သခင်မျိုးဟေ့ ဒို့ဗမာ

ပို့စ်တင်ချိန် - 10/30/2013 06:24:00 PM


လေယာဉ်တစ်စင်းပေါ်မှာ တရုတ်လူမျိုးတစ်ယောက်၊အိနိယလူမျိုးတစ်ယောက်၊အင်္ဂလိပ်လူမျိုးတစ်ယောက်နဲ့ ကျွန်တော်တို့ဗမာလူမျိုးတစ်ယောက် အားလုံးလေးယောက်လိုက်ပါကြတယ်။

လေယာဉ်က ခဏကြာတော့ စက်ပျက်သွားတော့ လေယာဉ်မှူးတွေ လေထီးကိုယ်စီနဲ့ ထွက်လာပြီး။

လေထီး အပိုက တစ်ခုထဲရှိတာ ခင်များတို့ ထဲက တစ်ယောက်ဘဲ ရမှာ ဆိုပြီး တံခါးဖွင့်ပြီး ခုန်ချသွားပါလေရော။

အဲဒီတော့ အားလုံး ဘာလုပ်ရမှန်းမသိဘဲ ကြောင်နေကြတယ်လေ။

တရုတ်ကြီးက သူတို့က လူဦးရေများတော့ တစ်ယောက်လျှော့လို့ ဘာမှမဖြစ်ဘူးဆိုပြီး

မဟာ တရုတ်လူမျိုး လို့ အော်ပြီး လေထီးမပါဘဲ ခုန်ထွက်သွားပါတယ်။

အိန္ဒိယလူမျိုးကလည်း အားကျမခံ သူတို့လည်း လူဦးရေများတာဘဲဆိုပြီး

ကြီးမြတ်သော အိန္ဒိယလူမျိုး လို့ အော်ပြီးလေထီးမပါဘဲ ခုန်ထွက်သွားပါတယ်။

အဲဒီတော့ အင်္ဂလိပ်လူမျိုးနဲ့ ကျွန်တော်တို့ ဗမာ လူမျိုး နှစ်ယောက်ထဲကျန်တော့တယ်

ကျွန်တော်တို့ ကိုရွှေဗမာက

သခင်မျိုးဟေ့ ဒို့ဗမာ လို့အော်လိုက်ပြီး ခုန်ထွက်သွားပါတယ်။

အင်္ဂလိပ်ကြီးက ပျော်သွားပြီး လေထီးကိုယူမလို့ ကြည့်လိုက်တော့ မရှိတော့ပါဘူး။

Credit - Original Writer