ကာတွန်း ဦးအောင်ရှိန် အသက် ( ၈၆ )နှစ် ကွယ်လွန်

ပို့စ်တင်ချိန် - 10/30/2013 02:59:00 PM


ဦးကပ်စေး၊ ဦးရှံစား၊ ဦးဒိန်းဒေါင်၊ ဦးလူပေါ၊ဦးစိတ်တို နှင့် မျောက်ညို စသောထင်ရှားသည့် ကာတွန်း ဇာတ်ကောင်များ ဖန်တီးသူ ကာတွန်း ဦးအောင်ရှိန် ယနေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ် တွင် ရန်ကုန် ဆေးရုံကြီးတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရသည်။

ကွယ်လွန်သူ ၏ ရုပ်အလောင်းကို ရေဝေး အအေးတိုက်တွင် ထားရှိမည်ဖြစ်ပြီး လာမည့် သောကြာနေ့တွင် သဂြိုလ်သွားမည်ဟု သိရသည်။