငွေဖြင့် ကိုက်ညီစွာ နေနိုင်ရန် ရုန်းကန်နေရချိန်တွင် ယခုကဲ့သို့ လူနေမှုစရိတ် ပိုမိုမြင့်တက် ကုန်ကျစေမည့် ဓာတ်အားခ တိုးမြှင့်ခြင်းမျိုးကို ပြုလုပ်သည့် အတွက်လည်း ပြင်းပြင်းထန်ထန် ဝေဖန်လာကြခြင်း ဖြစ်သည်။
"ဒီလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွေကို ပြည်သူတွေ အာရုံစိုက်နေတဲ့ အချိန်မှာ ဒါဟာနောက်ထပ် ဖောက်ခွဲလိုက်တဲ့ ဗုံးတစ်လုံးပေါ့ဗျာ။ ကုန်ဈေးနှုန်းတွေ တက်နေတယ်။ ပြည်တွင်း ပဋိပက္ခတွေ ပြဿနာတွေကြောင့် လူတွေစီးပွားရေး မကောင်းဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက် မ၀င်လာဘူး။ ပြည်သူတွေ ပိုကျပ်တည်း လာနေတယ်။ ဒီအခြေအနေမျိုးမှာ လျှပ်စစ်ခကို ဒီလိုနှစ်ဆ တိုးလိုက်တယ်ဆိုတာ အတော်ကြီး မညှာမတာ လုပ်ရာကျပါတယ်။ ဒီ Impact က အရမ်းကြီးတယ်။ ၂၀၀၇ ခုနှစ်က စက်သုံးဆီဈေး တက်သလို ဖြစ်လာလိမ့်မယ်" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားသည်။

လျှပ်စစ်ဓာတ်အားခ နှစ်ဆအထိ တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ ဝေဖန်ပြောကြားချက်များ

"အခုက အိမ်ငှားခတွေကကြီး၊ အခြား အသုံးစရိတ်တွေပါ လိုက်တက်ရင် ပြည်သူ့ဘ၀က မချောင်လည်ဘူး။ အခုက ပြောင်းလဲတယ်လို့ပြောတာ ဒုံရင်းက ဒုံရင်းပဲ။ ဘာမှလည်း ဟုတ်တိပတ်တိ ဖြစ်မလာဘူး။ စားဝတ်နေရေးပိုင်း၊ ၀င်ငွေပိုင်း၊ တိုးတက်မှု မရှိတဲ့အပြင် ပိုကျပ်လာသလိုပဲ။ ဒီလိုပုံစံကြီးနဲ့ ဘယ်လောက်ကြာကြာ သွားရမလဲဆိုတာ တွေးတိုင်း ရင်မောနေတယ်။ အပြင်က ရင်းနှီးမြှုပ်နှံမှု ဆိုတာလည်း ဒီမိုကရေစီစစ်စစ် အစိုးရ မဟုတ်ရင် မလာဘူး။ ပေါ်လစီက အခုတစ်မျိုး၊ တော်ကြာတစ်မျိုးနဲ့ စီးပွားရေး လုပ်ငန်းတွေ ဘယ်လာချင်မလဲ။ လာပြီး ဖျာခင်းထားတာလောက်ပဲ ရှိတယ်။ အဲဒါ ပကတိ အခြေအနေပဲ။ ဒါကို ဖုံးကွယ် မထားပါနဲ့။ ကြီးကြီးကျယ်ကျယ် တိုင်းပြည်ပြောင်းလဲ ချင်တယ်ဆိုရင် အရင်လူတွေ စိတ်လျှော့လိုက်ပါတော့။ လွတ်လပ်ခွင့် ပေးပါတော့။ နှစ်ငါးဆယ်လုံး ခံစားနေရတဲ့ ပြည်သူတွေကို သနားသောအားဖြင့် ကြိုးဖြေပေးလိုက်ပါလို့ပဲ ပြောချင်ပါတယ်"
စာရေးဆရာကောင်းသန့်
   
