အရက်သောက်ခြင်းရဲ့ ဆိုးကျိုး (ဟာသ)

ပို့စ်တင်ချိန် - 10/30/2013 06:01:00 PM


ဓါတုဗေဒ ဆရာက သူ့ကျောင်းသားတွေကို အရက်သောက်ခြင်းရဲ့ ဆိုးကျိုးတွေသိရအောင်

လက်တွေ့စမ်းသတ်မှု တစ်ခုလုပ်ပြတယ်။ သူက အရက်တစ်ခွက်၊ ရေတစ်ခွက်နဲ့ သန်ကောင် နှစ်ကောင် ယူလာတယ်။

"ကဲ..တပည့်တို့ ဒီသန်ကောင် နှစ်ကောင်ကို သေချာကြည့်ထားနော်" ဆရာက ပြောပြီး
အရက်ခွက်ထဲကို တစ်ကောင်၊ ရေခွက်ထဲကို တစ်ကောင် ထည့်လိုက်တယ်။

ရေခွက်ထဲက သန်ကောင်က ဂျွမ်းထိုး ကခုန်ပြီး ပျော်ရွှင်နေတယ်၊ အရက်ခွက်ထဲက
သန်ကောင်ကတော့ တွန့်လိမ်ကောက်ကွေးပြီး ခဏနေတော့ ငြိမ်သက် သေဆုံးသွားတယ်။

"ကဲ တပည့်တို့ တွေ့ကြတယ် မဟုတ်လား??? ဒီစမ်းသတ်မှုကို ကြည့်ပြီး
ဘယ်လို သင်ခန်းစာယူနိုင်သလဲ" ဆရာက တပည့်တွေကို မေးတယ်။

နောက်ဆုံးတန်းမှ အောင်ကျော်က လက်ထောင်ပြီး ထဖြေတယ်။

"အရက်သောက်တဲ့လူတွေမှာ သန်ကောင် မရှိနိုင်ပါဘူး ဆရာ"

ဦးမောင်ကြီး
အထာကျတဲ့ အာဂ ဟာသများ