"သတင်းစာထဲမှာ ပါလာတဲ့ မီတာခ တိုးကောက်တဲ့ သတင်းက စိတ်ညစ်စရာပါ။ ကျွန်မတို့နိုင်ငံက အိမ်နီးချင်း နိုင်ငံတွေကို လျှပ်စစ်ဓာတ်အားတွေ ထုတ်ရောင်းတာလည်း တစ်နိုင်ငံလုံး အသိပါ။ အခုလို နိုင်ငံခြားကို လျှပ်စစ်ထုတ်ရောင်းပြီး နိုင်ငံတွင်းမှာ မီတာခ တိုးကောက်တာက မဖြစ်သင့်ပါဘူး။ လျော့မကောက်ရင်တောင် မီတာခကို တိုးမကောက်သင့်ပါဘူး။ မီတာခသာ တိုးကောက်တယ် မီးက ရန်ကုန်တစ်မြို့လုံး ၂၄ နာရီ မီးအပြည့် မလာတဲ့ နေရာတွေ အများကြီး ရှိတယ်။ အခု ဆိုရန်ကုန်မှာ နေထိုင်စားသောက် စရိတ်က အဘက်ဘက် မြင့်တက်နေတယ်။ အဆောင်ခဆိုလည်း မနှစ်ကထက် နှစ်သောင်းလောက် တိုးလာတယ်။ အခုရတဲ့ လစာထဲက အိမ်ပြန်ပို့ရတဲ့ငွေ ပိုပြီးနည်းလာဖို့ပဲ ရှိတယ်"
မမာလာ (ကုမ္ပဏီဝန်ထမ်း)
"ကျွန်တော်တို့ ပြည်သူတွေကတော့ ဖောင်စီးရင်း ရေငတ်နေတာပါဗျာ။ လျှပ်စစ်ဓာတ်အားကို ၂၄ နာရီ မပေးနိုင်သေးဘဲ မီတာခကို ဈေးနှုန်းမြှင့်တာမျိုးတော့ မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့အိမ်ဆို တစ်လ မီတာဆောင်ရတာ ၆၀၀၀၀ နဲ့ ၇၀၀၀၀ ကြားမှာ ရှိတယ်။ အိမ်မှာက အ၀တ်လျှော်စက် သုံးတယ်။ အဲကွန်းသုံးတယ်။ ရေခဲသေတ္တာ သုံးတယ်။ ထမင်းချက်တယ်။ ခုလိုမျိုးတိုးတော့ အရင်ကလို သုံးလို့မဖြစ်တော့ဘူး။ ချွေတာရမှ ဖြစ်တော့မယ်။ တစ်လကို ဘယ်လိုသုံးသုံး ယူနစ်တစ်ရာတော့ အသာလေး ကျော်တယ်။ မကျော်ချင်ရင်တော့ မိန်းချထားမှပဲ ရမယ်"
ကိုမင်းမင်းဦး (မင်္ဂလာတောင်ညွှန့်)
   
"အိမ်ငှား စရိတ်တွေ တအားတက်လာတဲ့ အချိန်မှာ ငှားပြီးဖွင့်ရတဲ့ လုပ်ငန်းတွေက ဒုက္ခရောက်ပြီ။ အစ်မတို့က အခု ရုံးခန်းလေးတောင် တစ်လကို တစ်သိန်းကျော် မီတာဆောင်ရတယ်။ စက်ရုံ အလုပ်ရုံ အတွက်ဆိုရင်တော့ တစ်မျိုးပေါ့။ ဆိုင်းဘုတ်မြင်တာနဲ့ စီးပွားရေး လုပ်ငန်းဆိုပြီး လုပ်ငန်းသုံးလို့ ကောက်တာကတော့ ဘာစီးပွားရေးမှ လုပ်ကိုင်စားလို့ မရဘဲနဲ့ လူတွေအကုန်လုံး ၀န်ထမ်းပဲ လုပ်ကြ၊ ကိုယ်ပိုင်လုပ်ငန်း ထောင်မစားနဲ့လို့ ပြောတာနဲ့ တူနေသလိုပဲ။ လုပ်ငန်းသုံး မီတာကို စက်မှုဇုန်တွေမှာ ကောက်တာကို မပြောလိုပါဘူး။ ဆိုင်းဘုတ်ထောင်တာ မြင်တာနဲ့ စီးပွားရေး လုပ်ငန်းဆိုပြီး ကောက်တာကတော့ လွန်ပါတယ်။ လူတိုင်းကတော့ ဆိုင်းဘုတ်ကလေးတော့ တင်ချင်ကြတာပဲ။ အဲလိုလေး တင်မိတာနဲ့ကို စီးပွားရေးလုပ်ငန်းသုံးထဲ ပို့မယ်ဆိုတာကတော့ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်တော့ဘူး။ ဗေဒင်ဆရာတောင်မှ စီးပွားရေး လုပ်ငန်းသုံးဆိုပြီးကောက်ရင် ဘယ်လိုလုပ်တော့မလဲ။ ဆိုင်းဘုတ်ထောင်လိုက်တာနဲ့ ရုံးဖြစ်သွားလို့ လုပ်ငန်းသုံးနဲ့ ပေးရမယ် ဆိုတာကြီးက လုံးဝအဓိပ္ပါယ်မှ မရှိတာ။ ရုံးသေးသေးလေးတွေကအစ စီးပွားရေးမီတာ လိုက်ကောက်တာတော့ အဓိပ္ပာယ် မရှိပါဘူး"
မနွေ (တောင်ဥက္ကလာပမြို့နယ်)
"လျှပ်စစ်မီးဈေးနှုန်း သက်သက်သာသာနဲ့ မရရင် ဘယ်တော့မှ စက်ရုံအလုပ်ရုံတွေ ဖြစ်လာမှာ မဟုတ်ဘူး။ လျှပ်စစ်မီးကို ၂၅ ကျပ်နဲ့ ပေးတော့မယ်ဆိုပြီး သတင်းတွေ ထွက်လာတယ်။ နေ့ရွှေ့ညရွှေ့နဲ့ ပျောက်သွားတာပါပဲ။ နောက်နှစ်ဆို ပေးမယ်ဆိုတဲ့ စကားတွေက ရိုးသွားပြီ။ နောက်နှစ်တွေများ ကုန်ပြီ။ တကယ်တော့ ပြည်သူတွေဟာ မျှော်လင့်ချက် ကြီးစွာနဲ့ အောင့်အီးသည်းခံပြီး တာဝန်ရှိသူတွေ လုပ်သမျှကို ခါးစည်းခံစား နေကြရတာ ဖြစ်တယ်လို့ မြင်ပါတယ်။ တကယ်တိုးတက် စေချင်ရင် တကယ်လုပ်ဖို့ လိုတယ်။ အပြောနဲ့ မပြီးဘူး။ လက်တွေ့လုပ်ပြရမယ်။ လျှပ်စစ်မီးကိုသာ ကောင်းကောင်းလုပ် မပေးနိုင်ရင် ရခိုင်ပြည်နယ်ဟာ အခုထက် ဆင်းရဲတွင်း နက်နေဦးမယ်လို့ မြင်ပါတယ်"
ဦးသိန်းထွန်း (စီးပွားရေး လုပ်ငန်းရှင်၊ စစ်တွေ)
   
"တစ်လကုန်တိုင်း ကုန်ကျမယ့် အိမ်လခ စရိတ်တွေက များပြားရတဲ့အထဲ မီတာခက ထပ်ပြီးတော့ တိုးကောက်အုံးမယ်၊ မီတာခတွေက ထပ်ပြီးရင်း ထပ်ပြီးရင်း တက်နေတာတော့ ကုန်ကျစရိတ်တွေမှာ ပိုပြီးအကြပ်အတည်း တွေ့ပြီပေါ့၊ တစ်ခါတလေ ပိုပြီးကောက်တာမျိုးလည်း ရှိတယ်၊ တစ်ရာယူနစ်ကျော်ရင် ငါးဆယ်ဖြစ်ပြီ၊ မီတာခတွေ တိုးကောက်တာမျိုးကတော့ လွန်တာပေါ့။ ကျပ်တည်းနေတဲ့ မိသားစုတွေဆို ပိုဆိုးတာပေါ့"
ဒေါ်ပွင့်မော် (ဒေါပုံမြို့နယ်)
"အိမ်ခြံမြေဈေး၊ အိမ်လခတွေ၊ မီတာခတွေသာ တက်လာတယ်၊ ကျွန်တော်တို့ ၀န်ထမ်းလစာက တက်လာတာ မရှိဘူး။ ဒီကြားထဲ ဘာရီရ စရိတ်တွေပါ တက်လာတော့ ဘယ်လိုမှ ပိုလျှံလောက်ငဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အခု မီတာခက ယူနစ်တစ်ရာကျော်တာနဲ့ တစ်ယူနစ်ကို ကျပ် ၅၀ တောင် ပေးရတော့မှာ။ ယူနစ်တစ်ရာ ဆိုတာက အိမ်တစ်အိမ် အတွက်တော့ ဘယ်လိုပဲ လျှပ်စစ်မီး ခြွေခြွေတာတာသုံးသုံး ကျလောက်တဲ့ ယူနစ်အနေအထားပါ။ အရင်ထဲက မီတာခက သုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ ရှစ်ထောင်ကျော် ကိုးထောင်နီးပါးလောက် ကျတာ၊ ဒီလောက် ငွေက ပိုက်ဆံရှိတဲ့ လူချမ်းသာတွေအတွက် မပြောပလောက်တဲ့ငွေ ဖြစ်ပေမယ့် ကျွန်တော်တို့လို အခြေခံဝန်ထမ်း မိသားစုများအတွက်တော့ မဖြစ်နိုင်တဲ့ ငွေပမာဏပါ"
ဦးခင်ကြိုင် (သာကေတ)
"အခုပြောတာ စီးပွားရေး လုပ်ငန်းတွေကို ပိုတိုးကောက်တဲ့ သဘောပေါ့။ တိုးကောက်တော့ သူတို့ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ် တက်လာမယ်။ တက်လာတော့ သူ့ပစ္စည်းလည်း ဈေးတက်လာမှာပေါ့။ ဒါလည်း သွယ်ဝိုက်တဲ့နည်းနဲ့ ပြည်သူကို ထိမှာပဲလေ။ ဥပမာ အထည်ချုပ်စက်ရုံ ဆိုပါတော့ အထည်ချုပ် လုပ်သမလေးတွေရဲ့ ၀င်ငွေက တစ်လမှ ၇၀၀၀၀ ကျပ်လောက်ပဲ ရှိတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်တက်ရင် ၀န်ထမ်းလစာ မတိုးနိုင်ဘူး။ ဒါလည်း ပြည်သူဆီက သွယ်ဝိုက်တဲ့နည်းနဲ့ ပြန်ယူသွားတာပါပဲ"        
အထည်ချုပ် လုပ်ငန်းရှင်တစ်ဦး
"စီးပွားရေးကလည်း အခက်အခဲတွေနဲ့ အကြပ်အတည်းတွေ ဖြစ်နေတဲ့ အချိန်မှာ ရုတ်တရက် မီတာခတွေ တိုးမြှင့်လိုက်တော့ ငွေကုန်ကြေးကျ ပိုများလာတာပေါ့။ အိမ်မှာက သားသမီးတွေရဲ့ ၀န်ထမ်းလစာတွေကလည်း မလောက်ငဘူး။ သွားလာရတဲ့ ခရီးစရိတ်နဲ့တင် လစာကထက်ဝက် ကျိုးနေတာ အခုတော့ မီတာခကပါ ထပ်ပြီးတက်မယ်ဆိုတော့ ပိုပြီးဒုက္ခရောက်ဖို့ပဲ ရှိတော့တာပေါ့။ ကုန်ကျမယ့် စရိတ်တွေကသာ ပိုပြီးများလာတယ်၊ ပိုပြီးလျော့သွားတယ် ဆိုတာမျိုးတော့ မရှိပါဘူး"
မသူဇာ (ကုမ္ပဏီဝန်ထမ်းတစ်ဦး)
"မီတာခ တိုးကောက်တာ ငွေကြေးတတ်နိုင်တဲ့ သူတွေအတွက်ကတော့ ဘာမှမပြောလောက်ပါဘူး။ ဒါပေမဲ့ လူအများအတွက်ကို ကြည့်ပြီးတော့မှ မီတာခ တက်တာကို လုပ်ဆောင်သင့်ပါတယ်။ အခုက တိုက်ခန်းငှားတဲ့ ဈေးနှုန်းတွေတက်တဲ့ ဒုက္ခတွေကို ပြည်သူတွေ ခံစားနေရတဲ့အပြင် အခုမီတာခပါ တက်တယ်ဆိုတော့ တိုက်ခန်းငှားခတောင် တစ်လတစ်လ အနိုင်နိုင် စုနေရတဲ့သူတွေ အဖို့တော့ ရင်လေးစရာပါပဲ။ နောက်ပိုင်းကျရင် ရန်ကုန်ကိုတက်ပြီး တက်လမ်းရှာမယ့် အခြေခံ လူတန်းစား လူငယ်တွေအဖို့ မလာရဲလောက်အောင် ဖြစ်သွားပါမယ်"
ကိုညီနိုင်(ဗဟန်းမြို့နယ်)
"အစိုးရက အသေးစား စီးပွားရေး လုပ်ငန်းတွေ လုပ်သာကိုင်သာရှိဖို့ ထောက်ပံ့ရမယ့်အစား အခုလိုတွေ လုပ်တာက ရေနစ်သူ ၀ါးကူထိုးသလိုပဲ။ ကောင်းမွန်ပြီး မှန်ကန်တဲ့ မူဝါဒတွေ မချဘဲ ဆေးမြီးတိုနဲ့ ကုတာမျိုးကတော့ မကောင်းပါဘူး။ ထစ်ကနဲဆို ပြည်သူဆီက တိုးယူတာကြီးက ပြင်သင့်ပါပြီ။ အစိုးရက အရှုံးပေါ်လို့ ပုဂ္ဂလိကကိုလွှဲမှ ပိုဆိုးလာရင် ပြည်သူတွေပဲ ပိုကျပ်တည်းမှာပါ။ ရေမီးဆိုတာ တကယ့်အခြေခံ လိုအပ်ချက်တွေပါ"
ကိုမောင်မောင်မြင့် (ပုံနှိပ်လုပ်ငန်း လုပ်ကိုင်သူ)

Eleven Media Group